< တရားသူကြီးမှတ်စာ 3 >
1 ၁ ခါနာန်ပြည်၌ တိုက်သော စစ်မှုရှိသမျှတို့ကို မသိသော ဣသရေလအမျိုးသားအပေါင်းတို့ကို စုံစမ်း ခြင်းငှါ၎င်း၊ စစ်မှုကို မသိသော ဣသရေလအမျိုးသားအစဉ်အဆက်တို့သည် စစ်အတတ်ကို သင်၍ တတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရား ချန်ထားတော်မူသော လူမျိုးများ ဟူမူကား၊
၁ခါနာန် ပြည်၌ တိုက်သော စစ်မှု ရှိသမျှ တို့ကို မ သိ သော ဣသရေလ အမျိုးသားအပေါင်း တို့ကို စုံစမ်း ခြင်းငှါ ၎င်း၊
၂စစ်မှုကို မ သိ သော ဣသရေလ အမျိုးသားအစဉ်အဆက် တို့သည် စစ် အတတ်ကို သင် ၍ တတ်စေခြင်းငှါ ၎င်း၊ ထာဝရဘုရား ချန် ထားတော်မူသောလူမျိုး များဟူမူကား၊
3 ၃ ဖိလိတ္တိမင်းငါးပါးအစရှိသော ခါနနိလူအမျိုးမျိုး၊ ဇိဒုန်လူ၊ ဗာလဟေရမုန်တောင်မှစ၍ ဟာမတ်လမ်းဝတိုင်အောင် လေဗနုန်တောင်ပေါ်မှာနေသော ဟိဝိလူတို့သည် ကျန်ကြွင်းကြ၏။
၃ဖိလိတ္တိ မင်း ငါး ပါးအစရှိသော ခါနနိ လူအမျိုးမျိုး ၊ ဇိဒုန် လူ၊ ဗာလဟေရမုန် တောင် မှ စ၍ဟာမတ် လမ်းဝတိုင်အောင် လေဗနုန် တောင် ပေါ်မှာနေ သော ဟိဝိ လူတို့သည် ကျန်ကြွင်းကြ၏။
4 ၄ ထာဝရဘုရားသည် မောရှေအားဖြင့် ဘိုးဘေးတို့ကို မှာထားတော်မူသော ပညတ်များအတိုင်း ကျင့်မည် မကျင့်မည်ကို ထင်ရှားစေခြင်းငှါ ဣသရေလအမျိုးကို စုံစမ်းဘို့ရာ ဖြစ်သတည်း။
၄ထာဝရဘုရား သည် မောရှေ အားဖြင့် ဘိုးဘေး တို့ကို မှာ ထားတော်မူသောပညတ် များအတိုင်း ကျင့် မည် မကျင့်မည်ကို ထင်ရှား စေခြင်းငှါ ၊ ဣသရေလ အမျိုးကို စုံစမ်း ဘို့ ရာဖြစ် သတည်း။
5 ၅ ဣသရေလအမျိုးသားတို့သည် ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့တွင် နေ၍၊
၅ဣသရေလ အမျိုးသားတို့သည် ခါနနိ လူ၊ ဟိတ္တိ လူ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့တွင် နေ ၍၊
6 ၆ သူတို့သမီးနှင့် စုံဘက်ခြင်းကို ပြုလျက်၊ မိမိတို့သမီးကို ပေးစားလျက်၊ သူတို့ဘုရားများကို ဝတ်ပြုကြ၏။
၆သူ တို့သမီး နှင့် စုံဘက် ခြင်းကို ပြုလျက် ၊ မိမိ တို့သမီး ကို ပေးစား လျက် ၊ သူ တို့ဘုရား များကို ဝတ်ပြု ကြ၏။
7 ၇ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍ မိမိတို့ဘုရားသခင် ထာဝရဘုရားကို မေ့လျော့သဖြင့်၊ ဗာလဘုရားများ၊ အာရှရပင်များကို ဝတ်ပြုသောကြောင့်၊
