< တရားသူကြီးမှတ်စာ 20 >
1 ၁ ထိုအခါ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ဂိလဒ်ပြည်သားတို့နှင့်တကွ ထလျက်၊ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ပရိသတ်အပေါင်းတို့သည် တယောက်သောသူကဲ့သို့ မိဇပါမြို့၊ ထာဝရဘုရား ထံတော်၌ စည်းဝေးကြ၏။
၁မြောက်ဘက်ရှိဒန်မြို့မှတောင်ဘက်ရှိဗေရ ရှေဗမြို့တိုင်အောင် အရပ်ရပ်မှလည်းကောင်း၊ အရှေ့ဘက်ရှိဂိလဒ်ပြည်မှလည်းကောင်း ဣသရေလအမျိုးသားအပေါင်းတို့သည် စစ်တိုက်ရန်ဖိတ်ခေါ်ချက်အရ တစ်စုတစ်ရုံး တည်းမိဇပါမြို့တွင်ထာဝရဘုရား၏ ရှေ့တော်၌လာရောက်စုဝေးကြလေသည်။-
2 ၂ ဣသရေလ အမျိုးအနွယ်အပေါင်း၊ ပြည်သားအပေါင်းတို့၏ အကြီးအကဲတို့သည် စည်းဝေးကြသော်၊ ဘုရားသခင်၏လူ၊ ထားလက်နက်စွဲကိုင်သော ခြေသည်သူရဲ လေးသိန်းနှင့်တကွ ချဉ်းကပ်ကြ၏။
၂စုရုံးရောက်ရှိလာကြသောဘုရားသခင် ၏လူမျိုးတော်တွင် ဣသရေလအနွယ် အပေါင်းတို့၏ခေါင်းဆောင်များပါဝင် ကြ၏။ မိဇပါမြို့၌ခြေလျင်တပ်သား ပေါင်းလေးသိန်းမျှစုရုံးလျက်ရှိသတည်း။-
3 ၃ ဣသရေလအမျိုးသားတို့သည် မိဇပါမြို့သို့ သွားကြောင်းကို ဗင်္ယာမိန်အမျိုးသားတို့သည် ကြားသိကြ၏။ ဣသရေလအမျိုးသားတို့က၊ ထိုအဓမ္မအမှုကား အဘယ်သို့နည်းဟု မေးမြန်းလျှင်၊-
၃ဤအတောအတွင်းဗင်္ယာမိန်အမျိုးသား တို့သည်မိဇပါမြို့၌ အခြားဣသရေလ အမျိုးသားအပေါင်းတို့စုဝေးလျက်ရှိ ကြောင်းကိုကြားသိကြလေသည်။ ဣသရေလအမျိုးသားတို့က``ဤရာဇဝတ် မှုကိုအဘယ်သို့ကူးလွန်ပါသနည်း။ ငါ တို့အားပြောပြပါလော့'' ဟုမေးကြလျှင်၊-
4 ၄ အသေခံရသော မိန်းမ၏လင် လေဝိလူက၊ အကျွန်ုပ်သည် မယားငယ်နှင့်အတူလာ၍ ဗင်္ယာမိန် ခရိုင်၊ ဂိဗာမြို့မှာ ညဉ့်ကို လွန်စေပါ၏။
၄အသတ်ခံရသူမိန်းမ၏လင်လေဝိအမျိုး သားက``ကျွန်ုပ်သည်မယားငယ်နှင့်အတူ ဗင်္ယာ မိန်နယ်မြေရှိဂိဗာမြို့သို့ညအခါတည်း ခိုရန်သွားရောက်ခဲ့ပါ၏။-
5 ၅ ညဉ့်အခါ ဂိဗာမြို့သားတို့သည် ထ၍ အကျွန်ုပ်တည်းခိုသောအိမ်ကို ဝိုင်းလျက်၊ အကျွန်ုပ်ကို တိုက် သတ်မည် အားထုတ်ကြပါ၏။ မယားငယ် သေသည်တိုင်အောင် ရှုတ်ချကြပါ၏။ -
၅ဂိဗာမြို့သားတို့သည်ကျွန်ုပ်အားရန်ပြုလို၍ အိမ်ကိုဝိုင်းရံထားကြပါသည်။ သူတို့သည် ကျွန်ုပ်ကိုသတ်ရန်ကြံရွယ်သော်လည်းကျွန်ုပ် ၏မယားငယ်အားမုဒိန်းကျင့်သဖြင့်သူ သည်သေဆုံးသွားပါ၏။-
6 ၆ အကျွန်ုပ်သည်လည်း မယားငယ်အကောင်ကိုယူ၍ အပိုင်းပိုင်းဖြတ်ပြီးမှ၊ ဣသရေလအမျိုး အမွေခံ ရာ ပြည်တရှောက်လုံးသို့ ပေးလိုက်ပါ၏။ အကြောင်းမူကား၊ သူတို့သည် ဣသရေလအမျိုး၌ ဆိုးညစ် သောအမှု၊ အဓမ္မအမှုကို ပြုကြပါပြီ။-
