< တရားသူကြီးမှတ်စာ 17 >
1 ၁ မိက္ခာအမည်ရှိသော ဧဖရိမ်တောင်သား တယောက်ရှိ၏။
၁အခါတစ်ပါးကမိက္ခာအမည်ရှိသောလူ တစ်ယောက်သည် ဧဖရိမ်တောင်ကုန်းဒေသ တွင်နေထိုင်၏။-
2 ၂ သူသည် အမိအား၊ အိုအမေ၊ ပျောက်သောငွေ၊ အကျွန်ုပ်ရှေ့မှာ ကျိန်ဆဲသော စကားကို ပြောသော ငွေဆယ်တပိဿာသည် အကျွန်ုပ်၌ ရှိပါ၏။ အကျွန်ုပ်ယူမိပြီဟု ဆိုသော်၊ အမိက၊ ငါ့သား၊ ထာဝရ ဘုရားကောင်းကြီး ပေးတော်မူပါစေသောဟု ဆို၏။-
၂သူသည်မိမိ၏မိခင်အား``မိခင်၏ငွေတစ်ဆယ့် တစ်ပိဿာပျောက်ဆုံးသွားစဉ်အခါကခိုး ယူသူအား မိခင်ကျိန်ဆဲခဲ့သည်ကိုကျွန်တော် ကြားရပါသည်။ ထိုငွေသည်ကျွန်တော့်မှာ ရှိပါသည်။ ကျွန်တော်ယူမိပါသည်'' ဟု ပြောလေသည်။ သူ၏မိခင်ကလည်း``ငါ့သား၊ ထာဝရဘုရား သည်သင့်အားကောင်းချီးပေးတော်မူပါစေ သော'' ဟုဆို၏။-
3 ၃ ထိုငွေဆယ်တပိဿာကို အမိအား ပြန်ပေးသောအခါ၊ အမိက၊ ငါ့သားသည် ထုသောရုပ်တုနှင့် သွန်းသော ရုပ်တုကိုလုပ်စရာဘို့ ဤငွေရှိသမျှကို ထာဝရဘုရားအား ငါပူဇော်နှင့်ပြီ။
၃သူသည်ထိုငွေကိုမိခင်အားပြန်၍ပေး၏။ ထို အခါမိခင်ဖြစ်သူက``ငါ့သား၊ ကျိန်စာ မသင့်စိမ့်သောငှာငါကိုယ်တိုင်ပင်ထိုငွေကို ထာဝရဘုရားအားပေးလှူဆက်ကပ်မည်။ ငွေဖြင့်မွမ်းမံထားသည့်သစ်သားရုပ်တု တစ်ခုကိုပြုလုပ်ရာတွင် ထိုငွေကိုအသုံး ပြုမည်ဖြစ်၍သင့်အားပြန်ပေးမည်'' ဟုဆို၏။-
4 ၄ သို့ဖြစ်၍ ငါ့သားအား ယခု ငါပြန်ပေးမည်ဟု ဆိုသော်လည်း၊ သားသည် ထိုငွေကို အမိအား ပြန်ပေး၏။ အမိသည်လည်း နှစ်ပိဿာကိုယူ၍ ပန်းတိမ်သမား၌ အပ်သဖြင့်၊ သူသည် ထုသောရုပ်တုနှင့် သွန်းသော ရုပ်တုကိုလုပ်၍ ရုပ်တုတို့သည် မိက္ခာအိမ်၌ ရှိ၏။
၄သားဖြစ်သူသည်လည်းထိုငွေကိုမယူဘဲ အမိအားပြန်၍ပေးလေသည်။ ထိုအခါ မိခင်သည်ငွေနှစ်ပိဿာကိုယူ၍ပန်းထိမ် အားပေးအပ်ကာ သစ်သားရုပ်တုတစ်ခု ထုလုပ်စေပြီးလျှင်ငွေဖြင့်မွမ်းမံစေ၏။ ထိုရုပ်တုကိုမိက္ခာ၏အိမ်တွင်ထားရှိ သတည်း။
5 ၅ ထိုလူမိက္ခာသည် ဘုရားကျောင်းရှိ၍၊ သင်တိုင်းတော်နှင့် တေရပ်ရုပ်တုကို လုပ်ပြီးမှ၊ မိမိ သားတယောက်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ၏။
၅ဤမိက္ခာဆိုသူ၌ မိမိကိုယ်ပိုင်ဝတ်ပြုကိုး ကွယ်ရာဌာနတစ်ခုရှိ၏။ သူသည်ရုပ်တု များနှင့်သင်တိုင်းတော်တစ်ခုကိုပြုလုပ် ပြီးလျှင် မိမိသားတစ်ယောက်အားမိမိ ၏ယဇ်ပုရောဟိတ်အဖြစ်ဖြင့်ခန့်ထား လေသည်။-
6 ၆ ထိုကာလ၌ ဣသရေလရှင် ဘုရင်မရှိ။ လူတိုင်း မိမိစိတ် အလိုရှိသည်အတိုင်း ပြုသတည်း။
၆ထိုကာလ၌ဣသရေလလူမျိုးတွင်ဘုရင် မရှိသေးချေ။ လူတိုင်းပင်မိမိ၏စိတ် သဘောအတိုင်းပြုလုပ်လေသည်။
