< တရားသူကြီးမှတ်စာ 8 >

1 ဧဖရိမ်လူတို့က၊ သင်သည် မိဒျန်လူတို့ကို တိုက်သွားသောအခါ၊ ငါတို့ကို မခေါ်ဘဲ ငါတို့၌ အဘယ်သို့ ပြုသနည်းဟု ကျပ်ကျပ်အပြစ်တင်ကြ၏။
ထို​နောက်​ဧ​ဖ​ရိမ်​နယ်​သား​တို့​က​ဂိ​ဒေါင် အား``သင်​သည်​မိ​ဒျန်​အ​မျိုး​သား​တို့​ထံ​သွား ရောက်​တိုက်​ခိုက်​စဉ်​အ​ခါ​က အ​ဘယ်​ကြောင့် ငါ​တို့​အား​မ​ခေါ်​ဘဲ​နေ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​ဤ​သို့​ငါ​တို့​အား​ပြုပါ​သ​နည်း'' ဟု ပြင်း​ပြင်း​ထန်​ထန်​အ​ပြစ်​တင်​ကြ​၏။
2 ဂိဒေါင်ကလည်း၊ သင်တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုပြီးသနည်း။ အဗျေဇာစပျစ်သီး သိမ်းခြင်း ထက် ဧဖရိမ်လိုက်ကောက်ခြင်းသည် သာ၍ ကောင်းသည်မဟုတ်လော။
သို့​ရာ​တွင်​ဂိ​ဒေါင်​က``သင်​တို့​ပြုခဲ့​သ​မျှ နှင့်​နှိုင်း​ယှဉ်​ကြည့်​လျှင် ငါ​ပြု​ခဲ့​သ​မျှ​သည် ဘာ​မျှ​မ​ဖြစ်​လောက်​ပါ။ သင်​တို့​ပြု​သည့် အ​မှု​အ​နည်း​ငယ်​က​ပင်​လျှင် ငါ​တို့​သား ချင်း​စု​တစ်​ရပ်​လုံး​ပြု​သည့်​အ​မှု​ထက်​ပို​၍ တန်​ဖိုး​ရှိ​ပါ​၏။-
3 ဘုရားသခင်သည် မိဒျန်ဗိုလ်ချုပ်ဩရဘနှင့် ဇေဘတို့ကို သင်တို့လက်၌ အပ်တော်မူပြီ။ သင်တို့ ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုနိုင်သနည်းဟု ပြန်ပြောသောစကားကို သူတို့သည် ကြားသောအခါ စိတ်ပြေကြ၏။
သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် အား​ဖြင့် မိ​ဒျန်​ဗိုလ်​ချုပ်​နှစ်​ဦး​ဖြစ်​သော သြ​ရ​ဘ​နှင့်​ဇေ​ဘ​တို့​အား​ကွပ်​မျက်​နိုင်​ခဲ့ ကြ​လေ​ပြီ​တ​ကား။ ထို​အ​မှု​နှင့်​နှိုင်း​ယှဉ် လောက်​အောင်​ငါ​သည်​အ​ဘယ်​အ​မှု​ကို​ပြု နိုင်​ခဲ့​ပါ​သ​နည်း'' ဟု​ပြန်​ပြော​သော​စ​ကား ကို​ကြား​လျှင်​သူ​တို့​သည်​အ​မျက်​ပြေ ကြ​၏။
4 ဂိဒေါင်သည် ယော်ဒန်မြစ်သို့ရောက်သောအခါ၊ သူ၌ရှိသော သူသုံးရာတို့သည် ပင်ပန်းလျက်နှင့် ကူး၍ လိုက်ကြ၏။
ထို​အ​ခါ​၌​ဂိ​ဒေါင်​နှင့်​သူ​၏​တပ်​သား​သုံး ရာ​တို့​သည် ယော်​ဒန်​မြစ်​သို့​ရောက်​ရှိ​လာ ကာ​မြစ်​ကူး​ဖြတ်​ပြီး​ဖြစ်​သည်။ သူ​တို့​သည် အ​လွန်​ပင်​ပန်း​နွမ်း​နယ်​လျက်​နေ​ကြ​သော် လည်း​ရန်​သူ​အား​ဖိ​၍​လိုက်​လျက်​ပင်။-