၆ကျွန်ုပ်သည်သူ၏ရုပ်အလောင်းကိုယူ၍အပိုင်း ပိုင်းဖြတ်ပြီးလျှင် ဣသရေလတစ်ဆယ့်နှစ် မျိုးထံသို့တစ်ပိုင်းစီပေးပို့ခဲ့ပါ၏။ ဤသူ တို့သည်ဣသရေလလူမျိုးတွင်ဆိုးညစ် သောအမှု၊ အဋ္ဌမ္မအမှုကိုပြုကြပါပြီ။-
7 ၇ သင်တို့ရှိသမျှသည် ဣသရေလအမျိုး ဖြစ်ကြပါ၏။ ဤအရပ်၌ တိုင်ပင်စီရင်ကြပါလော့ဟု ပြောဆို လေ၏။-
၇ဤအရပ်တွင်ရောက်ရှိနေသောသင်တို့ အပေါင်းသည် ဣသရေလအမျိုးသားများ ဖြစ်ကြသည်။ ဤအမှုနှင့်ပတ်သက်၍အဘယ် သို့အရေးယူဆောင်ရွက်ကြပါမည်နည်း'' ဟု မေး၏။
8 ၈ လူအပေါင်းတို့သည် တယောက်သောသူကဲ့သို့ ထ၍ ငါတို့သည် တယောက်မျှ မိမိတဲသို့မသွား၊ မိမိ အိမ်သို့မပြန်။-
၈လူအပေါင်းတို့သည်တစ်ပြိုင်နက်ထ၍``ငါ တို့သည်တစ်ယောက်မျှမကျန် မိမိ၏တဲရှင် သို့မဟုတ်အိမ်သို့မပြန်ကြတော့ပြီ။-
9 ၉ ဂိဗာမြို့၌ အဘယ်သို့ ပြုမည်နည်း ဟူမူကား၊ စာရေးတံချ၍ အတိုက်သွားမည်။
၉ငါတို့ပြုမည့်အမှုကားစာရေးတံမဲချ ၍လူအချို့ကိုရွေးချယ်ပြီးလျှင် ဂိဗာ မြို့ကိုတိုက်ခိုက်ကြရန်ပင်တည်း။-
10 ၁၀ ဗင်္ယာမိန်ခရိုင် ဂိဗာမြို့သားတို့သည်၊ ဣသရေလအမျိုးတို့၌ ပြုသမျှသော အဓမ္မအမှုနှင့် ညီလျော်စွာ လူများတို့သည် ထိုမြို့သို့ရောက်၍ အပြစ်ဒဏ်ပေးမည်အကြောင်း၊ သူတို့စားစရိတ်ကို ပို့စေခြင်းငှါ ဣသရေလအမျိုးအနွယ်အပေါင်းတို့၌ လူတရာတွင် တဆယ်၊ တထောင်တွင်တရာ၊ တသောင်းတွင် တထောင်တို့ကို ရွေးကောက်ကြကုန်အံ့ဟု ဆိုလျက်၊
၁၀ဣသရေလလူမျိုး၏ယောကျာ်းဆယ်ပုံတစ် ပုံသည်စစ်တပ်အတွက်ရိက္ခာပို့ရမည်။ ကျန် သူတို့သည်ဂိဗာမြို့သားတို့အား ဣသရေလ လူမျိုးတွင်ကူးလွန်ခဲ့သည့်အဋ္ဌမ္မအမှု အတွက်ဒဏ်ပေးရမည်'' ဟုပြန်ပြောကြ၏။-
11 ၁၁ ဣသရေလအမျိုးသားအပေါင်းတို့သည် ဂိဗာမြို့တဘက်၌ စည်းဝေး၍ တယောက်သောသူကဲ့သို့ သင်းဖွဲ့လျက်နေကြ၏။
၁၁သို့ဖြစ်၍ဣသရေလပြည်ရှိလူအပေါင်း တို့သည် ဂိဗာမြို့ကိုတိုက်ခိုက်ရန်တစ်ခုတည်း သောရည်ရွယ်ချက်ဖြင့်စုဝေးကြကုန်၏။
12 ၁၂ ဣသရေလအမျိုးသားတို့သည်၊ ဗင်္ယာမိန်ခရိုင်တရှောက်လုံးသို့ စေလွှတ်၍၊ သင်တို့တွင် ပြုသော ဤအဓမ္မအမှုကား အဘယ်သို့နည်း။
၁၂ဣသရေလအမျိုးသားတို့သည် ဗင်္ယာမိန် အနွယ်ဝင်တို့၏နယ်မြေတစ်လျှောက်သို့ လူများကိုစေလွှတ်၍``သင်တို့ကူးလွန်ခဲ့ သည့်အဋ္ဌမ္မအမှုကားအဘယ်သို့နည်း။-
