< မြည်တမ်းစကား 2 >

1 ထာဝရဘုရားသည် ဇိအုန်သတို့သမီးကို အမျက် တော် မိုဃ်းတိမ်ဖြင့် ဖုံးလွှမ်းတော်မူပြီ။ ဣသရေလအမျိုး ၏ ဂုဏ်အသရေကို ကောင်းကင်မှမြေကြီးတိုင်အောင် ချတော်မူပြီ။ အမျက်တော်ထွက်ချိန်၌ ခြေတော်တင် ရာခုံကို မအောက်မေ့ဘဲနေတော်မူပါပြီတကား။
ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ထွက်​တော်​မူ​၍ ဇိ​အုန်​မြို့​ကို​အ​မှောင်​ဖုံး​စေ​တော်​မူ​လေ​ပြီ။ ထို​မြို့​၏​ခမ်း​နား​ကြီး​ကျယ်​မှု​သည် ကောင်း​ကင်​မှ​မြေ​ကြီး​သို့​ကျ​ဆင်း​ယို​ယွင်း​လေ​ပြီ။ ကိုယ်​တော်​သည်​အ​မျက်​ထွက်​တော်​မူ​သော​ကာ​လ​၌ မိ​မိ​၏​ဗိ​မာန်​တော်​ကို​ပင်​စွန့်​ပစ်​တော်​မူ​၏။
2 ထာဝရဘုရားသည် သနားခြင်းမရှိဘဲ၊ ယာကုပ် အမျိုး၏နေရာ အရပ်ရှိသမျှတို့ကို မျိုတော်မူပြီ။ အမျက် တော်ထွက်သဖြင့် ယုဒသတို့သမီး၏ရဲတိုက်တို့ကို မြေတိုင် အောင်ဖြိုဖျက်၍၊ နိုင်ငံတော်နှင့်မင်းသားတို့ကို ရှုတ်ချ တော်မူပြီ။
ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ ယု​ဒ​ရွာ​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​တော်​မူ​၍ ယု​ဒ​ပြည်​ကို​ကာ​ကွယ်​သည့်​ခံ​တပ်​များ​ကို ဖြို​ချ​တော်​မူ​၏။ ကိုယ်​တော်​သည်​နိုင်​ငံ​နှင့်​အုပ်​စိုး​သူ​မင်း​များ​ကို အ​သ​ရေ​ပျက်​စေ​တော်​မူ​၏။
3 ပြင်းစွာ အမျက်တော်ထွက်၍၊ ဣသရေလ၏ ဦးချို ရှိသမျှတို့ကို ဖြတ်တော်မူပြီ။ ရန်သူရှေ့မှာ လက်ရုံး တော်ကို ရုပ်သိမ်းတော်မူပြီ။ အရပ်ရပ်လောင်သော မီးတောက်ကဲ့သို့ ယာကုပ်အမျိုးကို လောင်စေတော်မူပြီ။
ကိုယ်​တော်​သည်​ပြင်း​စွာ​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ အင်​အား​ကို​ဖြို​ခွဲ​တော်​မူ​ပါ​၏။ ရန်​သူ​များ​လာ​ရောက်​ချိန်​၌​ငါ​တို့​အား​ကူ​မ​ရန် ငြင်း​ဆန်​တော်​မူ​၏။ ကိုယ်​တော်​သည်​မီး​သ​ဖွယ်​တောက်​လောင်​ကာ ရှိ​သ​မျှ​ကို​လောင်​စေ​တော်​မူ​၏။
4 ရန်သူကဲ့သို့ လေးကိုတင်လျက်၊ ရန်ဘက်ပြုသော သူကဲ့သို့ လက်ျာလက်ကို ချီကြွလျက်၊ တင့်တယ်ခြင်း အသရေရှိသော သူအပေါင်းတို့ကို သတ်တော်မူပြီ။ ဇိအုန် သတို့သမီး၏နေရာ တဲပေါ်မှာမီးကဲ့သို့သော အမျက် တော်ကို သွန်းလောင်းတော်မူ၏။