5 သုကုတ်မြို့သားတို့အားလည်း၊ ငါ့နောက်လိုက်သောသူတို့အား မုန့်ကို ပေးကြပါလော့။ သူတို့သည် ပင်ပန်းကြပြီ။ ငါသည် မိဒျန်မင်းကြီး ဇေဘဟနှင့် ဇာလမုန္နကို ယခု လိုက်ရှာပါ၏ဟု တောင်းသော် လည်း၊
ဂိ​ဒေါင်​သည်​သု​ကုတ်​မြို့​သို့​ရောက်​သော အ​ခါ​ထို​မြို့​သား​တို့​အား``ငါ​၏​တပ်​သား တို့​ကို​အ​စား​အ​စာ​အ​နည်း​ငယ်​ပေး​ကြ ပါ။ သူ​တို့​သည်​ပင်​ပန်း​နွမ်း​နယ်​လျက်​ရှိ ကြ​ပါ​၏။ ငါ​သည်​မိ​ဒျန်​ဘု​ရင်​ဇေဘဟ​နှင့် ဇာ​လ​မုန္န​တို့​ကို​လိုက်​လံ​ဖမ်း​ဆီး​နေ​ပါ သည်'' ဟု​ဆို​၏။
6 သုကုတ်မင်းတို့က၊ ငါတို့သည် သင့်အမှုထမ်းတို့အား မုန့်ကို ပေးရမည်အကြောင်း၊ ဇေဘဟနှင့် ဇာလမုန္နသည် သင့်လက်၌ ရှိသလောဟု ပြန်ပြောကြ၏။
သို့​ရာ​တွင်​သု​ကုတ်​မြို့​မှ​ခေါင်း​ဆောင်​များ က``ငါ​တို့​သည်​အ​ဘယ်​ကြောင့်​သင်​၏​တပ် သား​များ​အား အ​စာ​ရေ​စာ​ပေး​ရ​ပါ​မည် နည်း။ ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့​ကို​သင်​တို့ မ​ဖမ်း​မိ​သေး​ပါ​တ​ကား'' ဟု​ပြန်​ပြော ကြ​၏။
7 ဂိဒေါင်ကလည်း၊ သို့ဖြစ်၍ ထာဝရဘုရားသည် ဇေဘဟနှင့် ဇာလမုန္နတို့ကို ငါ့လက်၌ အပ်တော်မူသော အခါ၊ သင်တို့ ကျောကွဲအောင် တောဆူးပင်အမျိုးမျိုးနှင့် ငါရိုက်မည်ဟုဆိုပြီးလျှင်၊
သို့​ဖြစ်​၍​ဂိ​ဒေါင်​က``ကောင်း​ပြီ၊ ဇေ​ဘ​ဟ နှင့်​ဇာ​လ​မုန္န​တို့​အား ငါ​၏​လက်​သို့​ဘု​ရား​သ​ခင်​အပ်​တော်​မူ​သော​အ​ခါ ငါ​သည်​သင် တို့​ကို​သဲ​ကန္တာ​ရ​မှ​ဆူး​ပင်​များ​နှင့်​ရိုက် နှက်​မည်'' ဟု​ဆို​လေ​သည်။-
8 ထိုအရပ်က ပေနွေလမြို့သို့ သွား၍၊ သူတို့အား ထိုနည်းတူ တောင်းသော်လည်း၊ သုကုတ်မြို့သားတို့ ပြန်ပြောသည်နည်းတူ၊ ပေနွေလမြို့သားတို့သည် ပြန်ပြောကြ၏။
ထို​နောက်​သူ​သည်​ပေ​နွေ​လ​မြို့​သို့​သွား​၍ ရှေး​နည်း​တူ ထို​မြို့​သား​တို့​ထံ​မှ​အ​ကူ​အ​ညီ တောင်း​ခံ​သော်​လည်း ပေ​နွေ​လ​မြို့​သား​တို့​က သု​ကုတ်​မြို့​သား​တို့​နည်း​တူ​ပြန်​လည်​ဖြေ ကြား​ကြ​၏။-
