< ဝတ်ပြုရာ 12 >
1 ၁ တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ -
Pǝrwǝrdigar Musaƣa sɵz ⱪilip mundaⱪ dedi: —
2 ၂ မိန်းမသည် ပဋိသန္ဓေယူ၍ သားယောက်ျားကို ဘွားမြင်ပြီးလျှင်၊ ဥတုရောက်၍ ခုနစ်ရက်မစင်ကြယ် သကဲ့သို့ ခုနစ်ရက် မစင်ကြယ်နေရမည်။
Israillarƣa sɵz ⱪilip mundaⱪ degin: — «Ayal kixi ⱨamilidar bolup oƣul tuƣsa, adǝt kɵrüp aƣriⱪ bolƣan künliridikidǝk yǝttǝ küngiqǝ napak sanalsun.
3 ၃ အဋ္ဌမနေ့၌ သားယောက်ျားအား အရေဖျားလှီးခြင်းကို ပြုရမည်။
Sǝkkizinqi küni oƣli bolsa hǝtnǝ ⱪilinsun.
4 ၄ ထိုနောက် အမိသည် စင်ကြယ်စေခြင်းနှင့် ဆိုင်သော အသွေးရှိ၍၊ အရက်သုံးဆယ်သုံးရက်ပတ်လုံး နေရမည်။ စင်ကြယ်စေခြင်းနေ့ရက် မစေ့မှီတိုင်အောင် သန့်ရှင်းသောအရာကို မကိုင်ရ။ သန့်ရှင်း ရာ ဌာနတော်ကို မသွားရ။
Ayal bolsa xuningdin keyin ottuz üq küngiqǝ «ⱪan paklinix»ta tursun; paklinix künliri tamam bolmiƣuqǝ ⱨeqbir muⱪǝddǝs nǝrsigǝ tǝgmisun, muⱪǝddǝs jayƣimu kirmisun.
5 ၅ သားမိန်းမကို ဘွားမြင်လျှင်၊ ဥတုရောက်သကဲ့သို့ တဆယ်လေးရက်ပတ်လုံး မစင်ကြယ်နေရမည်။ စင်ကြယ်စေခြင်းနှင့် ဆိုင်သောအသွေးရှိ၍၊ အရက် ခြောက်ဆယ်ခြောက်ရက်ပတ်လုံး နေရမည်။
Əgǝr u ⱪiz tuƣsa undaⱪta adǝt künliridikidǝk ikki ⱨǝptigiqǝ napak turup, andin atmix altǝ küngiqǝ «ⱪan paklinix»ta tursun.
6 ၆ သားယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ စင်ကြယ်စေခြင်းနေ့ရက် ကာလစေ့သောအခါ၊ မီးရှို့ရာယဇ် ဘို့ အခါမလည်သော သိုးသငယ်တကောင်၊ အပြစ်ဖြေရာယဇ်ဘို့ ချိုးကလေးတကောင်၊ သို့မဟုတ် ခိုတကောင်ကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။
Mǝyli oƣul yaki ⱪiz tuƣsun, ⱪan paklinix künliri tamam bolƣandin keyin u ayal kɵydürmǝ ⱪurbanliⱪ üqün bir yaxⱪa kirgǝn ⱪozini, gunaⱨ ⱪurbanliⱪi üqün bir baqka yaki pahtǝkni elip jamaǝt qedirining kirix aƣziƣa, kaⱨinning ⱪexiƣa kǝltürsun.
7 ၇ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ ပူဇော်၍၊ ထိုမိန်းမအဘို့ အပြစ်ဖြေခြင်းကို ပြုသဖြင့်၊ သူသည် အသွေးသွန်ခြင်းအပြစ်မှ သန့်ရှင်းရလိမ့်မည်။
Kaⱨin uni Pǝrwǝrdigarning aldida sunup, xu ayal üqün kafarǝt kǝltüridu; xuning bilǝn u hunidin pak bolidu. Oƣul yaki ⱪiz tuƣⱪan ayal toƣrisidiki ⱪanun-bǝlgilimǝ mana xudur.
8 ၈ သိုးသငယ်ကို မတတ်နိုင်လျှင် ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ မီးရှို့ရာယဇ်ဘို့ တကောင်၊ အပြစ်ဖြေရာယဇ်ဘို့တကောင်ကို ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည် သူ့အဘို့ အပြစ်ဖြေခြင်းကို ပြုသဖြင့်၊ သူသည် သန့်ရှင်းရလိမ့်မည်။ ဤရွေ့ကား၊ သားယောက်ျား၊ သားမိန်းမ ကိုး ဘွားမြင်သော အမိနှင့် ဆိုင်သောတရားဖြစ်သတည်းဟု မိန့်တော်မူ၏။
Əgǝr uning ⱪoziƣa ⱪurbi yǝtmisǝ, u ikki pahtǝk yaki ikki baqka kǝltürsun; ularning biri kɵydürmǝ ⱪurbanliⱪ üqün, yǝnǝ biri gunaⱨ ⱪurbanliⱪi üqün bolidu; xu yol bilǝn kaⱨin uning üqün kafarǝt kǝltüridu; u ayal pak bolidu.