< တရားသူကြီးမှတ်စာ 8 >
1 ၁ ဧဖရိမ်လူတို့က၊ သင်သည် မိဒျန်လူတို့ကို တိုက်သွားသောအခါ၊ ငါတို့ကို မခေါ်ဘဲ ငါတို့၌ အဘယ်သို့ ပြုသနည်းဟု ကျပ်ကျပ်အပြစ်တင်ကြ၏။
Jo-Efraim nopenjo Gideon niya, “Angʼo ma omiyo isetimonwa kama? Angʼo ma notami luongowa kane idhi kedo gi jo-Midian?” Omiyo negidhawo kode matek.
2 ၂ ဂိဒေါင်ကလည်း၊ သင်တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုပြီးသနည်း။ အဗျေဇာစပျစ်သီး သိမ်းခြင်း ထက် ဧဖရိမ်လိုက်ကောက်ခြင်းသည် သာ၍ ကောင်းသည်မဟုတ်လော။
To nodwokogi niya, “Angʼo ma asetimo kipimo gi gima usetimo? Donge mzabibu mag Efraim modongʼ ber moloyo keyo maduongʼ mar mzabibu mar Abiezer?
3 ၃ ဘုရားသခင်သည် မိဒျန်ဗိုလ်ချုပ်ဩရဘနှင့် ဇေဘတို့ကို သင်တို့လက်၌ အပ်တော်မူပြီ။ သင်တို့ ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုနိုင်သနည်းဟု ပြန်ပြောသောစကားကို သူတို့သည် ကြားသောအခါ စိတ်ပြေကြ၏။
Nyasaye nochiwo Oreb kod Zeb, jotend jo-Midian, e lwetgi. En angʼo mane anyalo timo kipimo gi gima usetimo?” Kuom mano, ich wangʼ margi norumo.
4 ၄ ဂိဒေါင်သည် ယော်ဒန်မြစ်သို့ရောက်သောအခါ၊ သူ၌ရှိသော သူသုံးရာတို့သည် ပင်ပန်းလျက်နှင့် ကူး၍ လိုက်ကြ၏။
Kata obedo ni Gideon gi joge mia adek nool kamano, negimedo lawo ruodhi mag Midian mi gingʼado aora Jordan.
5 ၅ သုကုတ်မြို့သားတို့အားလည်း၊ ငါ့နောက်လိုက်သောသူတို့အား မုန့်ကို ပေးကြပါလော့။ သူတို့သည် ပင်ပန်းကြပြီ။ ငါသည် မိဒျန်မင်းကြီး ဇေဘဟနှင့် ဇာလမုန္နကို ယခု လိုက်ရှာပါ၏ဟု တောင်းသော် လည်း၊
Nowachone jo-Sukoth niya, “Miuru joga ma jolweny makati nikech giol, kendo pod alawo Zeba kod Zalmuna, ma gin ruodhi jo-Midian.”
6 ၆ သုကုတ်မင်းတို့က၊ ငါတို့သည် သင့်အမှုထမ်းတို့အား မုန့်ကို ပေးရမည်အကြောင်း၊ ဇေဘဟနှင့် ဇာလမုန္နသည် သင့်လက်၌ ရှိသလောဟု ပြန်ပြောကြ၏။
To jotelo mag Sukoth nowacho niya, “Bende usemako Zeba kod Zalmuna? Ere kaka dwami jolweny magi moolgi makati?”
7 ၇ ဂိဒေါင်ကလည်း၊ သို့ဖြစ်၍ ထာဝရဘုရားသည် ဇေဘဟနှင့် ဇာလမုန္နတို့ကို ငါ့လက်၌ အပ်တော်မူသော အခါ၊ သင်တို့ ကျောကွဲအောင် တောဆူးပင်အမျိုးမျိုးနှင့် ငါရိုက်မည်ဟုဆိုပြီးလျှင်၊
Eka Gideon nodwoko niya, “Nikech gima uwacho, ka Jehova Nyasaye osechiwo Zeba gi Zalmuna e lweta, to abiro yuyo ringreu gi pedo kod matata.”
