< တရားသူကြီးမှတ်စာ 4 >
1 ၁ ဧဟုဒသေသောနောက်၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား ရှေ့တော်၌ တဖန် ဒုစရိုက်ကို ပြုသောကြောင့်၊
Porém os filhos d'Israel tornaram a fazer o que parecia mal aos olhos do Senhor, depois de fallecer Ehud.
2 ၂ ထာဝရဘုရားသည် ဟာဇော်မြို့၌ မင်းပြုသော ခါနာန်ရှင်ဘုရင်ရာဘိန်၌ ရောင်းတော်မူ၏။ သူခန့်ထားသော ဗိုလ်ချုပ်မင်းကား၊ ဂေါအိမ်ပြည်ဟာရောရှက်မြို့၌ နေသော သိသရတည်း။
E vendeu-os o Senhor em mão de Jabin, rei de Canaan, que reinava em Hazor: e Sisera era o capitão do seu exercito, o qual então habitava em Haroseth dos gentios.
3 ၃ ထိုမင်း၌ သံရထားကိုးရာရှိ၏။ ဣသရေလအမျိုးသားတို့ကို အနှစ်နှစ်ဆယ်ပတ်လုံး အလွန်ညှဉ်းဆဲ သောကြောင့်၊ သူတို့သည် ထာဝရဘုရားကို အော်ဟစ်ကြ၏။
Então os filhos d'Israel clamaram ao Senhor, porquanto elle tinha novecentos carros ferrados, e vinte annos opprimia os filhos d'Israel violentamente.
4 ၄ ထိုကာလအခါ လပိဒုတ်မြို့သား ပရောဖက်မ ဒေဗောရသည် ဣသရေလအမျိုးကို အုပ်စိုး၏။
E Debora, mulher prophetiza, mulher de Lappidoth, julgava a Israel n'aquelle tempo.
5 ၅ သူသည် ဧဖရိမ်တောင်ပေါ်၊ ရာမမြို့နှင့် ဗေသလမြို့စပ်ကြား၊ ဒေဗောရစွန်ပလွံပင်အောက်မှာနေ၍၊ ဣသရေလအမျိုးသားတို့သည် ထိုပရောဖက်မ၏ စီရင်ခြင်းကို ခံအံ့သောငှါ ရောက်လာတတ်ကြ၏။
E habitava debaixo das palmeiras de Debora, entre Rama e Beth-el, nas montanhas d'Ephraim: e os filhos d'Israel subiam a ella a juizo.
6 ၆ တဖန် ဒေဗောရသည် လူကို စေလွှတ်၍၊ နဿလိခရိုင်ကေဒေရှမြို့မှာနေသော အဘိနောင်၏ သား ဗာရက်ကို ခေါ်ပြီးလျှင်၊ သင်သည် နဿလိအမျိုး၊ ဇာဗုလုန်အမျိုးထဲက လူတသောင်းကို သွေးဆောင်၍ တာဗော်တောင်သို့ သွားလော့။
E enviou, e chamou a Barac, filho de Abinoam de Kedes de Naphtali, e disse-lhe: Porventura o Senhor Deus d'Israel não deu ordem, dizendo: Vae, e attrahe gente ao monte de Tabor, e toma comtigo dez mil homens dos filhos de Naphtali e dos filhos de Zebulon?
7 ၇ ငါသည်လည်း ယာဘိန်မင်း၏ ဗိုလ်ချုပ်သိသရနှင့် ရထားဗိုလ်ပါများကို သင်ရှိရာ ကိရှုန်မြစ်သို့ သွေးဆောင်၍ သင့်လက်၌ အပ်မည်ဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်ဟု ဆင့်ဆိုလေ၏။
E attrahirei a ti para o ribeiro de Kison a Sisera, capitão do exercito de Jabin, com os seus carros, e com a sua multidão: e o darei na tua mão.
8 ၈ ဗာရက်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ကြွလျှင် အကျွန်ုပ်သွားပါမည်။ ကြွတော်မမူလျှင် မူကား မသွားပါဟု လျှောက်သော်၊
Então lhe disse Barac: Se fôres comigo, irei: porém, se não fôres comigo, não irei.
