< တရားသူကြီးမှတ်စာ 18 >
1 ၁ ထိုကာလအခါ ဣသရေလရှင်ဘုရင် မရှိစဉ်၊ ဒန်အမျိုးသားတို့သည် အမွေခံစရာမြေကို ရှာကြ၏။ ထိုကာလတိုင်အောင် အခြားသော ဣသရေလအမျိုးတို့တွင်၊ အမွေခံထိုက်သည် အတိုင်းမခံရသေး။
Naqueles dias não havia rei em Israel. E em aqueles dias a tribo de Dã buscava possessão para si de onde morasse, porque até então não lhe havia caído sorte entre as tribos de Israel por herança.
2 ၂ သို့ဖြစ်၍ ဒန်အမျိုးသားတို့သည် ပြည်ကို ကြည့်ရှုစူးစမ်းစေခြင်းငှါ မိမိတို့ အမျိုးသား ခွန်အားကြီး သော သူရဲငါးယောက်တို့ကို သူတို့နေရာအရပ် ဇောရာမြို့၊ ဧရှတောလမြို့မှ စေလွှတ်လျက်၊ ပြည်ကို သွား၍ စူးစမ်းကြလော့ဟု မှာလိုက်ကြသည်အတိုင်း၊ သူတို့သည် ဧဖရိမ်တောင်၊ မိက္ခာအိမ်သို့ ရောက် ပြီးလျှင် တည်းခို၍ နေကြ၏။
E os filhos de Dã enviaram de sua tribo cinco homens de seus termos, homens valentes, de Zorá e Estaol, para que reconhecessem e explorassem bem a terra; e disseram-lhes: Ide e reconhecei a terra. Estes vieram ao monte de Efraim, até a casa de Mica, e ali passaram a noite.
3 ၃ မိက္ခာအိမ်၌ ရှိစဉ်အခါ၊ လေဝိလုလင်၏ စကားသံကို မှတ်မိ၍၊ သူ့နေရာသို့ ဝင်လျှင်၊ သင်သည် ဤအရပ်သို့ အဘယ်ကြောင့် ရောက်သနည်း။ ဤသူနှင့် အဘယ်သို့ ဆိုင်သနည်း။ အဘယ်သို့ လုပ်၍ နေသနည်းဟု မေးသော်၊-
E quando estavam próximos da casa de Mica, reconheceram a voz do jovem levita; e achegando-se ali, disseram-lhe: Quem te trouxe por aqui? e que fazes aqui? e que tens tu por aqui?
4 ၄ ထိုသူက၊ မိက္ခာသည် ဤမည်သောအမှု ဤမည်သော အရာကို ပေး၍ ငါ့ကို ငှါးသဖြင့်၊ ငါသည် သူ၏ ယဇ်ပုရောဟိတ် လုပ်နေသည်ဟု ပြန်ပြော၏။
E ele lhes respondeu: Desta e desta maneira fez comigo Mica, e me há tomado para que seja seu sacerdote.
5 ၅ သူတို့ကလည်း၊ အကျွန်ုပ်တို့သည် ယခု ခရီးသွားရာတွင် အကြံမြောက်မည် မမြောက်မည်ကို သိမည် အကြောင်း ဘုရားသခင်ကို မေးမြန်းပါလော့ဟု တောင်းပန်သည်အတိုင်း၊-
E eles lhe disseram: Pergunta, pois, agora a Deus, para que saibamos se há de prosperar nossa viajem que fazemos.
6 ၆ ယဇ်ပုရောဟိတ်က ငြိမ်ဝပ်စွာသွားကြလော့။ သင်တို့ သွားရာလမ်းကို ထာဝရဘုရား ကြည့်ရှုတော် မူသည်ဟု ပြန်ပြော၏။
E o sacerdote lhes respondeu: Ide em paz, que vosso viajem que fazeis é diante do SENHOR.
7 ၇ ထိုလူ ငါးယောက်တို့သည် ထွက်သွား၍ လဲရှမြို့သို့ ရောက်သဖြင့်၊ မြို့သားတို့သည် ဇိဒုန် အမျိုးသား တို့ သတိမရှိသကဲ့သို့ သတိမရှိ၊ မစိုးရိမ်ဘဲ ငြိမ်ဝပ်စွာ နေကြောင်းကို၎င်း၊ ဆုံးမပိုင်သော မင်းမရှိ ကြောင်းကို၎င်း၊ ဇိဒုန်အမျိုးသားတို့နှင့် ဝေး၍ အဘယ်သူနှင့်မျှ အမှုမဆိုင်ကြောင်းကို၎င်း ကြည့်ရှု ပြီးမှ၊-
Então aqueles cinco homens se partiram, e vieram a Laís: e viram que o povo que habitava nela estava seguro, ocioso e confiante, conforme o costume dos de Sidom; não havia ninguém naquela região que os perturbasse em coisa alguma; além disso, os sidônios estavam distantes, e não tinham negócios com ninguém.