13 ၁၃ ယခုမှာ ဂီဗာမြို့၌ရှိသော ထိုအဓမ္မလူတို့ကို ငါတို့ယူ၍ သတ်သဖြင့် ဣသရေလအမျိုးထဲက ဒုစရိုက် အပြစ်ကို ပယ်ရှားမည်အကြောင်း ထိုလူတို့ကိုအပ်ကြပါဟု မှာလိုက်ကြ၏။ သို့ရာတွင် ဗင်္ယာမိန် အမျိုးသားတို့သည်၊ ညီအစ်ကို ဣသရေလအမျိုးသားတို့စကားကို နားမထောင်ဘဲ၊
၁၃ဂိဗာမြို့၌ရှိသောအဋ္ဌမ္မလူတို့ကိုငါတို့ သတ်၍ဣသရေလလူမျိုးမှ ဤဆိုးညစ်မှု ကိုဖယ်ရှားပစ်နိုင်ရန်ယခုငါတို့လက်သို့ ပေးအပ်ကြလော့'' ဟုပြောကြားစေ၏။ သို့ ရာတွင်ဗင်္ယာမိန်အနွယ်ဝင်တို့သည်အခြား ဣသရေလအမျိုးသားတို့၏စကားကို ဂရုမစိုက်ဘဲ၊-
14 ၁၄ ထိုအမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ၊ အမြို့မြို့အရွာရွာက ထွက်၍ ဂိဗာမြို့၌ စည်းဝေးကြ၏။-
၁၄သူတို့အားတိုက်ခိုက်ရန်ဗင်္ယာမိန်မြို့အပေါင်း မှထွက်လာ၍ဂိဗာမြို့၌စုရုံးကြ၏။-
15 ၁၅ ထိုအခါ ဂိဗာမြို့သား ယောက်ျားကောင်း ခုနစ်ရာမှတပါး အမြို့မြို့အရွာရွာက လာသော ဗင်္ယာ မိန် အမျိုးသား အရေအတွက်ကား၊ ထားလက်နက်စွဲကိုင်သောသူ နှစ်သောင်းခြောက်ထောင်တည်း။
၁၅သူတို့သည်ထိုနေ့၌မိမိတို့မြို့များမှစစ် သားနှစ်သောင်းခြောက်ထောင်ကိုခေါ်ထုတ်ခဲ့ ကြ၏။ ထိုမှတစ်ပါးဂိဗာမြို့သားတို့သည် လက်ရွေးစင်ဘယ်သန်လူခုနစ်ရာကိုလည်း စုရုံးပေးကြ၏။ ထိုလက်ရွေးစင်တို့သည် ဆံချည်တစ်ပင်ကိုလောက်လွှဲနှင့်မလွဲ အောင်ပစ်နိုင်သူများဖြစ်ကြ၏။-
16 ၁၆ ထိုလူအပေါင်းတို့တွင် လက်ဝဲလက်ကို သုံးတတ်သဖြင့်၊ ဆံခြည်တပင်ကို လောက်လွှဲနှင့်မှန်အောင် ပစ်နိုင်သော ယောက်ျားကောင်း ခုနှစ်ရာပါသတည်း။
၁၆
17 ၁၇ ဗင်္ယာမိန်အမျိုးသားမှတပါး ထားလက်နက်စွဲကိုင်၍ စစ်သူရဲဖြစ်သော ဣသရေလအမျိုးသား အရေ အတွက်ကား လေးသိန်းတည်း။
၁၇ဗင်္ယာမိန်အနွယ်ဝင်များမပါဘဲလက်နက် ကိုင်ဣသရေလအမျိုးသား စစ်သားဦးရေ မှာလေးသိန်းမျှရှိသတည်း။
18 ၁၈ ဣသရေလ အမျိုးသားတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ထ၍ သွားပြီးလျှင်၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ဗင်္ယာမိန် အမျိုးကို အဦး ချီသွားရပါမည်နည်းဟု ဘုရားသခင်ထံတော်၌ မေးလျှောက် ကြသော်၊ ထာဝရဘုရားက၊ ယုဒသည် အဦးချီသွားရမည်ဟု မိန့်တော်မူ၏။
၁၈ဣသရေလအမျိုးသားတို့သည်ဗေသလ မြို့ရှိဝတ်ပြုကိုးကွယ်ရာဌာနတော်သို့သွား ၍``ဗင်္ယာမိန်အမျိုးသားတို့အားမည်သည့် အနွယ်ဝင်များကဦးစွာပထမတိုက်ခိုက် ရပါမည်နည်း'' ဟုဘုရားသခင်အားလျှောက် ထားမေးမြန်းကြ၏။ ထာဝရဘုရားက``ယုဒအနွယ်ဝင်များ'' ဟူ၍ဖြေကြားတော်မူ၏။
19 ၁၉ နံနက်စောစော ဣသရေလအမျိုးသားတို့သည် ထ၍ ဂိဗာမြို့အနား၌ တပ်ချပြီးမှ၊
