< တရားသူကြီးမှတ်စာ 5 >
1 ၁ ထိုနေ့၌ ဒေဗောရနှင့် အဘိနောင်၏ သားဗာရက်တို့ဆိုသော သီချင်းစကားဟူမူကား၊
Nomusi uyo Dhibhora naBharaki mwanakomana waAbhinoami vakaimba rwiyo urwu runoti:
2 ၂ ဣသရေလအမျိုး၌ မင်းတို့သည် အဦးပြုသောကြောင့်၎င်း၊ ဆင်းရဲသားတို့သည် စေတနာစိတ်နှင့် မိမိကိုယ်ကို လှူသောကြောင့်၎င်း၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
“Kana machinda aIsraeri achitungamirira, kana vanhu vachizvipira pachavo Jehovha ngaarumbidzwe!”
3 ၃ အိုရှင်ဘုရင်တို့ ကြားကြလော့။ အိုမင်းသားတို့ နားထောင်ကြလော့။ ငါသီချင်းဆိုမည်။ ထာဝရဘုရား အား သီချင်းဆိုမည်။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းမည်။
“Inzwai izvi, imi madzimambo! Teererai imi vatongi! Ndichaimbira Jehovha, ini ndichaimba; ndichaimbira Jehovha, Mwari waIsraeri.
4 ၄ အိုထာဝရဘုရား၊ ကိုယ်တော်သည် စိရတောင်ရိုးပေါ်မှ ကြွ၍ ဧဒုံတောမှ စစ်ချီတော်မူသောအခါ၊ မြေကြီးလှုပ်၍ မိုဃ်းရွာသဖြင့် မိုဃ်းတိမ်တို့မှ မိုဃ်းရေသည် စီးပါ၏။
“Haiwa Jehovha, pamakabuda kubva muSeiri, pamakafamba muchibva munyika yeEdhomu, Nyika yakadengenyeka, matenga akadurura, makore akadurura mvura pasi.
5 ၅ တောင်ရိုးတို့သည် ထာဝရဘုရားရှေ့တော်၌၎င်း၊ သိနာတောင်သည်လည်း ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌၎င်း တုန်လှုပ်ပါ၏။
Makomo akadengenyeka pamberi paJehovha, Iye weSinai, pamberi paJehovha, Mwari weIsraeri.
6 ၆ အာနတ်သားရှံဂါမင်းလက်ထက်၌၎င်း၊ ယေလမင်းလက်ထက်၌၎င်း၊ လမ်းမတို့သည် ဆိတ်ညံလျက် ရှိ၍ ခရီးသွားသော သူတို့သည် လမ်းကြားတို့၌ လိုက်သွားရကြ၏။
“Mumazuva aShamugari mwanakomana waAnati, mumazuva aJaeri, migwagwa yakasiyiwa; vafambi vakafamba nenzira dzinopoterera.
7 ၇ ဣသရေလအမျိုး၌ မင်းဆက်ပြတ်လျက်ရှိ၏။ ငါဒေဗောရသည် မပေါ်၊ ငါသည် ဣသရေလအမျိုး၌ အမိမပေါ်ထွန်းမှီတိုင်အောင် မင်းဆက်ပြတ်လျက် ရှိ၏။
Upenyu hwomumisha hwakapera, hwakapera kusvikira ini Dhibhora, ndasimuka, ndasimuka ini mai muIsraeri.
8 ၈ ဣသရေလအမျိုးသားတို့သည် ဘုရားသစ်တို့ကို ရွေးယူကြ၏။ ထိုအခါ သူတို့မြို့များကို ရန်သူတို့သည် တိုက်လာကြ၏။ ဣသရေလအမျိုးသားလေးသောင်းတွင် ဒိုင်းလွှား တခု၊ လှံတစင်းမျှ မရှိ။
Pavakasarudza vamwari vatsva, hondo yakauya ichibva nokumasuo eguta, uye hakuna nhoo kana pfumo zvakaonekwa pakati pezviuru makumi mana muIsraeri.
9 ၉ စေတနာစိတ်ရှိ၍ ဆင်းရဲသားတို့တွင် မိမိကိုယ်ကို လှူသော ဣသရေလအမျိုး မင်းတို့အား ငါစိတ်နူးညွတ်၏။ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
Mwoyo wangu uri pamachinda eIsraeri, navaya vanozvipira pakati pavanhu. Rumbidzai Jehovha!