8 ၈ ထိုအရပ်က ပေနွေလမြို့သို့ သွား၍၊ သူတို့အား ထိုနည်းတူ တောင်းသော်လည်း၊ သုကုတ်မြို့သားတို့ ပြန်ပြောသည်နည်းတူ၊ ပေနွေလမြို့သားတို့သည် ပြန်ပြောကြ၏။
Noa kanyo kodhi Peniel kendo ochiwonegi kwayo makamano, to negidwoko mana kaka jo-Sukoth nowacho.
9 ၉ ဂိဒေါင်ကလည်း၊ ငါသည် တဖန် ငြိမ်ဝပ်စွာ လာသောအခါ၊ ဤရဲတိုက်ကို ဖြိုဖျက်မည်ဟု သူတို့အား ဆို၏။
Omiyo nowachone jo-Peniel niya, “Ka aduogo gi loch, to abiro muko bath ohinga moger motingʼore gi malo.”
10 ၁၀ ထိုအခါ ထားကိုင်သော လူတသိန်းနှစ်သောင်း သေသောကြောင့်၊ အရှေ့မျက်နှာအရပ်သားအပေါင်း တို့တွင် ကျန်ကြွင်းသော လူတသောင်းငါးထောင်ခန့်မျှသာပါလျက်၊ ဇေဘဟနှင့် ဇာလမုန္နတို့သည် ကာကော်မြို့၌ ရှိကြ၏။
Noyudo ka Zeba gi Zalmuna neni Karkor kaachiel gi jolweny mage manyalo romo ji alufu apar gabich, ne gin jolweny mane odongʼ kuom jolweny mag wuok chiengʼ, to jolweny alufu mia achiel gi piero ariyo nonegi e lweny.
11 ၁၁ ဂိဒေါင်သည် နောဗာမြို့၊ ယုဗ္ဗေဟမြို့အရှေ့၊ တဲ၌ နေသူတို့လမ်းဖြင့် ချီသွား၍၊ မစိုးရိမ်ဘဲနေသော မိဒျန်တပ်ကို လုပ်ကြံသဖြင့်၊
Gideon nodhi koluwo yo jokwath mantiere yo wuok chiengʼ mar Noba kod Jogbeha mi nodonjo kuom jolweny mamoko apoya.
12 ၁၂ မိဒျန်မင်းကြီးဇေဘဟနှင့် ဇာလမုန္နပြေးသောအခါ၊ ဂိဒေါင်သည် လိုက်၍ တပ်ကို ဖျက်လေ၏။
Zeba gi Zalmuna, ma ruodhi ariyo mag Midian, noringo, to nolawogi mi omakogi, kendo makogino nokelo luoro maduongʼ ne jolwenjgi.
13 ၁၃ ယောရှသားဂိဒေါင်သည် နေမထွက်မှီ စစ်တိုက်ရာမှ ပြန်လာ၍၊
Bangʼ mano Gideon wuod Joash noduogo koa e lweny koluwo yor Heres.
14 ၁၄ သုကုတ်မြို့သား လုလင်တယောက်ကို ဘမ်းမိ၍ မေးစစ်လျှင်၊ ထိုသူသည် သုကုတ်မြို့အရာရှိ၊ အသက်ကြီးသူခုနစ်ဆယ်ခုနစ်ယောက်တို့၏ အမည်အသီးအသီးတို့ကို ပြောလေ၏။
Nomako wuod Sukoth mi openje penjo, kendo wuowino nondikone nying ruodhi piero abiro gabiriyo mag Sukoth.
