< မြည်တမ်းစကား 5 >

1 အိုထာဝရဘုရား၊အကျွန်ုပ်တို့၌ရောက်သော အမှုကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့ခံရသော ကဲ့ရဲ့ခြင်းကိုကြည့်ရှု၍ ဆင်ခြင်တော်မူပါ။
Спомни си, Господи, какво ни стана; Погледни и виж как ни укоряват.
2 အကျွန်ုပ်တို့ အမွေခံရာမြေသည် တပါး အမျိုးသားလက်သို့၎င်း၊ နေရာအိမ်တို့သည်လည်း တကျွန်းနိုင်ငံသားတို့လက်သို့၎င်း ရောက်ပါပြီ။
Наследството ни мина на чужденци, Къщите ни на странни.
3 အကျွန်ုပ်တို့သည် မိဘမရှိသော သူငယ်ဖြစ်ကြ ပါ၏။ အဘဆုံးပါပြီ။ အမိသည်မုတ်ဆိုးမကဲ့သို့နေရပါ၏။
Останахме сирачета без баща; Майките ни са като вдовици.
4 ငွေပေးမှရေကို သောက်ရပါ၏။ ထင်းကိုလည်း ဝယ်ရပါ၏။
Водата си пихме със сребро, Дървата ни идат с пари.
5 ထမ်းဘိုးကိုအစဉ်ထမ်းရပါ၏။ မရပ်မနေဘဲ လုပ်ကိုင်ရပါ၏။
Нашите гонители са на вратовете ни; Трудим се, и почивка нямаме.
6 စားစရာကိုရခြင်းငှါ အဲဂုတ္တုပြည်သား၊ အာရှုရိ ပြည်သားတို့၌ ကျွန်ခံရပါ၏။
Простряхме ръка към египтяните И към асирийците, за да се наситим с хляб.
7 ဘိုးဘေးတို့သည်ပြစ်မှား၍ သေပြီးမှ၊ အကျွန်ုပ် တို့သည် သူတို့ အပြစ်များကို ခံရပါ၏။
Бащите ни съгрешиха, и няма ги; И ние носим техните беззакония.
8 သူ့ကျွန်တို့သည် အကျွန်ုပ်တို့ကိုအုပ်စိုးကြပါ၏။ သူတို့လက်မှ အဘယ်သူမျှမကယ်မနှုတ်ပါ။
Слуги господаруват над нас, И няма кой да ни избави от ръката им.
9 တော၌ထားဘေးနှင့်တွေ့၍ အသေခံလျက် စားစရာကို ရှာရကြပါ၏။
Добиваме хляба си с опасност за живота си Поради меча, който ограбва в пустинята.
10 ၁၀ မိတ်သိပ်ခြင်းအရှိန်ကြောင့် အကျွန်ုပ်တို့၏ အရေသည် မီးဖိုကဲ့သို့ မည်းပါ၏။
Кожата ни почервеня като пещ Поради върлуването на глада.
11 ၁၁ ဇိအုန်မြို့၌မိန်းမများကို၎င်း၊ ယုဒမြို့ရွာတို့၌ မိန်းမပျိုများကို၎င်း၊ အဓမ္မပြုကြပါ၏။
Изнасилваха жените в Сион, Девиците в Юдовите градове.
12 ၁၂ မှူးမတ်တို့ကို လက်ဖြင့် ဆွဲထားကြပါ၏။ အသက်ကြီးသူတို့ကိုလည်း မရိုသေကြပါ။
Чрез техните ръце биваха обесени първенците, Старейшините не се почитаха.
13 ၁၃ လူပျိုတို့သည် ကြိတ်ဆုံကို ထမ်းရကြပါ၏။ သူငယ်တို့သည်လည်း ထင်းအောက်မှာလဲရကြပါ၏။
Младежите носеха воденични камъни, И децата падаха под товара на дървата.
14 ၁၄ အသက်ကြီးသူတို့သည် မြို့တံခါးဝ၌၎င်း၊ လူပျို တို့သည် ပွဲသဘင်၌၎င်း ကွယ်ပျောက်ကြပါ၏။
Старейшините не седят вече на портите; Младежите изоставиха песните си.
15 ၁၅ အကျွန်ုပ်တို့သည် နှလုံးရွှင်လန်းခြင်းပြတ်၍၊ ကခြင်းအရာ၌ ညည်းတွားခြင်း ရှိကြပါ၏။
Престана радостта на сърцето ни; Хорото ни се обърна на жалеене.
16 ၁၆ အကျွန်ုပ်တို့ဆောင်းသော သရဖူသည်ကျပါပြီ။ အကျွန်ုပ်တို့သည် ပြစ်မှားသောကြောင့် အမင်္ဂလာ ရှိကြပါ၏။
Венецът падна от главата ни; Горко ни! защото сме съгрешили.
17 ၁၇ ထိုကြောင့်အကျွန်ုပ်တို့သည်စိတ်ပျက်ကြပါပြီ။ ထိုအပြစ်ကြောင့် မျက်စိတို့သည်လည်း မွဲကြပါ၏။
Затова чезне сърцето ни. Затова причерня на очите ни.
18 ၁၈ လူဆိတ်ညံလျက်ရှိသော ဇိအုန်တောင်ပေါ်မှာ မြေခွေးတို့သည် သွားလာကြပါ၏။
Поради запустяването на Сионския хълм Лисиците ходят по него.
19 ၁၉ အိုထာဝရဘုရား၊ ကိုယ်တော်သည် နိစ္စ အမြဲ တည်တော်မူ၏။ ပလ္လင်တော်သည်လည်း ထာဝရပလ္လင် ဖြစ်ပါ၏။
Ти, Господи, седиш като Цар до века; Престолът Ти е из род в род.
20 ၂၀ ကိုယ်တော်သည် အဘယ်ကြောင့်အကျွန်ုပ်တို့ကို အစဉ်မပြတ် မေ့လျော့တော်မူသနည်း။ အဘယ်ကြောင့် ကာလကြာမြင့်စွာ စွန့်ပစ်တော်မူသနည်း။
Защо ни забравяш за винаги, И ни оставяш за толкоз дълго време?
21 ၂၁ အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကိုအထံတော်သို့ လှည့်စေတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်တို့သည်ပြန်၍ လာကြပါမည်။ ရှေးကာလကဲ့သို့ အကျွန်ုတို့ကာလကို အသစ်ပြုပြင်တော်မူပါ။
Възвърни ни, Господи, към Себе Си, и ще се възвърнем; Обнови дните ни както изпърво,
22 ၂၂ အကယ်၍ ကိုယ်တော်သည်အကျွန်ုပ်တို့ကို ရှင်းပယ်တော်မူမည်လော။ ပြင်းစွာအမျက်ထွက်တော် မူမည်လော။
Ако не си ни отхвърлил съвсем, И не си се разгневил твърде много против нас.

< မြည်တမ်းစကား 5 >