< ဝတ်ပြုရာ 14 >

1 တဖန် မောရှေအား ထာဝရဘုရားက၊ - နူနာစွဲသောသူသည် စင်ကြယ်စေသောနေ့၌ ကျင့်ရသော တရားဟူမူကား၊-
OLELO mai la hoi o Iehova ia Mose, i mai la,
2
Eia ke kanawai o ka lepero i kona la e hoomaemaeia'i; e laweia mai ia i ke kahuna pule;
3 ထိုသူကို ယဇ်ပုရောဟိတ်ထံသို့ ခေါ်ခဲ့ပြီးမှ ယဇ်ပုရောဟိတ်သည် တပ်ပြင်သို့ထွက်၍ ကြည့်ရှုသော အခါ၊ နူနာပျောက်သည်မှန်လျှင်၊-
A e hele aku ke kahuna mailoko aku o kahi hoomoana, a e nana ke kahuna, aia hoi, ina ua ola ka mai lepera iloko o ka lepero;
4 စင်ကြယ်စေခြင်းကို ခံရသောထိုသူအဘို့၊ အသက်ရှင်၍ စင်ကြယ်သော ငှက်နှစ်ကောင်၊ အာရဇ်သစ် သား၊ နီမောင်းသောကြိုး၊ ဟု ဿုပ်ပင်ညွန့်တို့ကို မှာလိုက်၍၊-
Alaila e kauoha ke kahuna e lawe iho no ka mea e hoomaemaeia ana, elua manu ola, maemae, a me ka laau kedera, a me ka lole ula, a me ka husopa;
5 စီးသောရေကိုထည့်သော မြေအိုးထဲ၌ ငှက်တကောင်ကို သတ်စေပြီးမှ၊-
A e kauoha ke kahuna e pepehi ia kekahi o na manu maloko o ka ipu lepo, maluna o ka wai e kahe ana:
6 အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ ဟု ဿုပ်ပင်ညွန့်နှင့်တကွ အသက်ရှင်သော ငှက်ကိုယူ၍၊ ငှက်သွေးရောပြီးသော ရေ၌နှစ်ပြီးလျှင်၊-
A o ka manu ola, e lalau oia ia, a me ka laau kedera, a me ka lole ula, a me ka husopa, a e hou iho ia mau mea me ka manu ola, iloko o ke koko o ka manu i pepehiia maluna o ka wai e kahe ana:
7 နူနာစင်ကြယ်စေရသော လူအပေါ်မှာ ခုနစ်ကြိမ်တိုင်အောင် ဖြန်း၍၊ ထိုသူသည် စင်ကြယ်သည်ဟု စီရင်ရမည်။ ထိုနောက် အသက်ရှင်သော ငှက်ကို ဟင်းလင်းသော အရပ်၌ လွှတ်လိုက်ရမည်။
A e pipi aku oia maluna o ka mea e hoomaemaeia'na i ka lepera, i ehiku ka pipi ana, a e olelo aku he maemae ia, a e hookuu aku oia i ka manu ola mawaho ma ke kula.
8 စင်ကြယ်စေရသော သူသည် မိမိအဝတ်ကို လျှော်၍၊ မိမိဆံပင်ကို အကုန်အစင် ရိတ်ပြီးမှ၊ စင်ကြယ် စေခြင်းငှါ ရေချိုးရမည်။ ထိုနောက်၊ တပ်ထဲသို့ ဝင်၍၊ မိမိတဲပြင်၌ ခုနစ်ရက်နေရမည်။
A o ka mea e hoomaemaeia'na e holoi oia i kona kapa, a e koli i kona lauoho a pau, a e auau ia i ka wai, i maemae ia; a mahope iho, e hele mai ia i kahi hoomoana, a e noho mawaho o kona halelewa i na la ehiku.