15 ၁၅ ဂိဒေါင်သည်လည်း၊ သုကုတ်မြို့သားတို့ရှိရာသို့ လာ၍၊ သင်တို့က၊ ပင်ပန်းသော သင့်အမှုထမ်းတို့အား ငါတို့သည် မုန့်ကို ပေးရမည်အကြောင်း၊ ဇေဘဟနှင့် ဇာလမုန္နသည် သင့်လက်၌ရှိသလောဟု ငါ့ကို ကဲ့ရဲ့၍ သင်တို့ပြောသော ဇေဘဟနှင့် ဇာလမုန္နကို ကြည့်ကြလော့ဟုဆိုလျက်၊
Eka Gideon nobiro mi owachone jo-Sukoth niya, “Eri Zeba gi Zalmuna, mane osemiyo uchaya kuwacho ni, ‘Bende usemako Zeba gi Zalmuna? Ere kaka dwami jolweny magi moolgi makati?’”
16 ၁၆ ထိုမြို့၌ အသက်ကြီးသူတို့ကို ခေါ်၍ တောဆူးပင်အမျိုးမျိုးနှင့် သုကုတ်မြို့သားတို့ကို ဆုံးမလေ၏။
Nokawo jodong dalano mi okawo pedo kod matata mokumogo jo-Sukoth.
17 ၁၇ ပေနွေလမြို့ ရဲတိုက်ကိုလည်း ဖြိုဖျက်၍ မြို့သားတို့ကို ကွပ်မျက်လေ၏။
Bende nomuko kama oger motingʼore gi malo mar Peniel mi onego jo-dalano.
18 ၁၈ ထိုအခါ ဇေဘဟနှင့် ဇာလမုန္နတို့အား တာဗော်မြို့မှာ သင်တို့ သတ်ခဲ့သော သူတို့သည် အဘယ်သို့ သော သူဖြစ်သနည်းဟု မေးမြန်းသော်၊ ထိုသူတို့က၊ ကိုယ်တော်ဖြစ်သကဲ့သို့ သူတို့ရှိသမျှသည် ဖြစ်၍၊ ရှင်ဘုရင်သား၏ အဆင်းအရောင်နှင့် ပြည့်စုံကြပါ၏ဟု ပြန်ပြောသော်၊
Eka nopenjo Zeba kod Zalmuna niya, “Ne inego ji machalo nade Tabor?” Negidwoke niya, “Ji machalo kodi, ma ngʼato ka ngʼato ne nigi kido machalo mar ruoth.”
19 ၁၉ ဂိဒေါင်က၊ ထိုသူတို့သည် ငါ့အမိ၏သား၊ ငါ့ညီဖြစ်ပါသည်တကား၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်အတိုင်း၊ သင်တို့သည် သူတို့ကို အသက်ချမ်းသာပေးမိလျှင်၊ သင်တို့ကို ငါမသတ်ဘဲ နေလိမ့်မည် ဟု၊
Gideon nodwoko niya, “Mago ne owetena, yawuot minwa owuon. Akwongʼora gi nying Jehova Nyasaye mangima ni ka dine ingʼwononegi, to dine ok anegou.”
20 ၂၀ မိမိသားဦးယေသာအား၊ ဤသူတို့ကို ထ၍ သတ်လော့ဟုဆိုသော်လည်း၊ သားသည် အသက်အရွယ် ငယ်သောကြောင့်၊ ထားကို မဆွဲမထုတ်ဘဲ နေ၏။
Eka nonyiso wuode maduongʼ miluongo ni Jetha niya, “Neg-gi!” To Jetha ne ok owuodho liganglane, nikech ne pod en rawera kendo noluor.