၁၉သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် နောက်တစ်နေ့နံနက်၌ထွက်ခွာပြီးလျှင် ဂိဗာမြို့အနီးတွင်တပ်စခန်းကြ၏။-
20 ၂၀ ဗင်္ယာမိန်အမျိုးသားတို့ကို တိုက်ခြင်းငှါ ချီသွား၍ ဂိဗာမြို့ရှေ့မှာ စစ်ခင်းကျင်းလျက် နေကြ၏။
၂၀သူတို့သည်ဗင်္ယာမိန်တပ်ကိုစစ်ဆင်ရန် သွားရောက်ကာ မိမိတို့၏စစ်သားများ အားမြို့ကိုမျက်နှာမူ၍နေရာယူစေ၏။-
21 ၂၁ ဗင်္ယာမိန်အမျိုးသားတို့သည် ဂိဗာမြို့ထဲက ထွက်ပြီးလျှင်၊ ထိုနေ့တွင် ဣသရေလ လူတသောင်း နှစ်ထောင်တို့ကို မြေပေါ်မှာ လှဲ၍ သတ်ကြ၏။
၂၁ဗင်္ယာမိန်တပ်သည်မြို့ထဲမှထွက်လာ၍နေ မဝင်မီပင် ဣသရေလတပ်သားနှစ်သောင်း နှစ်ထောင်ကိုသုတ်သင်သတ်ဖြတ်လိုက်ကြ၏။-
22 ၂၂ သို့ရာတွင် ဣသရေလအမျိုးသားတို့သည် ရဲရင့်သောစိတ်ကိုယူ၍ ပဌမနေ့တွင် စစ်ခင်းကျင်းသော အရပ်၌ တဖန်ခင်းကျင်းကြ၏။
၂၂ထိုအခါဣသရေလအမျိုးသားတို့သည်ကိုး ကွယ်ဝတ်ပြုရာဌာနတော်သို့သွား၍ ထာဝရ ဘုရား၏ရှေ့တော်၌ညနေချမ်းအချိန်တိုင် အောင်ငိုကြွေးကြ၏။ သူတို့ကကိုယ်တော် အား``အကျွန်ုပ်တို့၏ညီဖြစ်သောဗင်္ယာမိန် အမျိုးသားတို့အား တစ်ဖန်စစ်တိုက်ရပါ မည်လော'' ဟုမေးလျှောက်ကြပြန်၏။ ထာဝရဘုရားက``တိုက်လော့'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍ဣသရေလတပ်မတော်သည်အား တက်၍လာပြီးလျှင် တပ်သားများအားယမန် နေ့ကအတိုင်းနေရာယူစေပြန်၏။-
23 ၂၃ ထာဝရဘုရားထံတော်သို့ သွား၍ ညဦးယံတိုင်အောင် ငိုကြွေးလျက်၊ အကျွန်ုပ်တို့ညီ ဗင်္ယာမိန်အမျိုး သားတို့ကို တဖန်စစ်တိုက်ရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရဘုရားက ချီသွားကြလော့ဟု မိန့်တော်မူ၏။
၂၃
24 ၂၄ ဒုတိယနေ့တွင် ဣသရေလအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးတို့အနီးသို့ ချဉ်းကြသောအခါ၊
၂၄သူတို့သည်ဒုတိယအကြိမ်ဗင်္ယာမိန်တပ် ရှိရာသို့ချီတက်ကြလေသည်။-
25 ၂၅ ဗင်္ယာမိန် အမျိုးသားတို့သည် ဂိဗာမြို့ထဲက ထွက်ပြီးလျှင်၊ ထားလက်နက်စွဲကိုင်သော ဣသရေလ လူတသောင်းရှစ်ထောင်တို့ကို မြေပေါ်၌ လှဲ၍ သတ်ကြ၏။
၂၅ဗင်္ယာမိန်တပ်သားတို့သည်လည်းဂိဗာမြို့မှ ဒုတိယအကြိမ်ထွက်လာကြ၏။ ဤအကြိမ် တွင်သူတို့သည်လက်နက်ကိုင် ဣသရေလ တပ်သားတစ်သောင်းရှစ်ထောင်ကိုသတ်ဖြတ် လိုက်ကြလေသည်။-
26 ၂၆ ထိုအခါ ဣသရေလအမျိုးသား အပေါင်းတို့သည် ဘုရားသခင်အိမ်တော်သို့သွား၍ ငိုကြွေးလျက်၊ ထာဝရဘုရားထံတော်၌ ဝပ်လျက်၊ တနေ့လုံး ညဦးယံတိုင်အောင် အစာကို ရှောင်၍ ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်ကြ၏။