10 ၁၀ ဖြူသော မြည်းကို စီးသောသူ၊ တရားမှုကို စီရင်သောသူ၊ လမ်း၌သွားသောသူတို့၊
“Imi munotasva mbongoro chena, mugere pamachira ezvigaro zvenyu, nemi munofamba munzira, cherechedzai
11 ၁၁ ရေကျင်းများအနားမှာ လက်ရဥစ္စာကို ဝေမျှသော သူတို့၏ အသံကို ကြားသောအခါ သီချင်းဆိုကြလော့။ ထာဝရဘုရား၏ တရားသောအမှု၊ ဣသရေလမြို့ရွာတို့၌ တရားသဖြင့် ပြုတော်မူသော အမှုတို့ကို ထိုအရပ်တို့တွင် ချီးမွမ်းကြလိမ့်မည်။ ထိုအခါ ထာဝရဘုရား၏ လူတို့သည် မိမိတို့နေသော မြို့သို့ ပြန်သွားကြလိမ့်မည်။
inzwi ravaimbi panzvimbo dzemvura. Vanodetemba mabasa akarurama aJehovha, Mabasa akarurama avarwi vake muIsraeri. “Ipapo vanhu vaJehovha vakaburuka vakaenda kusuo reguta.
12 ၁၂ နိုးပါ၊ နိုးပါ၊ ဒေဗောရ။ နိုးပါ၊ နိုးပါ၊ သီချင်းဆိုပါ၊ အိုဗာရက်၊ ထပါ၊ အဘိနောင်သား၊ သင်ဘမ်းဆီး ချုပ်ထားသော သူတို့ကို ထုတ်ပြပါ။
‘Muka, muka, Dhibhora! Muka, muka, uimbe rwiyo! Simuka, Bharaki! Tapa vatapwa vako, iwe mwanakomana waAbhinoami.’
13 ၁၃ ထိုအခါ ကျန်ကြွင်းသော သူတို့သည် သူရဲကြီးတို့ထံသို့ ဆင်းကြ၏။ ထာဝရဘုရား၏လူတို့သည် အစွမ်းတန်ခိုးကြီးသော သူတို့ထံသို့ ငါ့အဘို့ ဆင်းကြ၏။
“Ipapo varume vakanga vasara vakaburuka vakaenda kumakurukota; vanhu vaJehovha vakauya kwandiri navane simba.
14 ၁၄ အာမလက်လူနေရာအနားမှာ နေရာကျသော သူတို့သည် ဧဖရိမ်ခရိုင်ထဲက ထွက်လာကြ၏။ သူတို့နောက်မှာ သင်၏ ဗိုလ်ခြေတို့တွင် ဗင်္ယာမိန်အမျိုးသားတို့သည် လိုက်ကြ၏။ မာခိရအမျိုးထဲက မင်းများ၊ ဇာဗုလုန်အမျိုးထဲက စီရင်တတ်သော သူများတို့သည် ထွက်လာကြ၏။
Vamwe vakauya vachibva kwaEfuremu, midzi yavo yakanga iri muna Amareki; Bhenjamini akanga ari pakati pavanhu vakakutevera iwe. Kubva kuna Makiri vatungamiri vakaburuka, kubva kuZebhuruni avo vanotakura tsvimbo yomutungamiri wehondo.
15 ၁၅ ဣသခါမင်းတို့သည်လည်း၊ ဒေဗောရ၌ ပါ၍ ဣသခါအမျိုးသည် ဗာရက်၏ လက်ရုံးဖြစ်၏။ ဗာရက်နောက်မှာ ချိုင့်ထဲသို့ ပြေးလိုက်ကြ၏။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံးပြ ဌာန်းခြင်း များကြ၏။
Machinda aIsakari akanga ana Dhibhora; hongu Isakari akanga ana Bharaki, vachimhanyira kumupata vachimutevera. Mudunhu raRubheni makanga muno kunzvera kwomwoyo kukuru.
16 ၁၆ နောက်တဖန် သင်သည် သိုးမြည်သံကို နားထောင်ခြင်းငှါ တောင်ကြားမှာ အဘယ်ကြောင့် ထိုင်နေသနည်း။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံး တွန့်တိုခြင်းများကြသည်တကား။
Seiko wakagara pakati pezvoto kuti unzwe muridzo unoridzirwa matanga emakwai? Mudunhu raRubheni makanga muno kunzvera kwomwoyo kukuru.