8 ၈ အမျိုးသားချင်းရှိရာ ဇောရာမြို့၊ ဧရှတောလမြို့သို့ ပြန်လာ၍ အမျိုးသားချင်းတို့က၊ သင်တို့သည် အဘယ်သို့ ပြောကြမည်နည်းဟု မေးသော်၊-
Voltando, pois, eles a seus irmãos em Zorá e Estaol, seus irmãos lhes disseram: Que há? e eles responderam:
9 ၉ သူတို့က၊ ထ၍ သွားတိုက်ကြကုန်အံ့၊ ထိုပြည်သည် ကောင်းမွန်သော ပြည်ဖြစ်သည်ကို ငါတို့ မြင်ပြီ။ ငြိမ်ဝပ်စွာ နေကြသေးသလော။ ထိုပြည်ကို သိမ်းယူဝင်စားခြင်းငှါ မဖင့်နွှဲကြနှင့်။
Levantai-vos, subamos contra eles; porque nós exploramos a região, e vimos que é muito boa: e vós vos estais quietos? Não sejais preguiçosos em vos dispor em marcha para ir a possuir a terra.
10 ၁၀ သွားလျှင် သတိမရှိသောလူမျိုးနျင့် ကျယ်ဝန်းသော ပြည်ကို တွေ့ကြလိမ့်မည်။ ဘုရားသခင်သည် သင်တို့လက်၌ အပ်တော်မူမည်။ ထိုပြည်၌ မြေကြီးဥစ္စာ စုံလင်လျက်ရှိသည်ဟု ပြောဆိုကြ၏။
Quando ali chegardes, vereis a uma gente segura, e a uma terra ampla; pois que Deus a entregou em vossas mãos; lugar de onde não há falta de coisa que seja na terra.
11 ၁၁ ထိုအခါ ဇောရာမြို့၊ ဧရှတောလမြို့မှ ဒန်အမျိုးသား လူခြောက်ရာတို့သည် စစ်တိုက်လက်နက် ပါလျက် ချီသွားကြ၏။
E partindo os de Dã dali, de Zorá e de Estaol, seiscentos homens armados de armas de guerra,
12 ၁၂ သွားရာတွင်၊ ယုဒခရိုင် ကိရယတ်ယာရိမ်မြို့မှာ စားခန်းချကြ၏။ ထိုအရပ်ကို ယနေ့တိုင်အောင် ဒန်အမျိုးတပ်ဟူ၍ တွင်သတည်း။ ကိရယတ်ယာရိမ်မြို့ နောက်မှာရှိ၏။
Foram e assentaram acampamento em Quriate-Jearim, em Judá; de onde aquele lugar foi chamado o campo de Dã, até hoje: está detrás de Quriate-Jearim.
13 ၁၃ ထိုအရပ်မှ သွား၍ ဧဖရိမ်တောင်၌ မိက္ခာအိမ်သို့ ရောက်ကြ၏။
E passando dali ao monte de Efraim, vieram até a casa de Mica.
14 ၁၄ ထိုအခါ လဲရှမြို့ကို စူးစမ်းခြင်းငှါ သွားသော သူငါးယောက်တို့က၊ ဤအိမ်တို့၌ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ ထုသောရုပ်တု၊ သွန်းသောရုပ်တုရှိကြောင်းကို သိသလော။ အဘယ်သို့ ပြုရမည်ကို ဆင်ခြင်ကြလော့ဟု အမျိုးသားချင်းတို့အားဆိုသော်၊-
Então aqueles cinco homens que haviam ido a reconhecer a terra de Laís, disseram a seus irmãos: Não sabeis como em estas casas há éfode e ídolos, e imagem de escultura e de fundição? Olhai pois o que haveis de fazer.