9 သတ္တမနေ့၌ မိမိဆံပင်၊ မုတ်ဆိတ်၊ မျက်ခုန်းမွေး အစရှိသော ကိုယ်မွေးရှိသမျှကို ရိတ်၍၊ မိမိအဝတ်ကို လျှော်ပြီးမှ၊ ရေချိုး၍ စင်ကြယ်ရ၏။
A i ka hiku o ka la, e koli oia i kona lauoho a pau ma kona poe, a me kona umiumi, a me kona hulu kuemaka, o kona lauoho a pau kana e koli ai; a e holoi i kona kapa, a e holoi hoi oia i kona kino iho i ka wai, a a maemae ia.
10 ၁၀ အဋ္ဌမနေ့၌လည်း၊ အပြစ်မရှိ၊ အခါမလည်သော သိုးသငယ်အထီးနှစ်ကောင်၊ အမတကောင်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာဘို့၊ ဆီရောသော မုန့်ညက်သုံးဩမဲနှင့် ဆီတလောဃကို၎င်း ယူပြီးလျှင်၊
A i ka walu o ka la, e lawe oia i elua keikihipa kane kina ole, a i hookahi keikihipa wahine kina ole o ka makahiki hookahi, a i ekolu paha umi epa o ka palaoa wali, i mohaiai i huiia me ka aila, a i hookahi loga aila.
11 ၁၁ စင်ကြယ်စေသော ယဇ်ပုရောဟိတ်သည်၊ စင်ကြယ်စေအပ်သော လူကို၊ ပရိသတိစည်းဝေးရာ တဲတော်တံခါးနား၊ ထာဝရဘုရားရှေ့တော်၌ ထိုပူဇော်သက္ကာနှင့်တကွ ဆက်ရမည်။
A o ke kahuna e hoomaemae ana ia ia, e hoike oia i ke kanaka e hoomaemaeia'na a me kela mau mea, ma ke alo o Iehova ma ka puka o ka halelewa o ke anaina.
12 ၁၂ သိုးသငယ်အထီးတကောင်ကို ယူပြီးလျှင် ဒုစရိုက်ဖြေရာယဇ်ဘို့ ပူဇော်၍၊ ထာဝရဘုရားရှေ့တော် ၌ ချီလွှဲသော ပူဇော်သက္ကာဘို့ ဆီတလောဃနှင့်တကွ ချီလွှဲရမည်။
A e lawe ke kahuna i kekahi o ua mau keikihipa kane la, a e kaumaha aku i mohaihala, a me ka loga aila, a e hooluli ae ia mau mea i mohaihoali imua o ke alo o Iehova.
13 ၁၃ ထိုသိုးသငယ်ကို အပြစ်ဖြေရာ ယဇ်ကောင်၊ မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ်၊ သန့်ရှင်းရာဌာန ၌ သတ်ရမည်။ အကြောင်းမူကား၊ အပြစ်ဖြေရာ ယဇ်ကောင်ကို၊ ယဇ်ပုရောဟိတ် ယူပိုင်သကဲ့သို့ ဒုစရိုက်ဖြေရာယဇ်ကောင်ကို ယူပိုင်၏။ အလွန်သန့်ရှင်းပေ၏။
A e pepehi ai oia i ke keikihipa ma kahi e pepehi ai oia i ka mohailawehala, a me ka mohaikuni, ma kahi hoano; no ka mea, no ke kahuna pule ka mohailawehala, pela ka mohaihala, he laa loa ia.
14 ၁၄ ယဇ်ပုရောဟိတ်သည် ဒုစရိုက်အပြစ်ဖြေရာ ယဇ်ကောင်အသွေးကိုယူ၍ စင်ကြယ်စေရသောသူ၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၊ လက်ျာခြေမ၌၎င်း၊ ထည့်ရမည်။
A e lawe ke kahuna i kauwahi o ke koko o ka mohaihala, a e kau aku ke kahuna ia ma ke kihi o ka pepeiao akau o ka mea e hoomaemaeia'na, a ma ka manamananui o kona lima akau, a ma ka manamananui hoi o kona kapuwai akau.
