< တရားသူကြီးမှတ်စာ 21 >
1 ၁ ဣသရေလအမျိုးသားတို့သည် အဘယ်သူမျှ မိမိသမီးကို ဗင်္ယာမိန်အမျိုးသား၌ မပေးစားရမည် အကြောင်း၊ မိဇပါမြို့မှာ ကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။
၁ဣသရေလ အမျိုးသား တို့သည် အဘယ်သူ မျှမိမိ သမီး ကို ဗင်္ယာမိန် အမျိုးသား၌ မ ပေးစား ရမည်အကြောင်း၊ မိဇပါ မြို့မှာ ကျိန်ဆို ခြင်းကို ပြုနှင့်ကြပြီ။
2 ၂ လူများတို့သည် ဘုရားသခင့် အိမ်တော်သို့ လာ၍ ဘုရားသခင့် ရှေ့တော်၌ ညဦးတိုင်အောင် နေလျက်၊ အသံကို လွှင့်၍ ငိုကြွေးလျက်၊-
၂လူ များတို့သည် ဘုရားသခင့် အိမ်တော်သို့ လာ ၍ ဘုရား သခင့် ရှေ့ တော်၌ ည ဦးတိုင်အောင် နေ လျက် ၊ အသံ ကို လွှင့် ၍ ငိုကြွေး လျက်၊
3 ၃ အိုဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ဣသရေလအမျိုးအနွယ်တို့တွင် ယနေ့တမျိုး ချို့တဲ့ရသော အမှုသည် အဘယ်ကြောင့် ဖြစ်ရပါသနည်းဟု လျှောက်ဆိုကြ၏။
၃အိုဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ၊ ဣသရေလ အမျိုး အနွယ်တို့တွင် ယနေ့ တမျိုး ချို့တဲ့ ရသောအမှု သည် အဘယ်ကြောင့် ဖြစ် ရပါသနည်းဟု လျှောက် ဆိုကြ၏။
4 ၄ နက်ဖြန်နံနက်စောစော လူများတို့သည် ထပြီးလျှင်၊ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော်ကြ၏။
၄နက်ဖြန် နံနက်စောစောလူ များတို့သည် ထ ပြီးလျှင် ၊ ယဇ် ပလ္လင်ကိုတည် ၍ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ကြ၏။
5 ၅ ဣသရေလအမျိုးသားတို့ကလည်း၊ ဣသရေလအမျိုးအနွယ်အပေါင်းတို့တွင် အဘယ်သူသည် ပရိ သတ်အပေါင်းနှင့်အတူ ထာဝရဘုရားထံတော်သို့ မလာဘဲနေသနည်းဟု မေးကြ၏။ အကြောင်း မူကား၊ မိဇပါမြို့ထာဝရဘုရားထံတော်သို့ မလာဘဲ နေသောသူသည် ဧကန်အမှန် အသေသတ်ခြင်းကို ခံစေဟု ကြီးစွာသော ကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။
၅ဣသရေလ အမျိုးသား တို့ကလည်း ၊ ဣသရေလ အမျိုး အနွယ်အပေါင်း တို့တွင် အဘယ်သူ သည် ပရိသတ် အပေါင်းနှင့်အတူထာဝရဘုရား ထံ တော်သို့ မ လာ ဘဲနေသနည်းဟုမေး ကြ၏။ အကြောင်း မူကား၊ မိဇပါ မြို့ထာဝရဘုရား ထံ တော်သို့ မ လာ ဘဲနေသောသူ သည် ဧကန်အမှန် အသေ သတ်ခြင်းကိုခံစေဟု ကြီးစွာ သော ကျိန်ဆို ခြင်းကိုပြု နှင့်ကြပြီ။
