< ဝတ်ပြုရာ 17 >
1 ၁ တဖန်မောရှေအား ထာဝရဘုရားက၊
Și DOMNUL i-a vorbit lui Moise, zicând:
2 ၂ သင်သည် အာရုန်နှင့် သူ၏သား၊ - ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
Vorbește lui Aaron și fiilor săi și tuturor copiilor lui Israel și spune-le: Acesta este lucrul pe care DOMNUL l-a poruncit spunând:
3 ၃ ဣသရေလအမျိုးသား တစုံတယောက်သည် သိုး၊ ဆိတ်၊ နွားကို တပ်ထဲမှာ သတ်သည်ဖြစ်စေ၊ တပ်ပြင်မှာ သတ်သည်ဖြစ်စေ၊
Orice bărbat din casa lui Israel, care înjunghie un bou sau miel sau capră, în tabără, sau îl înjunghie în afara taberei,
4 ၄ ထာဝရဘုရား၏ တဲတော်ရှေ့တွင် ထာဝရဘုရားအား ပူဇော်သက္ကာ ပြုခြင်းငှါ ပရိသတ်စည်းဝေးရာ တဲတော်တံခါးသို့ မဆောင်ခဲ့လျှင်၊ ထိုသူသည် အသက်သတ်သော အပြစ်ရှိသည်ဟု မှတ်ရမည်။ အသက်သတ်သော ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်။
Și nu îl aduce la ușa tabernacolului întâlnirii, pentru a aduce un dar DOMNULUI înaintea tabernacolului DOMNULUI, sânge să i se impute acelui bărbat; el a vărsat sânge; și acel bărbat să fie stârpit din mijlocul poporului său;
5 ၅ ဣသရေလအမျိုးသားတို့သည် တော၌ ပူဇော်သောယဇ်တို့ကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါး ရှေ့တွင် ထာဝရဘုရားထံတော်မှာ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့၍၊ ထာဝရဘုရားအား မိဿ ဟာယယဇ် ပူဇော်စေခြင်းငှါ ထိုသို့ စီရင်ရသတည်း။
Pentru ca acești copii ai lui Israel să își aducă sacrificiile, pe care le aduce în câmp deschis, da, ca ei să le aducă DOMNULUI, la ușa tabernacolului întâlnirii, la preot și să le ofere ca ofrande de pace DOMNULUI.
6 ၆ ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင်အသွေးကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၌ရှိသော ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ ဖြန်း၍၊ ဆီဥကိုလည်း ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးရှို့ရမည်။
Și preotul să stropească sângele peste altarul DOMNULUI la ușa tabernacolului întâlnirii și să ardă grăsimea pentru o aromă dulce DOMNULUI.
7 ၇ သူတို့သည် အထက်က မှားယွင်းသကဲ့သို့ နောက်တဖန် နတ်ဆိုးတို့အား ယဇ်မပူဇော်ရ။ ဤပညတ် သည် သူတို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်း။
Iar ei să nu mai aducă sacrificiile lor dracilor, după care au curvit. Acesta să le fie un statut pentru totdeauna prin toate generațiile lor.
8 ၈ ဣသရေလအမျိုးသားချင်း ဖြစ်စေ၊ သင်တို့တွင် တည်းနေသော တပါး အမျိုးသားဖြစ်စေ၊ မီးရှို့ရာ ယဇ် အစရှိသော အခြားသောယဇ် တစုံတခုကို ပူဇော်သောအခါ၊-
Și să le spui: Orice bărbat din casa lui Israel, sau dintre străinii care locuiesc temporar printre voi, care aduce ofrandă arsă sau un sacrificiu,
9 ၉ ထာဝရဘုရားအား ပူဇော်သက္ကာပြုခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တံခါးသို့ မဆောင်ခဲ့လျှင်၊ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်ဟု သူတို့အား ဆင့်ဆိုရမည်။
Și nu îl aduce la ușa tabernacolului întâlnirii, pentru a-l oferi DOMNULUI, chiar acel bărbat să fie stârpit din mijlocul poporului său.
