< မြည်တမ်းစကား 2 >
1 ၁ ထာဝရဘုရားသည် ဇိအုန်သတို့သမီးကို အမျက် တော် မိုဃ်းတိမ်ဖြင့် ဖုံးလွှမ်းတော်မူပြီ။ ဣသရေလအမျိုး ၏ ဂုဏ်အသရေကို ကောင်းကင်မှမြေကြီးတိုင်အောင် ချတော်မူပြီ။ အမျက်တော်ထွက်ချိန်၌ ခြေတော်တင် ရာခုံကို မအောက်မေ့ဘဲနေတော်မူပါပြီတကား။
Oh how hath the Lord covered in his anger the daughter of Zion with a cloud; he hath cast down from heaven unto the earth the ornament of Israel; and he hath not remembered his footstool on the day of his anger!
2 ၂ ထာဝရဘုရားသည် သနားခြင်းမရှိဘဲ၊ ယာကုပ် အမျိုး၏နေရာ အရပ်ရှိသမျှတို့ကို မျိုတော်မူပြီ။ အမျက် တော်ထွက်သဖြင့် ယုဒသတို့သမီး၏ရဲတိုက်တို့ကို မြေတိုင် အောင်ဖြိုဖျက်၍၊ နိုင်ငံတော်နှင့်မင်းသားတို့ကို ရှုတ်ချ တော်မူပြီ။
The Lord hath destroyed and hath not pitied all the habitation of Jacob: he hath thrown down in his wrath the strong-holds of the daughter of Judah: he hath thrown them down to the ground; he hath defiled the kingdom and its princes.
3 ၃ ပြင်းစွာ အမျက်တော်ထွက်၍၊ ဣသရေလ၏ ဦးချို ရှိသမျှတို့ကို ဖြတ်တော်မူပြီ။ ရန်သူရှေ့မှာ လက်ရုံး တော်ကို ရုပ်သိမ်းတော်မူပြီ။ အရပ်ရပ်လောင်သော မီးတောက်ကဲ့သို့ ယာကုပ်အမျိုးကို လောင်စေတော်မူပြီ။
He hath hewn away in his fierce anger the whole horn of Israel; he hath drawn back his right hand before the enemy; and he burnt against Jacob like a flaming fire, which devoureth round about.
4 ၄ ရန်သူကဲ့သို့ လေးကိုတင်လျက်၊ ရန်ဘက်ပြုသော သူကဲ့သို့ လက်ျာလက်ကို ချီကြွလျက်၊ တင့်တယ်ခြင်း အသရေရှိသော သူအပေါင်းတို့ကို သတ်တော်မူပြီ။ ဇိအုန် သတို့သမီး၏နေရာ တဲပေါ်မှာမီးကဲ့သို့သော အမျက် တော်ကို သွန်းလောင်းတော်မူ၏။
He bent his bow like an enemy; he held out his right hand as an adversary, and slew all that were pleasant to the eye: in the tent of the daughter of Zion did he pour out like fire his fury.
5 ၅ ထာဝရဘုရားသည် ရန်ဘက်ပြု၍၊ ဣသရေလအမျိုးကို၎င်း၊ ဘုံဗိမာန်အပေါင်းတို့ကို၎င်း မျိုတော်မူပြီ။ ရဲတိုက်တို့ကို ဖြိုဖျက်တော်မူပြီ။ ယုဒ သတို့သမီး ငိုကြွေးမြည်တမ်းသောအကြောင်းတို့ကို များပြားစေတော်မူပြီ။
The Lord became like an enemy; he destroyed Israel, he destroyed all her palaces, he ruined her strong-holds, and he increased in the midst of the daughter of Judah groaning and wailing.
6 ၆ ဝင်းတော်ကို တောင်ယာခြံကဲ့သို့ အမှတ်ပြု၍ ချိုးဖျက်တော်မူပြီ။ မိမိပွဲသဘင်တော်ကို ဖျက်ဆီးတော် မူပြီ။ ဇိအုန်မြို့၌ခံသော ဓမ္မပွဲနေ့၊ ဥပုသ်နေ့တို့ကို ထာဝရ ဘုရား မေ့စေတော်မူပြီ။ အမျက်တော်အရှိန်ပြင်း၍ ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်ကို မရှုမမှတ်ပြုတော်မူပြီ။
And he violently wasted, as if it were a garden, his tabernacle; he destroyed his place of assembly: [yea, ] the Lord hath caused to be forgotten in Zion the solemn feast and the day of rest, and hath despised in the indignation of his anger both king and priest.
