< ဝတ်ပြုရာ 19 >
1 ၁ တဖန်မောရှေအား ထာဝရဘုရားက၊
OLELO mai la hoi o Iehova ia Mose, i mai la,
2 ၂ သင်သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့လည်း သန့်ရှင်းခြင်းရှိကြလော့။
E olelo aku oe i ke anaina a pau o na mamo a Iseraela, a e i aku ia lakou, I hemolele oukou; no ka mea, he hemolele no wau o Iehova ko oukou Akua.
3 ၃ လူတိုင်း ကိုယ်မိဘကို ရိုသေရမည်။ ငါ့ဥပုသ်နေ့တို့ကိုလည်း စောင့်ရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။
E weliweli oukou kela kanaka keia kanaka i kona makuwahine a i kona makuakane, a e malama hoi i kuu mau Sabati: owau no Iehova ko oukou Akua.
4 ၄ ရုပ်တုဆင်းတုကိုလည်း မချဉ်းမကပ်ရ။ ကိုယ်အဘို့သွန်းသော ဘုရားတို့ကို မလုပ်ရ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။
Mai huli oukou ma na kii, aole hoi e hana i na akua i hooheheeia no oukou: owau no Iehova ko oukou Akua.
5 ၅ မိဿဟာယယဇ်ကို ထာဝရဘုရားအား ပူဇော်လျှင်၊ စိတ်တော်နှင့်တွေ့အောင် ပူဇော်ရမည်။
A ina e kaumaha aku oukou i ka alana o na mohai hoomalu, ia Iehova, e kaumaha oukou ia na ko oukou makemake iho.
6 ၆ ပူဇော်သောနေ့နှင့် နက်ဖြန်နေ့၌ စားရမည်။ သန်ဘက်နေ့တိုင်အောင် ကျန်ကြွင်းလျှင် မီးရှို့ရမည်။
E aiia ia i ka la i kaumaha ai oukou ia mea, a ia la aku hoi; a ina e koe kauwahi i ke kolu o ka la, e hoopauia ia i ke ahi.
7 ၇ သန်ဘက်နေ့၌ အနည်းငယ်ကိုမျှ စားလျှင် ရွံရှာဘွယ်ဖြစ်၏။ စိတ်တော်နှင့်မတွေ့။
A ina e ai iki ia ia i ke kolu o ka la, e hoowahawahaia ia, aole e maliuia.
8 ၈ စားသောသူသည် ထာဝရဘုရား၏ သန့်ရှင်းသောအရာကို ရှုတ်ချသောကြောင့် မိမိအပြစ်ကို ခံရမည်။ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်။
Nolaila, o ka mea e ai ia, e kau no kona hewa maluna ona, no kana hoino ana i ka mea hoano no Iehova: a e okiia'ku kela kanaka maiwaena aku o kona poe kanaka.
9 ၉ ကိုယ်မြေ၌ဖြစ်သော စပါးကိုရိတ်သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ။ သိမ်းရာတွင် ကျန်ကြွင်းသော အရာကို ပြန်၍ မကောက်မသိမ်းရ။
Aia oki oukou i ka ai o ko oukou aina, mai oki loa i na kihi o kau mahinaai aole hoi oe e hoiliili i na haulena o kau ai.
10 ၁၀ ကိုယ်စပျစ်သီးကိုလည်း အကုန်အစင် မသိမ်းရ။ ကျန်ကြွင်းသော အသီးကို ပြန်၍ မဆွတ်ရ။ ထိုအသီးကို ဆင်းရဲသောသူ ဧည့်သည် အာဂန္တုအဘို့ ချန်ခြွင်းရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။
Mai ohi loa i ko kau malawaina, aole hoi oe e hoiliili i na huawaina a pau loa o kau malawaina; e waiho no oe ia mau mea na ka mea ilihune, a me ka malihini: owau no Iehova ko oukou Akua.