၂၆ထိုအခါဣသရေလအမျိုးသားအပေါင်းတို့ သည် ဗေသလမြို့သို့သွား၍ငိုကြွေးကြ၏။ သူ တို့သည်ထာဝရဘုရား၏ရှေ့တော်တွင်ထိုင် လျက် ညနေချမ်းတိုင်အောင်အစာရှောင်ကြ၏။ သူတို့သည်ထာဝရဘုရား၏ရှေ့တော်၌ မိတ် သဟာယယဇ်နှင့်မီးရှို့ရာယဇ်တို့ကိုပူဇော် ကြ၏။-
27 ၂၇ ထိုကာလ၌ ဘုရားသခင်၏ ပဋိညာဉ် သေတ္တာတော်ပါလျက်၊ အာရုန်၏သားဖြစ်သော ဧလာဇာ၏ သား ဖိနဟတ်သည်၊ သေတ္တာတော်ရှေ့မှာ အမှုစောင့်သည် ဖြစ်၍၊-
၂၇ထိုကာလ၌ဗေသလမြို့တွင်ဘုရားသခင် ၏ပဋိညာဉ်သေတ္တာတော်တည်ရှိသတည်း။ ထို သေတ္တာတော်ကိုအာရုန်၏မြေး၊ ဧလိဇာ၏သား၊ ဖိနဟတ်ကတာဝန်ယူ၍စောင့်ထိန်းရ၏။ လူ တို့ကထာဝရဘုရားအား``အကျွန်ုပ်တို့သည် မိမိတို့၏ညီဗင်္ယာမိန်အနွယ်ဝင်တို့အား ယခုတစ်ဖန်သွားရောက်တိုက်ခိုက်ရပါ မည်လော။ မတိုက်ခိုက်ဘဲနေရပါမည် လော'' ဟုမေးလျှောက်ကြ၏။ ထာဝရဘုရားက``တိုက်ခိုက်လော့။ နက်ဖြန် နေ့၌ငါသည်သင်တို့အားထိုသူတို့၏အပေါ် ၌အောင်ပွဲခံစေတော်မူမည်'' ဟုပြန်လည်မိန့် ကြားတော်မူ၏။
28 ၂၈ ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့ ညီဗင်္ယာမိန်အမျိုးသားတို့ကို တဖန်သွား၍ တိုက်ရပါမည်လော၊ မသွားဘဲနေရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရ ဘုရားက သွားကြလော့။ နက်ဖြန်နေ့တွင် သူတို့ကို သင်တို့လက်၌ ငါအပ်မည်ဟု မိန့်တော်မူ၏။
၂၈
29 ၂၉ ဣသရေလအမျိုးသားတို့သည် ဂိဗာမြို့ပတ်လည်၌ ကင်းစောင့်လူတို့ကို ထားပြီးမှ၊
၂၉ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် ဂိဗာမြို့ပတ်လည်၌စစ်သားအချို့ကိုပုန်း အောင်း၍နေစေကြ၏။-
30 ၃၀ တတိယနေ့တွင် ဗင်္ယာမိန် အမျိုးသားတို့ရှိရာသို့ ချီသွား၍၊ ယမန်ကဲ့သို့ ဂိဗာမြို့အနား၌ စစ်ခင်းကျင်း လျက် နေကြ၏။
၃၀ထိုနောက်သူတို့သည်ဗင်္ယာမိန်တပ်ရှိရာသို့ တတိယအကြိမ်ချီတက်ကာ မိမိတို့၏တပ် သားများကိုရှေ့ကနည်းတူဂိဗာမြို့ကိုမျက် နှာမူ၍တိုက်ပွဲဝင်ရန်နေရာယူစေကြ၏။-
31 ၃၁ ဗင်္ယာမိန် အမျိုးသားတို့သည် အတိုက်ထွက်၍ မြို့နှင့်ကွာသွားကြ၏။ ဗေသလမြို့သို့ သွားသောလမ်း၊ ဂိဗာတောရွာသို့ သွားသောလမ်းတွင် ယမန်ကဲ့သို့ ဣသရေအလအမျိုးသူရဲတို့ကို လုပ်ကြံစပြု၍ လူသုံးဆယ်ခန့်မျှ သေကြ၏။
၃၁ဗင်္ယာမိန်အမျိုးသားတို့သည်တိုက်ခိုက်ရန်ထွက် လာသောအခါ မြို့နှင့်ဝေးကွာရာသို့မျှား၍ ခေါ်ဆောင်ခြင်းခံကြရ၏။ သူတို့သည်ကွင်းပြင် တွင်လည်းကောင်း၊ ဗေသလမြို့သို့သွားရာလမ်း နှင့်ဂိဗာမြို့သို့သွားရာလမ်း၌လည်းကောင်း ယခင်ကကဲ့သို့ပင်ဣသရေလအမျိုးသား တို့ကိုစတင်လုပ်ကြံကြရာလူပေါင်းသုံးဆယ် ခန့်သေလေသည်။-