၇ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ မိမိ တို့ဘုရား သခင်ထာဝရဘုရား ကို မေ့လျော့ သဖြင့်၊ ဗာလ ဘုရားများ၊ အာရှရ ပင်များကို ဝတ်ပြု သောကြောင့်၊
8 ၈ ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာ အမျက်တော်ထွက်၍၊ မေသောပေါတာမိရှင်ဘုရင် ခုရှံရှသိမ်၌ ရောင်းတော်မူသဖြင့်၊ ဣသရေလလူတို့သည် ရှစ်နှစ်ပတ်လုံး ထိုရှင်ဘုရင်ထံ၌ ကျွန်ခံရကြ၏။
၈ထာဝရဘုရား သည် ဣသရေလ အမျိုး၌ ပြင်းစွာအမျက် တော်ထွက်၍ ၊ မေသောပေါတာမိ ရှင်ဘုရင် ခုရှံရိရှသိမ် ၌ ရောင်း တော်မူသဖြင့်၊ ဣသရေလ လူတို့သည် ရှစ် နှစ် ပတ်လုံးထိုရှင်ဘုရင် ထံ၌ ကျွန်ခံ ရကြ၏။
9 ၉ နောက်တဖန် ထာဝရဘုရားကို အော်ဟစ်ကြသောအခါ၊ ကယ်တင်သောသခင်၊ ကာလက်ညီ၊ ကေနတ်၏သားဩသံယေလကို သူတို့အဘို့ ပေါ်ထွန်းစေတော်မူ၏။
၉နောက်တဖန်ထာဝရဘုရား ကို အော်ဟစ် ကြသောအခါ၊ ကယ်တင် သောသခင် ၊ ကာလက် ညီ ၊ ကေနတ် ၏သား ဩသံယေလ ကို သူ တို့အဘို့ ပေါ်ထွန်း စေတော်မူ၏။
10 ၁၀ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့အပေါ်သို့ သက်ရောက်သဖြင့်၊ သူသည် ဣသရေလအမျိုးကို အုပ်စိုး၍ စစ်ချီလေ၏။ မေသောပေါတာမိရှင်ဘုရင် ခုရှံရိရှသိမ်ကို သူ့လက်၌ ထာဝရဘုရား အပ်တော်မူသဖြင့်၊ သူသည် ထိုရှင်ဘုရင်ကို အောင်လေ၏။
၁၀ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သူ့ အပေါ် သို့ သက်ရောက် သဖြင့်၊ သူသည်ဣသရေလ အမျိုးကို အုပ်စိုး ၍ စစ်ချီ လေ၏။ မေသောပေါတာမိ ရှင်ဘုရင် ခုရှံရိရှသိမ် ကို သူ့ လက် ၌ ထာဝရဘုရား အပ် တော်မူသဖြင့်၊ သူသည် ထိုရှင်ဘုရင် ကို အောင် လေ၏။
11 ၁၁ အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံးငြိမ်းပြီးမှ၊ ကေနတ်၏သား ဩသံယေလသည် သေလေ၏။
၁၁အနှစ် လေးဆယ် တိုင်တိုင်တပြည် လုံးငြိမ်း ပြီးမှ ၊ ကေနတ် ၏သား ဩသံယေလ သည် သေ လေ၏။
12 ၁၂ တဖန် ဣသရေလအမျိုးသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသောကြောင့်၊ မောဘရှင်ဘုရင် ဧဂလုန်ကို ဣသရေလအမျိုးတဘက်၌ ခွန်အားနှင့် ပြည့်စုံစေတော်မူ၏။
၁၂တဖန် ဣသရေလ အမျိုးသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သောကြောင့် ၊ မောဘ ရှင်ဘုရင် ဧဂလုန် ကို ဣသရေလ အမျိုးတစ်ဘက်၌ ခွန်အား နှင့် ပြည့်စုံစေတော်မူ၏။