9 ၉ ဒေဗောရက၊ ငါသည် သင်နှင့်အတူ အမှန်သွားမည်။ သို့သော်လည်း သင်သွားရာလမ်း၌ ဂုဏ်အသရေကို မရရာ။ ထာဝရဘုရားသည် သိသရကို မိန်းမ၌ ရောင်းတော်မူမည်ဟု ဆိုပြီးမှ ထ၍ ဗာရက်နှင့်အတူ ကေဒေရှမြို့သို့ သွားလေ၏။
E disse ella: Certamente irei comtigo, porém não será tua a honra pelo caminho que levas; pois á mão de uma mulher o Senhor venderá a Sisera. E Debora se levantou, e partiu com Barac para Kedes
10 ၁၀ ဗာရက်သည် နဿလိအမျိုးသား၊ ဇာဗုလုန်အမျိုးသားတို့ကို ကေဒေရှမြို့သို့ ခေါ်၍ လိုက်သောသူ တသောင်းနှင့်တကွ ဒေဗောရပါလျက် တက်လေ၏။
Então Barac convocou a Zebulon e a Naphtali em Kedes, e subiu com dez mil homens após de si: e Debora subiu com elle,
11 ၁၁ မောရှေ၏ယောက္ခမဟောဗတ်၏သားမြေးအဝင်၊ ကေနိအမျိုးသားဟေဗာသည်၊ ကေနိလူတို့နှင့် ခွာ၍ ကေဒေရှမြို့အနား၊ ဇာနိမ်သပိတ်ပင် ခြေရင်း၌ တဲကို ဆောက်လျက် နေနှင့်သတည်း။
E Heber, keneo, se tinha apartado dos keneos, dos filhos de Hobab, sogro de Moysés: e tinha estendido as suas tendas até ao carvalho de Saanaim, que está junto a Kedes.
12 ၁၂ အဘိနောင်၏သားဗာရက်သည် တာဗော်တောင်ပေါ်သို့ တက်ကြောင်းကို သိသရအား ကြားပြောလျှင်၊
E annunciaram a Sisera que Barac, filho de Abinoam, tinha subido ao monte de Tabor.
13 ၁၃ သိသရသည် မိမိရထားရှိသမျှတည်းဟူသော သံရထားကိုးရာနှင့် ဂေါအိမ်ပြည်ဟာရောရှက်မြို့မှစ၍ ကိရှုန်မြစ်တိုင်အောင် မိမိလူအပေါင်းတို့ကို စုဝေးစေ၏။
E Sisera convocou todos os seus carros, novecentos carros ferrados, e todo o povo que estava com elle, desde Haroseth dos gentios até ao ribeiro de Kison.
14 ၁၄ ဒေဗောရကလည်း ထလော့။ ယနေ့ကား ထာဝရဘုရားသည် သိသရကို သင့်လက်၌ အပ်တော်မူသော နေ့ဖြစ်၏။ ထာဝရဘုရားသည် သင့်ရှေ့မှာ ကြွတော်မူပြီ မဟုတ်လောဟု ဆိုလေသော်၊ ဗာရက်သည် လူတသောင်းနှင့်တကွ တာဗော်တောင်ပေါ်က ဆင်းလေ၏။
Então disse Debora a Barac: Levanta-te; porque este é o dia em que o Senhor tem dado a Sisera na tua mão: porventura o Senhor não saiu diante de ti? Barac pois desceu do monte de Tabor, e dez mil homens após d'elle.
15 ၁၅ ထာဝရဘုရားသည် သိသရမှစ၍ သူ၏ရထားများနှင့် ဗိုလ်ပါစစ်သည်များအပေါင်းတို့ကို ဗာရက်ရှေ့မှာ ထားဖြင့် ရှုံးစေတော်မူသောကြောင့်၊ သိသရသည် မိမိရထားမှဆင်း၍ ခြေဖြင့် ပြေးလေ၏။
E o Senhor derrotou a Sisera, e a todos os seus carros, e a todo o seu exercito ao fio da espada, diante de Barac: e Sisera desceu do carro, e fugiu a pé.
16 ၁၆ ဗာရက်သည် ရထားများ၊ ဗိုလ်ပါစစ်သည်များကို ဂေါအိမ်ပြည် ဟာရောရှက်မြို့တိုင်အောင် လိုက်၍၊ သိသရစစ်သူရဲအပေါင်းတို့သည် တယောက်မျှ မကျန်ကြွင်း ထားနှင့် သေကြကုန်၏။
E Barac os seguiu após dos carros, e após do exercito, até Haroseth dos gentios: e todo o exercito de Sisera caiu ao fio da espada, até não ficar um só.