15 ၁၅ ဆီအချို့ကိုလည်း ယူ၍၊ မိမိလက်ဝဲလက်ဝါး၌ လောင်းပြီးလျှင်၊-
A e lawe ke kahuna i kauwahi o ka loga aila, a e ninini iho maloko o ka poho o kona lima hema:
16 ၁၆ ထိုဆီကို မိမိလက်ျာလက်ညှိုးနှင့် တို့ယူ၍ ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်တိုင်အောင် ဖြန်းရမည်။
A e hoo iho ke kahuna i kona manamanalima akau iloko o ka aila ka mea iloko o kona lima hema, a e pipi i ka aila me kona manamanalima, ehiku ka pipi ana imua o Iehova.
17 ၁၇ မိမိလက်၌ ကြွင်းသောဆီကို စင်ကြယ်စေရသော သူ၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၊ လက်ျာခြေမ၌၎င်းရှိသော ဒုစရိုက်ဖြေရာ ယဇ်ကောင်အသွေးအပေါ်မှာ ထည့်ရမည်။
A o ko ke koena o ka aila iloko o kona lima hema, o ka ke kahuna ia e kau ai ma ke kihi o ka pepeiao akau o ke kanaka e hoomaemaeia'na, a ma ka manamananui o kona lima akau, a ma ka manamananui o kona kapuwai akau maluna iho o ke koko o ka mohailawehala.
18 ၁၈ မိမိလက်၌ ကြွင်းသေးသောဆီကို၊ စင်ကြယ်စေရသော သူ၏ခေါင်းပေါ်မှာ လောင်း၍ ထိုအဘို့ အပြစ်ဖြေခြင်းကို ထာဝရဘုရားရှေ့တော်၌ ပြုရမည်။
A o ke koena o ka aila iloko o ka lima o ke kahuna, oia kana e ninini ai maluna iho o ke poo o ka mea e hoomaemaeia'na; a e hana ke kahuna i kalahala nona imua o Iehova.
19 ၁၉ ထိုမှတပါး၊ စင်ကြယ်စေရသော သူအဘို့ အပြစ်ဖြေခြင်းငှါ၊ အပြစ်ဖြေရာယဇ်ကို ပူဇော်၍၊ နောက် တဖန် မီးရှို့ရာယဇ်ကောင်ကို သတ်ရမည်။
A e kaumaha aku ke kahuna i ka mohailawehala, a e hana hoi i kalahala no ka mea e hoomaemaeia na mai kona haumia ana; a mahope iho e pepehi ai oia i ka mohaikuni.
20 ၂၀ မီးရှို့ရာယဇ်ကောင်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ယဇ်ပလ္လင်ပေါ်မှာ ပူဇော်သဖြင့် ထိုလူအဘို့ အပြစ်ဖြေခြင်းကို ပြု၍ သူသည်သန့်ရှင်းရ၏။
A e kaumaha aku ke kahuna i ka mohaikuni, a me ka mohaiai, maluna o ke kuahu, a e hana ke kahuna i kalahala nona; a e maemae oia.
21 ၂၁ ထိုသူသည် ဆင်းရဲ၍ ဤမျှလောက်မတတ်နိုင်လျှင်၊ ချီလွှဲ၍ မိမိအပြစ်ဖြေခြင်းကို ပြုစရာဘို့၊ ဒုစရိုက်ဖြေရာယဇ် သိုးငယ်တကောင်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီရောသော မုန့်ညက်တဩ မဲနှင့် ဆီတလောဃကို၎င်း၊-
A ina he ilihune ia, aole hoi hiki keia mau mea ia ia; alaila e lawe oia i hookahi keikihipa i mohaihala e hooluliia i kalahala nona, a i hookahi hapaumi o ka epa palaoa wali i huiia me ka aila i mohaiai, a me ka loga aila:
22 ၂၂ တတ်နိုင်သမျှအတိုင်း၊ ခိုနှစ်ကောင်၊ သို့မဟုတ် ချိုးကလေးနှစ်ကောင်၊ အပြစ်ဖြေရာ ယဇ်ဘို့တကောင်၊ မီးရှို့ရာယဇ်ဘို့တကောင်ကို၎င်း ယူ၍၊
A i elua kuhukuku, a i ole ia, i elua manu nunu opiopio, na mea e loaa ia ia; a e lilo kekahi i mohailawehala, a o kekahi i mohaikuni.
