< ဝတ်ပြုရာ 18 >
1 ၁ တဖန်မောရှေအား ထာဝရဘုရားက၊-
Hoe ty nitsara’ Iehovà amy Mosè:
2 ၂ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။
Misaontsia amo ana’ Israeleo, taroño ty hoe: Izaho Iehovà Andrianañahare’ areo.
3 ၃ သင်တို့ နေဘူးသော အဲဂုတ္တုပြည်၏ အကျင့်ကို၎င်း၊ သင်တို့ကို ငါပို့ဆောင်လတံ့သော ခါနာန်ပြည်၏ အကျင့်ကို၎င်း၊ သင်တို့သည် မကျင့်၊ သူတို့ တရားလမ်းသို့ မလိုက်ရကြ။
Ko anoe’ areo o satan-tane Mitsraime nimoneña’ areoo; le tsy hanoe’ areo ka o satan-tane Kanàne aneseako anahareoo, tsy hañaveloa’ areo o fañè’ iareoo.
4 ၄ ငါစီရင်ချက်ရှိသည်အတိုင်း ကျင့်၍၊ ငါ့ပညတ်တရားလမ်းသို့ လိုက်ခြင်းငှါ စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။
Hanoe’ areo o fepèkoo vaho hambena’ areo o fañèkoo, hañaveloa’ areo: Izaho Iehovà Andrianañahare’ areo.
5 ၅ ထိုကြောင့် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။
Aa le ambeno o fañèkoo naho o fepèkoo, kanao mahaveloñe ondaty t’ie anoe’e: Izaho Iehovà.
6 ၆ သင်တို့တွင် အဘယ်သူမျှ ကိုယ်ပေါက်ဘော်တော်သောသူကို ချဉ်း၍ သံဝါသမပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။
Tsy ama’ areo ty hitotoke an-dongo’e marine, hañafa-tsaron-kameñarañe: Izaho Iehovà.
7 ၇ သင်၏ အဘနှင့်သာဆိုင်သော သင်၏ အမိကို မချဉ်းရ။ ကိုယ်အမိ ဖြစ်သောကြောင့် သံဝါသမပြုရ။
Tsy hafaha’o ty heñan-drae’o ndra ty heñan-drene’o. Rene’o re, tsy haboa’o ty heña’e.
8 ၈ ကိုယ်အဘ၏ မယားမည်သည်ကို မချဉ်းရ။ အဘနှင့်သာဆိုင်၏။
Ko aboa’o ty heñam-balin-drae’o, fa heñan-drae’o.
9 ၉ တအိမ်တည်း၌ မွေးဘွားသည်ဖြစ်စေ၊ အခြားသော အရပ်၌ မွေးဘွားသည်ဖြစ်စေ၊ သင်၏ နှမကို မချဉ်းရ။
Le ty heñan-drahavave’o, he anak’ ampelan-drae’o ke anak’ ampelan-drene’o, he t’ie terak’ añ’ anjomba ke te terak’ amontoñe, tsy haboa’o ty heña’e.
10 ၁၀ ကိုယ်ရင်သွေးဖြစ်သော သင်၏မြေးကို မချဉ်းရ။
Ty heñan’ anak’ ampelan’ anadahi’o ke anak’ ampelan’ anak’ ampela’o, le tsy haboa’o amy te heña’o ty a’ iareo.
11 ၁၁ အမိခြားသော်လည်း တဘတည်းဖြစ်သော နှမကို မချဉ်းရ။
Ty heñan’ anak’ ampelam-balin-drae’o, i nasaman-drae’oy, tsy haboa’o fa rahavave’o.
12 ၁၂ သင့်အဘ၏ ပေါက်ဘော်ရင်းဖြစ်သော အဘ၏ နှမကို၎င်း၊
Tsy haboa’o ty heñan-drahavaven-drae’o, amy t’ie longon-drae’o.
13 ၁၃ သင့်အမိ၏ ပေါက်ဘော်ရင်းဖြစ်သော အမိ၏ ညီအစ်မကို၎င်း၊
Tsy haboa’o ty heñan-drahavaven-drene’o, amy te longon-drene’o.
14 ၁၄ အဘ၏ ညီအစ်ကိုနှင့်သာဆိုင်သော မိကြီး မိထွေးဖြစ်သော အဘ၏ ညီအစ်ကို မယားကို၎င်း၊
Tsy haboa’o ty heñan-drahalahin-drae’o. Ko vonje’o i vali’ey, fa rahavaven-drae’o.
15 ၁၅ သား၏မယားတည်းဟူသော ချွေးမကို၎င်း၊
Tsy haboa’o ty heñam-binanto’o, fa valin’ana-dahi’o; tsy haboa’o ty heña’e.
16 ၁၆ ညီအစ်ကိုနှင့်သာဆိုင်သော ညီအစ်ကို၏ မယားကို၎င်း၊ မချဉ်းရ။
Tsy haboa’o ty heñam-balin-drahalahi’o, fa heñan-drahalahi’o.
17 ၁၇ ကိုယ်မယား၏ ပေါက်ဘော်ရင်းဖြစ်သော မယား၏သမီး၊ မယား၏ မြေးကို မချဉ်းရ။ မတရားသောအမှုဖြစ်၏။
Tsy songa haboa’o ty fimeñaran-drakemba naho ty anak’ ampela’e, tsy ho rambese’o ty anak’ ampelan’ anadahi’e ndra ty anak’ ampelan’ anak’ ampela’e hañafahañe ty heña’e; longo’o iereo, hativàñe izay.