11 ၁၁ သူ့ဥစ္စာကို မခိုးရ။ သူတပါးကို မလှည့်စားရ။ တယောက်ကိုတယောက် မုသာစကားမပြောရ။
Mai aihue oukou, aole hoi e hookamani, aole hoi e hoopunipuni kekahi i kekahi.
12 ၁၂ ငါ့နာမကို တိုင်တည်၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုခြင်းကို မပြုရ။ သင်၏ ဘုရားသခင်နာမကို မရှုတ် မချရ။ ငါသည် ထာဝရဘုရား ဖြစ်၏။
Mai hoohiki oukou ma ko'u inoa me ka wahahee, aole hoi oe e hoino i ka inoa o kou Akua; owau no Iehova.
13 ၁၃ ကိုယ်နှင့်စပ်ဆိုင်သော သူ၏ဥစ္စာကို မတရားသဖြင့် မသိမ်းရ။ အနိုင်အထက်ပြု၍ မယူရ။ သူငှါးခံ ထိုက်သော အခကို တညဉ့်လုံး နံနက်တိုင်အောင် မထားရ။
Mai alunu oe i kou hoalauna, aole hoi oe e kaili wale: o ka uku o ka mea i hoolimalimaia, mai waiho pu me oe i ka po okoa a kakahiaka ae.
14 ၁၄ နားပင်းသော သူကို မကျိန်ဆဲရ။ မျက်စိမမြင်သောသူရှေ့မှာ ထိမိ၍ လဲစရာကို မထားရ။ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
Mai kuamuamu aku oe i ke kuli, aole hoi oe e waiho i ka mea e hina ai mamua o ka makapo, aka e makau oe i kou Akua; owau no Iehova.
15 ၁၅ တရားတွေ့သည်အမှုမှာ မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူဘက်၌ မငဲ့ကွက်၊ ကြီးသောသူ၏ မျက်နှာကို မထောက်ဘဲ၊ ကိုယ်အမျိုးသားချင်းကို တရားသဖြင့် စီရင်ရမည်။
Mai hana ino oukou ma ka hoopai ana; mai manao oe i ke kino o ka mea ilihune, aole hoi e mahalo i ke kino o ka mea ikaika: aka ma ka pololei e hooponopono ai oe i kou hoalauna.
16 ၁၆ သူ့အသရေပျက်သော သိတင်းကို ကြားပြောခြင်းငှါ၊ ကိုယ်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှါ မကြံစည်ရ။ ငါသည် ထာဝရဘုရား ဖြစ်၏။
Mai hele oe io ia nei me he holoholo olelo la iwaena o kou poe kanaka; aole hoi oe e ku e i ke koko o kou hoalauna: owau no Iehova.
17 ၁၇ သင်၏ ညီအစ်ကိုကို စိတ်အခုအခံမရှိရ။ ကိုယ်နှင့် စပ်ဆိုင်သော သူ၌ရှိသော အပြစ်ကို တတ်တိုင်း မရှိစေဘဲ၊ သူ့ကို အမှန်ဆုံးမရမည်။
Mai inaina aku oe i kou hoahanau iloko o kou naau; e ao io aku no oe i kou hoalauna, aole hoi e waiho i ka hewa maluna ona.
18 ၁၈ သင့်အမျိုးသားချင်းသည် သင့်ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မတုံ့ရ။ အငြိုးမထားရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
Mai hoomaau, mai hoomauhala i na keiki o kou poe kanaka; aka e aloha oe i kou hoalauna e like me oe iho: owau no Iehova.
19 ၁၉ ငါ၏ ပညတ်တရားကို သင်တို့သည် စောင့်ရကြမည်။ အမျိုးခြားသော တိရစ္ဆာန် အထီးအမတို့ကို မရှက်မတင်စေရ။ ခြားနားသော မျိုးစေ့ကို ရောနှော၍ လယ်၌ မကြဲရ။ ဝါနှင့်သိုးမွေး ရော၍ ရက်သောအဝတ်ကို မဝတ်ရ။
E malama oukou i ko'u mau kanawai Mai kuu aku oe e hoohanau kau holoholona me ka holoholona ano okoa; aole hoi oe e lulu i kou mahinaai, me na hua ano elua; aole hoi e kau i ke kapa olona me ka hulu hipa i huiia, maluna ou.
