< မြည်တမ်းစကား 4 >
1 ၁ ရွှေသည် အလွန်သမ်းညိုသည်တကား။ အကောင်းဆုံးသော ရွှေသည် အလွန်ဖေါက်ပြန်သည် တကား။ သန့်ရှင်းသော ကျောက်တို့သည် ခပ်သိမ်းသော လမ်းဝတို့၌ ဖရိုဖရဲကွဲပြားလျက်ရှိကြ၏။
၁ရွှေ သည် အလွန် သမ်းညို သည်တကား။ အကောင်း ဆုံးသော ရွှေ သည် အလွန်ဖေါက်ပြန် သည် တကား။ သန့်ရှင်း သော ကျောက် တို့သည် ခပ်သိမ်း သော လမ်း ဝ တို့၌ ဖရိုဖရဲ ကွဲပြားလျက်ရှိကြ၏။
2 ၂ အမြတ်ဆုံးသော ရွှေနှင့်အမျှ အလွန်အဘိုး ထိုက်သော ဇိအုန်မြို့သားတို့ကို၊ အိုးထိန်းသမား လုပ်သောမြေအိုးကဲ့သို့ မှတ်တတ်သည်တကား
၂အမြတ် ဆုံးသော ရွှေ နှင့်အမျှ အလွန် အဘိုးထိုက် သော ဇိအုန် မြို့သား တို့ကို၊ အိုးထိန်း သမား လုပ် သောမြေ အိုး ကဲ့သို့ မှတ် တတ်သည်တကား။
3 ၃ မြေခွေးမတို့ပင် မိမိတို့သားငယ်တို့အား နို့သီးကို ပေး၍နို့တိုက်တတ်၏။ ငါ၏လူမျိုးသတို့သမီးမူကား၊ တော၌နေသော ကုလားအုပ်ငှက်ကဲ့သို့ ကြမ်းကြုတ်သော သဘောရှိ၏။
၃မြေခွေး မတို့ပင် မိမိ တို့သား ငယ်တို့အား နို့ သီးကိုပေး ၍နို့ တိုက်တတ်၏။ ငါ ၏လူမျိုး သတို့သမီး မူကား၊ တော ၌ နေသောကုလားအုပ် ငှက်ကဲ့သို့ ကြမ်းကြုတ် သော သဘောရှိ၏။
4 ၄ နို့စို့ကလေးသည် နို့ငတ်သောကြောင့်၊ လျှာသည် အာခေါင်၌ ကပ်လျက်ရှိ၏။ သူငယ်တို့သည် မုန့်ကို တောင်း၍ အဘယ်သူမျှမပေး။
၄နို့စို့ ကလေးသည် နို့ငတ် သောကြောင့် ၊ လျှာ သည် အာခေါင် ၌ ကပ် လျက်ရှိ၏။ သူငယ် တို့သည် မုန့် ကို တောင်း ၍ အဘယ် သူမျှမပေး။
5 ၅ ကောင်းမွန်စွာ စားတတ်သော သူတို့သည် ကိုးကွယ်ရာမရှိ၊ လမ်း၌ နေကြ၏။ နီမောင်းသော အိပ်ရာ ပေါ်မှာ ပျော်မွေ့ဘူးသော သူတို့သည် နောက်ချေးပုံကို ဘက်ရကြ၏။
၅ကောင်းမွန် စွာ စား တတ်သောသူတို့ သည် ကိုးကွယ် ရာမရှိ၊ လမ်း ၌ နေကြ၏။ နီမောင်း သော အိပ်ရာပေါ် မှာ ပျော်မွေ့ ဘူးသောသူတို့ သည် နောက်ချေး ပုံကို ဘက် ရကြ၏။
6 ၆ အဘယ်သူမျှ အားမထုတ်ဘဲချက်ခြင်း ပျက်စီး ခြင်းသို့ရောက်သော၊ သောဒုံမြို့ခံရသောအပြစ်ဒဏ် ထက်၊ ငါ၏လူမျိုးသတို့သမီးခံရသော အပြစ်ဒဏ်သည် သာ၍ကြီးပေ၏။