23 ၂၃ မိမိစင်ကြယ်ခြင်းအလိုငှါ၊ ထာဝရဘုရားရှေ့တော်တွင် ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ ယဇ်ပုရောဟိတ်ထံသို့၊ အဋ္ဌမနေ့၌ ဆောင်ခဲ့ပြီးမှ၊-
A e lawe mai oia ia mau mea i ka walu o ka la, e hoomaemaeia'i oia, i ke kahuna ma ka puka o ka halelewa o ke anaina imua o Iehova.
24 ၂၄ ယဇ်ပုရောဟိတ်သည် ဒုစရိုက်အပြစ်ဖြေရာ ယဇ်သိုးသငယ်နှင့်ဆီတလောဃကို ယူ၍ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲရာ၊ ပူဇော်သက္ကာဘို့ ချီလွှဲရမည်။
A e lawe ke kahuna i ke keikihipa mohaihala a me ka loga aila, a hooluli ke kahuna ia mau mea i mohaihoali imua o Iehova.
25 ၂၅ ထိုသိုးသငယ်ကို သတ်ပြီးလျှင်၊ အသွေးကိုယူ၍ စင်ကြယ်စေရသောသူ၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၊ လက်ျာခြေမ၌၎င်း ထည့်ရမည်။
A e pepehi oia i ke keikihipa i mohaihala, a e lawe ke kahuna i kauwahi o ke koko o ka mohaihala, a e kau ae ma ke kihi o ka pepeiao akau o ka mea e hoomaemaeia'na, a ma ka manamananui o kona lima akau, a ma ka manamananui o kona kapuwai akau.
26 ၂၆ ဆီအချို့ကိုလည်း မိမိလက်ဝဲလက်ဝါး၌ လောင်းပြီးလျှင်၊-
A e ninini ke kahuna i kauwahi o ka aila ma ka poho o kona lima hema iho:
27 ၂၇ ထိုဆီကို မိမိလက်ျာလက်ညှိုးနှင့် ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်တိုင်အောင် ဖြန်းရမည်။
A e pipi ke kahuna me kona manamanalima akau i kauwahi o ka aila iloko o kona lima hema, ehiku ka pipi ana imua o Iehova.
28 ၂၈ မိမိလက်၌ ကြွင်းသောဆီကို စင်ကြယ်စေရသောသူ၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၊ လက်ျာ ခြေမ၌၎င်း ရှိသော ဒုစရိုက်ဖြေရာ ယဇ်ကောင်အသွေးပေါ်မှာထည့်၍၊
A e kau ke kahuna i kauwahi o ka aila ka mea iloko o kona lima, ma ke kihi o ka pepeiao akau o ka mea e hoomaemaeia'na, a ma ka manamananui o kona lima akau, a ma ka manamananui o kona kapuwai akau, ma kahi o ke koko o ka mohaihala.
29 ၂၉ မိမိ၌ကြွင်းသေးသောဆီကို ထိုလူခေါင်းအပေါ်မှာ လောင်း၍၊ သူ့အဘို့ အပြစ်ဖြေခြင်းကို ထာဝရဘုရား ရှေ့တော်၌ ပြုရမည်။
A o ke koena o ka aila maloko o ka lima o ke kahuna, oia kana e kau ai ma ke poo o ka mea e hoomaemaeia'na, a e hana hoi i kalahala nona ma ke alo o Iehova.