13 ၁၃ ထိုမင်းသည် အမ္မုန်အမျိုးသား၊ အာမလက်အမျိုးသားတို့ကို စုဝေးစေလျက် ချီသွား၍၊ ဣသရေလလူတို့ကို လုပ်ကြံပြီးမှ၊ စွန်ပလွံမြို့ကို သိမ်းယူသဖြင့်၊
၁၃ထိုမင်းသည် အမ္မုန် အမျိုးသား၊ အာမလက် အမျိုးသားတို့ကို စုဝေး စေလျက် ချီ သွား၍၊ ဣသရေလ လူတို့ကို လုပ်ကြံ ပြီးမှ ၊ စွန်ပလွံ မြို့ကို သိမ်းယူ သဖြင့်၊
14 ၁၄ ဣသရေလအမျိုးသားတို့သည် တဆယ်ရှစ်နှစ်ပတ်လုံး မောဘရှင်ဘုရင် ဧဂလုန်မင်းထံ၌ ကျွန်ခံရကြ၏။
၁၄ဣသရေလ အမျိုးသားတို့သည် တဆယ် ရှစ် နှစ် ပတ်လုံးမောဘ ရှင်ဘုရင် ဧဂလုန် မင်းထံ၌ ကျွန်ခံ ရကြ၏။
15 ၁၅ နောက်တဖန် ထာဝရဘုရားကို အော်ဟစ်သောအခါ၊ ကယ်တင်သော သခင်၊ လက်ျာလက်ကို မသုံးတတ်သော ဗင်္ယာမိန်အမျိုး၊ ဂေရသားဧဟုဒကို ပေါ်ထွန်းစေတော်မူ၏။ သူ့လက်တွင် ဣသရေလလူတို့သည် လက်ဆောင်ကို မောဘရှင်ဘုရင် ဧဂလုန်ထံသို့ ပေးလိုက်ကြ၏။
၁၅နောက်တဖန် ထာဝရဘုရား ကို အော်ဟစ် သောအခါ ၊ ကယ်တင် သော သခင် ၊ လက်ျာ လက် ကို မသုံးတတ်သော ဗင်္ယာမိန် အမျိုး၊ ဂေရ သား ဧဟုဒ ကို ပေါ်ထွန်း စေတော်မူ၏။ သူ့ လက် တွင် ဣသရေလ လူတို့သည် လက်ဆောင် ကို မောဘ ရှင်ဘုရင် ဧဂလုန် ထံ သို့ပေး လိုက်ကြ၏။
16 ၁၆ ဧဟုဒသည် အလျားတတောင်ရှိသော သန်လျက်ကို လုပ်၍ လက်ျာပေါင်အဝတ်တွင်း၌ စည်းထားပြီးလျှင်၊
၁၆ဧဟုဒ သည် အလျား တတောင် ရှိသောသန်လျက် ကို လုပ် ၍ လက်ျာ ပေါင် အဝတ် တွင်း ၌ စည်း ထားပြီးလျှင်၊
17 ၁၇ မောဘရှင်ဘုရင်ဧဂလုန်ထံသို့ လက်ဆောင်ကို ဆောင်ခဲ့လေ၏။ ဧဂလုန်သည် အလွန်ဝသော သူဖြစ်၏။
၁၇မောဘ ရှင်ဘုရင် ဧဂလုန် ထံ သို့လက်ဆောင် ကို ဆောင် ခဲ့လေ၏။ ဧဂလုန် သည် အလွန် ဝ သောသူ ဖြစ်၏။
18 ၁၈ ဧဟုဒသည် လက်ဆောင်ကို ဆက်ပြီးလျှင်၊ လက်ဆောင်ကို ထမ်းသောသူတို့ကို လွှတ်လိုက်၍၊
၁၈ဧဟုဒသည် လက်ဆောင် ကို ဆက် ပြီး လျှင် ၊ လက်ဆောင် ကို ထမ်း သောသူ တို့ကို လွှတ် လိုက်၍၊
19 ၁၉ ဂိလဂါလမြို့နား၌ရှိသော ကျောက်တိုင်တို့မှ ကိုယ်တိုင်ပြန်လာ၍၊ ဘုရားကျွန်တော်သည် တိတ်ဆိတ်စွာ လျှောက်စရာအကြောင်း ရှိပါသည်ဟု ဆိုလျှင်၊ ရှင်ဘုရင်က၊ တိတ်ဆိတ်စွာ နေကြဟု အမိန့်တော်ရှိ သည်အတိုင်း၊ အထံတော်၌ ခစားသော သူအပေါင်းတို့သည် ထွက်ကြ၏။