၆အဘယ်သူမျှအား မ ထုတ်ဘဲချက်ခြင်း ပျက်စီး ခြင်းသို့ ရောက်သော၊ သောဒုံ မြို့ခံရသောအပြစ် ဒဏ် ထက် ၊ ငါ ၏လူမျိုး သတို့သမီး ခံရသောအပြစ် ဒဏ်သည် သာ၍ကြီး ပေ၏။
7 ၇ သူ၏မှူးမတ်တို့သည် မိုဃ်းပွင့်ထက်သန့်ရှင်း၍၊ နို့ရည်ထက်လည်း ဖြူကြ၏။ သူတို့အသားသည် ကျောက်နီထက်နီ၏။ သွေးကြောလည်း နီလာနှင့်တူ၏။
၇သူ ၏မှူးမတ် တို့သည် မိုဃ်းပွင့် ထက် သန့်ရှင်း ၍၊ နို့ ရည်ထက် လည်း ဖြူ ကြ၏။ သူတို့အသား သည် ကျောက် နီထက် နီ ၏။ သွေးကြော လည်း နီလာ နှင့်တူ၏။
8 ၈ ယခုမူကား၊ သူတို့အဆင်းသည်မှောင်မိုက်ထက် မည်းသည်ဖြစ်၍ လမ်း၌မထင်ရှား။ သူတို့အရေသည် အရိုး၌ကပ်၍ ထင်းကဲ့သို့သွေ့ ခြောက်လေ၏။
၈ယခုမူကား၊ သူ တို့အဆင်း သည်မှောင်မိုက် ထက် မည်း သည်ဖြစ်၍လမ်း ၌ မ ထင်ရှား ။ သူ တို့အရေ သည် အရိုး ၌ ကပ် ၍ ထင်း ကဲ့သို့ သွေ့ခြောက် လေ၏။
9 ၉ ထားဖြင့်သေသောသူသည်၊ ငတ်မွတ်၍ သေ သောသူထက် သာ၍ မင်္ဂလာရှိ၏။ ငတ်မွတ်၍ သေသောသူသည် အသီးအနှံပြတ်ခြင်းအားဖြင့် ထိုးဖေါက်၍ ပိန်ကြုံရ၏။
၉ထား ဖြင့်သေ သောသူသည်၊ ငတ်မွတ် ၍ သေ သောသူထက် သာ၍မင်္ဂလာ ရှိ၏။ ငတ်မွတ်၍ သေသောသူ သည် အသီးအနှံ ပြတ် ခြင်းအားဖြင့် ထိုး ဖေါက်၍ ပိန်ကြုံ ရ၏။
10 ၁၀ စိတ်ကြင်နာတတ်သော မိန်းမတို့သည် မိမိတို့ သားကိုငယ်ပြုတ်ရကြ၏။ ငါ၏လူမျိုးသတို့သမီးသည် ပျက်စီးသော ကာလ၌ မိမိတို့သားကိုပင် စားရကြ၏။
၁၀စိတ် ကြင်နာတတ်သော မိန်းမ တို့သည် မိမိ တို့ သား ကိုပင်ပြုတ် ရကြ၏။ ငါ ၏လူမျိုး သတို့သမီး သည် ပျက်စီး သောကာလ ၌ မိမိ တို့သားကိုပင် စား ရကြ၏။
11 ၁၁ ထာဝရဘုရားသည် အမျက်တော်ကို စုံလင် စေတော်မူပြီ။ ပြင်းစွာသော အမျက်တော်အရှိန်ကို လွှတ် တော်မူပြီ။ ဇိအုန်မြို့ကို မီးရှို့၍ မြို့ရိုးအမြစ်တိုင်အောင် လောင်စေတော်မူပြီ။
၁၁ထာဝရဘုရား သည် အမျက် တော်ကို စုံလင် စေတော်မူပြီ။ ပြင်းစွာ သော အမျက် တော်အရှိန်ကို လွှတ် တော်မူပြီ။ ဇိအုန် မြို့ကို မီးရှို့ ၍ မြို့ရိုး အမြစ် တိုင်အောင်လောင် စေတော်မူပြီ။
12 ၁၂ ရန်ပြုသောသူနှင့်စစ်တိုက်သောသူသည် ယေရု ရှလင်မြို့တံခါးအတွင်းသို့ ဝင်နိုင်သည်ဟု၊ လောကီ ရှင်ဘုရင်နှင့်လောကီသတ္တဝါ တစုံတယောက်မျှမယုံကြ။