32 ၃၂ ဗင်္ယာမိန်အမျိုးသားတို့က၊ သူတို့သည် ယမန်ကဲ့သို့ ငါတို့ရှေ့မှာ ရှုံးကြပြီဟု ဆိုသော်လည်း၊ ဣသရေလ အမျိုးသားတို့က ပြေးကြကုန်အံ့၊ သူတို့ကို မြို့နှင့်ဝေးသော လမ်းတို့သို့ သွေးဆောင်ကြကုန်အံ့ဟု ဆိုလျက်၊
၃၂ဗင်္ယာမိန်အမျိုးသားတို့က``ငါတို့သည်ရှေး နည်းတူပင်သူတို့အားနှိမ်နင်းလိုက်လေပြီ'' ဟုဆိုကြ၏။ သို့သော်ဣသရေလအမျိုးသားတို့သည် မိမိတို့တပ်ကိုဆုတ်ခွာ၍ မြို့နှင့်ဝေးရာ လမ်းများပေါ်သို့ရောက်အောင်ရန်သူ့အား သွေးဆောင်ခေါ်ယူသွားရန်စီစဉ်ထားကြ၏။-
33 ၃၃ ဣသရေလလူအပေါင်းတို့သည် မိမိတို့ နေရာအရပ်မှထ၍ ဗာလတာမာမြို့၌ စစ်ခင်းကြ၏။ ကင်း စောင့်လျက်နေသော ဣသရေလလူတို့သည်လည်း မိမိတို့နေရာ ဂိဗာလွင်ပြင်မှ ထကြသဖြင့်၊
၃၃သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ပင် မတပ်ကြီးသည် ဆုတ်ခွာ၍ ဗာလတာမာမြို့၌ ပြန်လည်စုရုံးမိသောအခါ ဂိဗာမြို့ကိုဝိုင်းရံ ထားသောတပ်ပုန်းသည် မိမိတို့ပုန်းအောင်းရာ ကျောက်ပေါများသည့်မြို့ပတ်လည်အရပ်မှ ရုတ်တရက်ထွက်လာကြ၏။-
34 ၃၄ ဣသရေလအမျိုးသား ယောက်ျားကောင်း တသောင်းတို့သည် ဂိဗာမြို့သို့ ချီလာ၍၊ ဗင်္ယာမိန် အမျိုး သားတို့သည် ဘေးရောက်လုနီးသည်ကို မရိပ်မိသောကြောင့်၊ ကျပ်တည်းစွာ ဆီး၍ တိုက်ကြ၏။
၃၄ဣသရေလတစ်မျိုးလုံးမှလက်ရွေးစင်လူတစ် သောင်းတို့သည် ဂိဗာမြို့ကိုတိုက်ခိုက်ကြလေသည်။ တိုက်ပွဲမှာပြင်းထန်လှ၏။ ဗင်္ယာမိန်အမျိုးသား တို့သည်မိမိတို့အရေးရှုံးနိမ့်ရတော့မည့် အဖြစ်ကိုမရိပ်မိကြချေ။-
35 ၃၅ ထိုအခါ ထာဝရဘုရားသည် ဗင်္ယာမိန်လူတို့ကို ဣသရေလလူတို့ရှေ့မှာ ရှုံးစေတော်မူသဖြင့်၊ ထို့နေ့ တွင် ဣသရေလ လူတို့သည် ထားလက်နက်စွဲကိုင်သော ဗင်္ယာမိန်လူနှစ်သောင်းငါးထောင်တရာ တို့ကို ပယ်ရှင်းကြ၏။
၃၅ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ဗင်္ယာမိန်တပ်အပေါ်တွင်အောင်ပွဲခံစေ တော်မူ၏။ ထိုနေ့၌ဣသရေလအမျိုးသား တို့သည်ရန်သူနှစ်သောင်းငါးထောင်တစ်ရာ ကိုလုပ်ကြံသတ်ဖြတ်လိုက်ကြ၏။-
36 ၃၆ ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့ ရှုံးသည်ကို သိမြင်ကြ၏။ ဣသရေလူတို့သည်၊ ဂိဗာမြို့အနား၌ ထားသော ကင်းတပ်ကို ကိုးစားသောကြောင့်၊ အစက ဗင်္ယာမိန်လူတို့ရှေ့မှာ ဆုတ်ကြ၏