၁၉ဂိလဂါလ မြို့နား ၌ရှိသောကျောက်တိုင် တို့မှ ကိုယ်တိုင်ပြန် လာ၍၊ ဘုရား ကျွန်တော် သည် တိတ်ဆိတ် စွာ လျှောက်စရာအကြောင်း ရှိပါသည်ဟု ဆို လျှင် ၊ ရှင်ဘုရင် က၊ တိတ်ဆိတ် စွာနေကြဟု အမိန့် တော်ရှိသည်အတိုင်း ၊ အထံ တော်၌ ခစား သော သူအပေါင်း တို့သည် ထွက် ကြ၏။
20 ၂၀ ထိုအခါ ရှင်ဘုရင်သည် ကိုယ်တိုင် တယောက်တည်း နေတတ်သော နွေနန်းဆောင်၌ ထိုင်နေစဉ်၊ ဧဟုဒသည် ချဉ်းကပ်၍ ကိုယ်တော်နှင့်ဆိုင်သော ဘုရားသခင်၏ အမိန့်တော်ပါပါ၏ဟု လျှောက်သော်၊ ရှင်ဘုရင်သည် ထလေ၏။
၂၀ထိုအခါ ရှင်ဘုရင်သည် ကိုယ်တိုင် တ ယောက်တည်း နေတတ်သော နွေ နန်းဆောင် ၌ ထိုင် နေစဉ် ၊ ဧဟုဒ သည် ချဉ်းကပ် ၍ ကိုယ်တော် နှင့်ဆိုင် သော ဘုရား သခင်၏ အမိန့် တော်ပါပါ၏ဟု လျှောက် သော်၊ ရှင်ဘုရင်သည် ထ လေ၏။
21 ၂၁ ဧဟုဒသည် လက်ဝဲလက်ကို ဆန့်လျက် သန်လျက်ကို လက်ျာပေါင်မှ ထုတ်၍ ရှင်ဘုရင်၏ ဝမ်းကို ထိုးသဖြင့်၊
၂၁ဧဟုဒ သည် လက်ဝဲ လက် ကို ဆန့် လျက် သန်လျက် ကို လက်ျာ ပေါင် မှ ထုတ် ၍ ရှင်ဘုရင် ၏ ဝမ်း ကို ထိုး သဖြင့်၊
22 ၂၂ လက်ကိုင်အရိုးနှင့်တကွ သန်လျက်မြုပ်ဝင်၍၊ ဝမ်းထဲက မနှုတ်နိုင်အောင် ဆီဥသည် သန်လျက်ကို လွှမ်းလျက်၊ ချေးနုလည်း ထွက်လျက်ရှိလေ၏။
၂၂လက်ကိုင် အရိုးနှင့်တကွ သန်လျက် မြုပ် ဝင်၍ ၊ ဝမ်း ထဲက မ နှုတ် နိုင်အောင် ဆီဥ သည် သန်လျက် ကို လွှမ်း လျက်၊ ချေးနု လည်း ထွက် လျက်ရှိလေ၏။
23 ၂၃ ထိုအခါ ဧဟုဒသည် အခန်းပြင်သို့ ထွက်ပြီးလျှင် နန်းတော်တံခါးတို့ကို ပိတ်၍ သော့ခတ်လေ၏။
၂၃ထိုအခါ ဧဟုဒ သည် အခန်း ပြင်သို့ ထွက် ပြီးလျှင် နန်းတော် တံခါး တို့ကို ပိတ် ၍ သော့ခတ် လေ၏။
24 ၂၄ ထွက်သွားသောနောက်၊ ကျွန်တော်မျိုးအချို့တို့သည် လာ၍ နန်းတော်တံခါး၌ သော့ခတ်လျက် ရှိသည်ကို မြင်လျှင်၊ စင်စစ် နွေနန်းဆောင်၌ စက်တော်ခေါ်သည်ဟုဆိုလျက်၊
၂၄ထွက် သွားသောနောက်၊ ကျွန် တော်မျိုးအချို့တို့သည် လာ ၍ နန်းတော် တံခါး ၌ သော့ခတ် လျက် ရှိသည်ကို မြင် လျှင် ၊ စင်စစ် နွေ နန်းဆောင် ၌ စက်တော်ခေါ် သည်ဟုဆို လျက်၊
25 ၂၅ ရှက်ကြောက်သည်တိုင်အောင် ငံ့နေပြီးမှ၊ သူတို့အရှင်သည် တံခါးကို မဖွင့်သောကြောင့်၊ သူတို့သည် သော့ကိုယူ၍ ဖွင့်ကြည့်သောအခါ၊ မြေပေါ်မှာ လဲ၍ သေလျက်ရှိသော မိမိတို့အရှင်ကို တွေ့မြင်ကြ၏။