9 ဂိဒေါင်ကလည်း၊ ငါသည် တဖန် ငြိမ်ဝပ်စွာ လာသောအခါ၊ ဤရဲတိုက်ကို ဖြိုဖျက်မည်ဟု သူတို့အား ဆို၏။
ထို့​ကြောင့်​ဂိ​ဒေါင်​သည်​သူ​တို့​အား``စစ်​ငြိမ်း​၍ ငါ​ပြန်​လာ​သော​အ​ခါ​၌ ဤ​ခံ​တပ်​မျှော်​စင် ကို​ဖျက်​ဆီး​ပစ်​အံ့'' ဟု​ဆို​လေ​သည်။
10 ၁၀ ထိုအခါ ထားကိုင်သော လူတသိန်းနှစ်သောင်း သေသောကြောင့်၊ အရှေ့မျက်နှာအရပ်သားအပေါင်း တို့တွင် ကျန်ကြွင်းသော လူတသောင်းငါးထောင်ခန့်မျှသာပါလျက်၊ ဇေဘဟနှင့် ဇာလမုန္နတို့သည် ကာကော်မြို့၌ ရှိကြ၏။
၁၀ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့​သည် မိ​မိ​တို့​၏​တပ်​မ တော်​နှင့်​အ​တူ ကာ​ကော်​မြို့​၌​ရှိ​ကြ​၏။ သဲ​ကန္တာရ နေ​သူ​တို့​၏​တပ်​မ​တော်​ကြီး​တစ်​ခု​လုံး​အ​နက် လူ​တစ်​သိန်း​နှစ်​သောင်း​ကျ​ဆုံး​၍​တစ်​သောင်း ငါး​ထောင်​သာ​ကျန်​တော့​၏။-
11 ၁၁ ဂိဒေါင်သည် နောဗာမြို့၊ ယုဗ္ဗေဟမြို့အရှေ့၊ တဲ၌ နေသူတို့လမ်းဖြင့် ချီသွား၍၊ မစိုးရိမ်ဘဲနေသော မိဒျန်တပ်ကို လုပ်ကြံသဖြင့်၊
၁၁ဂိ​ဒေါင်​သည်​နော​ဗာ​မြို့​နှင့်​ယုဗ္ဗေဟ​မြို့​အ​ရှေ့ ဘက်​သဲ​ကန္တာ​ရ​အ​စွန်​လမ်း​အ​တိုင်း​လိုက်​ပြီး လျှင် ထို​တပ်​မ​တော်​အား​ရုတ်​တ​ရက်​အ​မှတ် မ​ထင်​ဝင်​ရောက်​တိုက်​ခိုက်​လေ​သည်။-
12 ၁၂ မိဒျန်မင်းကြီးဇေဘဟနှင့် ဇာလမုန္နပြေးသောအခါ၊ ဂိဒေါင်သည် လိုက်၍ တပ်ကို ဖျက်လေ၏။
၁၂ထို​အ​ခါ​မိ​ဒျန်​ဘု​ရင်​နှစ်​ပါး​ဖြစ်​သော ဇေ​ဘ​ဟ နှင့်​ဇာ​လ​မုန္န​တို့​သည်​ထွက်​ပြေး​ကြ​၏။ သို့​ရာ တွင်​ဂိ​ဒေါင်​သည်​သူ​တို့​ကို​လိုက်​လံ​ဖမ်း​ဆီး​ရ မိ​သဖြင့် သူ​တို့​၏​တပ်​မ​တော်​ကြီး​တစ်​ခု​လုံး မှာ​က​စဥ့်​က​ရဲ​ပြို​လဲ​၍​သွား​တော့​၏။
13 ၁၃ ယောရှသားဂိဒေါင်သည် နေမထွက်မှီ စစ်တိုက်ရာမှ ပြန်လာ၍၊
၁၃ဂိ​ဒေါင်​သည်​ဟေ​ရက်​တောင်​ကြား​လမ်း​ဖြင့် တိုက်​ပွဲ​မှ​ပြန်​လာ​သော​အ​ခါ၊-
14 ၁၄ သုကုတ်မြို့သား လုလင်တယောက်ကို ဘမ်းမိ၍ မေးစစ်လျှင်၊ ထိုသူသည် သုကုတ်မြို့အရာရှိ၊ အသက်ကြီးသူခုနစ်ဆယ်ခုနစ်ယောက်တို့၏ အမည်အသီးအသီးတို့ကို ပြောလေ၏။