30 ၃၀ ထိုသူသည် တတ်နိုင်သမျှအတိုင်း ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊-
A e kaumaha hoi oia i kekahi o na kuhukuku, a o na manu nunu paha, ka mea e hiki ke loaa ia ia;
31 ၃၁ အပြစ်ဖြေရာယဇ်ဘို့ တကောင်၊ ဘောဇဉ်ပူဇော်သက္ကာနှင့်တကွ မီးရှို့ရာယဇ်ဘို့တကောင်ကို ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည် ပူဇော်လျက်၊ ထိုသူအဘို့ အပြစ်ဖြေခြင်းကို ထာဝရဘုရား ရှေ့တော်၌ ပြုရမည်။
Ka mea e hiki i kona lima, i kekahi i mohailawehala, a i kekahi i mohaikuni, me ka mohaiai; a e hana ke kahuna i kalahala no ka mea e hoomaemaeia'na imua o Iehova.
32 ၃၂ ဤရွေ့ကား၊ နူနာစွဲ၍ မိမိစင်ကြယ်စေ မိမိစင်ကြယ်စေခြင်းငှါ မတတ်နိုင်အောင် ဆင်းရဲသောသူနှင့် ဆိုင်သော တရားဖြစ်သတည်းဟု မိန့်တော်မူ၏။
Oia ke kanawai no ka mea mai lepera, aole hiki ke loaa i kona lima na mea no kona hoomaemae ana.
33 ၃၃ ထာဝရဘုရားသည် မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား၊-
Olelo mai la hoi o Iehova ia Mose a me Aarona, i mai la,
34 ၃၄ သင်တို့ ပိုင်ထိုက်ရာ၊ ငါပေးသော ခါနာန်ပြည်သို့ သင်တို့ရောက်သောအခါ၊ သင်တို့နေရာ ထိုပြည်တွင် အိမ်ထစုံတခု၌ နူနာကို ငါစွဲစေလျှင်၎င်း၊-
Aia komo oukou i ka aina o Kanaana a'u e haawi ai ia oukou i hooilina, a hookomo au i ka ino lepera iloko o ka hale o ka aina o oukou;
35 ၃၅ အိမ်ရှင်သည် ယဇ်ပုရောဟိတ်ထံသို့သွား၍၊ အကျွန်ုပ်အိမ်ကို နူနာစွဲဟန်ရှိပါ၏ဟု ပြောဆိုလျှင်၎င်း၊-
A hele mai ka mea nona ka hale e hai i ke kahuna pule, e i mai ana, I kuu manao, ea, me he ino lepera la iloko o ka hale:
36 ၃၆ ထိုအိမ်၌ရှိသမျှတို့သည်၊ မစင်ကြယ်ရာသို့ ရောက်မည်ကို စိုးရိမ်၍၊ ယဇ်ပုရောဟိတ်သည် နူနာက အကြည့်အရှုမဝင်မှီ၊ ရှိသမျှကို ထုတ်စေခြင်းငှါ စီရင်ရမည်။ ထိုနောက် ယဇ်ပုရောဟိတ်သည် ထိုအိမ်ကို အကြည့်အရှုဝင်၍၊-
Alaila e kauoha ke kahuna e hookaawale i ka hale mamua o ke komo ana o ke kahuna e ike i ka ino, i ole ai e pau i ka haumia koloko o ka hale; a mahope iho e hele ae ke kahuna iloko e nana i ka hale.
37 ၃၇ အနာကို ကြည့်ရှုသောအခါ၊ ကျောက်ထရံချိုင့်ရာတို့၌ ခပ်စိမ်းစိမ်း၊ ခပ်နီနီဖြစ်၍၊ ကျောက်ထရံထဲ၌ အနာစွဲဟန်ရှိလျှင်၊ -
A e nana aku oia i ka mai ino, aia hoi, ina ma na paia ka mai ino, he mau alualu, he omaomao iki, a he ulaula iki paha, ua poopoo iloko o ka paia i ka nana aku;
38 ၃၈ အိမ်တံခါးပြင်သို့ ထွက်၍၊ ထိုအိမ်ကို ခုနစ်ရက်ပတ်လုံး ပိတ်ထားရမည်။
Alaila e puka aku ke kahuna mawaho o ka hale a i ka puka o ka hale, a e papani i ka hale i na la hiku.
