< မြည်တမ်းစကား 1 >
1 ၁ စည်ပင်ခဲ့သော မြို့သည် လူဆိတ်ညံလျက် ထိုင်လေသည်တကား၊ လူမျိုးတို့တွင် ကြီးမြတ်ထူးသော သတို့သမီးသည် မုတ်ဆိုးမကဲ့သို့ဖြစ်၏။ အပြည်ပြည်တို့၏ သခင်မသည် အခွန်ပေးရ၏။
Як самі́тно сидить колись велелю́дне це місто, немов удова́ воно стало! Могутнє посе́ред наро́дів, княгиня посеред країн — воно стало данни́цею!
2 ၂ ညဉ့်အခါပြင်စွာ ငိုကြွေး၍၊ သူ၏ပါးသည် မျက်ရည်နှင့်စိုစွတ်လေ၏။ ရည်းစားအပေါင်းတို့တွင် နှစ်သိမ့်စေသောသူတယောက်မျှမရှိ။ အဆွေခင်ပွန်း အပေါင်းတို့သည် သစ္စာပျက်၍ ရန်သူဖြစ်ကြပြီ။
Гірко плаче по но́чах вона, і сльо́зи гарячі на що́ках у неї. Нема потіши́теля в неї зо всіх, що кохали її, — її зрадили всі її дру́зі, вони ворогами їй стали!
3 ၃ ယုဒသတို့သမီးသည် ညှဉ်းဆဲခြင်း၊ ကြမ်းတမ်းစွာ စေစားခြင်းကို ခံရသောကြောင့်ပြောင်းသွားပြီ။ သာသနာ ပလူတို့အထဲမှာနေလျက် ချမ်းသာမရ။ လိုက်သော သူအပေါင်းတို့သည် ကျဉ်းမြောင်းရာ၌ မှီကြ၏။
Юдея пішла на вигна́ння з біди та з роботи тяжко́ї, вона оселилася поміж пога́нами, спочи́нку собі не знайшла! Догнали її всі її переслі́дники серед тісно́т.
4 ၄ အဘယ်သူမျှပွဲသဘင်သို့ မလာသောကြောင့်၊ ဇိအုန်လမ်းတို့သည် ညည်းတွားကြ၏။ သူ၏မြို့တံခါး ရှိသမျှတို့သည် လူဆိတ်ညံလျက်ရှိကြ၏။ သူ၏ယဇ်ပုရော ဟိတ်တို့သည်လည်း ညည်းတွားကြ၏။ သူ၏သမီးကညာ တို့သည်လည်း နာကြည်းသောစိတ်ရှိ၍၊ သူသည် ကိုယ်တိုင် ညှိုးငယ်လျက်နေရ၏။
Доро́ги сіонської до́ньки сумні́, бо немає на свято проча́н! Усі брами її попусті́ли, зідхає свяще́нство її, посумні́лі дівчата її, а вона — гірко їй!
5 ၅ သူပြစ်မှားသော အပြစ်များပြားသောကြောင့် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ သူနှင့် ဆန့်ကျင်ဘက်ပြုသော သူတို့သည် အစိုးရ၍၊ သူ၏ရန်သူ တို့သည်ကောင်းစားကြပြီ။ သူ၏သားသမီးတို့ကိုလည်း ရန်သူသိမ်းသွားကြပြီ။
Її грабівники́ взяли го́ру над нею, і добре веде́ться її ворогам, бо їй завдав смутку Госпо́дь за числе́нність у неї гріхів: Немовлята її до поло́ну пішли перед ворогом.
6 ၆ ဇိအုန်သတို့သမီး၏ ဂုဏ်အသရေသည်အကြွင်း မဲ့ကွယ်ပျောက်၏။ သူ၏မင်းသားတို့သည် ကျက်စားရာ ကိုရှာ၍ မတွေ့သော သမင်ဒရယ်ကဲ့သို့ဖြစ်၍၊လိုက်သော သူရှေ့မှာ အားမရှိဘဲ ပြေးသွားကြပြီ။
І відійшла від сіонської до́ньки вся вели́чність її. Її князі́ стали, немов о́лені ті, що паші собі́ не знахо́дять, — і йдуть у безси́ллі перед переслі́дником.