6 ၆ ဣသရေလအမျိုးသားတို့သည်လည်း၊ ညီဗင်္ယာမိန်အတွက် နောင်တရလျက်၊ ဣသရေလ အမျိုးအနွယ် တို့တွင် ယနေ့တမျိုးဆုံးပြီ။
၆ဣသရေလ အမျိုးသား တို့သည်လည်း ၊ ညီ ဗင်္ယာမိန် အတွက် နောင်တရ လျက် ၊ ဣသရေလ အမျိုး အနွယ်တို့တွင် ယနေ့ တမျိုး ဆုံး ပြီ။
7 ၇ ငါတို့သည် ကိုယ်သမီးကို သူတို့အား မပေးစားရမည်အကြောင်း၊ ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုသောကြောင့်၊ ကျန်ကြွင်းသော သူတို့အဘို့ မိန်းမတို့ကို အဘယ်သို့ ရနိုင်သနည်းဟူ၍၎င်း၊
၇ငါ တို့သည် ကိုယ် သမီး ကို သူ တို့အား မ ပေးစား ရမည်အကြောင်း ၊ ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို သောကြောင့် ၊ ကျန် ကြွင်းသောသူတို့အဘို့ မိန်းမ တို့ကို အဘယ်သို့ ရ နိုင်သနည်းဟူ၍၎င်း၊
8 ၈ ဣသရေလအမျိုးအနွယ်တို့တွင် အဘယ်သူသည် မိဇပါမြို့ ထာဝရဘုရားထံတော်သို့ မလာဘဲ နေသနည်းဟူ၍၎င်း မေးမြန်းလျှင်၊ ဂိလဒ်ပြည်ယာ ဗက်မြို့သားတယောက်မျှ စုဝေးရာ တပ်သို့ မရောက်မလာကြောင်းကို သိကြ၏။
၈ဣသရေလ အမျိုး အနွယ်တို့တွင် အဘယ်သူ သည် မိဇပါ မြို့ ထာဝရဘုရား ထံ တော်သို့ မ လာ ဘဲ နေသနည်းဟူ၍၎င်း မေးမြန်း လျှင် ၊ ဂိလဒ် ပြည်ယာဗက်မြို့သားတယောက် မျှ စုဝေး ရာ တပ် သို့ မ ရောက် မလာကြောင်းကို သိ ကြ၏။
9 ၉ လူများတို့ကို ရေတွက်သောအခါ၊ ဂိလဒ်ပြည်ယာဗက်မြို့သားတယောက်မျှမပါ။
၉လူ များတို့ကို ရေတွက် သောအခါ ၊ ဂိလဒ် ပြည်ယာဗက်မြို့သား တယောက် မျှ မပါ။
10 ၁၀ ထိုအခါ စုဝေးသော သူတို့သည် စစ်သူရဲတသောင်းနှစ်ထောင်တို့ကို စေလွှတ်လျက်၊ သင်တို့သည် သွား၍ ဂိလဒ်ပြည် ယာဗက်မြို့သားယောက်ျား မိန်းမသူငယ်တို့ကို ထားနှင့်လုပ်ကြံကြလော့။
၁၀ထိုအခါ စုဝေး သောသူတို့သည် စစ်သူရဲ တသောင်း နှစ်ထောင်တို့ကို စေလွှတ် လျက် ၊ သင်တို့သည် သွား ၍ ဂိလဒ် ပြည် ယာဗက်မြို့သား ယောက်ျား မိန်းမ သူငယ် တို့ကို ထား နှင့် လုပ်ကြံ ကြလော့။