10 ၁၀ ဣသရေလအမျိုးသားမှစ၍၊ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ အသွေး တမျိုးမျိုးကို စားလျှင်၊ ထိုသူကို ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။
Și orice bărbat din casa lui Israel, sau dintre străinii care locuiesc temporar printre voi, care mănâncă orice fel de sânge; chiar eu îmi voi întoarce fața împotriva acelui suflet care mănâncă sânge și îl voi stârpi din mijlocul poporului său.
11 ၁၁ အကြောင်းမူကား၊ ကိုယ်ခန္ဓာ အသက်သည် အသွေး၌ တည်၏။ သင်တို့ပြုသောအပြစ်ကို ဖြေစေ ခြင်းငှါ၊ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကို ဖြေသောအရာကား၊ အသွေး ဖြစ်သတည်း။
Pentru că viața cărnii este în sânge; și vi l-am dat pe altar pentru a se face ispășire pentru sufletele voastre, pentru că sângele este cel ce face ispășire pentru suflet.
12 ၁၂ ထိုကြောင့် သင်တို့၌ အဘယ်သူမျှ အသွေးကို မစားရ။ သင်တို့တွင် တည်းနေသော တပါးအမျိုး သားလည်း အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။
De aceea am spus copiilor lui Israel: Niciun suflet dintre voi să nu mănânce sânge, nici vreun străin care locuiește temporar printre voi să nu mănânce sânge.
13 ၁၃ ဣသရေလအမျိုးသားမှစ၍ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ မုဆိုးလုပ်၍ စားစရာဘို့ သား၊ ငှက်ကို ဘမ်းမိလျှင်၊ အသွေးကို သွန်၍ မြေနှင့်ဖုံးရမည်။
Și orice bărbat dintre copiii lui Israel, sau dintre străinii care locuiesc temporar printre voi, care vânează și prinde orice fiară sau pasăre care poate fi mâncată, chiar el să îi scurgă sângele și să îl acopere cu țărână.
14 ၁၄ အသွေးသည် ခပ်သိမ်းသော ကိုယ်ခန္ဓာ အသက်ရှင်ရာအကြောင်း ဖြစ်၏။ ထိုကြောင့် သင်တို့သည် တစုံတခုသော ကိုယ်ခန္ဓာ၏ အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။ ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်သည် အသွေး၌ တည်သောကြောင့်၊ အသွေးကို စားသောသူ မည်သည်ကား၊ ပယ်ရှင်းခြင်းကို ခံရမည်။
Pentru că el este viața întregii cărni; sângele acesteia este pentru viața ei; de aceea am spus copiilor lui Israel: Să nu mâncați sânge de la niciun fel de carne, pentru că viața întregii cărni este sângele ei, oricine îl mănâncă să fie stârpit!
15 ၁၅ အလိုလို သေသောအကောင်၊ သားရဲကိုက်၍သေသော အကောင်၏အသားကို စားသော ကိုယ် အမျိုးသား၊ တပါးအမျိုးသား မည်သည်ကား၊ စားလျှင် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ထိုနောက် စင်ကြယ်ခြင်းရှိ၏။
Și fiecare suflet care mănâncă ceea ce a murit de la sine, sau care a fost sfâșiat de fiare, fie unul din țara voastră, sau un străin, deopotrivă să își spele hainele și să se îmbăieze în apă și să fie necurat până seara, apoi să fie curat.
16 ၁၆ အဝတ်ကို မလျှော် ရေမချိုးလျှင်၊ ကိုယ်အပြစ်ကို ကိုယ်ခံရမည်ဟု ထာဝရဘုရားသည် ပညတ်တော် မူ၏။
Dar dacă nu le spală, nici nu își îmbăiază carnea, atunci să își poarte propria nelegiuire.