၁၂ရန် ပြုသောသူနှင့် စစ်တိုက် သောသူသည် ယေရုရှလင် မြို့တံခါး အတွင်းသို့ ဝင် နိုင်သည်ဟု၊ လောကီ ရှင်ဘုရင် နှင့် လောကီ သတ္တဝါ တစုံ တယောက်မျှမ ယုံ ကြ။
13 ၁၃ ယေရုရှလင်မြို့အလယ်၌ ဖြောင့်မတ်သော သူတို့ကို သတ်တတ်သောမြို့သားပရောဖက်တို့၏ ဒုစရိုက်များနှင့်၊ ယဇ်ပုရောဟိတ်တို့၏အပြစ်များကြောင့် ဤအမှုသည် ရောက်လေပြီ။
၁၃ယေရုရှလင် မြို့အလယ် ၌ ဖြောင့်မတ် သောသူတို့ ကိုသတ် တတ်သောမြို့ သားပရောဖက် တို့၏ ဒုစရိုက် များနှင့်၊ ယဇ်ပုရောဟိတ် တို့၏ အပြစ် များကြောင့် ဤအမှုသည် ရောက် လေပြီ။
14 ၁၄ ထိုသူတို့သည်အရူးကဲ့သို့လမ်း၌လှည့်လည်၍၊ လူအသွေးနှင့် လူးသောကြောင့်၊ သူတို့အဝတ်ကို အဘယ် သူမျှ မထိဝံ့။
၁၄ထိုသူတို့သည်အရူးကဲ့သို့လမ်း ၌ လှည့်လည် ၍၊ လူအသွေး နှင့် လူး သောကြောင့်၊ သူ တို့အဝတ် ကို အဘယ်သူမျှ မ ထိ ဝံ့ ။
15 ၁၅ သွားကြ။ မစင်ကြယ်သောသူတို့၊ သွားကြာ၊ သွားကြ။ မထိကြနှင့်ဟု သူတပါးတို့သည်ဟစ်တတ်ကြ၏။ အဝေးသို့ပြေး၍ အရပ်ရပ်သို့လှည့်လည်ရသောအခါ သာသနာပလူတို့က၊ သူတို့သည် မတည်းမနေရဟု ဆိုတတ်ကြ၏။
၁၅သွား ကြ။ မ စင်ကြယ်သောသူတို့၊ သွား ကြ၊ သွား ကြ။ မ ထိ ကြနှင့်ဟု သူတပါးတို့သည်ဟစ် တတ်ကြ၏။ အဝေး သို့ပြေး၍ အရပ်ရပ်သို့လှည့်လည် ရသောအခါ သာသနာပ လူတို့က ၊ သူတို့သည် မ တည်း မနေ ရဟု ဆို တတ်ကြ၏။
16 ၁၆ ထာဝရဘုရားသည် အမျက်တော်ထွက်၍ သူတို့ ကို ကွဲပြားစေတော်မူပြီ။ သူတို့အမှုကို ကြည့်ရှုတော်မမူ။ သူတပါးတို့သည်လည်း၊ ယဇ်ပုရောဟိတ်တို့ကို မရိုသေ၊ အသက်ကြီးသူတို့ကို အားမနာဘဲနေကြ၏။
၁၆ထာဝရဘုရား သည် အမျက်တော်ထွက်၍ သူ တို့ ကို ကွဲပြား စေတော်မူပြီ။ သူ တို့အမှု ကို ကြည့်ရှု တော်မ မူ။ သူတပါးတို့သည်လည်း၊ ယဇ် ပုရောဟိတ်တို့ကို မ ရိုသေ ၊ အသက်ကြီး သူတို့ကို အား မ နာဘဲနေကြ၏။
17 ၁၇ ငါတို့သည်ရှိစဉ်တွင် မစမည့်သူကို မြော်လင့်၍ မမြင်ရကြ။ မကယ်တင်နိုင်သောလူမျိုးကို ကင်းစင်ပေါ် မှာ အကျိုးမရှိဘဲ စောင့်ကြပြီ။
၁၇ငါ တို့သည်ရှိစဉ်တွင် မစ မည့်သူကို မြော်လင့်၍ မ မြင်ရကြ။ မ ကယ်တင် နိုင်သောလူမျိုး ကို ကင်းစင် ပေါ် မှာ အကျိုး မရှိဘဲ စောင့် ကြပြီ။