7 ၇ ယေရုရှလင်မြို့သည် ဆင်းရဲငြိုငြင်ခြင်းကို ခံရစဉ်တွင်၊ အရင်ခံစားဘူးသော စည်းစိမ်ကို အောက်မေ့ ၏။ သူ၏လူတို့သည် ရန်သူလက်သို့ ရောက်၍ မစသော သူမရှိသောအခါ၊ ဆန့်ကျင်ဘက်ပြုသောသူတို့သည် သူ၏အမှုကိုမြင်၍၊ သူ၏ဆုံးခြင်းကိုကဲ့ရဲ့ကြ၏။
У дні лиха свого та стражда́ння свого́ дочка єрусалимська спога́дує всі свої ска́рби, — що були від днів давніх, як наро́д її впав був у руку ворожу, і не було́, хто б їй поміч подав. Вороги спогляда́ли на неї, і сміялись з руїни її.
8 ၈ ယေရုရှလင်မြို့ပြစ်မှားသောအပြစ်သည် အလွန်များသောကြောင့်၊ ရွံ့ရှာဘွယ် ဖြစ်လေ၏။ သူ့ကို ရိုသေဘူးသောသူ အပေါင်းတို့သည် သူ၌အချည်းစည်းရှိ ခြင်းကို မြင်သောကြောင့် မထီမဲ့မြင်ပြုကြ၏။ သူသည် လည်း ညည်းတွား၍ နောက်သို့ပြန်သွားလေ၏။
Дочка єрусалимська гріхом прогріши́лась, тому́ то нечистою стала, усі, що її шанували, пого́рджують нею, наготу́ бо її вони бачили! І зідхає вона, й відверта́ється взад.
9 ၉ သူ၌မစင်ကြယ်သော လက္ခဏထင်ရှားသော် လည်း၊ နောက်ခံရသောအပြစ်ကို မအောက်မေ့။ ထိုကြောင့်၊ မျက်နှာပေးသောသူမရှိဘဲ အံ့ဩဘွယ်သော အခြင်းအရာနှင့်နှိမ်ချခြင်းသို့ ရောက်လေ၏။ အိုထာဝရ ဘုရား၊ အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှုတော်မူပါ။
Нечистість її на подо́лках у неї. Вона не згадала свого кінця, та й упала преди́вно, і ніко́го нема, хто б потішив її. „Побач, Господи, горе моє, бо звели́чився ворог!“
10 ၁၀ ရန်သူသည် ကိုယ်ကိုချီးမြှောက်ပါပြီ။ ပရိသတ် တော်ထဲသို့ မဝင်ရဟုမြစ်တားတော်မူသော် သာသနာ ပလူတို့သည် သူ၏သန့်ရှင်းရာဌာနတောင်ထဲသို့ ဝင်ကြောင်းကို သူမြင်ရပါ၏။
Гноби́тель простяг свою руку на всі її ска́рби, і бачить вона, що в святиню її увіходять пога́ни, про яких наказав Ти: „Не вві́йдуть вони в твої збо́ри!“
11 ၁၁ သူ၏လူအပေါင်းတို့သည် ညည်းတွားလျက်၊ မုန့်ကိုရှာလျက် နေကြ၏။ သေဘေးနှင့်လွတ်ခြင်းငှါ မိမိစည်းစိမ်ကို စားစရာဘို့ စွန့်ရ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှုတ်ချခြင်းကို ခံရသောကြောင့် ကြည့်ရှု ဆင်ခြင်တော်မူပါ။
Увесь наро́д її сто́гне, шукаючи хліба, свої ска́рби кошто́вні за їжу дають, аби́ тільки душу свою проживи́ти. „Зглянься, Господи, і подивися, яка стала пого́рджена я!“
12 ၁၂ အိုခရီးသွားသောသူ အပေါင်းတို့၊ ကြည့်ရှု ဆင်ခြင်ကြလော့။ ထာဝရဘုရားသည် ပြင်းစွာအမျက် တော်ထွက်သော နေ့၌ငါ့ကိုညှဉ်းဆဲ၍၊ ဖြစ်စေတော်မူ သော ဒုက္ခနှင့်တူသော ဒုက္ခရှိသလော။
Не вам ка́жучи, гляньте й побачте, усі, хто дорогою йде: чи є такий біль, як мій біль, що завда́ний мені, що Госпо́дь засмути́в ним мене у день лютого гніву Свого́?