၁၄သု​ကုတ်​မြို့​သား​လူ​ငယ်​တစ်​ဦး​ကို​ဖမ်း​ဆီး​၍ စစ်​ဆေး​မေး​မြန်း​ကြည့်​ရာ ထို​သူ​ငယ်​က​သု​ကုတ် မြို့​မှ​ခေါင်း​ဆောင်​ခု​နစ်​ဆယ့်​ခု​နစ်​ယောက်​တို့ ၏​အ​မည်​များ​ကို​ဂိဒေါင်​အား​ရေး​ပေး​၏။-
15 ၁၅ ဂိဒေါင်သည်လည်း၊ သုကုတ်မြို့သားတို့ရှိရာသို့ လာ၍၊ သင်တို့က၊ ပင်ပန်းသော သင့်အမှုထမ်းတို့အား ငါတို့သည် မုန့်ကို ပေးရမည်အကြောင်း၊ ဇေဘဟနှင့် ဇာလမုန္နသည် သင့်လက်၌ရှိသလောဟု ငါ့ကို ကဲ့ရဲ့၍ သင်တို့ပြောသော ဇေဘဟနှင့် ဇာလမုန္နကို ကြည့်ကြလော့ဟုဆိုလျက်၊
၁၅ထို​နောက်​ဂိ​ဒေါင်​သည်​သု​ကုတ်​မြို့​သား​တို့​ထံ သွား​၍``ငါ့​အား​သင်​တို့​အ​ကူ​အ​ညီ​ပေး​ရန် ငြင်း​ဆို​ခဲ့​သည်​ကို​မှတ်​မိ​ကြ​လိမ့်​မည်။ သင် တို့​က​ငါ​သည်​ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​ကို ဖမ်း​ဆီး​၍​မ​ရ​သေး​သ​ဖြင့် ငါ​၏​မော​ပန်း နွမ်း​နယ်​နေ​သည့်​တပ်​သား​တို့​အား​စား​နပ် ရိက္ခာ​မ​ပေး​နိုင်​ဟု​ဆို​ခဲ့​ကြ​၏'' ဟု​ပြော ဆို​ပြီး​လျှင်၊-
16 ၁၆ ထိုမြို့၌ အသက်ကြီးသူတို့ကို ခေါ်၍ တောဆူးပင်အမျိုးမျိုးနှင့် သုကုတ်မြို့သားတို့ကို ဆုံးမလေ၏။
၁၆သဲ​ကန္တာရ​မှ​ဆူး​ခက်​များ​ကို​ယူ​၍ သု​ကုတ် မြို့​သား​ခေါင်း​ဆောင်​တို့​အား​ရိုက်​နှက်​လေ သည်။-
17 ၁၇ ပေနွေလမြို့ ရဲတိုက်ကိုလည်း ဖြိုဖျက်၍ မြို့သားတို့ကို ကွပ်မျက်လေ၏။
၁၇သူ​သည်​ပေ​နွေ​လ​မြို့​မှ​ခံ​တပ်​မျှော်​စင်​ကို လည်း​ဖြို​ချ​၍ ထို​မြို့​သား​တို့​ကို​သုတ်​သင် ပစ်​လိုက်​၏။
18 ၁၈ ထိုအခါ ဇေဘဟနှင့် ဇာလမုန္နတို့အား တာဗော်မြို့မှာ သင်တို့ သတ်ခဲ့သော သူတို့သည် အဘယ်သို့ သော သူဖြစ်သနည်းဟု မေးမြန်းသော်၊ ထိုသူတို့က၊ ကိုယ်တော်ဖြစ်သကဲ့သို့ သူတို့ရှိသမျှသည် ဖြစ်၍၊ ရှင်ဘုရင်သား၏ အဆင်းအရောင်နှင့် ပြည့်စုံကြပါ၏ဟု ပြန်ပြောသော်၊
၁၈ထို​နောက်​ဂိ​ဒေါင်​က ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့ အား``တာ​ဗော်​မြို့​၌​သင်​တို့​သတ်​ဖြတ်​ပစ်​သူ တို့​ကား မည်​သို့​သော​သူ​များ​ဖြစ်​သ​နည်း'' ဟု​မေး​၏။ သူ​တို့​က​လည်း``ထို​သူ​တို့​သည် သင်​နှင့်​အ​သွင် တူ​ပါ​သည်။ သူ​တို့​အား​လုံး​ပင်​လျှင် ဘု​ရင့်​သား တော်​များ​နှင့်​တူ​ကြ​ပါ​၏'' ဟု​ပြန်​ပြော​လေ သည်။