20 ၂၀ ထိမ်းမြားဆောင်နှင်းလျက်၊ မရွေးမလွှတ်သေးသော ကျွန်မိန်းမနှင့် သင့်နေသောသူသည် ရိုက်နှက် ခြင်းကို ခံရမည်။ ထိုမိန်းမသည် သူ့ကျွန်ဖြစ်သောကြောင့် သေပြစ်နှင့် လွတ်ရမည်။
O ka mea moe aku i ka wahine, he kauwawahine, i hoopalauia na ke kane, aole i ukupanaiia, aole i haawiia ia ia ke ku i ka wa; e uhauia'na; aole e hoomakeia laua, no ka mea, aole i kaawale ia wahine.
21 ၂၁ ယောက်ျားသည်လည်း၊ ဒုစရိုက်ဖြေရာယဇ်ဘို့ သိုးထီးတကောင်ကို ပရိသတ်စည်းဝေးရာ တဲတော် တံခါးနား ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရမည်။
A e lawe mai ua kanaka la i ka mohaihala ia Iehova, i ka puka o ka halelewa o ke anaina, he hipakane, i mohaihala.
22 ၂၂ ထိုယောက်ျားပြုမိသောအပြစ်ကို ဖြေခြင်းငှါ၊ ဒုစရိုက်ဖြေရာယဇ် သိုးကို၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့မှာ ပူဇော်ရမည်။ ထိုယောက်ျားသည် အပြစ်လွတ်ခြင်းသို့ ရောက်လိမ့်မည်။
A e hana ke kahuna i kalahala nona me ka hipakane mohaihala, ma ke alo o Iehova, no kona hewa ana i hana'i; a e kalaia kona hewa ana i hana'i.
23 ၂၃ သင်တို့သည် ငါပေးသောပြည်သို့ ရောက်၍၊ စားအပ်သော အပင်အမျိုးမျိုးကို စိုက်ပြီးမှ၊ သုံးနှစ်ပတ် လုံးသီးသော အသီးကို၊ အရေဖျားလှီးခြင်းကို မခံသော အသီးဟူ၍ မှတ်ရမည်။ ထိုအသီးကို မစားရ။
A komo oukou i ka aina, a kanu i kela laau i keia laau i mea ai, alaila e kapa ae oukou i kona hua he okipoepoe ole ia; ekolu makahiki he okipoepoe ole ia ia ia oukou; aole e aiia.
24 ၂၄ စတုတ္ထနှစ်တွင် သီးသောအသီးရှိသမျှသည် သန့်ရှင်း၍၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း ဘို့ရာ ဖြစ်ရမည်။
Aka i ka ha o ka makahiki, e hoano ko na hua a pau, i mea e hoolea ai ia Iehova.
25 ၂၅ ပဥ္စမနှစ်တွင် သီးသောအသီးကို စားရမည်။ ထိုသို့ပြုလျှင် အပင်တို့သည် သာ၍ သီးကြလိမ့်မည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
A i ka lima o ka makahiki, e ai oukou i kona hua, e haawi ai oia i kona hua ia oukou: owau no Iehova ko oukou Akua.
26 ၂၆ အသွေးပါသော အသေကောင်ကို မစားရ။ မကောင်းသော အတတ်ကို မပြုစုရ။ ကာလဗေဒင်ကို မကြည့်ရ။
Mai ai oukou me ke koko: aole hoi e kuka-moo, aole hoi e nana-ao.
27 ၂၇ ဦးခေါင်းအနားပတ်လည်၌ ဆံပင်ကိုဝန်း၍ မရိတ်ရ။ ပါးမုန်းကိုလည်း မရိတ်ရ။
Mai hoopoepoe i na kihi o ko oukou mau poo, aole hoi oe e hoino i na kihi o kou umiumi.