၃၆ဗင်္ယာမိန်အမျိုးသားတို့သည်မိမိတို့အရေး ရှုံးနိမ့်ကြသည်ကိုသိမြင်လာကြ၏။ ဣသရေလအမျိုးသားတို့၏ပင်မတပ်ကြီး သည် ဂိဗာမြို့ပတ်လည်တွင်ချထားသည့်တပ်ပုန်း ကိုအားကိုးကာဗင်္ယာမိန်အမျိုးသားတို့၏ ရှေ့မှဆုတ်ခွာသွားကြ၏။-
37 ၃၇ ကင်းတပ်သားတို့သည် ဂိဗာမြို့သို့ တဟုန်တည်းပြေးဝင်၍ အနှံ့အပြား တိုက်သဖြင့် တမြို့လုံးကို ထားနှင့်လုပ်ကြံကြ၏။
၃၇ထိုအခါတပ်ပုန်းသည်ဂိဗာမြို့ထဲသို့အလျင် အမြန်ဝင်ပြီးလျှင် လူဖြန့်၍ရှိသမျှသောမြို့ သူမြို့သားတို့အားလုပ်ကြံသတ်ဖြတ်ကြလေ သည်။-
38 ၃၈ မြို့ထဲမှာ ကြီးစွာသော မီးခိုးတက်စေရမည်အကြောင်း ဣသရေလလူတို့သည် ကင်းစောင့်လူတို့အား အကြံပေးနှင့်ကြပြီဖြစ်၍၊
၃၈ဣသရေလတပ်မကြီးသည်တပ်ပုန်းနှင့် အချက် ပြအမှတ်အသားတစ်ခုကိုစီစဉ်ထားခဲ့ကြ ၏။ မြို့ထဲမှမီးခိုးလုံးကြီးများတက်လာသည် ကိုမြင်သောအခါ၊-
39 ၃၉ ဣသရေလလူတို့သည် စစ်တိုက်ရာတွင် ဆုတ်သောအခါ၊ ဗင်္ယာမိန်လူတို့က၊ အကယ်၍ သူတို့သည် ယမန်စစ်ရှုံးသကဲ့သို့ ငါတို့ရှေ့မှာ ရှုံးကြပြီဟု ဆိုလျက် သူရဲတို့ကို လုပ်ကြံစပြု၍ လူသုံးဆယ်ခန့်မျှ သေကြ၏။
၃၉စစ်မြေပြင်တွင်ရှိနေကြသောဣသရေလတပ် သားတို့သည်ထွက်ပြေးရာမှလှည့်၍ပြန်လာရန် ဖြစ်၏။ ယင်းသို့ထွက်ပြေးဆုတ်ခွာချိန်၌ဗင်္ယာမိန် အမျိုးသားတို့သည် ဣသရေလတပ်သားသုံး ဆယ်ကိုသတ်ဖြတ်ပြီးဖြစ်သည်။ သူတို့က``ယခု တစ်ကြိမ်လည်းရှေးနည်းတူပင်သူတို့အပေါ် ၌ငါတို့အနိုင်ရလေပြီ'' ဟုအချင်းချင်း ပြောဆိုကြ၏။-
40 ၄၀ တဖန် မီးလောင်၍ ထူထပ်သော မီးခိုးသည် မြို့ထဲမှာ တက်စရှိသောအခါ၊ ဗင်္ယာမိန်လူတို့သည် ပြန်ကြည့်၍ မြို့ကိုလောင်သော မီးလျှံသည် မိုဃ်းကောင်းကင်သို့ တက်သည်ကို မြင်ကြ၍၊
၄၀ထိုအချိန်၌မီးခိုးလုံးကြီးတစ်ခုသည်မြို့ထဲ မှတက်စပြုပြီဖြစ်၍ အချက်ပြအမှတ်လက္ခ ဏာပေါ်လာလေသည်။ ဗင်္ယာမိန်အမျိုးသားတို့ သည်နောက်သို့လှည့်၍ကြည့်လိုက်သောအခါ မြို့တစ်မြို့လုံးမီးလျှံတောက်နေသည်ကိုမြင် သဖြင့်အံ့အားသင့်၍သွားကြ၏။-
41 ၄၁ ဣသရေလလူတို့သည် လှည့်၍ ပြန်သောအခါ၊ ဗင်္ယာမိန်လူတို့သည် ဘေးရောက်ကြောင်းကို သိမြင်လျှင်၊-
၄၁ထိုအခါဣသရေလအမျိုးသားတို့သည်ပြန် ၍လှည့်လာကြ၏။ ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့ဆုံးပါးပျက်စီးရတော့မည့်အဖြစ် ကိုသိရှိလာသဖြင့်ကြောက်လန့်တုန်လှုပ်လျက်၊-
42 ၄၂ မိန်းမောတွေဝေ၍ ဣသရေလလူတို့ရှေ့မှာ တောလမ်းသို့ ပြေးသော်လည်း၊ စစ်တိုက်လိုက်လာ သော သူတို့သည် မှီသဖြင့် ပြေးသော သူတို့ကို၎င်း၊ မြို့ရွာများထဲက ထွက်လာသောသူတို့ကို၎င်း၊ တပြိုင်နက်ဖျက်ဆီးကြ၏။