13 ၁၃ အထက်မှမီးကို ငါ့အရိုးထဲသို့လွှတ်လိုက်၍ ကြေမွေစေတော်မူပြီ။ ငါ့ခြေကို ကျော့မိစေခြင်းငှါ ကျော့ကွင်းထောင်၍ ငါ့ကိုပြန်စေတော်မူပြီ။ တနေ့လုံး ညှိုးငယ်ခြင်းအကြောင်း၊ စိတ်ပျက်ခြင်းအကြောင်းကို ငါ၌ဖြစ်စေတော်မူ၏။
Із височини́ Він послав в мої кості огонь, і над ними він запанува́в! Розтяг сітку на но́ги мої, повернув мене взад, учинив Він мене́ спустоші́лою, увесь день боля́щою.
14 ၁၄ ငါပြစ်မှားသော အပြစ်ထမ်းဘိုးကို လက်တော် နှင့် ငါ့လည်ပင်းပေါ်၌တပ်၍ချည်နှောင်ပြီးမှ၊ ထာဝရ ဘုရားသည် ငါ့ကိုအားလျော့စေ၍၊ ငါမဆီးတားနိုင်သော သူ့တို့လက်သို့ ရောက်စေတော်မူပြီ။
Ярмо́ моїх про́гріхів зв'я́зане міцно рукою Його, плету́ться вони та прихо́дять на шию мою! Він зробив, що спіткну́лася сила моя, Господь передав мене в руки такого, що й зве́стись не мо́жу.
15 ၁၅ ထာဝရဘုရားသည် ငါ၏သူရဲအပေါင်းတို့ကို ငါ့အလယ်၌ကျော်နင်းတော်မူပြီ။ ငါ၏လူပျိုတို့ကို နှိပ်စက် ခြင်းငှါ လူအလုံးအရင်းကို ခေါ်တော်မူပြီ။ ထာဝရဘုရား သည် ယုဒသတို့သမီးကညာကို စပျစ်သီးနယ်ရာကျင်း ၌ နင်းနယ်တော်မူပြီ။
Усіх моїх сильних Господь поскида́в серед мене, мов на свято зібра́ння, Він скликав на мене, щоб моїх юнакі́в поторо́щити, як у чави́лі, стоптав Господь ді́вчину, Юдину до́ньку.
16 ၁၆ ထိုအကြောင်းကြောင့် ငါသည်ငိုရ၏။ မျက်ရည် ကျလျက်ရှိ၏။ ငါ့အသက်ကို ထောက်မ၍ ငါ့ကို နှစ်သိမ့် စေသောသူသည် ငါနှင့်ဝေးပါ၏ ရန်သူနိုင်သောကြောင့် ငါ့သားသမီးတို့သည် ပျောက်ပျက်ကြပြီ။
За оцим плачу я, око моє, — моє око слізьми́ заплива́є! бо дале́ко від мене втіши́тель, що душу мою оживив би; мої діти поне́хтувані, бо поси́лився ворог!
17 ၁၇ ဇိအုန်သတို့သမီးသည် မိမိလက်ဝါးတို့ကို ဖြန့် သော်လည်း၊ နှစ်သိမ့်စေသောသူမရှိ။ ထာဝရဘုရားသည် ယာကုပ်ပတ်လည်၌ ရန်သူတို့ကို ခန့်ထားတော်မူပြီ။ ယေရုရှလင်မြို့သည် သူတို့တွင် ရွံ့ရှာဘွယ် ဖြစ်လေ၏။
Сіонська дочка́ простягла свої руки, — немає розра́дника їй: Госпо́дь наказав проти Якова довкола ньо́го його ворогам, донька єрусали́мська нечистою стала між ними.