11 ၁၁ သို့ဆိုသော်၊ ယောက်ျားအပေါင်းကို၎င်း၊ ယောက်ျားနှင့်ဆက်ဆံသော မိန်းမအပေါင်းကို၎င်း၊ ရှင်းရှင်း ပယ်ရှားကြလော့ဟု မှာထားသည်အတိုင်း၊-
၁၁သို့ဆိုသော်၊ ယောက်ျား အပေါင်း ကို၎င်း ၊ ယောက်ျား နှင့်ဆက်ဆံ သော မိန်းမ အပေါင်း ကို၎င်း၊ ရှင်းရှင်းပယ်ရှား ကြလော့ဟု မှာ ထားသည်အတိုင်း၊
12 ၁၂ စစ်သူရဲတို့သည် ဂိလဒ်ပြည် ယာဗက်မြို့သားတို့တွင်၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာ မိန်းမပျိုလေးရာတို့ကို တွေ့၍ ခါနာန်ပြည်၌ တပ်ချရာ၊ ရှိလောမြို့သို့ ဆောင်ခဲ့ကြ၏။
၁၂စစ်သူရဲတို့သည် ဂိလဒ် ပြည် ယာဗက်မြို့သား တို့တွင် ၊ ယောက်ျား နှင့် မ ဆက်ဆံ သေးသော ကညာ မိန်းမ အပျိုလေး ရာ တို့ကို တွေ့ ၍ ခါနာန် ပြည် ၌ တပ် ချရာ၊ ရှိလော မြို့သို့ ဆောင် ခဲ့ကြ၏။
13 ၁၃ တဖန်စုဝေးသော သူအပေါင်းတို့သည်၊ ရိမ္မုန်ကျောက်၌နေသော ဗင်္ယာမိန်လူတို့ကို နှုတ်ဆက်၍ အသင့်အတင့်ခေါ်ခြင်းငှါ လူတို့ကို စေလွှတ်ကြ၏။
၁၃တဖန် စုဝေး သော သူအပေါင်း တို့သည်၊ ရိမ္မုန် ကျောက် ၌ နေသော ဗင်္ယာမိန်လူ တို့ကို နှုတ်ဆက် ၍ အသင့်အတင့် ခေါ် ခြင်းငှါ လူတို့ကို စေလွှတ် ကြ၏။
14 ၁၄ ထိုအခါ ဗင်္ယာမိန်လူတို့သည် လာပြန်၍၊ ဣသရေလလူတို့သည် အရှင်ချန်ထားသော ဂိလဒ်ပြည် ယာဗက်မြို့သူ မိန်းမတို့နှင့် ပေးစားကြ၏။ သို့သော်လည်း မိန်းမတို့သည် မလောက်မကြေ။
၁၄ထိုအခါ ဗင်္ယာမိန် လူတို့သည် လာ ပြန်၍ ၊ ဣသရေလလူတို့သည် အရှင် ချန်ထားသော ဂိလဒ် ပြည် ယာဗက်မြို့သူ မိန်းမ တို့နှင့် ပေးစား ကြ၏။ သို့သော်လည်း မိန်းမတို့သည် မ လောက် မကြေ။
15 ၁၅ ထိုသို့ ထာဝရဘုရားသည် ဣသရေလအမျိုးအနွယ်တို့တွင် ပြိုပျက်ရာကို ပြုတော်မူသောကြောင့်၊ ဣသရေလလူတို့သည် ဗင်္ယာမိန်အတွက် နောင်တရကြ၏။
၁၅ထိုသို့ ထာဝရဘုရား သည် ဣသရေလ အမျိုး အနွယ်တို့တွင် ပြိုပျက် ရာကို ပြု တော်မူသောကြောင့် ၊ ဣသရေလလူ တို့သည် ဗင်္ယာမိန် အတွက် နောင်တရ ကြ၏။
16 ၁၆ စုဝေးရာ ပရိသတ် အသက်ကြီးသူတို့ကလည်း၊ ဗင်္ယာမိန် အမျိုးထဲက မိန်းမတို့ကို ပယ်ရှင်း သောကြောင့်၊ ကျန်ကြွင်းသော သူတို့အဘို့ မိန်းမတို့ကို အဘယ်သို့ ရနိုင်သနည်းဟူ၍၎င်း၊-