7 ၇ ထာဝရဘုရားသည် မိမိယဇ်ပလ္လင်တော်ကို ပယ်တော်မူပြီ။ မိမိသန့်ရှင်းရာဌာနတော်ကို စက်ဆုပ် တော်မူပြီ။ ဘုံဗိမာန်တော်ကို ရန်သူလက်သို့ အပ်တော် မူသဖြင့်၊ ပွဲသဘင်ခံသောနေ့၌ အသံပြုသကဲ့သို့၊ ရန်သူတို့ သည်ထာဝရဘုရား၏ အိမ်တော်၌အသံပြုကြပြီ။
The Lord hath cast off his altar, he hath made void his sanctuary, he hath surrendered into the hand of the enemy the walls of her palaces: they have made their voice to resound in the house of the Lord, as on a day of a solemn feast.
8 ၈ ထာဝရဘုရားသည် ဇိအုန်သတို့သမီး၏မြို့ရိုးကို ဖြိုဖျက်မည်ဟု အကြံတော်ရှိသည်အတိုင်း၊ ကြိုးကိုတန်း၍ အစဉ်မပြတ် ဖြိုဖျက်တော်မူသဖြင့်၊ အတွင်းမြို့ရိုးနှင့် ပြင်မြို့ရိုးတို့သည် အတူညည်းတွား၍ ငိုကြွေးမြည်တမ်းရ မည် အကြောင်းပြုတော်မူပြီ။
The Lord hath resolved to destroy the wall of the daughter of Zion; he stretched out the measuring-line, he withdrew not his hand from destroying: and he caused the rampart and the wall to mourn; together they languish.
9 ၉ မြို့တံခါးရွက်တို့သည် မြေ၌မြှုပ်လျက်ရှိကြ၏။ ကန့်လန့်ကျင်တို့ကို ချိုးဖဲ့တော်မူပြီ။ ရှင်ဘုရင်နှင့် မင်းသားတို့သည် သာသနာပလူတို့တွင် နေရကြ၏။ တရားတော်မရှိ။ ပရောဖက်တို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ကို မခံမရကြ။
Sunk into the ground are her gates, he hath ruined and broken her bars: her king and her princes are among the nations without any law; her prophets also obtain no more any vision from the Lord.
10 ၁၀ ဇိအုန်သတို့သမီး၏ အသက်ကြီးသူတို့သည် မြေမှုန့်ကိုမိမိတို့ ခေါင်းပေါ်မှာပစ်တင်လျက်၊ လျှော်တေ အဝတ်ကို ဝတ်စည်းလျက်၊ မြေပေါ်မှာထိုင်၍ တိတ်ဆိတ် စွာ နေကြ၏။ ယေရုရှလင်မြို့သူကညာတို့သည် ခေါင်း ကိုငိုက်ဆိုက်ညွှတ်လျက်နေကြ၏။
The elders of the daughter of Zion sit upon the ground, they keep silence: they have thrown dust upon their head; they have girt themselves with sackcloth: the virgins of Jerusalem have brought down low their head to the ground.
11 ၁၁ ငါ၏လူမျိုးသတို့သမီးပျက်စီးသောကြောင့်၊ ငါသည် မျက်ရည်ကျ၍မျက်စိပျက်လေပြီ။ ဝမ်း၌ဆူလှိုက် ခြင်းရှိ၍ အသည်းလည်းမြေပေါ်မှာ သွန်းလျက်ရှိ၏။ အကြောင်းမူကား၊ သူငယ်နှင့်နို့စို့ကလေးတို့သည် မြို့လမ်း၌အား ပျက်လျက်နေကြ၏။
My eyes do fail with tears, my bowels are heated, my liver is poured upon the earth because of the breach of the daughter of my people; because babes and sucklings faint away in the streets of the town.