28 ၂၈ သေသောသူအတွက် ကိုယ်အသားကို မခုတ်မရှရ။ သံပူမထိုးရ။ ငါသည် ထာဝရဘုရားဖြစ်၏။
Mai okioki i ko oukou io no ka mea make, aole hoi e kakau kaha ma ko oukou kino: owau no Iehova.
29 ၂၉ ကိုယ်သမီးကို ပြည်တန်ဆာဖြစ်စေခြင်းငှါ မရှုတ်မချရ။ သို့ပြုလျှင် တပြည်လုံးသည် မတရားသော မေထုန်သို့လိုက်၍၊ အဓမ္မအမှုနှင့် ပြည့်လိမ့်မည်။
Mai hoonoa i kau kaikamahine e hoolilo ia ia i hookamakama; o lilo ka aina i ka moe kolohe, a piha ae la ka aina i ka hewa.
30 ၃၀ ငါ့ဥပုသ်နေ့တို့ကို စောင့်၍၊ ငါ့သန့်ရှင်းရာဌာနတော်ကို ရိုသေရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
E malama oukou i ko'u mau Sabati, a e mahalo i ko'u keenakapu: owau no Iehova.
31 ၃၁ ကိုယ်ကိုကိုယ် ညစ်ညူးစေခြင်းငှါ၊ နတ်ဝင်သူကို မမှိဝဲရ။ စုန်းလုပ်သူကိုလည်း မရှာဖွေရ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။
Mai manao oukou i na mea ninau-uhane, aole hoi e imi aku i na kupua, e haumia ai oukou ia lakou: owau no Iehova ko oukou Akua.
32 ၃၂ ဆံပင်ဖြူသောသူရှေ့မှာ ထရမည်။ အသက်ကြီးသောသူ၏ မျက်နှာကို ရိုသေရမည်။ သင်၏ ဘုရားသခင်ကို ကြောက်ရွံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
Ma ke alo o ke poohina, e ku ae ai oe iluna, a e mahalo aku i ke alo o ka elemakule, a e weliweli i kou Akua: owau no Iehova.
33 ၃၃ သင်၏ ပြည်၌ တည်းနေသော ဧည့်သည်ကို မညှဉ်းဆဲရ။
A ina e noho ka malihini me oe ma ko oukou aina, mai hooluhihewa ia ia.
34 ၃၄ သင်နှင့်အတူနေသော ဧည့်သည်ကို ကိုယ်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်။ ကိုယ်နှင့်အမျှ ချစ်ရမည်။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဘူးပြီ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။
Aka o ka malihini e noho ana me oukou, e like auanei ia ia oukou me he kupa la i hanau iwaena o oukou, a e aloha oe ia ia e like me oe iho; no ka mea, he mau malihini no oukou ma ka aina o Aigupita: owau no Iehova ko oukou Akua.
35 ၃၅ တိုင်းထွာသောအမှု၊ ချိန်တွယ်သောအမှု၊ ခြင်တွက်သောအမှု၌ မတရားစွာ မပြုရ။
Mai hana kekee oukou i ka hooponopono ana, ma ke ana ana, ma ka paona, a ma ke ana.
36 ၃၆ မှန်သောချိန်ခွင်၊ မှန်သောအလေး၊ မှန်သောဧဖာ၊ မှန်သောဟိန်တို့ကို သုံးရမည်။ ငါသည်သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။
E malama no oukou i paona pololei, i poka pono, i epa pono, i hina pono; owau no Iehova ko oukou Akua nana oukou i lawe mai, mailoko mai o ka aina o Aigupita.
37 ၃၇ သင်တို့သည် ငါ့စီရင်ထုံးဖွဲ့ချက် အလုံးစုံတို့ကို စောင့်ရှောက်ရကြမည်။ ငါသည် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။
Nolaila, e malama oukou i ka'u mau kauoha a pau, a me ko'u mau kanawai a pau, a e hana ma ia mau mea; owau no Iehova.