17 ၁၇ ဂိလဒ်ပြည်သားတို့သည် ယော်ဒန်မြစ်တဘက်၌ ငြိမ်ဝပ်စွာ နေကြ၏။ ဒန်းအမျိုးသည် သင်္ဘောဆိပ် အနားမှာ အဘယ်ကြောင့် နေရစ်သနည်း။ အာရှာအမျိုးသည်လည်း ပင်လယ်ကမ်းနားသင်္ဘော ဆိုက်ရာ ကွေ့တို့၌ မလှုပ်ဘဲငြိမ်ဝပ်စွာ နေသည်တကား။
Gireadhi akagara mhiri kwaJorodhani. Uye Dhani akasarireiko pazvikepe? Asha akasara zvake pamahombekombe Uye akagara zvake panopinda mvura dzegungwa.
18 ၁၈ ဇာဗုလုန်အမျိုးသည် အသက်ကို စွန့်စားသည်တိုင်အောင် ရဲရင့်၍ နဿလိအမျိုးသည် မြင့်သော တောအရပ်၌ ထိုနည်းတူပြု၏။
Vanhu veZebhuruni vakaisa upenyu hwavo panjodzi; neNafutari yakadarowo panzvimbo dzakakwirira dzeminda.
19 ၁၉ ရှင်ဘုရင်တို့သည် လာ၍ စစ်တိုက်ကြ၏။ ခါနနိရှင်ဘုရင်တို့သည် မေဂိဒ္ဒေါအိုင်၊ တာနက်မြို့အနားမှာ တိုက်သော်လည်း၊ ငွေကို လုယူ၍ မရကြ။
“Madzimambo akauya, akarwa; madzimambo eKenani akarwa paTaanaki pamvura zhinji yeMegidho, asi havana kudzoka vakatakura sirivha, kana zvakapambwa.
20 ၂၀ ကောင်းကင်မှ စစ်ကူကြ၏။ ကြယ်တို့သည် လှည့်ပတ်စဉ်အခါသိသရကို စစ်တိုက်ကြ၏။
Kubva kumatenga nyeredzi dzakarwa, dziri panzira dzadzo dzakarwa naSisera.
21 ၂၁ ကိရှုန်မြစ်၊ စစ်မှုကြောင့် ကျော်စောသောမြစ်၊ ကိရှုန်မြစ်သည် ရန်သူတို့ကို ပယ်သွား၏။ အိုငါ့ဝိညာဉ်၊ သင်သည် ခွန်အား ကြီးသော သူကို နှိပ်နင်းပြီ။
Rwizi Kishoni rwakavakukura, irwo rwizi rwakare, rwizi Kishoni. Pfuurira mberi, mweya wangu, simba!
22 ၂၂ ထိုအခါ မြင်းစီးသူရဲတို့သည် မြင်းကို နှင်လျက် နှင်လျက် စီးသောကြောင့်၊ မြင်းတို့သည် မြေကို ခွာနှင့် ထိခိုက်လျက် ပြေးကြ၏။
Ipapo mahwanda amabhiza akatinhira, kumhanya, kumhanya kwoune simba.
23 ၂၃ မေရောဇမြို့သားတို့သည် ထာဝရဘုရားဘက်၊ စစ်သူရဲတို့နှင့် ဝိုင်း၍ ထာဝရဘုရားဘက်သို့ မကူကြသောကြောင့်၊ မေရောဇမြို့ကို ကျိန်ကြလော့။ မြို့သားတို့ကို ပြင်းစွာ ကျိန်ကြလော့ဟု ထာဝရ ဘုရား၏ကောင်းကင်တမန်သည် မှာထား၏။
Mutumwa waJehovha akati, ‘Tuka Merozi. Tuka vanhu varo zvikuru kwazvo, nokuti havana kuuya kuzobatsira Jehovha, kubatsira Jehovha kurwisa vane simba.’
24 ၂၄ ကေနိအမျိုးသား ဟေဗာ၏မယားယေလသည်၊ မိန်းမတကာတို့ထက် မြက်စွာသော မင်္ဂလာရှိ၏။ တဲ၌နေသော မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိ၏။
“Jaeri ngaave mukadzi akaropafadzwa zvikuru, iye mukadzi waHebheri muKeni, akaropafadzwa kwazvo kupfuura vakadzi vagere mutende.