18 ၁၈ ငါတို့သည် လမ်း၌မသွားရမည်အကြောင်း ငါတို့ခြေရာကို လိုက်ရှာကြ၏။ ငါတို့သည်ဆုံးချိန်နီးပြီ။ အသက်ရှင်ရသော ကာလစေ့ပြီ။ ဆုံးချိန်ရောက်လေပြီ။
၁၈ငါ တို့သည် လမ်း ၌ မသွား ရမည်အကြောင်း ငါ တို့ခြေရာ ကို လိုက်ရှာ ကြ၏။ ငါ တို့သည် ဆုံး ချိန်နီး ပြီ။ အသက်ရှင်ရသောကာလ စေ့ ပြီ။ ဆုံး ချိန်ရောက် လေပြီ။
19 ၁၉ ငါတို့ကိုလိုက်၍ ရှာသောသူတို့သည် မိုဃ်း ကောင်းကင် ရွှေလင်းတထက်သာ၍ လျင်မြန်ကြ၏။ တောင်ရိုးပေါ်မှာလိုက်ရှာကြ၏။ တော၌လည်း ချောင်း မြောင်းကြ၏။
၁၉ငါ တို့ကိုလိုက် ၍ ရှာသောသူတို့သည် မိုဃ်း ကောင်းကင်ရွှေလင်းတ ထက် သာ၍လျင်မြန် ကြ၏။ တောင် ရိုးပေါ် မှာလိုက် ရှာကြ၏။ တော ၌ လည်း ချောင်းမြောင်း ကြ၏။
20 ၂၀ ငါတို့ထွက်သက်ဝင်သက်တည်းဟူသော၊ ထာဝရ ဘုရားသည် ပေးတော်မူ၍ ဘိသိတ်ခံသောအရှင်ကို သူတို့သည် မြေတွင်း၌ ဘမ်းမိကြပြီ။ ထိုအရှင်၏ ဘုန်းတော်ကိုခိုလှုံ၍၊ ငါတို့သည်သာသနာပ လူတို့တွင် အသက်ချမ်းသာရလိမ့်မည်ဟု အထက်ကဆိုတတ်ကြ၏။
၂၀ငါ တို့ထွက်သက် ဝင်သက် တည်းဟူသော၊ ထာဝရဘုရား သည် ပေးတော်မူ၍ ဘိသိတ် ခံသောအရှင်ကို သူ တို့သည် မြေတွင်း ၌ ဘမ်းမိ ကြပြီ။ ထိုအရှင် ၏ ဘုန်းတော်ကိုခိုလှုံ၍ ၊ ငါတို့သည်သာသနာပ လူတို့တွင် အသက် ချမ်းသာရလိမ့်မည်ဟု အထက်ကဆို တတ်ကြ၏။
21 ၂၁ ဥဇပြည်၌ နေသော ဧဒုံသတို့သမီး၊ ဝမ်းမြောက် ရွှင်လန်းလော့။ ဖလားတော်သည် သင်ရှိရာသို့ ကူးသွား လိမ့်မည်။ သင်သည်ယစ်မူး၍ အဝတ်အချည်းစည်း ရှိရလိမ့်မည်။
၂၁ဥဇ ပြည် ၌ နေ သောဧဒုံ သတို့သမီး ၊ ဝမ်းမြောက် ရွှင်လန်း လော့။ ဖလား တော်သည် သင် ရှိရာသို့ ကူး သွား လိမ့်မည်။ သင်သည်ယစ်မူး ၍ အဝတ် အချည်းစည်းရှိရလိမ့်မည်။
22 ၂၂ အိုဇိအုန်သတို့သမီး၊ သင်ခံထိုက်သမျှသော အပြစ်ဒဏ်ကုန်ပြီ။ သင်သည် နောက်တဖန် သိမ်းသွား ခြင်းကိုမခံရ။ အိုဧဒုံသတို့သမီး၊ သင်ပြုသော ဒုစရိုက်ကို စစ်ကြော၍သင်၏အပြစ်ကို ဘော်ပြတော်မူမည်။
၂၂အိုဇိအုန် သတို့သမီး ၊ သင် ခံထိုက်သမျှသောအပြစ် ဒဏ်ကုန် ပြီ။ သင် သည် နောက် တဖန် သိမ်း သွား ခြင်းကို မ ခံရ။ အိုဧဒုံ သတို့သမီး ၊ သင် ပြုသောဒုစရိုက် ကို စစ်ကြော ၍သင် ၏အပြစ် ကို ဘော်ပြ တော်မူမည်။