၁၆စုဝေးရာ ပရိသတ် အသက်ကြီး သူတို့ကလည်း ၊ ဗင်္ယာမိန် အမျိုးထဲက မိန်းမ တို့ကို ပယ်ရှင်း သောကြောင့် ၊ ကျန် ကြွင်းသောသူတို့ အဘို့ မိန်းမ တို့ကို အဘယ်သို့ ရ နိုင်သနည်းဟူ၍၎င်း၊
17 ၁၇ ဣသရေလအမျိုးတို့တွင် တမျိုးကို မပျောက်စေခြင်းငှါ သေဘေးမှ လွှတ်သော ဗင်္ယာမိန်လူတို့ အမွေ ခံစရာမြေရှိရမည်။
၁၇ဣသရေလ အမျိုး တို့တွင် တမျိုးကို မ ပျောက် စေခြင်းငှါ သေ ဘေးမှ လွှတ်သော ဗင်္ယာမိန် လူတို့ အမွေခံ စရာမြေရှိရမည်။
18 ၁၈ သို့သော်လည်း အကြင်သူသည် ဗင်္ယာမိန်လူ၌ သမီးကို ပေးစား၏။ ထိုသူသည် ကျိန်အပ်သောသူ ဖြစ်စေဟု ဣသရေလလူတို့သည် ကျိန်ဆိုခြင်းကို ပြုသောကြောင့် ငါတို့သည် ကိုယ်သမီးတို့ကို မပေး စားရဟူ၍၎င်း၊
၁၈သို့သော်လည်းအကြင်သူသည် ဗင်္ယာမိန် လူ၌ သမီးကို ပေးစား ၏။ ထိုသူသည် ကျိန် အပ်သောသူဖြစ်စေဟုဣသရေလ လူ တို့သည် ကျိန်ဆို ခြင်းကို ပြုသောကြောင့် ငါ တို့သည် ကိုယ် သမီး တို့ကို မ ပေးစား ရ ဟူ၍၎င်း၊
19 ၁၉ ဗေသလမြို့ မြောက်ဘက်၊ ဗေသလမြို့မှ ရှေခင်မြို့သို့သွားသောလမ်း အရှေ့ဘက်၊ လေဗောနမြို့တောင် ဘက်၊ ရှိလောမြို့နယ်တွင် ထာဝရဘုရားအဘို့ နှစ်စဉ် ပွဲခံတတ်သည်ဟူ၍၎င်း၊ တိုင်ပင်ကြသည်နှင့် အညီ၊-
၁၉ဗေသလ မြို့ မြောက် ဘက်၊ ဗေသလ မြို့မှ ရှေခင် မြို့သို့ သွား သောလမ်း အရှေ့ ဘက်၊ လေဗောန မြို့တောင် ဘက်၊ ရှိလော မြို့နယ်တွင် ထာဝရဘုရား အဘို့ နှစ် စဉ်ပွဲ ခံတတ်သည်ဟူ၍၎င်း၊ တိုင်ပင်ကြသည်နှင့်အညီ
20 ၂၀ ဗင်္ယာမိန်လူတို့ကို ခေါ်၍ သင်တို့သည် သွားကြလော့။ စပျစ်ဥယျာဉ်တို့၌ ချောင်းမြောင်းလျက်နေ ကြလော့။ ရှိလောမြို့သမီးတို့သည် ပွဲခံအံ့သောငှါ ကလျက်လာကြသောအခါ၊-
၂၀ဗင်္ယာမိန် လူ တို့ကို ခေါ် ၍ သင်တို့သည် သွား ကြလော့။ စပျစ် ဥယျာဉ်တို့၌ ချောင်းမြောင်း လျက်နေကြလော့။ ရှိလော မြို့သမီး တို့သည် ပွဲခံအံ့သောငှါ က လျက်လာ ကြသောအခါ၊
