< တရားသူကြီးမှတ်စာ 16 >

1 နောက်တဖန် ရှံဆုန်သည် ဂါဇမြို့သို့ သွား၍ ပြည်တန်ဆာမိန်းမကို တွေ့ပြီးလျှင် သူ့ဆီသို့ ဝင်၍ နေ၏။
І пішов Самсо́н до Га́зи, і побачив там жінку блудни́цю, і ввійшов до неї.
2 ရှံဆုန်ရောက်ကြောင်းကို ဂါဇမြို့သားတို့သည် ကြားလျှင် ဝိုင်းထားလျက်၊ မြို့တံခါးဝ၌ တညဉ့်လုံး ချောင်းမြောင်းလျက်၊ နံနက်မိုဃ်းလင်းသောအခါ သူ့ကို သတ်မည်ဟု ဆို၍ တညဉ့်လုံး ငြိမ်သက်စွာ နေကြ၏။
А аззеянам донесли, говорячи: „Самсон прийшов сюди!“І оточи́ли вони, і чатували на нього всю ніч у міські́й брамі. І вони тихо поводилися всю ніч, говорячи: „ Будемо чатувати аж до ранішнього світу, — і заб'ємо його“.
3 ရှံဆုန်သည် သန်းခေါင်တိုင်အောင် အိပ်ပြီးမှ၊ သန်းခေါင်အချိန်၌ ထ၍ မြို့တံခါးရွက်တို့ကို၊ တံခါးတိုင် ကန့်လန့်ကျင်နှင့်တကွ ယူ၍ ပခုံးပေါ်မှာ တင်လျက် ထမ်းသွား၍၊ ဟေဗြုန်မြို့ရှေ့၊ တောင်ပေါ်၌ ပစ်ထားလေ၏။
І лежав Самсон аж до пі́вночі. А опі́вночі встав, і схопи́в за двері місько́ї брами та за оби́два бічні́ одві́рки, та й вирвав їх ра́зом із за́сувом, і поклав на свої плечі, і виніс їх на верхі́в'я гори, що навпроти Хевро́ну.
4 နောက်တဖန် စောရက်ချိုင့်၌နေသော ဒေလိလအမည်ရှိသော မိန်းမတယောက်ကို ချစ်ပြန်၏။
І сталося потому, і покохав він жінку в долині Сорек, а ім'я́ їй Делі́ла.
5 ဖိလိတ္တိမင်းတို့သည် ထိုမိန်းမဆီသို့ လာ၍၊ ရှံဆုန်၌ ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သနည်း၊ သူ့ကို ချည်နှောင်၍ နှိပ်စက်ခြင်းငှါ အဘယ်သို့ တတ်နိုင်မည်နည်းဟု သူ့ကို ချော့မော့၍ စူးစမ်းပါ။ ငါတို့သည် ဝိုင်း၍ ငွေဆယ်တပိဿာကို ပေးမည်ဟု ဆိုကြ၏။
І прийшли до неї филистимські воло́дарі, та й сказали їй: „Намов його та й побач, — у чо́му його велика сила, і чим переможемо його та зв'яжемо його, щоб упокори́ти його? А ми кожен дамо́ тобі тисячу й сто шеклів срібла“.
6 ဒေလိလကလည်း၊ သင်၌ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သည်ကို၎င်း၊ သင့်ကို နှိပ်စက်ခြင်းငှါ အဘယ်သို့ ချည်နှောင်ရမည်ကို၎င်း ပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊
І сказала Деліла до Самсона: „Розкажи мені, у чо́му твоя велика сила, і чим можна зв'язати, щоб упокори́ти тебе?“
7 ရှံဆုန်က၊ တခါမျှ မသွေ့ခြောက်သော လျှော်ကြိုးစိမ်းခုနစ်စင်းနှင့် ငါ့ကို ချည်နှောင်လျှင် ငါ၌ ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို၏။
І сказав їй Самсон: „Якщо зв'яжуть мене сімома́ мокрими шну́рами, що ще не ви́сушені, то осла́бну та й стану, як кожен із людей“.
8 ထိုအခါ ဖိလိတ္တိမင်းတို့သည် တခါမျှ မသွေ့ခြောက်သော လျှော်ကြိုးစိမ်းခုနစ်စင်းတို့ကို ယူခဲ့၍၊ ထိုမိန်းမသည် ရှံဆုန်ကို ချည်နှောင်လေ၏။
І прине́сли їй филистимські володарі сім мокрих шну́рів, що ще не були ви́сушені, а вона зв'язала його ними.