21 ၂၁ ဇေဘဟနှင့် ဇာလမုန္နတို့ကလည်း၊ ကိုယ်တော်တိုင်ထ၍ ငါတို့ကို လုပ်ကြံလော့။ လူဖြစ်သကဲ့သို့ သူ့အစွမ်းသတ္တိဖြစ်တတ်သည်ဟုဆိုလျှင်၊ ဂိဒေါင်သည် ထ၍ ဇေဘဟနှင့် ဇာလမုန္နကို သတ်သဖြင့်၊ သူတို့ ကုလားအုပ်၏ လည်ပင်း၌ ဆင်သော တန်ဆာတို့ကို ချွတ်ယူလေ၏။
Zeba gi Zalmuna nowacho niya, “Bi inegwa mana in iwuon nimar in e ngʼat maduongʼ maratego.” Omiyo Gideon nosudo machiegni kodgi monegogi, bangʼe nokawo pien mane ni e ngʼut ngamia mag-gi.
22 ၂၂ ထိုအခါ ဣသရေလလူတို့က၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မိဒျန်လူတို့လက်မှ ကယ်နှုတ်သော ကြောင့်၊ သားစဉ်မြေးဆက်နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု၊ ဂိဒေါင်အား လျှောက်ဆို ကြသော်၊
Jo-Israel nowachone Gideon niya, “Bed jatendwa, in kaachiel gi wuodi kod nyakwari ma wuowi, nikech iseresowa e lwet jo-Midian.”
23 ၂၃ ဂိဒေါင်က၊ ငါသည် သင်တို့ကို မအုပ်စိုးရ။ ငါ့သားလည်း မအုပ်စိုးရ။ ထာဝရဘုရားသည် သင်တို့ကို အုပ်စိုးတော်မူရ၏ဟူ၍၎င်း၊
To Gideon nokonegi niya, “Ok anabed jatendu, kata wuoda bende ok nobed jatendu. Jehova Nyasaye ema biro bedo jatendu.”
24 ၂၄ သို့ရာတွင် သင်တို့ရှိသမျှသည် လုယူ၍ ရသော နားတောင်းတို့ကို ပေးပါမည်အကြောင်း၊ ငါတောင်းချင် သည်ဟူ၍၎င်း ဆိုလေ၏။ ရန်သူတို့သည် ဣရှမေလအမျိုးဖြစ်၍ ရွှေနားတောင်းကို ဆင်တတ် ကြသတည်း။
Kendo nowacho niya, “An-gi kwayo achiel, ni ngʼato ka ngʼato kuomu omiya stadi kuom pok mag gik mane uyako.” Ne en kit jo-Ishmael mondo gilier stadi mar dhahabu e itgi.
25 ၂၅ သူတို့ကလည်း၊ စင်စစ်ပေးပါမည်ဟုဆိုလျက် စောင်ကို ခင်း၍၊ လူအပေါင်းတို့သည် မိမိတို့ လုယူ၍ ရသော နားတောင်းများကို ချထားကြ၏။
Negidwoko niya, “En morwa mondo wachiwgi.” Omiyo ne gipedho nanga, kendo ngʼato ka ngʼato nodiro stadi koa kuom gik mane giyako e nangano.
26 ၂၆ ဂိဒေါင်တောင်းသော ရွှေနားတောင်းများ အချိန်ကား၊ အခွက်တဆယ်ခုနစ်ပိဿာရှိ၏။ ထိုမှတပါး၊ မိဒျန်မင်းကြီး ဝတ်ဆင်သောတန်ဆာ၊ လည်ဆွဲ၊ နီမောင်းသောအဝတ်၊ ကုလားအုပ် လည်ကြိုးများကို ရသေး၏။
Pek mar stadi mag dhahabu mane okwayo ne oromo shekel alufu achiel gi mia abiriyo, ka ok okwano bangli, odeyo kod nengni maralik mirwako gi ruodhi mag Midian kata nyoroche mane ni e ngʼut ngamia margi.