18 ၁၈ ထာဝရဘုရားသည် တရားသဖြင့် စီရင်တော် မူ၏။ ငါသည် ပညတ်တော်ကို လွန်ကျူးမိပြီ။ လူမျိုး ခပ်သိမ်းတို့၊ နားထောင်၍ ငါ၏ဒုက္ခကို ဆင်ခြင်ကြ ပါလော့။ ငါ၏လူပျိုနှင့် အပျိုတို့ကို သိမ်းသွားကြပါလော့။ ငါ၏လူပျိုနှင့် အပျိုတို့ကို သိမ်းသွားကြပြီ။
„Справедливий Господь, а я слову Його неслухня́на була́. Послухайте но, всі наро́ди, і побачте мій біль: дівчата мої та мої юнаки́ у неволю пішли́!
19 ၁၉ ငါသည် ရည်းစားတို့ကိုခေါ်၍ သူတို့သည် သစ္စာ မရှိကြ။ ငါ၏ယဇ်ပုရောဟိတ်တို့နှင့် ငါ၏အသက်ကြီး သူတို့သည် ကိုယ်အသက်မွေးဘို့ စားစရာကို ရှာစဉ်ပင် မြို့ထဲ၌ အသက်ချုပ်ကြပြီ။
Взивала до дру́зів своїх, та вони обману́ли мене! Свяще́нство моє й мої ста́рші вмирають у місті, шукаючи їжі собі, щоб душу свою поживи́ти.
20 ၂၀ အိုထာဝရဘုရား၊ ကြည့်ရှုတော်မူပါ။ အကျွန်ုပ် ပင်ပန်းပါ၏။ ဝမ်း၌ဆူလှိုင်ခြင်းရှိပါ၏။ နှလုံးမှောက် လျက် ရှိပါ၏။ အကျွန်ုပ်သည် အလွန်ပြစ်မှားပါပြီ။ ပြင်မှာ ထားဘေးနှင့်တွေ့ရပါပြီ။ အတွင်း၌လည်း သေမင်းနေသကဲ့သို့ရှိပါ၏။
Зглянься, Господи, — тісно мені! Моє нутро бенте́житься, переверта́ється серце моє у мені, бо була́ зовсі́м неслухня́на. На вулиці меч осиро́чував, а в до́мі — смерть.
21 ၂၁ အကျွန်ုပ်ညည်းတွားသံကို ကြားသောသူတို့တွင်၊ နှစ်သိမ်းစေသောသူတယောက်မျှမရှိပါ။ အကျွန်ုပ်၌ ရောက်သောအမှုကို အကျွန်ုပ်၏ ရန်သူအပေါင်းတို့သည် ကြားကြပါပြီ။ ကိုယ်တော်ပြုတော်မူသည်ကို ဝမ်းမြောက် ကြပါ၏။ ကိုယ်တော်ချိန်းချက်သော နေ့ရက်ကိုရောက်စေ တော်မူသောအခါ၊ သူတို့သည် အကျွန်ုပ်ကဲ့သို့ပင် ဖြစ်ကြ ပါစေသော။
Почули, що я ось стогну́, й немає мені потіши́теля, вчули про лихо моє всі мої вороги́, — та й зраді́ли, що Ти це зроби́в. Спровадив Ти день, що його запові́в, — бодай ста́лося їм, як мені!
22 ၂၂ သူတို့၏ဒုစရိုက်အလုံးစုံတို့ကို စစ်ကြောတော် မူပါ။ အကျွန်ုပ်ပြစ်မှားမိသမျှသော အပြစ်တို့ကြောင့်၊ အကျွန်ုပ်၌ပြုတော်မူသကဲ့သို့ သူတို့၌ ပြုတော်မူပါ။ အကျွန်ုပ်သည် ညည်းတွားခြင်းများပြား၍ စိတ်ပျက် လျက်ရှိပါ၏။
Бодай перед обличчя Твоє прийшло все їхнє лихо, — і вчини їм, як Ти учинив ось мені за гріхи мої всі, — бо числе́нні стогна́ння мої, моє ж серце боля́ще“.