ကိုယ်​တော်​သည်​ငါ​တို့​အား​မြား​တော်​များ​ဖြင့် အ​သင့်​ချိန်​ရွယ်​ကာ​အား​ရ​ရွှင်​လန်း​ဂုဏ်​ယူ ဝါ​ကြွား​ရာ​ဖြစ်​သူ​လူ​အ​ပေါင်း​တို့​အား ကွပ်​မျက်​တော်​မူ​၏။ ယေ​ရု​ရှ​လင်​မြို့​၌​ငါ​တို့​သည်​ကိုယ်​တော်​၏ တောက်​လောင်​သော​အ​မျက်​တော်​ကို​ခံ​စား ရ​ကြ​၏။
5 ထာဝရဘုရားသည် ရန်ဘက်ပြု၍၊ ဣသရေလအမျိုးကို၎င်း၊ ဘုံဗိမာန်အပေါင်းတို့ကို၎င်း မျိုတော်မူပြီ။ ရဲတိုက်တို့ကို ဖြိုဖျက်တော်မူပြီ။ ယုဒ သတို့သမီး ငိုကြွေးမြည်တမ်းသောအကြောင်းတို့ကို များပြားစေတော်မူပြီ။
ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​သ​ဖွယ်​ဣသ​ရေ​လ လူ​မျိုး​အား​ဖျက်​ဆီး​မူ​၏။ သူ​တို့​၏​ခံ​တပ်​များ​နှင့်​နန်း​တော် အ​ဆောက်​အ​အုံ​များ​ကို​ယို​ယွင်း​ပျက်​စီး​လျက် ကျန်​ရစ်​စေ​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​ယု​ဒ​ပြည်​သူ​တို့​အား​ဝမ်း​နည်း ကြေ​ကွဲ​၍​မ​ဆုံး​နိုင်​အောင်​ပြု​တော်​မူ​ပြီ။
6 ဝင်းတော်ကို တောင်ယာခြံကဲ့သို့ အမှတ်ပြု၍ ချိုးဖျက်တော်မူပြီ။ မိမိပွဲသဘင်တော်ကို ဖျက်ဆီးတော် မူပြီ။ ဇိအုန်မြို့၌ခံသော ဓမ္မပွဲနေ့၊ ဥပုသ်နေ့တို့ကို ထာဝရ ဘုရား မေ့စေတော်မူပြီ။ အမျက်တော်အရှိန်ပြင်း၍ ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်ကို မရှုမမှတ်ပြုတော်မူပြီ။
ကိုယ်​တော်​အား​ငါ​တို့​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဗိ​မာန်​တော်​ကို​အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ချိုး​ဖျက် တော်​မူ​ပြီ။ ကိုယ်​တော်​ရှင်​သည်​ဋ္ဌမ္မ​ပွဲ​တော်​နေ့​များ​နှင့် ဥ​ပုသ်​နေ့​များ​ကို​အ​ဆုံး​သတ်​စေ​တော်​မူ​ပြီ။ ရှင်​ဘု​ရင်​နှင့်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​အ​တူ​တူ​ပင် အ​မျက်​တော်​အ​ရှိန်​ကို​ခံ​ရ​ကြ​ပါ​၏။
7 ထာဝရဘုရားသည် မိမိယဇ်ပလ္လင်တော်ကို ပယ်တော်မူပြီ။ မိမိသန့်ရှင်းရာဌာနတော်ကို စက်ဆုပ် တော်မူပြီ။ ဘုံဗိမာန်တော်ကို ရန်သူလက်သို့ အပ်တော် မူသဖြင့်၊ ပွဲသဘင်ခံသောနေ့၌ အသံပြုသကဲ့သို့၊ ရန်သူတို့ သည်ထာဝရဘုရား၏ အိမ်တော်၌အသံပြုကြပြီ။
ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ယဇ်​ပလ္လင်​တော်​ကို​လည်း​ကောင်း၊သန့်​ရှင်း မြင့်​မြတ်​သည့်​ဗိ​မာန်​တော်​ကို​လည်း​ကောင်း ပစ်​ပယ်​တော်​မူ​၍​ရန်​သူ​တို့​အား​ဗိ​မာန်​တော် နံ​ရံ​များ​ကို​ဖြို​ချ​ခွင့်​ပေး​တော်​မူ​၏။ သူ​တို့​သည်​လည်း​ငါ​တို့​ရွှင်​လန်း​ဝမ်း​မြောက်​စွာ ကိုး​ကွယ်​ဝတ်​ပြု​ခဲ့​ကြ​သည့်​ဌာ​န​တော်​တွင် အောင်​သံ​ပေး​၍​ကြွေး​ကြော်​ကြ​၏။
8 ထာဝရဘုရားသည် ဇိအုန်သတို့သမီး၏မြို့ရိုးကို ဖြိုဖျက်မည်ဟု အကြံတော်ရှိသည်အတိုင်း၊ ကြိုးကိုတန်း၍ အစဉ်မပြတ် ဖြိုဖျက်တော်မူသဖြင့်၊ အတွင်းမြို့ရိုးနှင့် ပြင်မြို့ရိုးတို့သည် အတူညည်းတွား၍ ငိုကြွေးမြည်တမ်းရ မည် အကြောင်းပြုတော်မူပြီ။
ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​မြို့​ရိုး​များ ပြို​ပျက်​စေ​ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​သ​ဖြင့် ယင်း​တို့​ဧ​ကန်​မု​ချ​လုံး​ဝ​ပျက်​စီး​စိမ့်​သော​ငှာ တိုင်း​ထွာ​သတ်​မှတ်​ပေး​တော်​မူ​၏။ ယ​ခု​အ​ခါ​ပြ​အိုး​များ​နှင့်​မြို့​ရိုး​များ​သည် အ​တူ​တ​ကွ​ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​ကြ​၏။
9 မြို့တံခါးရွက်တို့သည် မြေ၌မြှုပ်လျက်ရှိကြ၏။ ကန့်လန့်ကျင်တို့ကို ချိုးဖဲ့တော်မူပြီ။ ရှင်ဘုရင်နှင့် မင်းသားတို့သည် သာသနာပလူတို့တွင် နေရကြ၏။ တရားတော်မရှိ။ ပရောဖက်တို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ကို မခံမရကြ။
မြို့​တံ​ခါး​တို့​သည်​ကန့်​လန့်​ကျင်​များ​ကျိုး​ပဲ့​ကာ အ​မှိုက်​ပုံ​အောက်​တွင်​မြုပ်​၍​နေ​လေ​၏။ ရှင်​ဘု​ရင်​နှင့်​မင်း​ညီ​မင်း​သား​တို့​သည်​ယ​ခု​အ​ခါ တိုင်း​တစ်​ပါး​တွင်​ပြည်​နှင်​ဒဏ်​သင့်​လျက်​ရှိ​ကြ​၏။ ပ​ညတ်​တ​ရား​တော်​ကို​သွန်​သင်​မှု​မ​ရှိ​တော့ သ​ဖြင့် ပ​ရော​ဖက်​များ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ထံ​တော်​မှ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို​မ​တွေ့​မ​မြင်​ရ​ကြ။
10 ၁၀ ဇိအုန်သတို့သမီး၏ အသက်ကြီးသူတို့သည် မြေမှုန့်ကိုမိမိတို့ ခေါင်းပေါ်မှာပစ်တင်လျက်၊ လျှော်တေ အဝတ်ကို ဝတ်စည်းလျက်၊ မြေပေါ်မှာထိုင်၍ တိတ်ဆိတ် စွာ နေကြ၏။ ယေရုရှလင်မြို့သူကညာတို့သည် ခေါင်း ကိုငိုက်ဆိုက်ညွှတ်လျက်နေကြ၏။
