< ဝတ်ပြုရာ 14 >
1 ၁ တဖန် မောရှေအား ထာဝရဘုရားက၊ - နူနာစွဲသောသူသည် စင်ကြယ်စေသောနေ့၌ ကျင့်ရသော တရားဟူမူကား၊-
上主訓示梅瑟說:「
關於癩病人取潔之日應守的法律如下:應引他去見司祭,
3 ၃ ထိုသူကို ယဇ်ပုရောဟိတ်ထံသို့ ခေါ်ခဲ့ပြီးမှ ယဇ်ပုရောဟိတ်သည် တပ်ပြင်သို့ထွက်၍ ကြည့်ရှုသော အခါ၊ နူနာပျောက်သည်မှန်လျှင်၊-
司祭應到營外查看,如見癩病人的病症痊愈了,
4 ၄ စင်ကြယ်စေခြင်းကို ခံရသောထိုသူအဘို့၊ အသက်ရှင်၍ စင်ကြယ်သော ငှက်နှစ်ကောင်၊ အာရဇ်သစ် သား၊ နီမောင်းသောကြိုး၊ ဟု ဿုပ်ပင်ညွန့်တို့ကို မှာလိုက်၍၊-
就吩咐人為那取潔者,拿兩隻潔淨的活鳥、香柏木、朱紅線和牛膝草來;
5 ၅ စီးသောရေကိုထည့်သော မြေအိုးထဲ၌ ငှက်တကောင်ကို သတ်စေပြီးမှ၊-
然後吩咐人在盛著活水的陶器上,宰殺一隻鳥。
6 ၆ အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ ဟု ဿုပ်ပင်ညွန့်နှင့်တကွ အသက်ရှင်သော ငှက်ကိုယူ၍၊ ငှက်သွေးရောပြီးသော ရေ၌နှစ်ပြီးလျှင်၊-
司祭拿另外一隻活鳥同香柏木、朱紅線和牛膝草,連同活鳥一起浸在殺於活水上的鳥血內,
7 ၇ နူနာစင်ကြယ်စေရသော လူအပေါ်မှာ ခုနစ်ကြိမ်တိုင်အောင် ဖြန်း၍၊ ထိုသူသည် စင်ကြယ်သည်ဟု စီရင်ရမည်။ ထိုနောက် အသက်ရှင်သော ငှက်ကို ဟင်းလင်းသော အရပ်၌ လွှတ်လိုက်ရမည်။
向那取潔的癩病人灑血七次,使他潔淨;然後放那隻活鳥飛向田野,
8 ၈ စင်ကြယ်စေရသော သူသည် မိမိအဝတ်ကို လျှော်၍၊ မိမိဆံပင်ကို အကုန်အစင် ရိတ်ပြီးမှ၊ စင်ကြယ် စေခြင်းငှါ ရေချိုးရမည်။ ထိုနောက်၊ တပ်ထဲသို့ ဝင်၍၊ မိမိတဲပြင်၌ ခုနစ်ရက်နေရမည်။
那取潔的人洗滌自己的衣服,剃去身上所有的毛,用水洗澡,這樣就算潔淨了。此後,他方可入營內,但仍應在自己的帳幕外居住七天。
9 ၉ သတ္တမနေ့၌ မိမိဆံပင်၊ မုတ်ဆိတ်၊ မျက်ခုန်းမွေး အစရှိသော ကိုယ်မွေးရှိသမျှကို ရိတ်၍၊ မိမိအဝတ်ကို လျှော်ပြီးမှ၊ ရေချိုး၍ စင်ကြယ်ရ၏။
到了第七天,他應剃去身上所有的毛:頭髮、鬍鬚和眉毛;身上所有的毛都應剃去,然後洗滌衣服,用水洗身,就算完全潔淨了。
10 ၁၀ အဋ္ဌမနေ့၌လည်း၊ အပြစ်မရှိ၊ အခါမလည်သော သိုးသငယ်အထီးနှစ်ကောင်၊ အမတကောင်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာဘို့၊ ဆီရောသော မုန့်ညက်သုံးဩမဲနှင့် ဆီတလောဃကို၎င်း ယူပြီးလျှင်၊
到第八天,他應帶兩隻無暇的公羔羊,一隻一歲的無暇母羔羊,作素祭用的十分之三」厄法「油調的細麵,和一「羅格」│。
11 ၁၁ စင်ကြယ်စေသော ယဇ်ပုရောဟိတ်သည်၊ စင်ကြယ်စေအပ်သော လူကို၊ ပရိသတိစည်းဝေးရာ တဲတော်တံခါးနား၊ ထာဝရဘုရားရှေ့တော်၌ ထိုပူဇော်သက္ကာနှင့်တကွ ဆက်ရမည်။
取潔禮的司祭,應叫取潔的人拿著這一切,站在會幕門口,上主面前。