21 ၂၁ စပျစ်ဥယျာဉ်ထဲက ထွက်ပြီးလျှင်၊ ထိုမြို့သမီးတို့ကို အသီးအသီး ကိုယ်မယားဖြစ်စေဘို့ ဘမ်းဆီး၍ ဗင်္ယာမိန်ပြည်သို့ ဆောင်သွားကြလော့။
၂၁စပျစ် ဥယျာဉ်ထဲက ထွက် ပြီးလျှင် ၊ ထိုမြို့သမီး တို့ကို အသီးအသီး ကိုယ် မယား ဖြစ်စေဘို့ ဘမ်းဆီး ၍ ဗင်္ယာမိန် ပြည် သို့ ဆောင် သွားကြလော့။
22 ၂၂ သူတို့အဘနှင့်မောင်တို့သည် ငါတို့ထံသို့လာ၍ အမှုလုပ်သောအခါ၊ ငါတို့က ငါတို့မျက်နှာကို ထောက်၍ သူတို့ကို သနားကြပါ။ စစ်တိုက်ရာတွင် သူတို့ အသီးအသီးဆိုင်သော မယားတို့ကို သူတို့ အဘို့ ငါတို့သည် မချန်မထားမိပါ။ သင်တို့၌ အပြစ်ရောက်စေခြင်းငှါ ယခုပေးစားကြသည် မဟုတ်ဟု သူတို့အား ပြန်ပြောမည်ဟု မှာထားကြသည်အတိုင်း၊-
၂၂သူ တို့အဘ နှင့်မောင် တို့သည် ငါ တို့ထံ သို့လာ ၍ အမှု လုပ်သောအခါ ၊ ငါတို့က ငါ တို့မျက်နှာကို ထောက်၍ သူ တို့ကို သနား ကြပါ။ စစ်တိုက် ရာတွင် သူ တို့ အသီးအသီးဆိုင်သော မယား တို့ကို သူတို့ အဘို့ ငါတို့သည် မ ချန် မထားမိပါ။ သင်တို့၌ အပြစ် ရောက်စေခြင်းငှါ ယခုပေးစား ကြသည် မ ဟုတ်ဟု သူ တို့အား ပြန်ပြော မည်ဟု မှာ ထားကြသည်အတိုင်း၊
23 ၂၃ ဗင်္ယာမိန်လူတို့သည်ပြု၍ ပွဲခံလျက်ကသော မိန်းမတို့ကို ကိုယ်အရေအတွက်အတိုင်း မယားဖြစ်ဘို့ ရာ ဘမ်းဆီး၍ ယူသွားကြ၏။ ကိုယ်အမွေခံရာမြေသို့ ပြန်ရောက်ပြီးလျှင်၊ မြို့တို့ကို အသစ်ပြင်ဆင်၍ နေကြ၏။
၂၃ဗင်္ယာမိန် လူ တို့သည်ပြု ၍ ပွဲခံလျက်က သော မိန်းမတို့ကို ကိုယ် အရေအတွက် အတိုင်း မယားဖြစ်ဘို့ရာ ဘမ်းဆီး ၍ ယူ သွားကြ၏။ ကိုယ် အမွေခံ ရာမြေသို့ ပြန် ရောက်ပြီးလျှင် ၊ မြို့ တို့ကို အသစ် ပြင်ဆင်၍ နေ ကြ၏။
24 ၂၄ ထိုအခါ ဣသရေလလူအပေါင်းတို့သည်လည်း ကိုယ်အမျိုး၊ ကိုယ်အဆွေနေရာ ကိုယ်အမွေခံရာမြေ သို့ ပြန်သွားကြ၏။
၂၄ထိုအခါ ဣသရေလ လူ အပေါင်းတို့သည်လည်း ကိုယ် အမျိုး ၊ ကိုယ် အဆွေ နေရာ ကိုယ် အမွေခံ ရာမြေ သို့ ပြန် သွားကြ၏။
25 ၂၅ ထိုကာလ၌ ဣသရေလရှင်ဘုရင်မရှိ၊ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း။
၂၅ထို ကာလ ၌ ဣသရေလ ရှင်ဘုရင် မ ရှိ၊ လူ တိုင်း မိမိ စိတ်အလို ရှိသည်အတိုင်း ပြု သတည်း။