18 ၁၈ ကိုယ်မယားကို နှောင့်ရှက်ခြင်းငှါ သူအသက်ရှင်စဉ်တွင် သူ၏ ညီအစ်မကို မသိမ်းရ။
Tsy halae’o ka ty ampela hampirafese’o aman-drahavave’e, hampiboake ty heña’e naho mbe veloñe i rahavave’ey.
19 ၁၉ ဥတုရောက်၍ မစင်ကြယ်သော မိန်းမကိုလည်း မချဉ်းရ။
Tsy hiharinea’o ka ty ampela hañafaha’o ty heña’e amy faleoram-piambola’ey;
20 ၂၀ ကိုယ်ကို ညစ်ညူးစေလျက်၊ သူ့မယားကို မပြစ်မှားရ။
vaho tsy rantove’o ty vali’ ondaty, hanivà’o vatañe.
21 ၂၁ သင်၏ သားသမီးတို့ကို၊ မောလုတ်ဘုရားအား မီးဖြင့် ပူဇော်ရ။ သင်၏ ဘုရားသခင် နာမတော်ကို မရှုတ်မချရ။ ငါသည် ထာဝရဘုရားဖြစ်၏။
Ko mañenga ho soroheñe amy Moleka o tarira’oo, hanivà’o ty tahinan’ Añahare’o: Izaho Iehovà.
22 ၂၂ မိန်းမနှင့် ပေါင်းဘော်သကဲ့သို့ ယောက်ျားချင်း မပေါင်းဘော်ရ။ ရွံရှာဘွယ်အမှုဖြစ်၏။
Tsy hiolotse ami’ty lahilahy irehe, manahake te aman’ ampela. Tiva izay.
23 ၂၃ ကိုယ့်ကိုကိုယ် ညစ်ညူးစေ၍ တိရစ္ဆာန်နှင့်မပေါင်းဘော်ရ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန်၏ ပေါင်းဘော်ခြင်းကို မခံရ။ ရွံရှာဘွယ်သော ရောနှောခြင်းဖြစ်၏။
Tsy hisahe biby irehe hanivà’o vatañe. Le tsy hijohañe añatrefa’ ty biby ty ampela hisahe ama’e; fa ota-faly.
24 ၂၄ ထိုသို့သော အမှုအားဖြင့် ကိုယ်ကို ကိုယ် မညစ်ညူးစေရ။ သင်တို့ရှေ့မှာ ငါနှင်ထုတ်သော လူအမျိုး မျိုးတို့သည်၊ ထိုသို့သောအမှုကို ပြု၍ ညစ်ညူးကြ၏။
Ko maniva-vatañe an-dra’ inoñ’ inoñe amy rezay, fa ie ty nahativa o hene foko roàheko aolo’ areoo.
25 ၂၅ သူတို့ ပြည်သည်လည်း ညစ်ညူး၏။ ညစ်ညူးသော အပြစ်ကြောင့် ငါဆုံးမ၍၊ ထိုပြည်သည် မိမိ သားတို့ကို အော့အန်လိမ့်မည်။
Izay ty nahaveta i taney; aa le nametsahako fandilovañe, vaho naboloa’ i taney o mpimoneñe ama’eo.
26 ၂၆ သင်တို့မူကား၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုပြည်သည် သင်တို့ရှေ့၌ရှိသော လူအမျိုးမျိုးတို့ကို အော့အန်သကဲ့သို့ တဖန် ညစ်ညူးခြင်းကိုခံ၍၊ သင်တို့ကို မအော့အန်စေခြင်းငှါ၊ ကိုယ်အမျိုးသားဖြစ်စေ၊
Inahareo arè, tambozoro o fañèkoo naho o fepèkoo, ko manao i hativàñe rezay, ndra t’ie foko ndra renetane mañialo ama’ areo ao,
27 ၂၇ သင်တို့တွင် တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ ထိုသို့သော ရွံ့ရှာဘွယ် အမှုတို့ကို မပြုရ။
(amy te ni-fanoe’ ondati’ i taneio, o taolo’ areoo, i hativàñe rezay: vaho nihaveta i taney)
28 ၂၈ သင်တို့ရှေ့၌ရှိသော ပြည်သားတို့သည် ထိုသို့သော ရွံ့ရှာဘွယ်အမှုတို့ကို ပြုသော အားဖြင့် သူတို့ပြည်သည် ညစ်ညူးခြင်းရှိ၏။
tsy mone haboloa’ i taney ka nahareo naho itivà’ areo, manahake ty nampiboloaña’e i foko limbeze’ areoy?
29 ၂၉ ထိုသို့သော ရွံ့ရှာဘွယ်အမှုတို့ကို ပြုသောသူ မည်သည်ကား၊ သူ၏အမျိုးမှ ပယ်ရှင်းခြင်း ခံရမည်။
Aa ndra ia’ ia manao ndra inoñ’ inoñe amy raha tiva rezay, le haitoañe am’ondati’eo indaty manao izay.
30 ၃၀ သို့ဖြစ်၍ သင်တို့ရှေ့၌ ပြူဘူးသော ထိုရွံ့ရှာဘွယ် ထုံးစံဓလေ့သို့ သင်တို့သည် လိုက်၍၊ ကိုယ့်ကိုကိုယ် မညစ်ညူးစေခြင်းငှါ၊ ငါ့ပညတ်တရားကို စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု မိန့်တော်မူ၏။
Aa le ambeno o fañèkoo, tsy mone hanoe’ areo o sata’ tiva nanoeñe aolo’ areoo, tsy hanivà’ areo vatañe; Izaho Iehovà Andrianañahare’ areo.