12 ၁၂ သိုးသငယ်အထီးတကောင်ကို ယူပြီးလျှင် ဒုစရိုက်ဖြေရာယဇ်ဘို့ ပူဇော်၍၊ ထာဝရဘုရားရှေ့တော် ၌ ချီလွှဲသော ပူဇော်သက္ကာဘို့ ဆီတလောဃနှင့်တကွ ချီလွှဲရမည်။
司祭取一隻公羔羊同一」羅格「油,一起現作贖過祭,在上主前行奉獻的搖禮。
13 ၁၃ ထိုသိုးသငယ်ကို အပြစ်ဖြေရာ ယဇ်ကောင်၊ မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ်၊ သန့်ရှင်းရာဌာန ၌ သတ်ရမည်။ အကြောင်းမူကား၊ အပြစ်ဖြေရာ ယဇ်ကောင်ကို၊ ယဇ်ပုရောဟိတ် ယူပိုင်သကဲ့သို့ ဒုစရိုက်ဖြေရာယဇ်ကောင်ကို ယူပိုင်၏။ အလွန်သန့်ရှင်းပေ၏။
然後在宰殺贖罪祭和全番祭犧牲的聖地方,宰殺這隻公羔羊,因為贖過祭犧牲,如贖罪祭犧牲一樣,應歸司祭:這是至聖之物。
14 ၁၄ ယဇ်ပုရောဟိတ်သည် ဒုစရိုက်အပြစ်ဖြေရာ ယဇ်ကောင်အသွေးကိုယူ၍ စင်ကြယ်စေရသောသူ၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၊ လက်ျာခြေမ၌၎င်း၊ ထည့်ရမည်။
司祭取些贖過祭犧牲的血,抹在取潔者的右耳垂,右手拇指和右腳大趾;
15 ၁၅ ဆီအချို့ကိုလည်း ယူ၍၊ မိမိလက်ဝဲလက်ဝါး၌ လောင်းပြီးလျှင်၊-
再由那「羅格」油中,取些油倒在自己的左手掌中,
16 ၁၆ ထိုဆီကို မိမိလက်ျာလက်ညှိုးနှင့် တို့ယူ၍ ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်တိုင်အောင် ဖြန်းရမည်။
將自己的一個右手指,浸在左手掌的油內,用手指在上主前灑油七次;
17 ၁၇ မိမိလက်၌ ကြွင်းသောဆီကို စင်ကြယ်စေရသော သူ၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၊ လက်ျာခြေမ၌၎င်းရှိသော ဒုစရိုက်ဖြေရာ ယဇ်ကောင်အသွေးအပေါ်မှာ ထည့်ရမည်။
然後將掌中盛下的油,抹在取潔者的右耳垂,右手拇指和右腳大趾上,即在抹贖過祭犧牲血的地方。
18 ၁၈ မိမိလက်၌ ကြွင်းသေးသောဆီကို၊ စင်ကြယ်စေရသော သူ၏ခေါင်းပေါ်မှာ လောင်း၍ ထိုအဘို့ အပြစ်ဖြေခြင်းကို ထာဝရဘုရားရှေ့တော်၌ ပြုရမည်။
以後將掌中剩下的油,都抹在取潔者的頭上:如此司祭載上主面前為那人行了贖罪禮。
19 ၁၉ ထိုမှတပါး၊ စင်ကြယ်စေရသော သူအဘို့ အပြစ်ဖြေခြင်းငှါ၊ အပြစ်ဖြေရာယဇ်ကို ပူဇော်၍၊ နောက် တဖန် မီးရှို့ရာယဇ်ကောင်ကို သတ်ရမည်။
此後,司祭應奉獻贖罪祭,為取潔者贖罪除去不潔;最後應宰殺全番祭犧牲,
20 ၂၀ မီးရှို့ရာယဇ်ကောင်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ယဇ်ပလ္လင်ပေါ်မှာ ပူဇော်သဖြင့် ထိုလူအဘို့ အပြစ်ဖြေခြင်းကို ပြု၍ သူသည်သန့်ရှင်းရ၏။
在祭壇上奉獻全番祭和素祭。司祭這樣為他行了贖罪禮,他就潔淨了。