25 ၂၅ ထိုသူသည် ရေကို တောင်း၍ ယေလသည် နို့ကို ပေး၏။ မင်းသုံးသော ဖလားနှင့် နို့ဓမ်းကို ဆက်လေ၏။
Akakumbira mvura, iye akamupa mukaka; akamuvigira mukaka wakakora mundiro yakafanira makurukota.
26 ၂၆ တဲတံသင်ကို ယူ၍ လက်ျာလက်နှင့် လက်ရိုက်ကို ကိုင်လျက် သိသရကို ရိုက်လေ၏။ သူ၏ ခေါင်းကို ထိုးရိုက်၍ နားပန်းကို ထုတ်ချင်းခွင်းဖောက်လေ၏။
Ruoko rwake rwakatambanudzirwa pambambo yetende, ruoko rwake rworudyi kunyundo yomuvezi. Akabaya Sisera, akapwanya musoro wake, akapwanya uye akabvoora zvavovo zvake.
27 ၂၇ သူသည် ယေလခြေရင်း၌ ကျ၍ လဲလျက် တုံးလုံးနေ၏။ ခြေရင်း၌ ကျလဲ၍ ကျရာအရပ်၌ သေလျက် လဲနေ၏။
Patsoka dzake, akanyura, akawa; hoyo akatandavarapo. Patsoka dzake akanyura, akawa; paakanyura, ndipo paakawira, akafa.
28 ၂၈ သိသရအမိသည် ပြတင်းပေါက်ဝဖြင့် ကြည့်၍ ကုလားကာအတွင်း၌ နေလျက်၊ သူ၏ ရထားသည် အဘယ်ကြောင့် လာခဲသနည်း။ ရထားဘီးတို့သည် အဘယ်ကြောင့် နှေးသနည်းဟု မြည်တမ်းလေ၏။
“Napawindo mai vaSisera vakadongorera; vari seri kworutanda, vakadanidzira vachiti, ‘Seiko ngoro yake yanonoka kusvika? Seiko kurira kwengoro dzake kwanonoka?’
29 ၂၉ ပညာရှိသော မင်းသမီးတို့သည် ပြန်လျှောက်သည်သာမက၊ သူ့ကိုယ်တိုင် ပြန်ပြောသည်ကား၊
Vakadzi vokwake vakachenjera kukunda vose vanomupindura; zvirokwazvo, anoramba achiti,
30 ၃၀ သူတို့သည် တွေ့၍ရသော ဥစ္စာကို ဝေဖန်လျက် နေကြသည်မဟုတ်လော။ စစ်သူရဲတို့အား အပျိုကညာ တယောက်နှစ်ယောက်စီ၊ သိသရဘို့ ပန်းဆိုးသော အဝတ်၊ ပန်းဆိုး၍ ချယ်လှယ်သော အဝတ်တန်ဆာ၊ အောင်သောသူတို့၏ လည်ပင်း၌ ဆင်စရာဘို့ ပန်းဆိုး၍ ချယ်လှယ်လျက် အဆင်းအရောင် ထူးခြား သော အဝတ်တန်ဆာကို လုယူ၍ ဝေဖန်လျက် နေကြသည် မဟုတ်လောဟု သိသရ၏ အမိသည် ဆိုတတ်၏။
‘Ko, havasi kuwana nokugoverana zvakapambwa here vachiti, musikana mumwe chete kana vaviri pamurume mumwe chete, nguo dzina mavara dzezvakapambwa zvaSisera, nguo dzina mavara dzakarukwa, nguo dzakanyatsorukwa dzomutsipa wangu, zvose izvi zviri zvakapambwa?’
31 ၃၁ အိုထာဝရဘုရား၊ ကိုယ်တော်၏ ရန်သူအပေါင်းတို့သည် ထိုသို့ ပျက်စီးခြင်းသို့ ရောက်ကြပါစေသော။ ထာဝရဘုရားကို ချစ်သောသူတို့သည် အရှိန်တန်ခိုးနှင့် ထွက်သွားသော နေမင်းကဲ့သို့ဖြစ်ပါစေသောဟု သီချင်းဆိုကြ၏။ ထို့နောက် အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံးငြိမ်းလေ၏။
“Saka vavengi venyu vose ngavaparare, imi Jehovha! Asi vanokudai ngavave sezuva parinobuda nesimba raro.” Ipapo nyika yakava norugare kwamakore makumi mana.