< တရားသူကြီးမှတ်စာ 16 >
1 ၁ နောက်တဖန် ရှံဆုန်သည် ဂါဇမြို့သို့ သွား၍ ပြည်တန်ဆာမိန်းမကို တွေ့ပြီးလျှင် သူ့ဆီသို့ ဝင်၍ နေ၏။
Then went Samson to Gaza, and saw there an harlot, and went in to her.
2 ၂ ရှံဆုန်ရောက်ကြောင်းကို ဂါဇမြို့သားတို့သည် ကြားလျှင် ဝိုင်းထားလျက်၊ မြို့တံခါးဝ၌ တညဉ့်လုံး ချောင်းမြောင်းလျက်၊ နံနက်မိုဃ်းလင်းသောအခါ သူ့ကို သတ်မည်ဟု ဆို၍ တညဉ့်လုံး ငြိမ်သက်စွာ နေကြ၏။
And it was told the Gazites, saying, Samson is come here. And they compassed him in, and laid wait for him all night in the gate of the city, and were quiet all the night, saying, In the morning, when it is day, we shall kill him.
3 ၃ ရှံဆုန်သည် သန်းခေါင်တိုင်အောင် အိပ်ပြီးမှ၊ သန်းခေါင်အချိန်၌ ထ၍ မြို့တံခါးရွက်တို့ကို၊ တံခါးတိုင် ကန့်လန့်ကျင်နှင့်တကွ ယူ၍ ပခုံးပေါ်မှာ တင်လျက် ထမ်းသွား၍၊ ဟေဗြုန်မြို့ရှေ့၊ တောင်ပေါ်၌ ပစ်ထားလေ၏။
And Samson lay till midnight, and arose at midnight, and took the doors of the gate of the city, and the two posts, and went away with them, bar and all, and put them on his shoulders, and carried them up to the top of an hill that is before Hebron.
4 ၄ နောက်တဖန် စောရက်ချိုင့်၌နေသော ဒေလိလအမည်ရှိသော မိန်းမတယောက်ကို ချစ်ပြန်၏။
And it came to pass afterward, that he loved a woman in the valley of Sorek, whose name was Delilah.
5 ၅ ဖိလိတ္တိမင်းတို့သည် ထိုမိန်းမဆီသို့ လာ၍၊ ရှံဆုန်၌ ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သနည်း၊ သူ့ကို ချည်နှောင်၍ နှိပ်စက်ခြင်းငှါ အဘယ်သို့ တတ်နိုင်မည်နည်းဟု သူ့ကို ချော့မော့၍ စူးစမ်းပါ။ ငါတို့သည် ဝိုင်း၍ ငွေဆယ်တပိဿာကို ပေးမည်ဟု ဆိုကြ၏။
And the lords of the Philistines came up to her, and said to her, Entice him, and see wherein his great strength lies, and by what means we may prevail against him, that we may bind him to afflict him; and we will give you every one of us eleven hundred pieces of silver.
6 ၆ ဒေလိလကလည်း၊ သင်၌ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သည်ကို၎င်း၊ သင့်ကို နှိပ်စက်ခြင်းငှါ အဘယ်သို့ ချည်နှောင်ရမည်ကို၎င်း ပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊
And Delilah said to Samson, Tell me, I pray you, wherein your great strength lies, and with which you might be bound to afflict you.
7 ၇ ရှံဆုန်က၊ တခါမျှ မသွေ့ခြောက်သော လျှော်ကြိုးစိမ်းခုနစ်စင်းနှင့် ငါ့ကို ချည်နှောင်လျှင် ငါ၌ ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို၏။
And Samson said to her, If they bind me with seven green thongs that were never dried, then shall I be weak, and be as another man.
8 ၈ ထိုအခါ ဖိလိတ္တိမင်းတို့သည် တခါမျှ မသွေ့ခြောက်သော လျှော်ကြိုးစိမ်းခုနစ်စင်းတို့ကို ယူခဲ့၍၊ ထိုမိန်းမသည် ရှံဆုန်ကို ချည်နှောင်လေ၏။
Then the lords of the Philistines brought up to her seven green thongs which had not been dried, and she bound him with them.