12 ၁၂ သူတို့ကလည်း၊ ဆန်စပါးနှင့်စပျစ်ရည်သည် အဘယ်မှာရှိသနည်းဟု၊ ရန်သူညှဉ်းဆဲသော သူကဲ့သို့ မြို့လမ်း၌အားပျက်လျက်၊ အမိရင်ခွင်၌ မိမိအသက်ကို သွန်းလျက်၊ အဓိက မေးတတ်ကြသည်တကား။
To their mothers they say, Where is corn and wine? when they faint away like the deadly wounded in the streets of the city, when their soul is poured out on the bosom of their mother.
13 ၁၃ အိုယေရုရှလင်သတို့သမီး၊ သင်၏အမှု၌ အဘယ်သက်သေကို ငါပြရမည်နည်း။ အိုဇိအုန်သတို့ သမီးကညာ၊ သင့်ကိုနှစ်သိမ့်စေခြင်းငှါ၊ သင်နှင့်အဘယ် သူကို ငါခိုင်းနှိုင်းရမည်နည်း။ သင်၏ပြိုပျက်ရာသည် သမုဒ္ဒရာကဲ့သို့ ကျယ်သောကြောင့် အဘယ်သူ ပြုပြင်နိုင် သနည်း။
What shall I take to witness for thee? what shall I compare unto thee, O daughter of Jerusalem? what shall I find equal to thee, that I may comfort thee, O virgin daughter of Zion? for great like the sea is thy breach; who can bring healing to thee?
14 ၁၄ သင်၏ပရောဖက်တို့သည် အချည်းနှီးသော အရာ၊ မိုက်သောအရာတို့ကို သင်အဘို့မြင်ကြပြီ။ သိမ်းသွားချုပ်ထားသော အမှုကိုပြေစေခြင်းငှါ၊ သင်၏ အပြစ်ကိုမဘော်မပြဘဲ မှားသောရူပါရုံ၊ လမ်းလွဲစရာ အရာကို သင့်အဘို့မြင်ကြပြီ။
Thy prophets foresaw for thee vain and deceptive things; and they did not lay open thy iniquity, to cause thy backsliders to return: but they foresaw for thee prophecies of falsehood and seduction.
15 ၁၅ လမ်း၌ ရှောက်သွားသမျှသောသူတို့က၊ ဂုဏ်သရေအထွဋ်၊ မြေ တပြင်လုံး ရွှင်လန်းရာဘွဲ့ရှိသော မြို့ကားဤမြို့လောဟု၊ ယေရုရှလင်သတို့သမီးကို လက်ခုပ်တီးလျက်၊ ကဲ့ရဲ့သံကိုပြုလျက်၊ ခေါင်းကို ညှိတ်လျက် မေးတတ်ကြ၏။
All that pass by [this] way clap their hands on account of thee; they hiss and shake their head over the daughter of Jerusalem: [saying, ] Is this the city that men called The perfection of beauty. The joy for all the earth?
16 ၁၆ သင်၏ရန်သူအပေါင်းတို့သည် သင့်တဘက်၌ နှုတ်ကို ဖွင့်ကြ၏။ ငါတို့သည် သူ့ကိုမျိုပြီ။ အကယ်စင်စစ် ဤသည်နေ့ကား၊ ငါတို့မြော်လင့်ခဲ့ ပြီးသောနေ့ဖြစ်၏။ ငါတို့တွေ့မြင်ရပြီဟု ကဲ့ရဲ့သံကိုပြုလျက်၊ အံသွားကို ခဲကြိတ်လျက် ဆိုကြ၏။
All thy enemies open wide their mouth against thee; they hiss and gnash their teeth; they say, We have swallowed her up: ah, truly this is the day that we hoped for; we have found, we have seen it.
17 ၁၇ ထာဝရဘုရားသည် ကြံစည်သောအမှုကို ပြုတော်မူပြီ။ ရှေးကာလ၌ မိန့်တော်မူသော စကား တော်ကို ပြည့်စုံစေတော်မူပြီ။ မနှမြောဘဲဖြိုဖျက်တော် မူပြီ။ ရန်သူသည် သင်၏အပေါ် မှာဝမ်းမြောက်ရသော အခွင့်ကို ပေး၍၊ ရန်သူ၏ဦးချိုကို ချီးမြှင့်တော်မူပြီ။
The Lord hath done what he had resolved; he hath accomplished his word which he had ordained already in the days of old; he hath thrown down, and hath not pitied; and he hath caused to rejoice over thee thy enemy, he hath raised on high the horn of thy adversaries.