19 ၁၉ ဂိဒေါင်က၊ ထိုသူတို့သည် ငါ့အမိ၏သား၊ ငါ့ညီဖြစ်ပါသည်တကား၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်အတိုင်း၊ သင်တို့သည် သူတို့ကို အသက်ချမ်းသာပေးမိလျှင်၊ သင်တို့ကို ငါမသတ်ဘဲ နေလိမ့်မည် ဟု၊
၁၉ဂိ​ဒေါင်​က``သူ​တို့​သည်​ကား​ငါ့​အ​မိ​၏​သား များ​ဖြစ်​၍ ငါ​၏​ညီ​များ​ဖြစ်​သည်။ အ​ကယ် ၍​သင်​တို့​သည်​သူ​တို့​အား​မ​သတ်​ခဲ့​ပါ​မူ ငါ​သည်​လည်း​သင်​တို့​အား​သတ်​လိမ့်​မည် မ​ဟုတ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ကျိန်​ဆို​ပါ​၏'' ဟု​ပြော​၏။-
20 ၂၀ မိမိသားဦးယေသာအား၊ ဤသူတို့ကို ထ၍ သတ်လော့ဟုဆိုသော်လည်း၊ သားသည် အသက်အရွယ် ငယ်သောကြောင့်၊ ထားကို မဆွဲမထုတ်ဘဲ နေ၏။
၂၀ထို​နောက်​သူ​သည်​မိ​မိ​၏​သား​ဦး​ယေ​သာ အား ထို​သူ​တို့​ကို​ထ​၍​သတ်​ရန်​စေ​ခိုင်း​လေ သည်။ သို့​ရာ​တွင်​သူ​ငယ်​သည်​မိ​မိ​ဋ္ဌား​ကို​ဆွဲ ၍​မ​ထုတ်​ဘဲ​နေ​၏။ သူ​သည်​အ​သက်​အ​ရွယ် ငယ်​သော​ကြောင့်​ယင်း​သို့​တုံ့​နှေး​လျက်​နေ ခြင်း​ဖြစ်​သည်။
21 ၂၁ ဇေဘဟနှင့် ဇာလမုန္နတို့ကလည်း၊ ကိုယ်တော်တိုင်ထ၍ ငါတို့ကို လုပ်ကြံလော့။ လူဖြစ်သကဲ့သို့ သူ့အစွမ်းသတ္တိဖြစ်တတ်သည်ဟုဆိုလျှင်၊ ဂိဒေါင်သည် ထ၍ ဇေဘဟနှင့် ဇာလမုန္နကို သတ်သဖြင့်၊ သူတို့ ကုလားအုပ်၏ လည်ပင်း၌ ဆင်သော တန်ဆာတို့ကို ချွတ်ယူလေ၏။
၂၁ထို​အ​ခါ​ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့​က``ငါ တို့​အား​သင်​ကိုယ်​တိုင်​သတ်​ပါ​လော့။ လူ​ကြီး ပြု​ရ​မည့်​အ​မှု​ကို​လူ​ကြီး​သာ​လျှင်​ပြု​နိုင် ၏'' ဟု​ဆို​ကြ​၏။ ထို့​ကြောင့်​ဂိ​ဒေါင်​သည်​သူ​တို့ နှစ်​ယောက်​အား​သတ်​ပြီး​လျှင် သူ​တို့​ကု​လား အုတ်​များ​၏​လည်​ပင်း​၌​ဆင်​ယင်​ထား​သော တန်​ဆာ​တို့​ကို​ချွတ်​ယူ​လေ​သည်။
22 ၂၂ ထိုအခါ ဣသရေလလူတို့က၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မိဒျန်လူတို့လက်မှ ကယ်နှုတ်သော ကြောင့်၊ သားစဉ်မြေးဆက်နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု၊ ဂိဒေါင်အား လျှောက်ဆို ကြသော်၊