9 ၉ ယောက်ျားအချို့တို့သည် ထိုမိန်းမ၏ အိပ်ခန်းထဲမှ ချောင်းမြောင်းလျက် နေသည်ဖြစ်၍ မိန်းမက၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော်၊ သူသည် မီးထိသော ပိုက်ဆန်ချည်ကဲ့သို့ ထိုကြိုးတို့ကို ဖြတ်လေ၏။ သို့ဖြစ်၍ သူ၏ခွန်အားကို မသိရကြ။
Now there were men lying in wait, abiding with her in the chamber. And she said to him, The Philistines be on you, Samson. And he broke the thongs, as a thread of wick is broken when it touches the fire. So his strength was not known.
10 ၁၀ ဒေလိလကလည်း၊ သင်သည် ငါ့ကို ကျီစား၍ မုသာကိုသာ ပြောပြီ။ သင့်ကို အဘယ်သို့ ချည်နှောင် ရမည်ကို ယခုပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊
And Delilah said to Samson, Behold, you have mocked me, and told me lies: now tell me, I pray you, with which you might be bound.
11 ၁၁ သူက၊ မသုံးဘူးသော ကြိုးသစ်နှင့် ကျပ်ကျပ်ချည်နှောင်လျှင် ငါ၌ ခွန်အားလျော့၍ အခြားသော သူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆိုသည်အတိုင်း၊
And he said to her, If they bind me fast with new ropes that never were occupied, then shall I be weak, and be as another man.
12 ၁၂ ဒေလိလသည် ကြိုးသစ်တို့ကို ယူ၍ ချည်နှောင်ပြီးမှ၊ ထိုအခန်း၌ ချောင်းမြောင်းသော သူအချို့ ရှိနေလျက်၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော်၊ ရှံဆုန်သည် လက်ရုံး၌ ချည်သော ကြိုးတို့ကို အပ်ချည်ကဲ့သို့ ဖြတ်လေ၏။
Delilah therefore took new ropes, and bound him therewith, and said to him, The Philistines be on you, Samson. And there were liers in wait abiding in the chamber. And he broke them from off his arms like a thread.
13 ၁၃ ဒေလိလကလည်း၊ ယခုတိုင်အောင် သင်သည် ငါ့ကို ကျီစား၍ မုသာကိုသာ ပြောပြီ။ အဘယ်သို့ ချည်နှောင်ရမည်ကို ပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊ သူက၊ ငါ့ဆံပင် ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင်စို့နှင့် ရိုက်ထားလျှင် ငါ၌ ခွန်အားလျော့၍ အခြားသော သူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆိုသည်အတိုင်း၊
And Delilah said to Samson, Till now you have mocked me, and told me lies: tell me with which you might be bound. And he said to her, If you weave the seven locks of my head with the web.
14 ၁၄ ဒေလိလသည် သူ၏ဆံပင်ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင်စို့နှင့် ရိုက်ထားပြီးမှ၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော်၊ ရှံဆုန်နိုး၍ ရက်ကန်းလက်လိပ်၊ စို့၊ ရက်ကန်းသားပါလျက် သွား၏။
And she fastened it with the pin, and said to him, The Philistines be on you, Samson. And he awaked out of his sleep, and went away with the pin of the beam, and with the web.
15 ၁၅ ဒေလိလကလည်း၊ သင်သည် ငါ့ကို ချစ်သည်ဟု စိတ်နှလုံးမပါဘဲလျက် အဘယ်သို့ ပြောနိုင်သနည်း။ သင့်၌ ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သည်ကို မပြော။ သုံးကြိမ်တိုင်အောင် ငါ့ကို ကျီစားပြီဟု ဆို၏။
And she said to him, How can you say, I love you, when your heart is not with me? you have mocked me these three times, and have not told me wherein your great strength lies.
16 ၁၆ ထိုသို့ ဒေလိလသည် နေ့တိုင်း ပူဆာ၍ သူအသက် သေလုအောင် နှောင့်ရှက်သောကြောင့်၊-
And it came to pass, when she pressed him daily with her words, and urged him, so that his soul was vexed to death;
17 ၁၇ ရှံဆုန်သည် မိမိစိတ်နှလုံး၌ ရှိသမျှအတိုင်းပြော၍၊ ငါ့ဆံပင်ကို တခါမျှ မရိတ်သေး။ အမိဝမ်းထဲမှစ ၍ ဘုရားသခင်၏ နာဇရိလူဖြစ်၏။ ငါ့ဆံပင်ကို ရိတ်လျှင် ငါ၌ ခွန်အားလျော့၍ အခြားသောသူ ကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို၏။
That he told her all his heart, and said to her, There has not come a razor on my head; for I have been a Nazarite to God from my mother’s womb: if I be shaven, then my strength will go from me, and I shall become weak, and be like any other man.
