< ဝတ်ပြုရာ 18 >

1 တဖန်မောရှေအား ထာဝရဘုရားက၊-
Og Herren tala atter til Moses, og sagde:
2 သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။
«Tala til Israels-folket, og seg med deim: «Eg er Herren, dykkar Gud.
3 သင်တို့ နေဘူးသော အဲဂုတ္တုပြည်၏ အကျင့်ကို၎င်း၊ သင်တို့ကို ငါပို့ဆောင်လတံ့သော ခါနာန်ပြည်၏ အကျင့်ကို၎င်း၊ သင်တို့သည် မကျင့်၊ သူတို့ တရားလမ်းသို့ မလိုက်ရကြ။
De skal ikkje fara etter det som er skikk og sed i Egyptarlandet, der de fyrr budde, eller i Kana’ans-landet, som eg fører dykk til, og ikkje fylgja loverne deira.
4 ငါစီရင်ချက်ရှိသည်အတိုင်း ကျင့်၍၊ ငါ့ပညတ်တရားလမ်းသို့ လိုက်ခြင်းငှါ စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။
Mine bod skal de lyda, og mine lover skal de halda dykk etter og fylgja. Eg er Herren, dykkar Gud;
5 ထိုကြောင့် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။
de skal halda bodi og loverne mine; held menneskja deim, so skal ho finna livet i deim. Kom i hug: eg er Herren.
6 သင်တို့တွင် အဘယ်သူမျှ ကိုယ်ပေါက်ဘော်တော်သောသူကို ချဉ်း၍ သံဝါသမပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။
Ingen av dykk må koma innåt noko nærskyldt kvende og søkja seng med henne; kom i hug: eg er Herren.
7 သင်၏ အဘနှင့်သာဆိုင်သော သင်၏ အမိကို မချဉ်းရ။ ကိုယ်အမိ ဖြစ်သောကြောင့် သံဝါသမပြုရ။
Du skal hava age for lega åt far din og mor di. Ho er mor di; du skal ikkje søkja seng med henne.
8 ကိုယ်အဘ၏ မယားမည်သည်ကို မချဉ်းရ။ အဘနှင့်သာဆိုင်၏။
Du skal ikkje søkja seng med stykmor di; ho er vivet åt far din.
9 တအိမ်တည်း၌ မွေးဘွားသည်ဖြစ်စေ၊ အခြားသော အရပ်၌ မွေးဘွားသည်ဖြစ်စေ၊ သင်၏ နှမကို မချဉ်းရ။
Du skal ikkje søkja seng med syster di, som hev same far eller same mor som du; anten ho er fødd i eller utanfor huset, so skal du ikkje søkja seng med henne.
10 ၁၀ ကိုယ်ရင်သွေးဖြစ်သော သင်၏မြေးကို မချဉ်းရ။
Du skal ikkje søkja seng med sonedotter eller dotterdotter di; for det er ditt eige avkjøme.
11 ၁၁ အမိခြားသော်လည်း တဘတည်းဖြစ်သော နှမကို မချဉ်းရ။
Du skal ikkje søkja seng med dotter åt stykmor di; ho er dotter åt far din, og ho er syster di.
12 ၁၂ သင့်အဘ၏ ပေါက်ဘော်ရင်းဖြစ်သော အဘ၏ နှမကို၎င်း၊
Du skal ikkje søkja seng med farsyster di; det er same blodet som far din.
13 ၁၃ သင့်အမိ၏ ပေါက်ဘော်ရင်းဖြစ်သော အမိ၏ ညီအစ်မကို၎င်း၊
Du skal ikkje søkja seng med morsyster di; det er same blodet som mor di.
14 ၁၄ အဘ၏ ညီအစ်ကိုနှင့်သာဆိုင်သော မိကြီး မိထွေးဖြစ်သော အဘ၏ ညီအစ်ကို မယားကို၎င်း၊
Du skal ikkje skjemma lega åt farbror din og koma kona hans for nær; for ho er farsyster di.
15 ၁၅ သား၏မယားတည်းဟူသော ချွေးမကို၎င်း၊
Du skal ikkje søkja seng med verdotter di. Ho er vivet åt son din; du skal ikkje søkja seng med henne.
16 ၁၆ ညီအစ်ကိုနှင့်သာဆိုင်သော ညီအစ်ကို၏ မယားကို၎င်း၊ မချဉ်းရ။
Du skal ikkje søkja seng med brorkona di; ho er vivet åt din eigen bror.
17 ၁၇ ကိုယ်မယား၏ ပေါက်ဘော်ရင်းဖြစ်သော မယား၏သမီး၊ မယား၏ မြေးကို မချဉ်းရ။ မတရားသောအမှုဖြစ်၏။
Hev du havt samlega med et kvende, so skal du ikkje søkja seng med dotter hennar; heller ikkje skal du ganga i seng med sonedotter eller dotterdotter hennar. Det er blodskam; for dei er same folket.
18 ၁၈ ကိုယ်မယားကို နှောင့်ရှက်ခြင်းငှါ သူအသက်ရှင်စဉ်တွင် သူ၏ ညီအစ်မကို မသိမ်းရ။
Du skal ikkje gifta deg med versyster di og søkja seng med henne, medan kona di liver; for då set du hat millom deim.