၂၂ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဂိ​ဒေါင်​အား``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား မိ​ဒျန်​အ​မျိုး​သား​များ​လက်​မှ​ကယ်​ဆယ်​ခဲ့ ပါ​၏။ ထို့​ကြောင့်​ကိုယ်​တော်​နှင့်​သား​မြေး​စဉ် ဆက်​အပေါင်း​သည် အ​ကျွန်ုပ်​တို့​ကို​အုပ်​စိုး တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။
23 ၂၃ ဂိဒေါင်က၊ ငါသည် သင်တို့ကို မအုပ်စိုးရ။ ငါ့သားလည်း မအုပ်စိုးရ။ ထာဝရဘုရားသည် သင်တို့ကို အုပ်စိုးတော်မူရ၏ဟူ၍၎င်း၊
၂၃ဂိ​ဒေါင်​က​လည်း``ငါ​သည်​သင်​တို့​အား​အုပ် စိုး​လိမ့်​မည်​မ​ဟုတ်။ ငါ​၏​သား​သည်​လည်း အုပ်​စိုး​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​အား​ထာ​ဝ​ရ ဘု​ရား​အုပ်​စိုး​တော်​မူ​လိမ့်​မည်'' ဟု​ပြန် ပြော​လေ​သည်။-
24 ၂၄ သို့ရာတွင် သင်တို့ရှိသမျှသည် လုယူ၍ ရသော နားတောင်းတို့ကို ပေးပါမည်အကြောင်း၊ ငါတောင်းချင် သည်ဟူ၍၎င်း ဆိုလေ၏။ ရန်သူတို့သည် ဣရှမေလအမျိုးဖြစ်၍ ရွှေနားတောင်းကို ဆင်တတ် ကြသတည်း။
၂၄သို့​ရာ​တွင်​သူ​သည်​ဆက်​လက်​၍``သင်​တို့​ထဲ မှ​ငါ​တောင်း​ခံ​လို​သည့်​အ​ရာ​တစ်​ခု​ရှိ​ပါ သည်။ သင်​တို့​ရ​ယူ​ထား​သည့်​ရွှေ​နား​ကွင်း များ​ကို​ငါ့​အား​ပေး​ကြ​လော့'' ဟု​ဆို​၏။ (မိ​ဒျန်​အ​မျိုး​သား​တို့​သည်​အခြား​သဲ​ကန္တာ​ရ နေ​သူ​များ​ကဲ့​သို့​ပင် ရွှေ​နား​ကွင်း​များ​ကို တပ်​ဆင်​လေ့​ရှိ​သ​တည်း။)
25 ၂၅ သူတို့ကလည်း၊ စင်စစ်ပေးပါမည်ဟုဆိုလျက် စောင်ကို ခင်း၍၊ လူအပေါင်းတို့သည် မိမိတို့ လုယူ၍ ရသော နားတောင်းများကို ချထားကြ၏။
၂၅လူ​တို့​က​လည်း``ရွှေ​နား​ကွင်း​များ​ကို အ​ကျွန်ုပ် တို့​ဝမ်း​မြောက်​စွာ​ကိုယ်​တော်​အား​ပေး​ပါ​မည်'' ဟု​ပြန်​လျှောက်​ပြီး​လျှင်​စောင်​ကို​ခင်း​၍ မိ​မိ တို့​ရ​ယူ​ထား​သ​မျှ​သော​နား​ကွင်း​များ​ကို လူ​တိုင်း​လာ​ရောက်​ချ​ထား​ကြ​၏။-
26 ၂၆ ဂိဒေါင်တောင်းသော ရွှေနားတောင်းများ အချိန်ကား၊ အခွက်တဆယ်ခုနစ်ပိဿာရှိ၏။ ထိုမှတပါး၊ မိဒျန်မင်းကြီး ဝတ်ဆင်သောတန်ဆာ၊ လည်ဆွဲ၊ နီမောင်းသောအဝတ်၊ ကုလားအုပ် လည်ကြိုးများကို ရသေး၏။