17 ၁၇ သိသရသည် ကေနိအမျိုးသား ဟေဗာ၏ မယားယေလ၏တဲသို့ ခြေဖြင့် ပြေး၏။ ထိုကာလ၌ ဟာဇော်ရှင်ဘုရင် ယာဘိန်သည် ဟေဗာအမျိုးသားချင်း ကေနိလူတို့နှင့် မိဿဟာယဖွဲ့လျက် ရှိသတည်း။
Porém Sisera fugiu a pé á tenda de Jael, mulher de Heber, keneo: porquanto havia paz entre Jabin, rei de Hazor, e a casa de Heber, keneo.
18 ၁၈ ယေလသည် သိသရကို ခရီးဦးကြိုပြုခြင်းငှါ ထွက်၍၊ သခင်ဝင်ပါ၊ ကျွန်မဆီသို့ ဝင်ပါ။ စိုးရိမ်တော် မမူပါနှင့်ဟု ခေါ်သည်အတိုင်း၊ သူသည် ယေလနေရာတဲထဲသို့ ဝင်၍ ယေလသည် သူ့ကို စောင်နှင့် ခြုံလေ၏။
E Jael saiu ao encontro de Sisera, e disse-lhe: Retira-te, senhor meu, retira-te a mim, não temas. Retirou-se a ella á tenda, e cobriu-o com uma coberta.
19 ၁၉ သူကလည်း၊ ငါရေငတ်သည်၊ ရေအနည်းငယ်ကို ပေးပါဟု တောင်းလျှင်၊ မိန်းမသည် နွားနို့ဘူးကို ဖွင့်၍ သောက်စေပြီးမှ တဖန် ခြုံလေ၏။
Então elle lhe disse: Dá-me, peço-te, de beber uma pouca d'agua; porque tenho sede. Então ella abriu um odre de leite, e deu-lhe de beber, e o cobriu.
20 ၂၀ သူကလည်း၊ တဲတံခါးဝ၌ နေပါ။ လူတစုံတယောက်က ယောက်ျားရှိသလောဟု လာ၍ မေးလျှင် မရှိကြောင်းကို ပြောလော့ဟု မှာထားလေ၏။
E elle lhe disse: Põe-te á porta da tenda; e ha de ser que se alguem vier, e te perguntar, e disser: Ha aqui alguem? responde tu então: Não.
21 ၂၁ ထိုအခါ ဟေဗာမယား ယေလသည် သိသရမောလျက် အိပ်ပျော်စဉ်တွင်၊ တဲတံသင်တချောင်းနှင့် လက်ရိုက်ကို ကိုင်လျက် သူ့ထံသို့ တိတ်ဆိတ်စွာ သွား၍ တံသင်ကို မြေ၌ စွဲစေသည်တိုင်အောင် သူ၏ နားပန်းထဲသို့ ရိုက်သွင်းသဖြင့် သိသရသည် သေ၏။
Então Jael, mulher d'Heber, tomou uma estaca da tenda, e lançou mão d'um martello, e foi-se mansamente a elle, e lhe cravou a estaca na fonte, e a pregou na terra, estando elle porém carregado d'um profundo somno, e já cançado; e assim morreu.
22 ၂၂ ဗာရက်သည် သိသရကို လိုက်ရှာသောအခါ၊ ယေလထွက်၍ ကျွန်မဆီသို့ ဝင်ပါ။ ရှာသောသူကို ပြပါမည်ဟု ကြိုဆိုလျှင်၊ ဗာရက်သည် တဲထဲသို့ ဝင်၍ သိသရသေလျက်၊ နားပန်း၌ တံသင် စူးလျက်ရှိသည်ကို မြင်လေ၏။
E eis que, seguindo Barac a Sisera, Jael lhe saiu ao encontro, e disse-lhe: Vem, e mostrar-te-hei o homem que buscas. E veiu a ella, e eis-que Sisera jazia morto, e a estaca na fonte.
23 ၂၃ ထိုနေ့၌ ထာဝရဘုရားသည် ခါနာန်ရှင်ဘုရင်ယာဘိန်ကို၊ ဣသရေလအမျိုးသားတို့ရှေ့မှာ နှိမ့်ချတော်မူ သဖြင့်၊
Assim Deus n'aquelle dia sujeitou a Jabin, rei de Canaan, diante dos filhos de Israel.
24 ၂၄ သူတို့သည် ထိုရှင်ဘုရင်ကို မဖျက်ဆီးမှီ တိုင်အောင် အစဉ်အောင်လျက် နေကြ၏။
E continuou a mão dos filhos de Israel a proseguir e endurecer-se sobre Jabin, rei de Canaan: até que exterminaram a Jabin, rei de Canaan.