၄၂ဣသရေလအမျိုးသားတို့ထံမှဆုတ်ခွာ၍ တောကန္တာရထဲသို့ထွက်ပြေးကြ၏။ သို့ရာတွင် မလွတ်မမြောက်နိုင်ကြ။ ဣသရေလပင်မတပ် ကြီးနှင့်မြို့ထဲမှထွက်လာသောတပ်ပုန်းတို့ ၏စပ်ကြားတွင် ပိတ်၍မိနေကြသဖြင့်ချေ မှုန်းခြင်းကိုခံရကြတော့၏။-
43 ၄၃ ဗင်္ယာမိန်လူတို့ကို ဝိုင်းလျက်လိုက်လျက်၊ နုခါရွာမှစ၍ နေထွက်ရာဘက်၊ ဂိဗာမြို့အနားတိုင်အောင် နှိပ်နင်းကြ၏။
၄၃ဣသရေလအမျိုးသားတို့သည်ရန်သူတို့အား ဝိုင်းရံပြီးလျှင် ဂိဗာမြို့အရှေ့ဘက်သို့တိုင်အောင် မရပ်မနားလိုက်လံတိုက်ခိုက်သတ်ဖြတ်ကြ သဖြင့်၊-
44 ၄၄ ထိုအခါ ဗင်္ယာမိန်သူရဲ တသောင်းရှစ်ထောင်တို့သည် လဲ၍ သေကြ၏။
၄၄ဗင်္ယာမိန်အမျိုးသားလက်ရွေးစင်တပ်သား တစ်သောင်းရှစ်ထောင်မျှကျဆုံးလေသည်။-
45 ၄၅ ကြွင်းသော သူတို့သည် လှည့်၍ တောအရပ် ရိမ္မုန်ကျောက်သို့ ပြေးကြစဉ်တွင်၊ လိုက်သော သူတို့သည် လူငါးထောင်တို့ကို လမ်းမှာဖမ်းမိကြ၏။ ဂိဒုံမြို့တိုင်အောင် အပြင်းလိုက်၍ လူနှစ်ထောင်တို့ကိုလည်း သတ်ကြ၏။
၄၅အခြားသူတို့သည်လှည့်၍တောကန္တာရဘက်သို့ ပြေးပြီးလျှင်ရိမ္မုန်ကျောက်သို့ရောက်ကြ၏။ လမ်း များပေါ်၌ထိုသူတို့အနက်လူငါးထောင်မျှ ကျဆုံးရလေသည်။ ဣသရေလအမျိုးသား တို့သည်ကျန်ရှိသေးသူတို့အား ဂိဒုံမြို့တိုင် အောင်ဆက်လက်လိုက်လံတိုက်ခိုက်၍လူနှစ် ထောင်ကိုသတ်ဖြတ်လိုက်လေသည်။-
46 ၄၆ ထိုနေ့တွင် လဲ၍ သေသော ဗင်္ယာမိန် ထားစွဲသူရဲတို့ အရေအတွက်ကား၊ နှစ်သောင်းငါးထောင်တည်း။
၄၆ထိုနေ့၌ဗင်္ယာမိန်အမျိုးသားစုစုပေါင်းနှစ် သောင်းငါးထောင်မျှသေရကြ၏။ ထိုသူအား လုံးပင်သူရဲကောင်းများဖြစ်ကြသတည်း။
47 ၄၇ လူခြောက်ရာတို့သည် လှည့်၍ တောအရပ်ရိမ္မုန်ကျောက်ကို မှီအောင်ပြေးသဖြင့်၊ ထိုကျောက် အောက်မှာ လေးလနေကြ၏။
၄၇သို့ရာတွင်လူခြောက်ရာတို့သည်တောကန္တာရရှိ ရိမ္မုန်ကျောက်သို့ထွက်ပြေးလွတ်မြောက်သွားကြ လေသည်။ သူတို့သည်ထိုအရပ်တွင်လေးလ မျှနေကြ၏။-
48 ၄၈ ဣသရေလလူတို့သည် တဖန် လှည့်၍၊ ဗင်္ယာမိန်အမျိုးသားတို့ကို တိုက်လျက် မြို့ရွာ၌ ရှိသောလူ၊ တိရစ္ဆာန်တွေ့သမျှတို့ကို ထားနှင့်လုပ်ကြံ၍၊ တွေ့သမျှသော မြို့ရွာတို့ကို မီးရှို့ကြ၏။
၄၈ဣသရေလအမျိုးသားတို့သည်လှည့်၍ ယောကျာ်း၊ မိန်းမ၊ ကလေး၊ တိရစ္ဆာန်အပါအဝင် ကျန်ရှိနေသေးသည့်ဗင်္ယာမိန်အမျိုးသားတို့ အားသတ်ပစ်ကြလေသည်။ တွေ့သမျှသော မြို့တို့ကိုလည်းမီးရှို့ကြ၏။