39 ၃၉ သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာ၍၊ ကျောက်ထရံ၌ အနာတိုးပွားလျှင်၊
A e hoi mai ke kahuna i ka hiku o ka la, a e nana; aia hoi, ina ua palahalaha ae ka ino ma na paia o ka hale;
40 ၄၀ အနာစွဲသော ကျောက်တို့ကို နှုတ်ပယ်၍၊ မြို့ပြင်မစင်ကြယ်သော အရပ်၌ ပစ်ထားစေခြင်းငှါ ယဇ် ပုရောဟိတ်စီရင်၍၊
Alaila e kauoha ke kahuna e lawe aku lakou i na pohaku i pili ai ka ino, a e kiola lakou ia mau mea mawaho o ke kulanakauhale, ma kahi haumia.
41 ၄၁ ထိုအိမ်ကို အတွင်းပတ်လည်၌ ခြစ်စေရမည်။ ခြစ်၍ကျသော အမှုန့်ကိုလည်း မြို့ပြင်မစင်ကြယ် သောအရပ်၌ သွန်ပစ်ရမည်။
E kepa ae oia ia loko o ka hale a puni, a e ninini aku lakou i ka lepo a lakou i kepa ai, mawaho o ke kulanakauhale ma kahi haumia:
42 ၄၂ အရင်ကျောက်အစား၌ အခြားသော ကျောက်ကိုယူ၍ ထည့်ပြီးလျှင်၊ အသစ်သော အင်္ဂတေနှင့် မွမ်းမံရမည်။
A e lawe lakou i na pohaku hou a hahao ma kahi o kela mau pohaku; a e lawe oia i ka puna hou e hamo i ka hale.
43 ၄၃ ထိုသို့ ကျောက်ကို နှုတ်ပယ်၍ အိမ်ကိုခြစ်ခြင်း၊ အသစ်မွမ်းမံခြင်းကို ပြုပြီးမှ၊ တဖန် အနာစွဲ ပြန်လျှင်၊-
A ina e hiki hou mai ka ino, a poha hon mahope iho o ka lawe ana aku o na pohaku, a mahope hoi o kona kepa ana i ka hale, a mahope hoi o kona hamoia'na;
44 ၄၄ ယဇ်ပုရောဟိတ်လည်း အကြည့်အရှုလာ၍ ထိုအိမ်၌ အနာတိုးပွါးသည် မှန်လျှင်၊ စားတတ်သော နူနာဖြစ်၏။
Alaila e hele mai ke kahuna a e nana, aia hoi, ina ua palahalaha ae ka ino maloko o ka hale, he lepera ia e aai ana iloko o ka hale, he haumia ia.
45 ၄၅ ထိုအိမ်သည် မစင်ကြယ်သောကြောင့်၊- ကျောက်၊ သစ်သား၊ မင်္ဂတေရှိသမျှကို ဖြိုဖျက်၍၊ မြို့ပြင် မစင်ကြယ်သော အရပ်သို့ ယူသွားရမည်။
A e hoohiolo hoi oia i ka hale, i kona mau pohaku a me kona mau laau, a me ka puna a pau o ka hale; a e halihali oia ia mau mea mawaho o ke kulanakauhale i kahi haumia.
46 ၄၆ ထိုမှတပါး၊ ထိုအိမ်ကို ပိတ်ထားသည် ကာလပတ်လုံး၊ အထဲသို့ ဝင်မိသောသူသည်၊ ညဦးတိုင်အောင် မစင်ကြယ်။
O ka mea hoi i hele ae iloko o ka hale i kona wa a pau i papaniia'i, e haumia oia a hiki i ke altiahi.
47 ၄၇ ထိုအိမ်၌ အိပ်သောသူ၊ စားသောက်သောသူသည်၊ မိမိအဝတ်ကို လျှော်ရမည်။
A o ka mea moe ma ia hale, e holoi oia i kona kapa; a o ka mea ai maloko o ka kale, e holoi oia i kona kapa.