၁၀ယေ​ရု​ရှ​လင်​မြို့​၏​အ​သက်​ကြီး​သူ​တို့​သည် လျှော်​တေ​ကို​ဝတ်​၍ မိ​မိ​တို့​ဦး​ခေါင်း​ပေါ်​သို့​မြေ​မှုန့်​များ​တင် ပြီး​လျှင် မြေ​ပေါ်​၌​ဆိတ်​ငြိမ်​စွာ​ထိုင်​နေ​ကြ​၏။ မြို့​သူ​က​ညာ​များ​သည်​လည်း​ခေါင်း​ကို ငိုက်​စိုက်​ညွှတ်​လျက်​နေ​ကြ​လေ​သည်။
11 ၁၁ ငါ၏လူမျိုးသတို့သမီးပျက်စီးသောကြောင့်၊ ငါသည် မျက်ရည်ကျ၍မျက်စိပျက်လေပြီ။ ဝမ်း၌ဆူလှိုက် ခြင်းရှိ၍ အသည်းလည်းမြေပေါ်မှာ သွန်းလျက်ရှိ၏။ အကြောင်းမူကား၊ သူငယ်နှင့်နို့စို့ကလေးတို့သည် မြို့လမ်း၌အား ပျက်လျက်နေကြ၏။
၁၁ငါ​၏​မျက်​စိ​များ​သည်​ငို​ရ​လွန်း​သ​ဖြင့် နွမ်း​နယ်​လျက်​နေ​ပါ​၏။ ငါ​၏​စိတ်​ဝိ​ညာဉ်​သည်​လည်း​ပူ​ဆွေး​လျက်​ရှိ​ပါ​၏။ ငါ​သည်​မိ​မိ​အ​မျိုး​သား​တို့​ဆုံး​ပါး​ပျက်​စီး ကြ​သည့်​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​ဖြင့် အား​အင်​ကုန်​ခန်း​လျက်​နေ​ပေ​သည်။ သူ​ငယ်​နှင့်​နို့​စို့​က​လေး​တို့​သည်​မြို့​တွင်း​ရှိ လမ်း​များ​ပေါ်​တွင်​မေ့​မြော​၍​နေ​ကြ​၏။
12 ၁၂ သူတို့ကလည်း၊ ဆန်စပါးနှင့်စပျစ်ရည်သည် အဘယ်မှာရှိသနည်းဟု၊ ရန်သူညှဉ်းဆဲသော သူကဲ့သို့ မြို့လမ်း၌အားပျက်လျက်၊ အမိရင်ခွင်၌ မိမိအသက်ကို သွန်းလျက်၊ အဓိက မေးတတ်ကြသည်တကား။
၁၂သူ​တို့​သည်​ရေ​ငတ်​ဆာ​လောင်​သ​ဖြင့်​မိ​ခင် များ​ထံ​တွင် ငို​ကြွေး​လျက်​နေ​ကြ​၏။ ဒဏ်​ရာ​ရ​သူ​များ​ကဲ့​သို့​သူ​တို့​သည် လမ်း​များ​ပေါ်​တွင်​လဲ​ကျ​ကာ မိ​ခင်​များ​၏​ရင်​ခွင်​၌​တ​ဖြည်း​ဖြည်း သေ​ဆုံး​သွား​ရ​ကြ​လေ​သည်။
13 ၁၃ အိုယေရုရှလင်သတို့သမီး၊ သင်၏အမှု၌ အဘယ်သက်သေကို ငါပြရမည်နည်း။ အိုဇိအုန်သတို့ သမီးကညာ၊ သင့်ကိုနှစ်သိမ့်စေခြင်းငှါ၊ သင်နှင့်အဘယ် သူကို ငါခိုင်းနှိုင်းရမည်နည်း။ သင်၏ပြိုပျက်ရာသည် သမုဒ္ဒရာကဲ့သို့ ကျယ်သောကြောင့် အဘယ်သူ ပြုပြင်နိုင် သနည်း။
၁၃အို ယေ​ရု​ရှ​လင်​မြို့၊ ငါ​ချစ်​မြတ်​နိုး​သော​မြို့၊ အ​ဘယ်​သို့​ပြော​ဆို​ရ​ပါ​မည်​နည်း။ အ​ဘယ်​သို့​နှစ်​သိမ့်​မှု​ကို​ပေး​ရ​ပါ​မည်​နည်း။ အ​ဘယ်​သူ​မျှ​ဤ​ကဲ့​သို့​ဒုက္ခ​မ​ရောက်​ခဲ့​ဘူး​ပါ။ သင်​၏​ဘေး​အန္တ​ရာယ်​သည်​သ​မုဒ္ဒ​ရာ​သ​ဖွယ် အ​တိုင်း​မ​သိ​ကျယ်​ဝန်း​ပါ​၏။ မျှော်​လင့်​စ​ရာ​မ​ရှိ​နိုင်​ပါ။