9 ယောက်ျားအချို့တို့သည် ထိုမိန်းမ၏ အိပ်ခန်းထဲမှ ချောင်းမြောင်းလျက် နေသည်ဖြစ်၍ မိန်းမက၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော်၊ သူသည် မီးထိသော ပိုက်ဆန်ချည်ကဲ့သို့ ထိုကြိုးတို့ကို ဖြတ်လေ၏။ သို့ဖြစ်၍ သူ၏ခွန်အားကို မသိရကြ။
А за́сідка сиділа в неї в іншій кімна́ті. І вона сказала до нього: „Филисти́мляни на тебе, Самсоне!“І він розірва́в ті шну́ри, як розривається нитка з кло́ччя, коли понюхає огню. І не пізнана була його сила.
10 ၁၀ ဒေလိလကလည်း၊ သင်သည် ငါ့ကို ကျီစား၍ မုသာကိုသာ ပြောပြီ။ သင့်ကို အဘယ်သို့ ချည်နှောင် ရမည်ကို ယခုပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊
І сказала Делі́ла до Самсона: „Оце ти обмани́в мене, і говорив мені лжу. Розкажи ж мені тепер, чим можна зв'язати тебе?“
11 ၁၁ သူက၊ မသုံးဘူးသော ကြိုးသစ်နှင့် ကျပ်ကျပ်ချည်နှောင်လျှင် ငါ၌ ခွန်အားလျော့၍ အခြားသော သူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆိုသည်အတိုင်း၊
А він їй сказав: „Якщо справді зв'яжуть мене нови́ми су́каними шну́рами, якими не робилася робота, то ослабну й стану, як кожен із людей“.
12 ၁၂ ဒေလိလသည် ကြိုးသစ်တို့ကို ယူ၍ ချည်နှောင်ပြီးမှ၊ ထိုအခန်း၌ ချောင်းမြောင်းသော သူအချို့ ရှိနေလျက်၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော်၊ ရှံဆုန်သည် လက်ရုံး၌ ချည်သော ကြိုးတို့ကို အပ်ချည်ကဲ့သို့ ဖြတ်လေ၏။
І взяла Деліла нові́ шну́ри, та й зв'язала його ними, і сказала до нього: „Филисти́мляни на тебе, Самсоне!“А за́сідка сиділа в іншій кімна́ті. І він зірвав їх зо своїх плече́й, немов нитку.
13 ၁၃ ဒေလိလကလည်း၊ ယခုတိုင်အောင် သင်သည် ငါ့ကို ကျီစား၍ မုသာကိုသာ ပြောပြီ။ အဘယ်သို့ ချည်နှောင်ရမည်ကို ပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊ သူက၊ ငါ့ဆံပင် ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင်စို့နှင့် ရိုက်ထားလျှင် ငါ၌ ခွန်အားလျော့၍ အခြားသော သူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆိုသည်အတိုင်း၊
І сказала Деліла Самсонові: „Досі ти обма́нював мене, і говорив мені лжу. Розкажи ж мені, чим можна зв'язати тебе?“А він їй сказав: „Якщо утчеш сім ку́черів моєї голови з основою“.
14 ၁၄ ဒေလိလသည် သူ၏ဆံပင်ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင်စို့နှင့် ရိုက်ထားပြီးမှ၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော်၊ ရှံဆုန်နိုး၍ ရက်ကန်းလက်လိပ်၊ စို့၊ ရက်ကန်းသားပါလျက် သွား၏။
І вона прибила їх ткацьким клинко́м, та й сказала до нього: „Филистимляни на тебе, Самсоне!“А він обудився зо сну́ свого, та й вирвав ткацького клинка́ ткани́ни та осно́ву.
15 ၁၅ ဒေလိလကလည်း၊ သင်သည် ငါ့ကို ချစ်သည်ဟု စိတ်နှလုံးမပါဘဲလျက် အဘယ်သို့ ပြောနိုင်သနည်း။ သင့်၌ ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သည်ကို မပြော။ သုံးကြိမ်တိုင်အောင် ငါ့ကို ကျီစားပြီဟု ဆို၏။
І сказала вона до нього: „Як ти говориш: кохаю тебе, а серце твоє не зо мною? Оце тричі обмани́в ти мене, і не розповів мені, у чо́му твоя велика сила“.
16 ၁၆ ထိုသို့ ဒေလိလသည် နေ့တိုင်း ပူဆာ၍ သူအသက် သေလုအောင် နှောင့်ရှက်သောကြောင့်၊-
І сталося, коли вона докуча́ла йому своїми словами по всі дні, та напирала на нього, то знетерпели́вилася душа його на смерть.
17 ၁၇ ရှံဆုန်သည် မိမိစိတ်နှလုံး၌ ရှိသမျှအတိုင်းပြော၍၊ ငါ့ဆံပင်ကို တခါမျှ မရိတ်သေး။ အမိဝမ်းထဲမှစ ၍ ဘုရားသခင်၏ နာဇရိလူဖြစ်၏။ ငါ့ဆံပင်ကို ရိတ်လျှင် ငါ၌ ခွန်အားလျော့၍ အခြားသောသူ ကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို၏။
І виложив він їй усе серце своє, та й сказав їй: „Бритва не торкалась моєї голови, бо я Божий назоре́й від утро́би своєї матері. Якщо я буду ого́лений, то відступить від мене сила моя, і я ослабну, та й стану, як кожна люди́на“.