48 ၄၈ ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာသောအခါ၊ အိမ်ကို အသစ်မွမ်းမံပြီးမှ အနာမတိုးပွါးလျှင်၊ အနာပျောက်သောကြောင့် ထိုအိမ်သည် စင်ကြယ်၏ဟု စီရင်ရမည်။
A ina e komo ke kahuna, a e nana aku ia mea, aia hoi, aole i palahalaha ka mai ino maloko o ka hale mahope iho o ka hamoia'na o ka hale; alaila e olelo ke kahuna pule he maemae ka hale, no ka mea, ua ola ka mai ino.
49 ၄၉ ထိုအိမ်ကို စင်ကြယ်စေခြင်းငှါ ငှက်နှစ်ကောင်၊ အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ဟု ဿုပ်ပင်ညွန့် တို့ကိုယူ၍၊-
A lawe oia e hoomaemae i ka hale, i na manu elua, a me ka laau kedera, a me ka ulaula, a me ka huaopa;
50 ၅၀ စီးသောရေကို ထည့်သောမြေအိုးထဲ၌ ငှက်တကောင်ကို သတ်ပြီးမှ၊
A e pepehi oia i kekahi o na manu, maloko o ka ipu lepo maluna o ka wai e kahe ana;
51 ၅၁ အာရဇ်သစ်သား၊ဟု ဿုပ်ပင်ညွှန့်၊ နီသောကြိုး၊ အသက်ရှင်သော ငှက်ကို ယူ၍ ငှက်သွေးရောသော ရေ၌ နှစ်ပြီးလျှင်၊ ထိုအိမ်ကို ခုနစ်ကြိမ်တိုင်အောင် ဖြန်းရမည်။
A e lawe oia i ka laau kedera, a me ka husopa, a me ka ulaula, a me ka manu e ola ana, a e hou ia mau mea iloko o ke koko o ka manu i pepehiia, a iloko hoi o ka wai e kahe ana, a e pipi i ka hale, ehiku ka pipi ana.
52 ၅၂ ထိုသို့ ငှက်သွေးအစရှိသည်တို့နှင့် ထိုအိမ်ကို စင်ကြယ်စေပြီးမှ၊-
A e hoomaemae oia i ka hale me ke koko o ka manu a me ka wai e kahe ana, a me ka manu e ola ana, a me ka laau kedera, a me ka huaopa a me ka ulaula.
53 ၅၃ အသက်ရှင်သော ငှက်ကို မြို့ပြင် ဟင်းလင်းသောအရပ်၌ လွှတ်လိုက်၍၊ ထိုအိမ်အဘို့၊ အပြစ်ဖြေ ခြင်းကို ပြုလျှင်၊ စင်ကြယ်ခြင်း ရှိလိမ့်မည်။
Aka, e hookuu aku oia i ka manu e ola ana mawaho ma ke kula, a e hana i kalahala no ka hale; a e maemae no ia.
54 ၅၄ ဤရွေ့ကား၊ စင်ကြယ်သည်၊ မစင်ကြယ်သည်ကို ပိုင်းခြား၍ သိစေခြင်းငှါ၊ ဗောက်နူနာအစရှိသော နူနာအမျိုးမျိုး၊ အဝတ်၌ စွဲသောနူနာ၊ အိမ်၌စွဲသောနူနာ၊ အဖူး၊ ယားနာ၊ နူကွက်နှင့်ဆိုင်သော နူနာတရားဖြစ်သတည်းဟု မိန့်တော်မူ၏။
Oia ke kanawai no ka mai ino o kela lepera keia lepera;
55 ၅၅
A no ke kapa lepera, a me ka hale no hoi;
56 ၅၆
A no ka pahu ana, a me ka pehupala, a me kahi lilelile:
57 ၅၇
E hoakaka'i i ka wa e haumia ai ia, a i ka wa e maemae ai hoi; oia ke kanawai o ka lepera.

< ဝတ်ပြုရာ 14 >