14 ၁၄ သင်၏ပရောဖက်တို့သည် အချည်းနှီးသော အရာ၊ မိုက်သောအရာတို့ကို သင်အဘို့မြင်ကြပြီ။ သိမ်းသွားချုပ်ထားသော အမှုကိုပြေစေခြင်းငှါ၊ သင်၏ အပြစ်ကိုမဘော်မပြဘဲ မှားသောရူပါရုံ၊ လမ်းလွဲစရာ အရာကို သင့်အဘို့မြင်ကြပြီ။
၁၄သင်​၏​ပ​ရော​ဖက်​များ​သည်​မု​သား​စ​ကား​မှ တစ်​ပါး သင့်​အား​အ​ခြား​မည်​သည့်​စ​ကား​ကို​မျှ မ​ပြော​တတ်​ကြ​ပါ။ သူ​တို့​ဟော​ပြော​သ​မျှ​သည်​သင့်​ကို လှည့်​စား​ခြင်း​သာ​ဖြစ်​၏။ သင်​၏​အ​ပြစ်​ကို​အ​ဘယ်​ခါ​မျှ​မ​ဖော်​ပြ​သ​ဖြင့် သင်​သည်​နောင်​တ​ရ​စ​ရာ​မ​လို​ဟု​ထင်​မှတ်​စေ​ခဲ့ သည်။
15 ၁၅ လမ်း၌ ရှောက်သွားသမျှသောသူတို့က၊ ဂုဏ်သရေအထွဋ်၊ မြေ တပြင်လုံး ရွှင်လန်းရာဘွဲ့ရှိသော မြို့ကားဤမြို့လောဟု၊ ယေရုရှလင်သတို့သမီးကို လက်ခုပ်တီးလျက်၊ ကဲ့ရဲ့သံကိုပြုလျက်၊ ခေါင်းကို ညှိတ်လျက် မေးတတ်ကြ၏။
၁၅မြို့​ကို​ဖြတ်​သန်း​သွား​လာ​သူ​တို့​သည် မ​ထီ​မဲ့​မြင်​ပြု​ကာ​လက်​ခုပ်​တီး​ကြ​၏။ သူ​တို့​သည်​ဦး​ခေါင်း​ကို​ခါ​လျက်​ယေ​ရု​ရှ​လင် မြို့​ပျက်​ကို​ပြက်​ရယ်​ပြု​ကြ​၏။ ``နှစ်​လို​ဖွယ်​ကောင်း​သည့်​မြို့​ကား​ဤ​မြို့​ပေ​လော။ ကမ္ဘာ​၏​ဂုဏ်​အ​သ​ရေ​ကို​ဆောင်​သော​မြို့​ကား ဤ​မြို့​ပေ​လော'' ဟု​ပျက်​ရယ်​ပြု​ကြ​၏။
16 ၁၆ သင်၏ရန်သူအပေါင်းတို့သည် သင့်တဘက်၌ နှုတ်ကို ဖွင့်ကြ၏။ ငါတို့သည် သူ့ကိုမျိုပြီ။ အကယ်စင်စစ် ဤသည်နေ့ကား၊ ငါတို့မြော်လင့်ခဲ့ ပြီးသောနေ့ဖြစ်၏။ ငါတို့တွေ့မြင်ရပြီဟု ကဲ့ရဲ့သံကိုပြုလျက်၊ အံသွားကို ခဲကြိတ်လျက် ဆိုကြ၏။
၁၆သင်​၏​ရန်​သူ​အ​ပေါင်း​တို့​သည် သင့်​ကို​ပြောင်​လှောင်​ကြ​လျက်​မုန်း​စိတ်​နှင့် စိုက်​၍​ကြည့်​ကြ​၏။ သူ​တို့​သည်​မဲ့​ရွဲ့​ကာ​နှာ​ခေါင်း​ရှုံ့​လျက်``သူ့​ကို ငါ​တို့​သုတ်​သင်​ဖျက်​ဆီး​လိုက်​ကြ​လေ​ပြီ။ ဤ​နေ့​ကား​ငါ​တို့​စောင့်​မျှော်​နေ​ခဲ့​သည့်​နေ့​ပေ တည်း'' ဟု​ဆို​ကြ​၏။
17 ၁၇ ထာဝရဘုရားသည် ကြံစည်သောအမှုကို ပြုတော်မူပြီ။ ရှေးကာလ၌ မိန့်တော်မူသော စကား တော်ကို ပြည့်စုံစေတော်မူပြီ။ မနှမြောဘဲဖြိုဖျက်တော် မူပြီ။ ရန်သူသည် သင်၏အပေါ် မှာဝမ်းမြောက်ရသော အခွင့်ကို ပေး၍၊ ရန်သူ၏ဦးချိုကို ချီးမြှင့်တော်မူပြီ။