15 ၁၅ သူတို့သည် ထိုအရပ်သို့ လှည့်သွားသဖြင့်၊ လေဝိလုလင်နေရာ မိက္ခာအိမ်သို့ရောက်၍ သူ့ကို နှုတ် ဆက်ကြ၏။
E achegando-se ali, vieram à casa do jovem levita em casa de Mica, e perguntaram-lhe como estava.
16 ၁၆ စစ်တိုက်လက်နက်ပါသော ဒန်အမျိုးသား ခြောက်ရာတို့သည် တံခါးဝ၌ နေကြ၏။
E os seiscentos homens, que eram dos filhos de Dã, estavam armados de suas armas de guerra à entrada da porta.
17 ၁၇ လဲရှမြို့ကို စူးစမ်းသော လူငါးယောက်တို့သည် မိက္ခာအိမ်သို့ ဝင်၍၊
E subindo os cinco homens que haviam ido a reconhecer a terra, entraram ali, e tomaram a imagem de escultura, e o éfode, e os ídolos, e a imagem de fundição, enquanto o sacerdote estava à entrada da porta com os seiscentos homens armados
18 ၁၈ ထုသောရုပ်တု၊ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ သွန်းသောရုပ်တုတို့ကို ယဇ်ပုရောဟိတ်ရှေ့မှာ ယူကြ၏။ ယဇ်ပုရောဟိတ်ကလည်း၊ အဘယ်သို့ ပြုကြသနည်းဟု မေးသော်၊-
Entrando, pois, aqueles na casa de Mica, tomaram a imagem de escultura, o éfode, e os ídolos, e a imagem de fundição. E o sacerdote lhes disse: Que fazeis vós?
19 ၁၉ သူတို့က တိတ်ဆိတ်စွာနေပါ။ ကိုယ်တော်နှုတ်ကို လက်နှင့်ပိတ်၍ အကျွန်ုပ်တို့နှင့် ကြွပါ။ အကျွန်ုပ်တို့ အဘလုပ်ပါ။ ယဇ်ပုရောဟိတ် လုပ်ပါ။ တအိမ်ထောင်၌သာ ယဇ်ပုရောဟိတ် လုပ်ကောင်းသလော။ ဣသရေလအမျိုးအနွှယ်တို့တွင် တမျိုးတနွယ် လုံး၌ ယဇ်ပုရောဟိတ် မလုပ်ကောင်းသလောဟု ဆိုကြသော်၊
E eles lhe responderam: Cala, põe a mão sobre tua boca, e vem conosco, para que sejas nosso pai e sacerdote. É melhor que tu sejas sacerdote em casa de um homem só, que de uma tribo e família de Israel?
20 ၂၀ ယဇ်ပုရောဟိတ်သည် ဝမ်းမြောက်၍ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ ထုသောရုပ်တုကို ယူလျက်၊ ထိုလူစုထဲသို့ ဝင်သွားလေ၏။
E alegrou-se o coração do sacerdote; o qual tomando o éfode e os ídolos, e a imagem, veio entre a gente.
21 ၂၁ ထိုသူတို့သည် သူငယ်များ၊ တိရစ္ဆာန်များ၊ ဝန်စလယ်များကို အဦးသွားစေသဖြင့် ကိုယ်တိုင် လိုက်လျက် လှည့်သွားကြ၏။
E eles voltaram e foram-se; e puseram os meninos, e o gado e a bagagem, diante de si.
22 ၂၂ မိက္ခာအိမ်နှင့် ဝေးသောအခါ၊ မိက္ခာ၏ အိမ်နီးချင်းတို့သည် စည်းဝေး၍၊ ဒန်အမျိုးသားတို့ကို မှီ အောင် လိုက်ကြ၏။
E quando já se haviam afastado da casa de Mica, os homens que habitavam nas casas vizinhas à casa de Mica, se juntaram, e seguiram aos filhos de Dã.
23 ၂၃ ကြွေးကြော်သောအခါ၊ ဒန်အမျိုးသားတို့သည် လှည့်ကြည့်လျက် သင်သည် အဘယ်အခင်းရှိ၍ လူအပေါင်းတို့နှင့် လိုက်လာသနည်းဟု မိက္ခာအားမေးသော်၊-
E gritando aos de Dã, estes viraram seus rostos, e disseram a Mica: Que tens que juntaste gente?