၂၆မိဒျန်​ဘု​ရင်​တို့​ဝတ်​ဆင်​ထား​သည့်​တန်​ဆာ များ၊ လည်​ဆွဲ​များ၊ နီ​မောင်း​သော​အ​ဝတ်​နှင့် ကု​လား​အုတ်​လည်​ပတ်​ကြိုး​များ​အ​ပြင်၊ ဂိ ဒေါင်​ရ​ရှိ​သည့်​ရွှေ​နား​ကွင်း​များ​၏​အ​လေး ချိန်​မှာ​ပေါင်​လေး​ဆယ်​ကျော်​ရှိ​သ​တည်း။
27 ၂၇ ထိုတန်ဆာတို့နှင့် ဂိဒေါင်သည် သင်တိုင်းတော်ကို လုပ်၍ မိမိနေရာ ဩဖရမြို့မှာ ထားသဖြင့်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုသင်တိုင်းတော်နှင့် မှားယွင်းလျက် သွားတတ်ကြ၏။ ထိုအမှုသည် ဂိဒေါင်နှင့် သူ၏အမျိုး ပြစ်မှားရာအကြောင်းဖြစ်သတည်း။
၂၇ဂိ​ဒေါင်​သည်​ထို​ရွှေ​များ​ဖြင့်​ရုပ်တု​တစ်​ခု​ကို သွန်း​လုပ်​ပြီး​လျှင် မိ​မိ​နေ​ထိုင်​ရာ​သြ​ဖ​ရ မြို့​၌​ထား​ရှိ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​လည်း ဘု​ရား​သ​ခင်​ကို​စွန့် ပစ်​ကာ​ထို​ရုပ်​တု​ကို​ဝတ်​ပြု​ကိုး​ကွယ်​ရန် သြ​ဖ​ရ​မြို့​သို့​သွား​ကြ​ကုန်​သည်။ ယင်း သည်​ဂိ​ဒေါင်​နှင့်​အိမ်​ထောင်​စု​အ​တွက် ကျော့​ကွင်း​သ​ဖွယ်​ဖြစ်​လာ​၏။
28 ၂၈ ထိုသို့ မိဒျန်အမျိုးသည် ဣသရေလအမျိုးရှေ့မှာ ရှုံး၍၊ နောက်တဖန် အစိုးမရဘဲ နေကြ၏။ ဂိဒေါင် လက်ထက်အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံး ငြိမ်းလေ၏။
၂၈သို့​ဖြစ်​၍​မိ​ဒျန်​အ​မျိုး​သား​တို့​သည် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​နှိမ်​နင်း​ခြင်း​ကို​ခံ ရ​၍ နောက်​တစ်​ဖန်​သူ​တို့​အ​တွက်​ခြိမ်း​ခြောက်​မှု အန္တ​ရာယ်​မ​ဖြစ်​တော့​ချေ။ တိုင်း​ပြည်​သည်​လည်း ဂိ​ဒေါင်​ကွယ်​လွန်​ချိန်​တိုင်​အောင် နှစ်​ပေါင်း​လေး ဆယ်​မျှ​ငြိမ်း​ချမ်း​သာ​ယာ​လျက်​နေ​သ​တည်း။
29 ၂၉ ယောရှသားယေရုဗ္ဗာလသည် မိမိအိမ်သို့ သွား၍ နေသတည်း။
၂၉ဂိ​ဒေါင်​သည်​မိ​မိ​၏​ကိုယ်​ပိုင်​နေ​အိမ်​သို့ ပြန် လည်​သွား​ရောက်​နေ​ထိုင်​လေ​သည်။-
30 ၃၀ ဂိဒေါင်သည် မယားများ၍၊ ကိုယ်ရသော သားခုနစ်ဆယ်ရှိ၏။