၁၇နောက်​ဆုံး​၌​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ ကြုံး​ဝါး​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ပြု​တော် မူ​လေ​ပြီ။ ကိုယ်​တော်​သည်​ရှေး​ကာ​လ သ​တိ​ပေး​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ငါ​တို့​အား သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ​သုတ်​သင်​ဖျက်​ဆီး တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​ငါ​တို့​ရန်​သူ​များ​အား အောင်​ပွဲ​ကို​ပေး​တော်​မူ​၍ ငါ​တို့​ပြို​လဲ​မှု​အ​တွက်​ဝမ်း​မြောက်​စေ​တော်​မူ​ပါ​၏။
18 ၁၈ သူတို့သည်စိတ်နှလုံးထဲက ထာဝရဘုရားကို အော်ဟစ်ကြ၏။ အိုဇိအုန်သတို့သမီး၏မြို့ရိုး၊ သင်၏ မျက်ရည်သည် မြစ်ရေစီးသကဲ့သို့ နေ့ညဉ့်မပြတ်စီးစေ လော့။ ကိုယ်ကိုမငြိမ်းစေနှင့်။ သင်၏မျက်ဆန်ကိုလည်း မငြိမ်းစေနှင့်။
၁၈အို ယေ​ရု​ရှ​လင်​မြို့၊ သင်​၏​မြို့​ရိုး​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ အော်​ဟစ်​စေ​ပါ​လော့။ မြစ်​များ​သ​ဖွယ်​သင်​၏​မျက်​ရည်​များ​ကို နေ့​ရော​ည​ပါ​စီး​ဆင်း​စေ​ပါ​လော့။ သင်​သည်​ငို​ကြွေး​မှု​ဝမ်း​နည်း​ကြေ​ကွဲ​မှု တို့​ဖြင့် မိ​မိ​ကိုယ်​ကို​နွမ်း​နယ်​စေ​ပါ​လော့။
19 ၁၉ ညဦးယံအချိန်၌ ထ၍အော်ဟစ်လော့။ ထာဝရ ဘုရား၏မျက်နှာတော်ရှေ့မှာ သင်၏နှလုံးကို ရေကဲ့သို့ သွန်းလောင်းလော့။ ငတ်မွတ်၍ ခပ်သိမ်းသော လမ်းဝမှာ အားပျက်လျက်နေသော သင်၏သူငယ်တို့ကို အသက် ချမ်းသာစေခြင်းငှါ၊ အထံတော်သို့ သင်၏လက်ကို ချီဆန့်လော့။
၁၉တစ်​ည​လုံး​အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန်​ထ​၍ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​အော်​ဟစ်​လော့။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​သင်​၏​စိတ်​နှ​လုံး​ကို သွန်​ချ​လျက်၊ သင်​၏​သား​သ​မီး​များ​အ​တွက် အ​သ​နား​ခံ​တောင်း​ပန်​လော့။ သင့်​သား​သ​မီး​များ​လမ်း​ဆုံ​လမ်း​ခွ​တိုင်း​တွင် အ​စာ​ငတ်​၍​သေ​ရ​ကြ​လေ​ပြီ။