24 ၂၄ မိက္ခာက၊ သင်တို့သည် ငါလုပ်သော ဘုရားတို့နှင့် ယဇ်ပုရောဟိတ်ကို ယူသွားကြသည်တကား။ ထိုအရာမှတပါး ငါ၌ အဘယ်အရာရှိသနည်း။ သို့သော်လည်း သင်တို့က၊ အဘယ်အခင်း ရှိသနည်း ဟု ငါ့ကို မေးကြသည်တကားဟု ဆိုသော်၊-
E ele respondeu: Meus deuses que eu fiz, que levais juntamente com o sacerdote, e vos vades: que mais me resta? E a que propósito me dizeis: Que tens?
25 ၂၅ ဒန်အမျိုးသားတို့က၊ ငါတို့တွင် သင့်စကားကို မကြားပါစေနှင့်။ သို့မဟုတ် စိတ်ဆိုးသော သူတို့သည် သင့်ကို တိုက်၍ သင့်အသက်နှင့်သင့်အိမ်သားတို့ အသက်ဆုံးကောင်းဆုံးလိမ့်မည်ဟု ဆိုလျက် ခရီးသွားကြ၏။
E os filhos de Dã lhe disseram: Não grites atrás de nós, não seja que os de ânimo impetuoso vos acometam, e percas também tua vida, e a vida dos teus.
26 ၂၆ မိက္ခာသည် သူတို့ကို မိမိမနိုင်သည်ကိုသိ၍ မိမိအိမ်သို့ ပြန်သွားလေ၏။
E indo os filhos de Dã seu caminho, e vendo Mica que eram mais fortes que ele, voltou-se e regressou à sua casa.
27 ၂၇ ဒန်အမျိုးသားတို့သည်၊ မိက္ခာလုပ်သော အရာတို့နှင့် သူ၌နေသော ယဇ်ပုရောဟိတ်ကို ယူသွား၍၊ သတိမရှိ ငြိမ်ဝပ်စွာနေသော လဲရှမြို့သားတို့ဆီသို့ ရောက်သဖြင့် ထားနှင့်လုပ်ကြံ၍ မြို့ကို မီးရှို့ ကြ၏။
E eles levando as coisas que havia feito Mica, juntamente com o sacerdote que tinha, chegaram a Laís, ao povo tranquilo e seguro; e meteram-nos à espada, e abrasaram a cidade com fogo.
28 ၂၈ ဇိဒုန်မြို့နှင့်ဝေးသောကြောင့်၎င်း၊ အဘယ်သူနှင့်မျှ အမှုမဆိုင်သောကြောင့်၎င်း၊ ကယ်နှုတ်သော သူမရှိ။ ထိုမြို့သည် ဗက်ရဟောဘမြို့အနားမှာရှိသော ချိုင့်၌ တည်၏။ ထိုအရပ်၌ မြို့သစ်ကိုတည်၍ နေကြ၏။
E não houve quem os defendesse, porque estavam longe de Sidom, e não tinham comércio com ninguém. E a cidade estava no vale que há em Bete-Reobe. Logo reedificaram a cidade, e habitaram nela.
29 ၂၉ ထိုမြို့ကို သူတို့အမျိုး၏ အဘဣသရေလ၏ သားဒန်အမည်ကို မှီသဖြင့် ဒန်မြို့ဟူ၍ တွင်ကြ၏။ ထိုမြို့ အမည်ဟောင်းကား လဲရှတည်း။
E chamaram o nome daquela cidade Dã, conforme ao nome de Dã seu pai, filho de Israel, bem que antes se chamava a cidade Laís.
30 ၃၀ ဒန်အမျိုးသားတို့သည် မိက္ခာထုသောရုပ်တုကို တည်ထောင်၍ မနာရှေသား ဂေရရှုံ၏သား ယောနသန်နှင့် သူ၏သားတို့သည် သေတ္တာတော်ကို သိမ်းသွားသည့်နေ့တိုင်အောင် ဒန်အမျိုး၌ ယဇ်ပုရောဟိတ် လုပ်ကြ၏။
E os filhos de Dã levantaram para si imagem de escultura; e Jônatas, filho de Gérson, filho de Manassés, ele e seus filhos foram sacerdotes na tribo de Dã, até o dia do cativeiro desta terra.
31 ၃၁ ဘုရားသခင်၏ အိမ်တော်သည် ရှိလောမြို့၌ ရှိသည်ကာလပတ်လုံး၊ မိက္ခာသွန်းသော ရုပ်တုကိုလည်း တည်ထောင်ကြ၏။
E levantaram para si a imagem de Mica, a qual ele havia feito, todo aquele tempo que a casa de Deus esteve em Siló.