၃၀သူ​၌​မ​ယား​အ​မြောက်​အ​မြား​ရှိ​သ​ဖြင့် သား​ခု​နစ်​ဆယ်​ကို​ရ​၏။-
31 ၃၁ ရှေခင်မြို့၌ နေသော မယားငယ်သည် သားယောက်ျားကို ဘွားမြင်၍၊ ထိုသားကို အဘိမလက်အမည် ဖြင့် မှည့်လေ၏။
၃၁ရှေ​ခင်​မြို့​တွင်​လည်း​မယား​ငယ်​တစ်​ယောက်​ရှိ သ​ဖြင့် ထို​မ​ယား​မှ​သား​တစ်​ယောက်​ကို​ရ​ရှိ ပြန်​သည်။ သူ​သည်​ထို​သား​ကို​အ​ဘိ​မ​လက် ဟု​အ​မည်​မှည့်​၏။-
32 ၃၂ ယောရှသား ဂိဒေါင်သည် အသက်ကြီးရင့်သော် အနိစ္စရောက်၍၊ အဗျေဇာသားနေရာ ဩဖရမြို့မှာ၊ အဘယောရှသင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။
၃၂ယော​ရှ​၏​သား​ဂိ​ဒေါင်​သည်​အ​သက်​ကြီး​ရင့် ၍​ကွယ်​လွန်​သော်​သူ​၏​ရုပ်​အ​လောင်း​ကို အ​ဗျေ ဇာ​သား​ချင်း​စု​၏​ဌာ​နေ​ဖြစ်​သော​သြ​ဖ​ရ​မြို့ ရှိ​အ​ဖ​ယော​ရှ​၏​သင်္ချိုင်း​ဂူ​၌​သင်္ဂြိုဟ်​ကြ​၏။
33 ၃၃ ဂိဒေါင်သေသောအခါ၊ ဣသရေလအမျိုးသားတို့သည် ဖောက်ပြန်၍ ဗာလဘုရားတို့နှင့် မှားယွင်းသဖြင့်၊ ဗာလဗေရိတ်ကို ဘုရားအရာ၌ ချီးမြှောက်ကြ၏။
၃၃ဂိ​ဒေါင်​ကွယ်​လွန်​ပြီး​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ဘု​ရား​သ​ခင်​အား​တစ်​ဖန်​သစ္စာ ဖောက်​ကြ​ပြန်​၏။ ဗာ​လ​ဘု​ရား​များ​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​ပြန်​၏။ သူ​တို့​က​ပ​ဋိ​ညာဉ် ပြု​ထား​သည့်​ဗာ​လ​ဘု​ရား​ကို မိ​မိ​တို့​၏ ဘု​ရား​အ​ဖြစ်​ချီး​မြှောက်​ကာ၊-
34 ၃၄ ပတ်ဝန်းကျင်ရန်သူလက်မှ ကယ်နှုတ်တော်မူသော မိမိတို့ဘုရားသခင်ထာဝရဘုရားကို မအောက်မေ့ဘဲ၊
၃၄မိ​မိ​တို့​အား​ပတ်​လည်​ဝိုင်း​လျက်​နေ​သည့်​ရန် သူ​များ​၏​လက်​မှ ကယ်​ဆယ်​တော်​မူ​ခဲ့​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​မူ​ဝတ်​မ ပြု​တော့​ချေ။-
35 ၃၅ ဂိဒေါင်တည်းဟူသော ယေရုဗ္ဗာလသည် ဣသရေလအမျိုး၌ ပြုသမျှသော ကျေးဇူးနှင့်အညီ၊ သူ၏အမျိုး၌ ကျေးဇူးတို့ကို ပြန်၍ မပြုဘဲ နေကြ၏။
၃၅သူ​တို့​သည်​ဣ​သ​ရေ​လ​လူ​မျိုး​အ​တွက် ဂိ​ဒေါင် ပြု​ခဲ့​သ​မျှ​သော​ကောင်း​ကျိုး​များ​အ​တွက် သူ​၏​အိမ်​ထောင်​စု​သား​များ​အ​ပေါ်​တွင် ကျေး​ဇူး​ကန်း​ကြ​ကုန်​သည်။

< တရားသူကြီးမှတ်စာ 8 >