7 ၇ ယုဒအမျိုးနှင့် စပ်ဆိုင်သော ဗက်လင် ယုဒမြို့သား လေဝိအမျိုး လုလင်တယောက်သည်၊ ဗက်လင် မြို့မှာ တည်းခို၍ နေပြီးလျှင်၊-
၇ထိုကာလ၌ယုဒပြည်ဗက်လင်မြို့တွင် နေထိုင် သောလေဝိအမျိုးသားလူငယ်တစ်ယောက်သည်၊-
8 ၈ တဖန် ထွက်သွား၍ တည်းခိုစရာအရပ်ကို ရှာလျက် ခရီးသွားသဖြင့်၊ ဧဖရိမ်တောင်၊ မိက္ခာအိမ်သို့ ရောက်လေ၏။
၈အခြားတစ်မြို့တစ်ရွာသို့သွားရောက်နေထိုင် ရန်ဗက်လင်မြို့မှထွက်ခွာလာစဉ် ဧဖရိမ် တောင်ကုန်းဒေသရှိမိက္ခာ၏အိမ်သို့ရောက် ရှိလာလေသည်။-
9 ၉ မိက္ခာကလည်း၊ သင်သည် အဘယ်က လာသနည်းဟု မေးသော်၊ လုလင်က၊ ငါသည် ယုဒခရိုင် ဗက်လင်မြို့သား လေဝိလူဖြစ်၏။ တည်းခိုစရာအရပ်ကို ရှာ၏ဟု ပြန်ပြောသော်၊-
၉မိက္ခာက``သင်သည်အဘယ်အရပ်မှလာသနည်း'' ဟုမေး၏။ သူက``အကျွန်ုပ်သည်ယုဒပြည်ဗက် လင်မြို့မှလေဝိအမျိုးသားဖြစ်၍နေထိုင်ရန် အရပ်ကိုရှာနေသူဖြစ်ပါသည်'' ဟုပြန်ပြော လေသည်။
10 ၁၀ မိက္ခာက၊ အကျွန်ုပ်နှင့်အတူ နေပါ။ အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ ယဇ်ပုရောဟိတ်လုပ်ပါ။ အကျွန်ုပ်သည် တနှစ်တနှစ်လျှင် ငွေအကျပ်တဆယ်နှင့် အဝတ်စုံကို၎င်း၊ စားစရာကို၎င်း ပေးပါမည် ဟု ပင့်ဘိတ်သောအခါ၊ လေဝိဘူသည် ဝင်၍၊-
၁၀မိက္ခာကလည်း``အကျွန်ုပ်နှင့်အတူနေပါလော့။ အကျွန်ုပ်အားအကြံဉာဏ်ပေးသူ၊ အကျွန်ုပ်၏ ယဇ်ပုရောဟိတ်အဖြစ်ဖြင့်နေပါလော့။ သင့် အားတစ်နှစ်လျှင်ငွေဒင်္ဂါးတစ်ဆယ်နှင့်ဝတ်စုံ ကိုလည်းကောင်း၊ အစားအစာကိုလည်းကောင်း အကျွန်ုပ်ထောက်ပံ့ပါမည်'' ဟုဆိုလေသော်၊-
11 ၁၁ ထိုသူနှင့်အတူနေခြင်းငှါ အလိုရှိသဖြင့် သားကဲ့သို့ ဖြစ်လေ၏။
၁၁လေဝိလူငယ်သည်မိက္ခာနှင့်အတူနေထိုင် ရန်သဘောတူလိုက်၏။ သူသည်မိက္ခာ၏သား သဖွယ်အတူနေထိုင်လေသည်။
12 ၁၂ မိက္ခာသည်လည်း၊ ထိုလေဝိလုလင်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့်ထားသည်အတိုင်း၊ လုလင်သည် ယဇ်ပုရောဟိတ် လုပ်၍ မိက္ခာအိမ်၌ နေ၏။
၁၂မိက္ခာသည်သူ့အားမိမိ၏ယဇ်ပုရောဟိတ်အဖြစ် ဖြင့်ခန့်ထားသဖြင့် သူသည်မိက္ခာ၏အိမ်၌နေထိုင် လေသည်။-
13 ၁၃ မိက္ခာကလည်း၊ ယခုမှာ လေဝိလူသည် ငါ၏ယဇ်ပုရောဟိတ် ဖြစ်သောကြောင့်၊ ထာဝရဘုရားသည် ငါ၌ ကျေးဇူးပြုတော်မူမည်ကို ငါသိသည်ဟု ဆို၏။
၁၃မိက္ခာကလည်း``ယခုငါသည်လေဝိအမျိုးသား တစ်ဦးအား မိမိ၏ယဇ်ပုရောဟိတ်အဖြစ်ဖြင့် ရရှိထားလေပြီ။ ထို့ကြောင့်ထာဝရဘုရား သည်အစစအရာရာ၌ ငါ့အားတိုးတက် အောင်မြင်စေတော်မူလိမ့်မည်'' ဟုဆို၏။