< တရားသူကြီးမှတ်စာ 2 >
1 ၁ ထာဝရဘုရား၏ တမန်တော်သည်၊ ဂိလဂါလမြို့မှ ဗောခိမ်မြို့သို့ လာ၍၊ သင်တို့ ဘိုးဘေးတို့အား ငါကျိန်ဆိုသော ပြည်သို့ အဲဂုတ္တုပြည်မှ သင်တို့ကို ငါဆောင်ခဲ့ပြီ။ သင်တို့နှင့် ငါဖွဲ့သော ပဋိညာဉ်ကို ငါမဖျက်အစဉ်အမြဲစောင့်မည်။
И дође анђео Господњи од Галгала у Воким и рече: Извео сам вас из Мисира и довео вас у земљу за коју сам се заклео оцима вашим; и рекох: Нећу покварити завет свој с вама довека.
2 ၂ သင်တို့သည် ဤပြည်သားတို့နှင့် မိဿဟာယမဖွဲ့ရ။ သူတို့ ယဇ်ပလ္လင်တို့ကို လှဲချရမည်ဟု ငါ ဆိုသော်လည်း၊ သင်တို့သည် ငါ့စကားကို နားမထောင်ကြ။ အဘယ်ကြောင့် ဤသို့ ပြုကြသနည်း။
А ви не хватајте веру са становницима те земље, олтаре њихове раскопајте. Али не послушасте глас мој. Шта сте то учинили?
3 ၃ တဖန် ငါဆိုသည်ကား၊ ဤပြည်သားတို့ကို သင်တို့ရှေ့မှ ငါမနှင်ထုတ်။ သူတို့သည် သင်တို့ တဘက်၌ မုဆိုးလုပ်လျက်၊ သူတို့ဘုရားတို့သည်လည်း သင်တို့၌ ကျော့ကွင်းဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
Зато и ја рекох: Нећу их одагнати испред вас, него ће вам бити као трње, и богови њихови биће вам замка.
4 ၄ ထာဝရဘုရား၏ တမန်တော်သည် ဣသရေလအမျိုးသားအပေါင်းတို့အား ဤသို့ မိန့်တော်မူသောအခါ၊ လူများတို့သည် အသံကို လွှင့်၍ ငိုကြွေးကြ၏။
А кад изговори анђео Господњи ове речи свим синовима Израиљевим, народ подиже глас свој и плака.
5 ၅ ထိုအရပ်ကို ဗောခိမ်အမည်ဖြင့် မှည့်၍ ထာဝရဘုရားအား ယဇ်ပူဇော်ကြ၏။
Зато прозваше оно место Воким; и онде принесоше жртве Господу.
6 ၆ အထက်က ယောရှုသည် လူများတို့ကို လွှတ်လိုက်သောအခါ၊ ဣသရေလအမျိုးသားတို့သည် အသီးအသီး မိမိတို့အမွေခံရာမြေကို သိမ်းယူခြင်းငှါ သွားကြ၏။
А Исус распусти народ, и разиђоше се синови Израиљеви сваки на своје наследство, да наследе земљу.
7 ၇ ယောရှုလက်ထက်ကာလပတ်လုံး၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ၏။ထာဝရဘုရားသည် ဣသရေလအမျိုးအဘို့ ပြုတော်မူသော အမှုကြီးအလုံးစုံတို့ကို သိမြင်၍၊ ယောရှုမရှိသောနောက် အသက်ရှင်သေးသော အသက်ကြီးသူတို့လက်ထက်၌လည်း ထာဝရဘုရားကို ဝတ်ပြုကြ၏။
И служи народ Господу свега века Исусовог и свега века старешина који живеше дуго иза Исуса које беху виделе сва велика дела Господња што учини Израиљу.
8 ၈ ထာဝရဘုရား၏ကျွန်၊ နုန်၏သား ယောရှုသည် အသက်တရာတဆယ်ရှိသော် အနိစ္စရောက်လေ၏။
Али умре Исус син Навин слуга Господњи, кад му беше сто и десет година.
9 ၉ ဧဖရိမ်တောင်ပေါ်၊ ဂါရှကုန်းမြောက်မှာရှိသော သူ၏အမွေခံရာ တိမနဿေရမြို့နယ်မြေ၌ သင်္ဂြိုဟ်ကြ၏။
И погребоше га у међама наследства његовог у Тамнат-Аресу у гори Јефремовој са севера гори Гасу.
10 ၁၀ ယောရှုလက်ထက်ကာလ၌ ဖြစ်သော သူအပေါင်းတို့သည်လည်း၊ ဘိုးဘေးတို့ စုဝေးရာသို့ ရောက်ကြ ၏။ ထာဝရဘုရားကို၎င်း၊ ဣသရေလအမျိုးအဘို့ ပြုတော်မူသော အမှုတို့ကို၎င်း မသိသော နောင်ကာလအမျိုးသားတို့သည် ပေါ်လာကြ၏။
И сав онај нараштај прибра се к оцима својим, и наста други нараштај иза њих, који не познаваше Господа ни дела која је учинио Израиљу.
11 ၁၁ ထိုကာလအခါ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍ ဗာလဘုရားတို့ကို ဝတ်ပြုကြ၏။
И синови Израиљеви, чинише што је зло пред Господом, и служише Валима.
12 ၁၂ အဲဂုတ္တုပြည်မှ သူတို့ကို ဆောင်ခဲ့တော်မူသော ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်၍၊ ပတ်ဝန်းကျင်၌ရှိသော လူမျိုးတို့၏ ဘုရားတပါးတို့နောက်သို့ လိုက်လျက် ဦးညွှတ်သဖြင့် ထာဝရဘုရား အမျက်တော်ကို ထွက်စေကြ၏။
И оставише Господа Бога отаца својих, који их је извео из земље мисирске, и пођоше за другим боговима између богова оних народа који беху око њих, и клањаше им се, и разгневише Господа.