20 ၂၀ အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်သူ၌ ဤသို့စီရင်တော်မူသည်ကို ကြည့်ရှုဆင်ခြင်တော်မူပါ။ မိန်းမသည် မိမိရင်သွေး၊ မိမိချီပိုက်သော သားကို စားရပါ မည်လော။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်သည် ထာဝရ ဘုရား၏ သန့်ရှင်းရာဌာနတော်၌ အသေသတ်ခြင်းကို ခံရပါမည်လော။
၂၀အို ထာ​ဝ​ရ​ဘု​ရား​ကြည့်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အ​ဘယ်​ကြောင့်​ဤ​မျှ​ဒဏ်​ခတ်​တော်​မူ​သ​နည်း။ အ​မျိုး​သ​မီး​တို့​သည်​မိ​မိ​တို့​ချစ်​မြတ်​နိုး​သည့် သား​သ​မီး​များ​၏​အ​သား​ကို​စား​နေ​ကြ​ပါ​၏။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ပ​ရော​ဖက်​များ​သည်​လည်း ဗိ​မာန်​တော်​အ​တွင်း​၌​ပင် အ​သတ်​ခံ​လျက်​နေ​ရ​ကြ​ပါ​၏။
21 ၂၁ လူအကြီးအငယ်တို့သည် လမ်း၌မြေပေါ်မှာ တုံးလုံးနေရကြပါ၏။ အကျွန်ုပ်၏လူပျိုနှင့်အပျိုတို့သည် ထားဖြင့်သေရကြပါပြီ။ ကိုယ်တော်သည် အမျက်တော် ထွက်သောနေ့၌၊ သူတို့ကို မသနားဘဲကွပ်မျက်တော်မူပြီ။
၂၁လူ​ကြီး​လူ​ငယ်​တို့​သည်​လမ်း​များ​ပေါ်​တွင် လဲ​၍​သေ​ရ​ကြ​ပါ​၏။ ပျို​ရွယ်​သူ​အ​မျိုး​သား​အ​မျိုး​သ​မီး​များ​သည် ရန်​သူ​၏​ဋ္ဌား​ဘေး​သင့်​၍​သေ​ရ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​မျက်​ထွက်​တော်​မူ​သော​နေ့​၌ သ​နား​ညှာ​တာ​ခြင်း​မ​ရှိ​ဘဲ သူ​တို့​ကို​ကွပ်​မျက်​တော်​မူ​ပါ​၏။
22 ၂၂ ပွဲသဘင်နေ့၌ လူတို့ကို ခေါ်ဘိတ်သကဲ့သို့၊ အကျွန်ုပ်ပတ်လည်၌ ကြောက်မက်ဘွယ်သော အရာတို့ကို ခေါ်ဘိတ်တော်မူပြီ။ ထာဝရဘုရား အမျက်တော် ထွက် သောနေ့၌ အဘယ်သူမျှမလွတ်၊ မကျန်ကြွင်းရပါ။ အကျွန်ုပ်ချီပိုက်ကျွေးမွေးသော သူတို့ကို အကျွန်ုပ်၏ ရန်သူသည် ဖျက်ဆီးပါပြီ။
၂၂ကိုယ်​တော်​ရှင်​သည်​ရန်​သူ​များ​ကို​ကျွန်​တော်​မျိုး​၏ ပတ်​လည်​တွင်​ကြောက်​မက်​ဖွယ်​သော​ပျော်​ပွဲ​သ​ဘင် ဆင်​ယင်​ရန်​ဖိတ်​ခေါ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​အ​မျက်​ထွက်​တော်​မူ​ရာ ထို​နေ့​ရက်​ကာ​လ​၌​အ​ဘယ်​သူ​မျှ​ချမ်း​သာ​ရာ ရ​လိမ့်​မည်​မဟုတ်​ပါ။ သူ​တို့​သည်​ကျွန်​တော်​မျိုး​ချစ်​မြတ်​နိုး​၍ ကျွေး​မွေး​ပြု​စု​ခဲ့​သည့်​သား​သ​မီး​များ​ကို သတ်​ဖြတ်​ကြ​ပါ​၏။

< မြည်တမ်းစကား 2 >