18 ၁၈ ထိုသို့ မိမိစိတ်နှလုံးထဲမှာ ရှိသမျှအတိုင်း ပြောကြောင်းကို ဒေလိလ သိလျှင်၊ ဖိလိတ္တိမင်းတို့ကို တဖန်ခေါ်၍၊ ယခုတခါ လာကြပါဦး။ သူသည် မိမိစိတ်နှလုံးရှိသမျှအတိုင်း ပြောပြီဟု မှာလိုက်သဖြင့်၊ သူတို့သည် ငွေကို ဆောင်ယူခဲ့လျက် လာကြ၏။
І побачила Деліла, що він розповів їй усе своє серце, і послала й покликала филистимських воло́дарів, говорячи: „Прийдіть і цим ра́зом, бо він розповів мені все своє серце“. І прийшли до неї филистимські воло́дарі, і зне́сли срібло в своїй руці.
19 ၁၉ ဒေလိလသည် ရှံဆုန်ခေါင်းကို မိမိဒူးပေါ်မှာ တင်လျက် သူကို အိပ်စေသဖြင့်၊ လူတယောက်ကို ခေါ်၍ သူ၏ ဆံပင်ခုနစ်စုတို့ကို ရိတ်စေပြီးမှ၊ သူကို နှောင့်ရှက်စပြု၍ သူ၏ ခွန်အားသည် လျော့ ပျောက်၏။
А вона приспала його на колінах своїх, і покликала чоловіка та й наказала оголи́ти сім ку́черів його голови. І став він сла́бнути, і відступила від нього сила його.
20 ၂၀ မိန်းမကလည်း၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟု ဆိုသော်၊ ရှံဆုန်နိုး၍ ထာဝရ ဘုရား စွန့်တော်မူကြောင်းကို မရိပ်မိသောကြောင့်၊ အရင်ကဲ့သို့ ငါထွက်၍ အားထုတ်မည်ဟု အကြံ ရှိသော်လည်း၊-
І сказала вона: „Филисти́мляни на тебе, Самсоне!“І збудився він зо сну́ свого та й сказав: „Вийду я, як раз-у-раз, і стрясуся“. А він не знав, що Господь відступився від нього.
21 ၂၁ ဖိလိတ္တိလူတို့သည် ဘမ်းဆီး၍ သူ့မျက်စိကို ဖောက်ပြီးမှ ဂါဇမြို့သို့ ယူသွားပြီးလျှင် ကြေးဝါကြိုးနှင့် ချည်နှောင်၍ ထောင်အိမ်၌ ကြိတ်ဆုံနှင့် ကြိတ်စေကြ၏။
І взяли́ його филисти́мляни, та й ви́брали очі йому́. І вони звели́ його до Га́зи, і зв'язали його мі́дяними ланцюга́ми, і він молов у домі ув'язнених.
22 ၂၂ ရှံဆုန် ဆံပင်ရိတ်သောနောက်၊ တဖန် ပေါက်ပြန်သောအခါ၊-
А волос голови його зачав рости по тому, як був він ого́лений.
23 ၂၃ ဖိလိတ္တိမင်းတို့ကို၊ ငါတို့ဘုရားသည် ငါတို့ ရန်သူကို ငါတို့လက်သို့ အပ်တော်မူပြီဟု ဆိုလျက်၊ သူတို့ ဘုရား ဒါဂုန်အားယဇ်ကြီးကို ပူဇော်၍ ပျော်မွေ့ခြင်းကို ပြုအံ့သောငှါ စည်းဝေးကြ၏။
А филистимські воло́дарі зібра́лися, щоб прине́сти велику жертву Даґо́нові, своєму бо́гові, та повесели́тися. І сказали вони: „Наш бог передав у нашу ру́ку Самсо́на, ворога нашого“.
24 ၂၄ လူများတို့သည် ရှံဆုန်ကို မြင်သောအခါ၊ ငါတို့ဘုရားသည် ငါတို့ပြည်ကို ဖျက်ဆီး၍၊ ပြည်သားအများ တို့ကို သတ်သော ငါတို့၏ ရန်သူကို၊ ငါတို့လက်သို့ အပ်တော်မူပြီဟု မိမိတို့ဘုရားကို ချီးမွမ်းကြ၏။
І бачив його народ, і хвалили своїх богів, і говорили: „Наш бог передав у нашу руку нашого ворога та спустоши́теля нашого кра́ю, який наші тру́пи намно́жив“.