21 ၂၁ ထိုသူသည် ဆင်းရဲ၍ ဤမျှလောက်မတတ်နိုင်လျှင်၊ ချီလွှဲ၍ မိမိအပြစ်ဖြေခြင်းကို ပြုစရာဘို့၊ ဒုစရိုက်ဖြေရာယဇ် သိုးငယ်တကောင်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီရောသော မုန့်ညက်တဩ မဲနှင့် ဆီတလောဃကို၎င်း၊-
但是,如果他貧窮,手中財力不足,可拿一隻公羔羊作贖過祭,行搖禮為他贖罪;十分之一「厄法」油調的細麵作素祭,一「羅格」油,
22 ၂၂ တတ်နိုင်သမျှအတိုင်း၊ ခိုနှစ်ကောင်၊ သို့မဟုတ် ချိုးကလေးနှစ်ကောင်၊ အပြစ်ဖြေရာ ယဇ်ဘို့တကောင်၊ မီးရှို့ရာယဇ်ဘို့တကောင်ကို၎င်း ယူ၍၊
和財力所能備辦的兩隻斑鳩或兩之雛鴿:一隻做贖罪祭,一隻做全番祭。
23 ၂၃ မိမိစင်ကြယ်ခြင်းအလိုငှါ၊ ထာဝရဘုရားရှေ့တော်တွင် ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ ယဇ်ပုရောဟိတ်ထံသို့၊ အဋ္ဌမနေ့၌ ဆောင်ခဲ့ပြီးမှ၊-
他應在第八天,將這一切送交司祭,再會幕門口於上主面前為自己取潔。
24 ၂၄ ယဇ်ပုရောဟိတ်သည် ဒုစရိုက်အပြစ်ဖြေရာ ယဇ်သိုးသငယ်နှင့်ဆီတလောဃကို ယူ၍ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲရာ၊ ပူဇော်သက္ကာဘို့ ချီလွှဲရမည်။
司祭便取那隻作贖過祭的公羔羊和一「羅格」油,在上主面前行奉獻的搖禮;
25 ၂၅ ထိုသိုးသငယ်ကို သတ်ပြီးလျှင်၊ အသွေးကိုယူ၍ စင်ကြယ်စေရသောသူ၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၊ လက်ျာခြေမ၌၎င်း ထည့်ရမည်။
然後宰殺作贖過祭的公羔羊,取些贖過祭犧牲的血,抹在取潔者的右耳垂,右手拇指和右腳大趾上;
26 ၂၆ ဆီအချို့ကိုလည်း မိမိလက်ဝဲလက်ဝါး၌ လောင်းပြီးလျှင်၊-
然後倒些油在自己的左手掌中,
27 ၂၇ ထိုဆီကို မိမိလက်ျာလက်ညှိုးနှင့် ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်တိုင်အောင် ဖြန်းရမည်။
用一隻右手指蘸些左手掌中的油,在上主面前灑七次;
28 ၂၈ မိမိလက်၌ ကြွင်းသောဆီကို စင်ကြယ်စေရသောသူ၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၊ လက်ျာ ခြေမ၌၎င်း ရှိသော ဒုစရိုက်ဖြေရာ ယဇ်ကောင်အသွေးပေါ်မှာထည့်၍၊
再將掌中盛的油抹在取潔者的右耳垂,右手拇指和右腳大趾上,即在抹贖過祭犧牲血的地方;
29 ၂၉ မိမိ၌ကြွင်းသေးသောဆီကို ထိုလူခေါင်းအပေါ်မှာ လောင်း၍၊ သူ့အဘို့ အပြစ်ဖြေခြင်းကို ထာဝရဘုရား ရှေ့တော်၌ ပြုရမည်။
掌中還有剩下的油,都抹在取潔者的頭上,為他在上主面前行贖罪禮。
30 ၃၀ ထိုသူသည် တတ်နိုင်သမျှအတိုင်း ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊-
取潔的人,按自己的財力,所能備辦的兩隻斑鳩或兩之雛鴿,
31 ၃၁ အပြစ်ဖြေရာယဇ်ဘို့ တကောင်၊ ဘောဇဉ်ပူဇော်သက္ကာနှင့်တကွ မီးရှို့ရာယဇ်ဘို့တကောင်ကို ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည် ပူဇော်လျက်၊ ထိုသူအဘို့ အပြစ်ဖြေခြင်းကို ထာဝရဘုရား ရှေ့တော်၌ ပြုရမည်။