18 ၁၈ ထိုသို့ မိမိစိတ်နှလုံးထဲမှာ ရှိသမျှအတိုင်း ပြောကြောင်းကို ဒေလိလ သိလျှင်၊ ဖိလိတ္တိမင်းတို့ကို တဖန်ခေါ်၍၊ ယခုတခါ လာကြပါဦး။ သူသည် မိမိစိတ်နှလုံးရှိသမျှအတိုင်း ပြောပြီဟု မှာလိုက်သဖြင့်၊ သူတို့သည် ငွေကို ဆောင်ယူခဲ့လျက် လာကြ၏။
And when Delilah saw that he had told her all his heart, she sent and called for the lords of the Philistines, saying, Come up this once, for he has showed me all his heart. Then the lords of the Philistines came up to her, and brought money in their hand.
19 ၁၉ ဒေလိလသည် ရှံဆုန်ခေါင်းကို မိမိဒူးပေါ်မှာ တင်လျက် သူကို အိပ်စေသဖြင့်၊ လူတယောက်ကို ခေါ်၍ သူ၏ ဆံပင်ခုနစ်စုတို့ကို ရိတ်စေပြီးမှ၊ သူကို နှောင့်ရှက်စပြု၍ သူ၏ ခွန်အားသည် လျော့ ပျောက်၏။
And she made him sleep on her knees; and she called for a man, and she caused him to shave off the seven locks of his head; and she began to afflict him, and his strength went from him.
20 ၂၀ မိန်းမကလည်း၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟု ဆိုသော်၊ ရှံဆုန်နိုး၍ ထာဝရ ဘုရား စွန့်တော်မူကြောင်းကို မရိပ်မိသောကြောင့်၊ အရင်ကဲ့သို့ ငါထွက်၍ အားထုတ်မည်ဟု အကြံ ရှိသော်လည်း၊-
And she said, The Philistines be on you, Samson. And he awoke out of his sleep, and said, I will go out as at other times before, and shake myself. And he knew not that the LORD was departed from him.
21 ၂၁ ဖိလိတ္တိလူတို့သည် ဘမ်းဆီး၍ သူ့မျက်စိကို ဖောက်ပြီးမှ ဂါဇမြို့သို့ ယူသွားပြီးလျှင် ကြေးဝါကြိုးနှင့် ချည်နှောင်၍ ထောင်အိမ်၌ ကြိတ်ဆုံနှင့် ကြိတ်စေကြ၏။
But the Philistines took him, and put out his eyes, and brought him down to Gaza, and bound him with fetters of brass; and he did grind in the prison house.
22 ၂၂ ရှံဆုန် ဆံပင်ရိတ်သောနောက်၊ တဖန် ပေါက်ပြန်သောအခါ၊-
However, the hair of his head began to grow again after he was shaven.
23 ၂၃ ဖိလိတ္တိမင်းတို့ကို၊ ငါတို့ဘုရားသည် ငါတို့ ရန်သူကို ငါတို့လက်သို့ အပ်တော်မူပြီဟု ဆိုလျက်၊ သူတို့ ဘုရား ဒါဂုန်အားယဇ်ကြီးကို ပူဇော်၍ ပျော်မွေ့ခြင်းကို ပြုအံ့သောငှါ စည်းဝေးကြ၏။
Then the lords of the Philistines gathered them together for to offer a great sacrifice to Dagon their god, and to rejoice: for they said, Our god has delivered Samson our enemy into our hand.
24 ၂၄ လူများတို့သည် ရှံဆုန်ကို မြင်သောအခါ၊ ငါတို့ဘုရားသည် ငါတို့ပြည်ကို ဖျက်ဆီး၍၊ ပြည်သားအများ တို့ကို သတ်သော ငါတို့၏ ရန်သူကို၊ ငါတို့လက်သို့ အပ်တော်မူပြီဟု မိမိတို့ဘုရားကို ချီးမွမ်းကြ၏။
And when the people saw him, they praised their god: for they said, Our god has delivered into our hands our enemy, and the destroyer of our country, which slew many of us.