19 ၁၉ ဥတုရောက်၍ မစင်ကြယ်သော မိန်းမကိုလည်း မချဉ်းရ။
Du skal ikkje koma innåt noko kvende og søkja seng med henne, medan ho hev månadssjuken sin og er urein.
20 ၂၀ ကိုယ်ကို ညစ်ညူးစေလျက်၊ သူ့မယားကို မပြစ်မှားရ။
Du skal ikkje liggja hjå kona åt grannen din og på den måten gjera deg urein.
21 ၂၁ သင်၏ သားသမီးတို့ကို၊ မောလုတ်ဘုရားအား မီးဖြင့် ပူဇော်ရ။ သင်၏ ဘုရားသခင် နာမတော်ကို မရှုတ်မချရ။ ငါသည် ထာဝရဘုရားဖြစ်၏။
Du skal ikkje gjeva noko av borni dine frå deg til Molok; for då vanhelgar du namnet åt din Gud. Eg er Herren!
22 ၂၂ မိန်းမနှင့် ပေါင်းဘော်သကဲ့သို့ ယောက်ျားချင်း မပေါင်းဘော်ရ။ ရွံရှာဘွယ်အမှုဖြစ်၏။
Du skal ikkje liggja hjå ein kar, som ein ligg med eit kvende; det er ein styggedom.
23 ၂၃ ကိုယ့်ကိုကိုယ် ညစ်ညူးစေ၍ တိရစ္ဆာန်နှင့်မပေါင်းဘော်ရ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန်၏ ပေါင်းဘော်ခြင်းကို မခံရ။ ရွံရှာဘွယ်သော ရောနှောခြင်းဖြစ်၏။
Med dyr må du aldri blanda deg; for då vert du urein. Og heller ikkje må kvende gjeva seg i lag med dyr og para seg med deim. Det er skjemdarferd.
24 ၂၄ ထိုသို့သော အမှုအားဖြင့် ကိုယ်ကို ကိုယ် မညစ်ညူးစေရ။ သင်တို့ရှေ့မှာ ငါနှင်ထုတ်သော လူအမျိုး မျိုးတို့သည်၊ ထိုသို့သောအမှုကို ပြု၍ ညစ်ညူးကြ၏။
Gjer dykk ikkje ureine med sovori åtferd! For slikt var det dei gjorde seg ureine med, dei folki som eg driv ut for augo dykkar;
25 ၂၅ သူတို့ ပြည်သည်လည်း ညစ်ညူး၏။ ညစ်ညူးသော အပြစ်ကြောင့် ငါဆုံးမ၍၊ ထိုပြည်သည် မိမိ သားတို့ကို အော့အန်လိမ့်မည်။
då vart landet ureint, og eg heimsøkte det for broti deira, og landet støytte deim ut.
26 ၂၆ သင်တို့မူကား၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုပြည်သည် သင်တို့ရှေ့၌ရှိသော လူအမျိုးမျိုးတို့ကို အော့အန်သကဲ့သို့ တဖန် ညစ်ညူးခြင်းကိုခံ၍၊ သင်တို့ကို မအော့အန်စေခြင်းငှါ၊ ကိုယ်အမျိုးသားဖြစ်စေ၊
Men de skal halda bodi og loverne mine, både de sjølve og dei framande som bur millom dykk; de skal ikkje gjera noko av dei skjemdarverki
27 ၂၇ သင်တို့တွင် တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ ထိုသို့သော ရွံ့ရှာဘွယ် အမှုတို့ကို မပြုရ။
som dei sulka ut landet med, dei som åtte det fyre dykk;
28 ၂၈ သင်တို့ရှေ့၌ရှိသော ပြည်သားတို့သည် ထိုသို့သော ရွံ့ရှာဘွယ်အမှုတို့ကို ပြုသော အားဖြင့် သူတို့ပြည်သည် ညစ်ညူးခြင်းရှိ၏။
for då kjem landet til å støyta dykk ut, for di de sulkar det til, liksom det støytte ut det folket som var der fyre dykk.
29 ၂၉ ထိုသို့သော ရွံ့ရှာဘွယ်အမှုတို့ကို ပြုသောသူ မည်သည်ကား၊ သူ၏အမျိုးမှ ပယ်ရှင်းခြင်း ခံရမည်။
For alle dei som gjer slike skjemdarverk, dei skal rydjast ut or folket sitt.
30 ၃၀ သို့ဖြစ်၍ သင်တို့ရှေ့၌ ပြူဘူးသော ထိုရွံ့ရှာဘွယ် ထုံးစံဓလေ့သို့ သင်တို့သည် လိုက်၍၊ ကိုယ့်ကိုကိုယ် မညစ်ညူးစေခြင်းငှါ၊ ငါ့ပညတ်တရားကို စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု မိန့်တော်မူ၏။
So haldt då dei bodi eg hev gjeve dykk, og tak ikkje etter dei fæle ugjerderne som dei hadde, dei som var fyre dykk; for med det gjer de dykk ureine: Kom i hug: eg er Herren, dykkar Gud!»»

< ဝတ်ပြုရာ 18 >