13 ၁၃ ထာဝရဘုရားကို စွန့်၍ ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြသောကြောင့်၊
И оставише Господа, и служише Валу и Астаротама.
14 ၁၄ ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာ အမျက်ထွက်လျက်၊ လုယူသော သူတို့လက်သို့ အပ်၍၊ ပတ်ဝန်းကျင်သော ရန်သူတို့၌ ရောင်းတော်မူသဖြင့်၊ ရန်သူတို့ ရှေ့မှာ သူတို့သည် တဖန် မရပ်နိုင်ကြ။
И разгневи се Господ на Израиља, и даде их у руке људима који их плењаху, и продаде их у руке непријатељима њиховим унаоколо, и не могаше се више држати пред непријатељима својим.
15 ၁၅ သူတို့သည် ထွက်သွားလေရာရာ၌ ထာဝရဘုရား မိန့်မြွက်ကျိန်ဆိုတော်မူသည်အတိုင်း၊ လက်တော် အဆီးအတားနှင့် တွေ့၍ အလွန်ဆင်းရဲခြင်းသို့ ရောက်ကြ၏။
Куд год полажаху, рука Господња беше против њих на зло, као што беше рекао Господ и као што им се беше заклео Господ; и беху у великој невољи.
16 ၁၆ သို့ရာတွင် လုယူသော သူတို့လက်မှ ကယ်လွှတ်သော တရားသူကြီးတို့ကို ထာဝရဘုရား ပေါ်ထွန်း စေတော်မူ၏။
Тада им Господ подизаше судије, који их избављаху из руку оних што их плењаху.
17 ၁၇ ထိုတရားသူကြီးတို့ စကားကိုလည်း သူတို့သည် နားမထောင်၊ အခြားတပါးသော ဘုရားတို့နှင့် မှားယွင်း၍ ဦးညွှတ်ကြ၏။ ဘိုးဘေးတို့သည် ထာဝရဘုရား၏ ပညတ်တော်တို့ကို ကျင့်၍ လိုက်သော လမ်းမှ သူတို့သည် အလျင်အမြန်လွဲသွားသဖြင့်၊ ဘိုးဘေးကျင့်သည်အတိုင်း မကျင့်ကြ။
Али ни судија својих не слушаше, него чинише прељубу за другим боговима, и клањаше им се; брзо зађоше с пута којим идоше оци њихови слушајући заповести Господње; они не чинише тако.
18 ၁၈ ထာဝရဘုရားသည် တရားသူကြီးကို ပေါ်ထွန်းစေသောအခါ သူနှင့်အတူရှိ၍၊ သူ့လက်ထက် ပတ်လုံး ဣသရေလလူတို့ကို ရန်သူ၏လက်မှ ကယ်လွှတ်တော်မူ၏။ အကြောင်းမူကား သူတို့သည် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရ၍ မြည်တမ်းကြသောအခါ ထာဝရဘုရားသည် နောင်တရတော်မူ၏။
И кад им Господ подизаше судије, беше Господ са сваким судијом, и избављаше их из руку непријатеља њихових свега века судијиног; јер се сажали Господ ради њиховог уздисања на оне који им криво чињаху и који их цвељаху.
19 ၁၉ တရားသူကြီး သေသောနောက်၊ သူတို့သည် တဖန်ဘိုးဘေးထက်သာ၍ ဆိုးသဖြင့်၊ အခြားတပါးသော ဘုရားတို့နောက်သို့ လိုက်လျက် ဝတ်ပြု၍ ဦးညွှတ်ကြ၏။ မိမိတို့ အကျင့်ဓလေ့နှင့် ကြမ်းတမ်းသော လမ်းကို မစွန့်မပယ်ကြ။
А кад судија умре, они се враћаху опет и биваху гори од отаца својих идући за боговима другим и служећи им и клањајући им се; не остављаху се дела својих нити путева својих опаких.
20 ၂၀ ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာ အမျက်ထွက်လျက်၊ ဤလူတို့သည် ငါ့စကားကို နားမထောင်။ သူတို့ ဘိုးဘေးတို့နှင့် ငါဖွဲ့သော ပဋိညာဉ်ကို ဖျက်သောကြောင့်၊
Зато се распали гнев Господњи на Израиља, и рече: Кад је тај народ преступио мој завет који сам заповеди оцима њиховим, и не послушаше глас мој,
21 ၂၁ ယောရှုသေသောနောက် ကျန်ကြွင်းရစ်သော လူမျိုးတစုံတမျိုးကို သူတို့ရှေ့မှ နောက်တဖန် ငါမနှင်ထုတ်။
Ни ја нећу више ниједнога гонити испред њих између народа које остави Исус кад умре,
22 ၂၂ သူတို့ ဘိုးဘေးတို့သည် ထာဝရဘုရား၏လမ်းတော်သို့ လိုက်ခြင်းငှါ စောင့်ရှောက်သကဲ့သို့ သူတို့သည် စောင့်ရှောက်မည်လော၊ မစောင့်ရှောက်လောဟု ကျန်သေးသော လူမျိုးအားဖြင့် ဣသရေလအမျိုးကို ငါစုံစမ်းမည်ဟု မိန့်တော်မူသည်နှင့်အညီ၊
Да њима кушам Израиља хоће ли се држати пута Господњег ходећи по њему, као што су се држали оци њихови, или неће.
23 ၂၃ ထိုလူမျိုးကို ယောရှုလက်၌ မအပ် အလျင်အမြန် မနှင်ထုတ်ဘဲ နေတော်မူ၏။
И Господ остави те народе и не изагна их одмах не предавши их у руке Исусу.