25 ၂၅ စိတ်နှလုံးရွှင်လန်းသောအခါ၊ ရှံဆုန်ကို ခေါ်ခဲ့။ ငါတို့အဘို့ ကစားပါလေစေဟု ဆိုသဖြင့်၊ ရှံဆုန်ကို ထောင်အိမ်မှ ခေါ်ခဲ့၍ သူသည် ကစားရ၏။ သူကိုလည်း စရပ်တိုင်ကြားမှာ ထားကြ၏။
And it came to pass, when their hearts were merry, that they said, Call for Samson, that he may make us sport. And they called for Samson out of the prison house; and he made them sport: and they set him between the pillars.
26 ၂၆ ရှံဆုန်ကလည်း၊ စရပ်တိုင်တို့ကို ငါမှီ၍ နေရအောင် လက်နှင့်တွေ့ပါရစေဟု လက်ဆွဲသော လူကလေး ကို အခွင့်တောင်း၏။-
And Samson said to the lad that held him by the hand, Suffer me that I may feel the pillars whereupon the house stands, that I may lean on them.
27 ၂၇ ထိုစရပ်၌ ယောက်ျားမိန်းမတို့သည် အပြည့်ရှိကြ၏။ ဖိလိတ္တိမင်းအပေါင်းတို့လည်း ပါကြ၏။ စရပ်မိုး ပေါ်မှာလည်း သုံးထောင်မျှလောက်သော ယောက်ျားမိန်းမတို့သည် ရှံဆုန်ကစားသည်ကို ကြည့်ရှု လျက်ရှိကြ၏။-
Now the house was full of men and women; and all the lords of the Philistines were there; and there were on the roof about three thousand men and women, that beheld while Samson made sport.
28 ၂၈ ရှံဆုန်ကလည်း၊ အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်မျက်စိနှစ် ဘက်ကို ဖောက်သော ဖိလိတ္တိလူတို့၌ တပြိုင်နက်အပြစ်ဒဏ် ပေးနိုင်မည်အကြောင်း၊ ယခုတကြိမ်မျှ သာ ခွန်အားကို ပြန်ပေးတော်မူပါဘုရားဟု ထာဝရဘုရားအား ဆုတောင်းပြီးမှ၊-
And Samson called to the LORD, and said, O Lord God, remember me, I pray you, and strengthen me, I pray you, only this once, O God, that I may be at once avenged of the Philistines for my two eyes.
29 ၂၉ စရပ်ခေါင်တိုင်နှစ်တိုင်တို့ကို လက်ျာလက်၊ လက်ဝဲလက်နှစ်ဘက်နှင့်ကိုင်၍ မှီနေလျက်၊-
And Samson took hold of the two middle pillars on which the house stood, and on which it was borne up, of the one with his right hand, and of the other with his left.
30 ၃၀ အကျွန်ုပ်သည် ဖိလိတ္တိလူတို့နှင့် အတူသေပါရစေဟု ဆိုလျက်၊ အားထုတ်၍ ကိုယ်ကိုညွှတ်ချသဖြင့်၊ စရပ်သည် မင်းများ၊ လူများအပေါင်းတို့အပေါ်မှာ လဲ၍ ဖိလေ၏။ ထိုသို့ အသက်ရှင်စဉ်အခါ သတ်ခဲ့သည်ထက် သေစဉ်အခါ သာ၍များသော သူတို့ကို သတ်လေ၏။
And Samson said, Let me die with the Philistines. And he bowed himself with all his might; and the house fell on the lords, and on all the people that were therein. So the dead which he slew at his death were more than they which he slew in his life.
31 ၃၁ သူ့ညီများ၊ အဆွေအမျိုးများ အပေါင်းတို့သည် လာ၍ အလောင်းကောင်ကို ထမ်းသွားပြီးလျှင်၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြားတွင် အဘမာနော်၏ သင်္ချိုင်း၌ သင်္ဂြိုလ်ကြ၏။ သူသည် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ် အုပ်စိုးသတည်း။
Then his brothers and all the house of his father came down, and took him, and brought him up, and buried him between Zorah and Eshtaol in the burial plot of Manoah his father. And he judged Israel twenty years.