按他的財力所能獻的,其中一隻獻作贖罪祭,一隻獻作全番祭,同素祭一起獻上。司祭應這樣為取潔的人在上主面前型贖罪禮。
32 ၃၂ ဤရွေ့ကား၊ နူနာစွဲ၍ မိမိစင်ကြယ်စေ မိမိစင်ကြယ်စေခြင်းငှါ မတတ်နိုင်အောင် ဆင်းရဲသောသူနှင့် ဆိုင်သော တရားဖြစ်သတည်းဟု မိန့်တော်မူ၏။
這是關於身患癩病而財力不足備辦取潔祭品者的法律。
33 ၃၃ ထာဝရဘုရားသည် မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား၊-
上主訓示梅瑟和亞郎說:「
34 ၃၄ သင်တို့ ပိုင်ထိုက်ရာ၊ ငါပေးသော ခါနာန်ပြည်သို့ သင်တို့ရောက်သောအခါ၊ သင်တို့နေရာ ထိုပြည်တွင် အိမ်ထစုံတခု၌ နူနာကို ငါစွဲစေလျှင်၎င်း၊-
當你們進入了我賜給你們作產業的客納罕地,在你們佔有的地方,我令房屋發生癩病現象時,
35 ၃၅ အိမ်ရှင်သည် ယဇ်ပုရောဟိတ်ထံသို့သွား၍၊ အကျွန်ုပ်အိမ်ကို နူနာစွဲဟန်ရှိပါ၏ဟု ပြောဆိုလျှင်၎င်း၊-
屋主應去告訴司祭說:我看在我房屋內出現了一些相似癩病的斑痕。
36 ၃၆ ထိုအိမ်၌ရှိသမျှတို့သည်၊ မစင်ကြယ်ရာသို့ ရောက်မည်ကို စိုးရိမ်၍၊ ယဇ်ပုရောဟိတ်သည် နူနာက အကြည့်အရှုမဝင်မှီ၊ ရှိသမျှကို ထုတ်စေခြင်းငှါ စီရင်ရမည်။ ထိုနောက် ယဇ်ပုရောဟိတ်သည် ထိုအိမ်ကို အကြည့်အရှုဝင်၍၊-
司祭進去查看斑痕以前,應吩咐人先搬空房屋,免得屋內的一切染上不潔;然後司祭進去查看房屋。
37 ၃၇ အနာကို ကြည့်ရှုသောအခါ၊ ကျောက်ထရံချိုင့်ရာတို့၌ ခပ်စိမ်းစိမ်း၊ ခပ်နီနီဖြစ်၍၊ ကျောက်ထရံထဲ၌ အနာစွဲဟန်ရှိလျှင်၊ -
司祭查看斑痕時,如見屋內牆上的斑痕帶些發綠或發紅的小孔,似乎深過牆皮,
38 ၃၈ အိမ်တံခါးပြင်သို့ ထွက်၍၊ ထိုအိမ်ကို ခုနစ်ရက်ပတ်လုံး ပိတ်ထားရမည်။
就應由屋內出來,到房門口,將房屋封鎖七天。
39 ၃၉ သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာ၍၊ ကျောက်ထရံ၌ အနာတိုးပွားလျှင်၊
到第七天,司祭再來查看,如見斑痕在屋內牆上蔓延開了,
40 ၄၀ အနာစွဲသော ကျောက်တို့ကို နှုတ်ပယ်၍၊ မြို့ပြင်မစင်ကြယ်သော အရပ်၌ ပစ်ထားစေခြင်းငှါ ယဇ် ပုရောဟိတ်စီရင်၍၊
就應命人拔出有斑痕的石頭,丟在城外不潔的地方;
41 ၄၁ ထိုအိမ်ကို အတွင်းပတ်လည်၌ ခြစ်စေရမည်။ ခြစ်၍ကျသော အမှုန့်ကိုလည်း မြို့ပြင်မစင်ကြယ် သောအရပ်၌ သွန်ပစ်ရမည်။
且叫人刮淨屋內四周,將刮下的灰土,倒在城外不潔的地方,
42 ၄၂ အရင်ကျောက်အစား၌ အခြားသော ကျောက်ကိုယူ၍ ထည့်ပြီးလျှင်၊ အသစ်သော အင်္ဂတေနှင့် မွမ်းမံရမည်။
再拿別的石頭嵌進拔出的石頭處,拿別的灰土,粉刷房屋。
43 ၄၃ ထိုသို့ ကျောက်ကို နှုတ်ပယ်၍ အိမ်ကိုခြစ်ခြင်း၊ အသစ်မွမ်းမံခြင်းကို ပြုပြီးမှ၊ တဖန် အနာစွဲ ပြန်လျှင်၊-