၂၅ရှက်ကြောက် သည်တိုင်အောင် ငံ့ နေပြီးမှ ၊ သူတို့အရှင် သည် တံခါး ကို မ ဖွင့် သောကြောင့် ၊ သူတို့သည် သော့ ကိုယူ ၍ ဖွင့် ကြည့် သောအခါ ၊ မြေ ပေါ် မှာ လဲ ၍ သေ လျက်ရှိသောမိမိ တို့အရှင် ကို တွေ့မြင်ကြ၏။
26 ၂၆ ထိုသို့ သူတို့သည် ငံ့နေကြစဉ်တွင်၊ ဧဟုဒသည် ဘေးလွတ်သဖြင့်၊ ကျောက်တိုင်တို့ကို လွန်၍ စိရပ်ရွာသို့ ရောက်ပြီးမှ၊
၂၆ထိုသို့ သူ တို့သည် ငံ့ နေကြစဉ် တွင်၊ ဧဟုဒ သည် ဘေးလွတ် သဖြင့်၊ ကျောက်တိုင် တို့ကို လွန် ၍ စိရပ် ရွာသို့ ရောက် ပြီးမှ၊
27 ၂၇ ဧဖရိမ်တောင်ပေါ်မှာ တံပိုးကို မှုတ်၍၊ ဣသရေလအမျိုးသားတို့သည် သူ့နောက်သို့ လိုက်လျက် တောင်ပေါ်က ဆင်းကြ၏။
၂၇ဧဖရိမ် တောင် ပေါ်မှာ တံပိုး ကို မှုတ် ၍ ၊ ဣသရေလ အမျိုးသားတို့သည် သူ့နောက်သို့ လိုက်လျက် တောင် ပေါ်က ဆင်း ကြ၏။
28 ၂၈ သူကလည်း ငါ့နောက်သို့ လိုက်ကြလော့။ ထာဝရဘုရားသည် သင်တို့၏ရန်သူမောဘလူတို့ကို သင်တို့လက်၌ အပ်တော်မူမည်ဟု ဆိုသည်အတိုင်း၊ သူ့နောက်မှာ ဆင်း၍ ယော်ဒန်မြစ်ကူးရာ မောဘပြည်သို့ သွားရာလမ်းကို ဆီးတားသဖြင့်၊ လူတစုံတယောက်ကိုမျှ မကူးစေရ။
၂၈သူကလည်း ငါ့ နောက် သို့ လိုက် ကြလော့။ ထာဝရဘုရား သည် သင် တို့၏ရန်သူ မောဘ လူတို့ကို သင် တို့လက် ၌ အပ် တော်မူမည်ဟု ဆို သည်အတိုင်း ၊ သူ့ နောက် မှာ ဆင်း ၍ ယော်ဒန် မြစ်ကူး ရာ မောဘ ပြည်သို့ သွားရာလမ်းကို ဆီးတား သဖြင့်၊ လူ တစုံတယောက်ကိုမျှ မ ကူး စေ ရ။
29 ၂၉ ထိုအခါ ခွန်အားကြီးသော မောဘစစ်သူရဲတယောက်မျှ မလွတ်ဘဲ၊ လူတသောင်းကို သတ်၍၊
၂၉ထိုအခါ ခွန်အား ကြီးသော မောဘ စစ်သူရဲတယောက်မျှ မ လွတ် ဘဲ၊ လူ တသောင်း ကိုသတ် ၍၊
30 ၃၀ မောဘအမျိုးသည် ဣသရေလအမျိုးလက်၌ ရှုံးသဖြင့်၊ အနှစ်ရှစ်ဆယ်တိုင်တိုင် တပြည်လုံး ငြိမ်းလေ၏။
၃၀မောဘ အမျိုးသည် ဣသရေလ အမျိုးလက် ၌ ရှုံး သဖြင့်၊ အနှစ် ရှစ်ဆယ် တိုင်တိုင်တပြည် လုံး ငြိမ်း လေ၏။
31 ၃၁ ဧဟုဒနောက်မှာ အာနတ်သားရှံဂါပေါ်ထွန်း၍၊ တုတ်ချွန်နှင့် ဖိလိတ္တိလူခြောက်ရာတို့ကို သတ်သဖြင့်၊ ဣသရေလအမျိုးသားတို့ကို ကယ်လွှတ်လေ၏။
၃၁ဧဟုဒ နောက် မှာ အာနတ် သား ရှံဂါ ပေါ်ထွန်း ၍ ၊ တုတ်ချွန်နှင့် ဖိလိတ္တိ လူခြောက်ရာ တို့ကိုသတ် သဖြင့်၊ ဣသရေလ အမျိုးသားတို့ကို ကယ်လွှတ် လေ၏။