25 ၂၅ စိတ်နှလုံးရွှင်လန်းသောအခါ၊ ရှံဆုန်ကို ခေါ်ခဲ့။ ငါတို့အဘို့ ကစားပါလေစေဟု ဆိုသဖြင့်၊ ရှံဆုန်ကို ထောင်အိမ်မှ ခေါ်ခဲ့၍ သူသည် ကစားရ၏။ သူကိုလည်း စရပ်တိုင်ကြားမှာ ထားကြ၏။
І сталося, коли їхнє серце звеселилося, то сказали вони: „Покличте Самсона, і нехай він посміши́ть нас“. І покликали Самсона з дому ув'я́знених, і він витіва́в жарти перед ними, а вони поставили його поміж стовпа́ми.
26 ၂၆ ရှံဆုန်ကလည်း၊ စရပ်တိုင်တို့ကို ငါမှီ၍ နေရအောင် လက်နှင့်တွေ့ပါရစေဟု လက်ဆွဲသော လူကလေး ကို အခွင့်တောင်း၏။-
І сказав Самсо́н юнако́ві, що держав його за руку: „Пусти мене, і дай доторкнутися мені, до тих стовпі́в, що на них цей дім стоїть міцно, і нехай я обіпру́ся на них“.
27 ၂၇ ထိုစရပ်၌ ယောက်ျားမိန်းမတို့သည် အပြည့်ရှိကြ၏။ ဖိလိတ္တိမင်းအပေါင်းတို့လည်း ပါကြ၏။ စရပ်မိုး ပေါ်မှာလည်း သုံးထောင်မျှလောက်သော ယောက်ျားမိန်းမတို့သည် ရှံဆုန်ကစားသည်ကို ကြည့်ရှု လျက်ရှိကြ၏။-
А той дім був повен чоловіків та жіно́к, і туди зібралися всі филистимські воло́дарі, а на даху́ було близько трьох тисяч чоловіків та жіно́к, що приглядалися до жартів Самсона.
28 ၂၈ ရှံဆုန်ကလည်း၊ အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်မျက်စိနှစ် ဘက်ကို ဖောက်သော ဖိလိတ္တိလူတို့၌ တပြိုင်နက်အပြစ်ဒဏ် ပေးနိုင်မည်အကြောင်း၊ ယခုတကြိမ်မျှ သာ ခွန်အားကို ပြန်ပေးတော်မူပါဘုရားဟု ထာဝရဘုရားအား ဆုတောင်းပြီးမှ၊-
І кли́кнув Самсон до Господа, та й сказав: „Владико Господи, згадай же про мене, та зміцни мене тільки цього ра́зу, Боже, і нехай я пімщу́ филисти́млянам одну пімсту за дво́є очей своїх!“
29 ၂၉ စရပ်ခေါင်တိုင်နှစ်တိုင်တို့ကို လက်ျာလက်၊ လက်ဝဲလက်နှစ်ဘက်နှင့်ကိုင်၍ မှီနေလျက်၊-
І обняв Самсон оби́два середи́нні стовпи́, що на них міцно стояв той дім, і обпе́рся на них, — на одно́го прави́цею своєю, а на одно́го ліви́цею своєю.
30 ၃၀ အကျွန်ုပ်သည် ဖိလိတ္တိလူတို့နှင့် အတူသေပါရစေဟု ဆိုလျက်၊ အားထုတ်၍ ကိုယ်ကိုညွှတ်ချသဖြင့်၊ စရပ်သည် မင်းများ၊ လူများအပေါင်းတို့အပေါ်မှာ လဲ၍ ဖိလေ၏။ ထိုသို့ အသက်ရှင်စဉ်အခါ သတ်ခဲ့သည်ထက် သေစဉ်အခါ သာ၍များသော သူတို့ကို သတ်လေ၏။
І сказав Самсон: „Нехай помру́ я ра́зом із филисти́млянами!“І він з великою силою сперся на стовпи, — і впав той дім на володарів та на ввесь той наро́д, що в ньому. І були ті померлі, що він повбивав їх при своїй смерті, численні́ші за тих, що повбивав їх за свого життя.
31 ၃၁ သူ့ညီများ၊ အဆွေအမျိုးများ အပေါင်းတို့သည် လာ၍ အလောင်းကောင်ကို ထမ်းသွားပြီးလျှင်၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြားတွင် အဘမာနော်၏ သင်္ချိုင်း၌ သင်္ဂြိုလ်ကြ၏။ သူသည် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ် အုပ်စိုးသတည်း။
І зійшли його брати́ та ввесь дім його батька, і поне́сли його, і ви́несли та й поховали його між Цор'а та між Ештаолом у гро́бі Мано́аха, батька його. А він судив Ізраїля двадцять літ.

< တရားသူကြီးမှတ်စာ 16 >