在拔出石頭,刮掃,粉刷房屋以後,如斑痕又在屋內出現,
44 ၄၄ ယဇ်ပုရောဟိတ်လည်း အကြည့်အရှုလာ၍ ထိုအိမ်၌ အနာတိုးပွါးသည် မှန်လျှင်၊ စားတတ်သော နူနာဖြစ်၏။
司祭還應來查看,如見斑痕在屋內蔓延開了,這就是房屋上的腐蝕性癩病;這房屋即是不潔的,
45 ၄၅ ထိုအိမ်သည် မစင်ကြယ်သောကြောင့်၊- ကျောက်၊ သစ်သား၊ မင်္ဂတေရှိသမျှကို ဖြိုဖျက်၍၊ မြို့ပြင် မစင်ကြယ်သော အရပ်သို့ ယူသွားရမည်။
應拆毀這座房屋;房屋的石頭、木材和所有灰土,都應運到城外不潔的地方。
46 ၄၆ ထိုမှတပါး၊ ထိုအိမ်ကို ပိတ်ထားသည် ကာလပတ်လုံး၊ အထဲသို့ ဝင်မိသောသူသည်၊ ညဦးတိုင်အောင် မစင်ကြယ်။
整個封鎖日期內,如有人進屋內,直到晚上成為不潔的;
47 ၄၇ ထိုအိမ်၌ အိပ်သောသူ၊ စားသောက်သောသူသည်၊ မိမိအဝတ်ကို လျှော်ရမည်။
如有人在這屋內睡覺,應洗滌自己的衣服;如有人在這屋內吃飯,應洗滌自己的衣服。
48 ၄၈ ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာသောအခါ၊ အိမ်ကို အသစ်မွမ်းမံပြီးမှ အနာမတိုးပွါးလျှင်၊ အနာပျောက်သောကြောင့် ထိုအိမ်သည် စင်ကြယ်၏ဟု စီရင်ရမည်။
但是,如果司祭來查看,見房屋刷新以後,斑痕沒有在屋內蔓延,就應聲明房屋是潔淨的因為患處已經好了。
49 ၄၉ ထိုအိမ်ကို စင်ကြယ်စေခြင်းငှါ ငှက်နှစ်ကောင်၊ အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ဟု ဿုပ်ပင်ညွန့် တို့ကိုယူ၍၊-
司祭應拿兩隻飛鳥、香柏木、朱紅線和牛膝草來為房屋取潔;
50 ၅၀ စီးသောရေကို ထည့်သောမြေအိုးထဲ၌ ငှက်တကောင်ကို သတ်ပြီးမှ၊
一隻飛鳥,應在盛有活水的陶器上宰殺,
51 ၅၁ အာရဇ်သစ်သား၊ဟု ဿုပ်ပင်ညွှန့်၊ နီသောကြိုး၊ အသက်ရှင်သော ငှက်ကို ယူ၍ ငှက်သွေးရောသော ရေ၌ နှစ်ပြီးလျှင်၊ ထိုအိမ်ကို ခုနစ်ကြိမ်တိုင်အောင် ဖြန်းရမည်။
然後拿香柏木、牛膝草、朱紅線和那隻活鳥,一同浸在那已殺的鳥血及活水內,向房屋連灑七次。
52 ၅၂ ထိုသို့ ငှက်သွေးအစရှိသည်တို့နှင့် ထိုအိမ်ကို စင်ကြယ်စေပြီးမှ၊-
用鳥血、活鳥、香柏木、牛膝草、朱紅線為房屋取潔以後,
53 ၅၃ အသက်ရှင်သော ငှက်ကို မြို့ပြင် ဟင်းလင်းသောအရပ်၌ လွှတ်လိုက်၍၊ ထိုအိမ်အဘို့၊ အပြစ်ဖြေ ခြင်းကို ပြုလျှင်၊ စင်ကြယ်ခြင်း ရှိလိမ့်မည်။
司祭應放那活鳥飛向城外的田野:他這樣為房屋行取潔禮,房屋就潔淨了。
54 ၅၄ ဤရွေ့ကား၊ စင်ကြယ်သည်၊ မစင်ကြယ်သည်ကို ပိုင်းခြား၍ သိစေခြင်းငှါ၊ ဗောက်နူနာအစရှိသော နူနာအမျိုးမျိုး၊ အဝတ်၌ စွဲသောနူနာ၊ အိမ်၌စွဲသောနူနာ၊ အဖူး၊ ယားနာ၊ နူကွက်နှင့်ဆိုင်သော နူနာတရားဖြစ်သတည်းဟု မိန့်တော်မူ၏။
這是有關各種癩病症象、癬疥、
使人知道幾時不潔,幾時潔淨的法律。這是關於癩病所定的法律。」