18 ၁၈ သူတို့သည်စိတ်နှလုံးထဲက ထာဝရဘုရားကို အော်ဟစ်ကြ၏။ အိုဇိအုန်သတို့သမီး၏မြို့ရိုး၊ သင်၏ မျက်ရည်သည် မြစ်ရေစီးသကဲ့သို့ နေ့ညဉ့်မပြတ်စီးစေ လော့။ ကိုယ်ကိုမငြိမ်းစေနှင့်။ သင်၏မျက်ဆန်ကိုလည်း မငြိမ်းစေနှင့်။
Their heart crieth unto the Lord, O thou wall of the daughter of Zion, let tears run down like a stream day and night; allow thyself no rest; let not the apple of thy eye be still.
19 ၁၉ ညဦးယံအချိန်၌ ထ၍အော်ဟစ်လော့။ ထာဝရ ဘုရား၏မျက်နှာတော်ရှေ့မှာ သင်၏နှလုံးကို ရေကဲ့သို့ သွန်းလောင်းလော့။ ငတ်မွတ်၍ ခပ်သိမ်းသော လမ်းဝမှာ အားပျက်လျက်နေသော သင်၏သူငယ်တို့ကို အသက် ချမ်းသာစေခြင်းငှါ၊ အထံတော်သို့ သင်၏လက်ကို ချီဆန့်လော့။
Arise, complain aloud in the night, in the beginning of the watches; pour out like water thy heart before the face of the Lord: lift up toward him thy hands because of the life of thy babes, that faint away for hunger at the corner of all the streets.
20 ၂၀ အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်သူ၌ ဤသို့စီရင်တော်မူသည်ကို ကြည့်ရှုဆင်ခြင်တော်မူပါ။ မိန်းမသည် မိမိရင်သွေး၊ မိမိချီပိုက်သော သားကို စားရပါ မည်လော။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်သည် ထာဝရ ဘုရား၏ သန့်ရှင်းရာဌာနတော်၌ အသေသတ်ခြင်းကို ခံရပါမည်လော။
See, O Lord, and behold! to whom hast thou ever done the like? Shall women, then, eat their own fruit, the babes they have tenderly nursed? or shall there be slain in the sanctuary of the Lord the priest and the prophet?
21 ၂၁ လူအကြီးအငယ်တို့သည် လမ်း၌မြေပေါ်မှာ တုံးလုံးနေရကြပါ၏။ အကျွန်ုပ်၏လူပျိုနှင့်အပျိုတို့သည် ထားဖြင့်သေရကြပါပြီ။ ကိုယ်တော်သည် အမျက်တော် ထွက်သောနေ့၌၊ သူတို့ကို မသနားဘဲကွပ်မျက်တော်မူပြီ။
There lie down on the ground in the streets the lad and the ancient: my virgins and my young men are fallen by the sword: thou hast slain on the day of thy anger; thou hast slaughtered, thou hast not pitied.
22 ၂၂ ပွဲသဘင်နေ့၌ လူတို့ကို ခေါ်ဘိတ်သကဲ့သို့၊ အကျွန်ုပ်ပတ်လည်၌ ကြောက်မက်ဘွယ်သော အရာတို့ကို ခေါ်ဘိတ်တော်မူပြီ။ ထာဝရဘုရား အမျက်တော် ထွက် သောနေ့၌ အဘယ်သူမျှမလွတ်၊ မကျန်ကြွင်းရပါ။ အကျွန်ုပ်ချီပိုက်ကျွေးမွေးသော သူတို့ကို အကျွန်ုပ်၏ ရန်သူသည် ဖျက်ဆီးပါပြီ။
Thou hast called, as it were on a festive day, my evil neighbors from round about; and there was not on the day of the Lord's anger one that escaped or remained: those that I had tenderly nursed and reared up my enemy brought to their end.