27 ၂၇ ထိုတန်ဆာတို့နှင့် ဂိဒေါင်သည် သင်တိုင်းတော်ကို လုပ်၍ မိမိနေရာ ဩဖရမြို့မှာ ထားသဖြင့်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုသင်တိုင်းတော်နှင့် မှားယွင်းလျက် သွားတတ်ကြ၏။ ထိုအမှုသည် ဂိဒေါင်နှင့် သူ၏အမျိုး ပြစ်မှားရာအကြောင်းဖြစ်သတည်း။
Gideon noloso kido mar nyasaye manono mar efod gi dhahabu, ma noketo e dalane miluongo ni Ofra. Jo-Israel duto notimo timbe mag dwanyruok e kindgi giwegi ka gilamo kidono kanyo kendo nobedo obadho ni Gideon kod dalane.
28 ၂၈ ထိုသို့ မိဒျန်အမျိုးသည် ဣသရေလအမျိုးရှေ့မှာ ရှုံး၍၊ နောက်တဖန် အစိုးမရဘဲ နေကြ၏။ ဂိဒေါင် လက်ထက်အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံး ငြိမ်းလေ၏။
Kamano e kaka jo-Midian noloo gi jo-Israel kendo ne ok gichako gitugo lweny moro kendo. E kinde ma Gideon ne pod ngima, pinyno nobedo gi kwe kuom higni piero angʼwen.
29 ၂၉ ယောရှသားယေရုဗ္ဗာလသည် မိမိအိမ်သို့ သွား၍ နေသတည်း။
Jerub-Baal wuod Joash nodok dala.
30 ၃၀ ဂိဒေါင်သည် မယားများ၍၊ ကိုယ်ရသော သားခုနစ်ဆယ်ရှိ၏။
Ne en-gi yawuowi piero abiriyo ma mage owuon, nimar ne en-gi mon mangʼeny.
31 ၃၁ ရှေခင်မြို့၌ နေသော မယားငယ်သည် သားယောက်ျားကို ဘွားမြင်၍၊ ထိုသားကို အဘိမလက်အမည် ဖြင့် မှည့်လေ၏။
Bende ne en gi jatich madhako mane odak Shekem, mane onywolone wuowi miluongo ni Abimelek.
32 ၃၂ ယောရှသား ဂိဒေါင်သည် အသက်ကြီးရင့်သော် အနိစ္စရောက်၍၊ အဗျေဇာသားနေရာ ဩဖရမြို့မှာ၊ အဘယောရှသင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။
Gideon wuod Joash notho ka en-gi higni mathoth kendo noyike e liend wuon mare Joash man Ofra dala jo-Abiezer.
33 ၃၃ ဂိဒေါင်သေသောအခါ၊ ဣသရေလအမျိုးသားတို့သည် ဖောက်ပြန်၍ ဗာလဘုရားတို့နှင့် မှားယွင်းသဖြင့်၊ ဗာလဗေရိတ်ကို ဘုရားအရာ၌ ချီးမြှောက်ကြ၏။
Bangʼ ka Gideon nosetho jo-Israel nochako timo timbe dwanyruok kalamo Baal. Negiketo Baal-Berith kaka nyasachgi,
34 ၃၄ ပတ်ဝန်းကျင်ရန်သူလက်မှ ကယ်နှုတ်တော်မူသော မိမိတို့ဘုရားသခင်ထာဝရဘုရားကို မအောက်မေ့ဘဲ၊
kendo ne ok giparo Jehova Nyasaye ma Nyasachgi, mane oseresogi e lwet jowasikgi duto koni gi koni.
35 ၃၅ ဂိဒေါင်တည်းဟူသော ယေရုဗ္ဗာလသည် ဣသရေလအမျိုး၌ ပြုသမျှသော ကျေးဇူးနှင့်အညီ၊ သူ၏အမျိုး၌ ကျေးဇူးတို့ကို ပြန်၍ မပြုဘဲ နေကြ၏။
Bende negitamore timo ngʼwono ni joka Jerub-Baal (mano en Gideon) kuom gigo mabeyo duto mane osetimonigi.