< တရားသူကြီးမှတ်စာ 15 >

1 နောက်တဖန် ဂျုံစပါးရိတ်ရာ ကာလ၌ ရှံဆုန်သည် ဆိတ်သငယ်ပါလျက်၊ မိမိမယားကို ကြည့်ရှုခြင်းငှါ သွား၍၊ သူ့အခန်းထဲမှာ သူနှင့်အတူ အိပ်မည်ဟု ကြံသော်၊ ယောက္ခမသည် ဆီးတား၍၊
Дупэ кытва тимп, пе время сечератулуй грыулуй, Самсон с-а дус сэ-шь вадэ неваста ши й-а дус ун ед. Ел а зис: „Вряу сэ интру ла невастэ-мя ын одая ей.”
2 သင်သည် ငါ့သမီးကို ဆက်ဆက် မုန်းသည်ဟု ငါအထင်ရောက်သောကြောင့်၊ သင့်အပေါင်းအဘော် အား ငါပေးစားပြီ။ သူ့ညီမသည် သူ့ထက်သာ၍ လှသည် မဟုတ်လော။ အစ်မ၏ကိုယ်စား ညီမကို ယူပါတော့ဟု ဆို၏။
Дар татэл невестей ну й-а ынгэдуит сэ интре. „Ам крезут кэ о урэшть”, а зис ел, „ши ам дат-о товарэшулуй тэу. Ну есте сорэ-са чя тынэрэ май фрумоасэ ка еа? Я-о дар ын локул ей.”
3 ထိုအမှုကို ထောက်၍ ရှံဆုန်က၊ ငါသည် ဖိလိတ္တိလူတို့၌ အပြစ်ပြုသော်လည်း၊ သူတို့သည် ငါ့ကို အပြစ်တင်စရာမရှိဟု ဆိုသည်နှင့်အညီ၊
Самсон ле-а зис: „Де дата ачаста ну вой фи виноват фацэ де филистень дакэ ле вой фаче рэу.”
4 သွား၍ မြေခွေးသုံးရာတို့ကို ဘမ်းပြီးမှ၊ မြေခွေးအမြီးတခုနှင့် တခုကို ပေါင်းလျက်၊ အမြီးနှစ်ခုကြား၌ မီးရှူးကို စည်း၍၊
Самсон а плекат. А принс трей суте де вулпь ши а луат ниште фэклий, апой а легат вулпиле коадэ де коадэ ши а пус кыте о фэклие ынтре челе доуэ козь, ла мижлок.
5 မီးရှူးတို့ကို မီးညှိသဖြင့် ဖိလိတ္တိလူတို့ စပါးလယ်ထဲသို့ လွှတ်လိုက်၍ စပါးပင်ကို၎င်း၊ ကောက်လှိုင်းကို ၎င်း၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်တို့ကို၎င်း မီးလောင်လေ၏။
А апринс фэклииле, а дат друмул вулпилор ын грынеле филистенилор ши а апринс астфел атыт стогуриле де снопь, кыт ши грыул каре ера ын пичоаре, ба ынкэ ши грэдиниле де мэслинь.
6 ဖိလိတ္တိလူတို့ကလည်း၊ ဤအမှုကို အဘယ်သူပြုသနည်းဟု မေးမြန်းသော်၊ တိမနတ်မြို့သား၏ သားမက် ရှံဆုန်ပြုပြီ။ သူ၏မယားကို သူ၏အပေါင်းအဘော်အား ပေးစားပြီတကားဟု ပြန်ပြောလျှင်၊ ဖိလိတ္တိလူတို့သည် လာ၍ ထိုမိန်းမနှင့် သူ၏အဘကို မီးရှို့ကြ၏။
Филистений ау зис: „Чине а фэкут лукрул ачеста?” Ли с-а рэспунс: „Самсон, ӂинереле Тимнеанулуй, пентру кэ ачеста й-а луат неваста ши а дат-о товарэшулуй луй.” Ши филистений с-ау суит ши ау арс-о пе еа ши пе татэл ей.
7 ရှံဆုန်ကလည်း၊ ထိုသို့ ပြုသောကြောင့် ငါသည် စိတ်ပြေအောင် ပြုမည်။ စိတ်ပြေပြီးမှ ငြိမ်သက်စွာ နေမည်ဟု ဆိုလျက်၊
Самсон ле-а зис: „Аша фачець? Ну вой ынчета декыт дупэ че мэ вой рэзбуна пе вой.”
8 သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် တပြိုင်နက် ရိုက်သတ်ပြီးလျှင် ဧတံကျောက်ထိပ်သို့ သွား၍ နေ၏။
Й-а бэтут аспру, пе спате ши пе пынтече; апой с-а коборыт ши а локуит ын крэпэтура стынчий Етам.
9 တဖန် ဖိလိတ္တိလူတို့သည် ယုဒပြည်သို့ ချီသွား၍ တပ်ချသဖြင့်၊ လေဟိအရပ်၌ အနှံ့အပြားနေကြ၏။
Атунч, филистений ау порнит, ау тэбэрыт ын Иуда ши с-ау ынтинс пынэ ла Лехи.
10 ၁၀ ယုဒလူတို့ကလည်း၊ အဘယ်ကြောင့် ချီလာကြသနည်းဟု မေးသော်၊ ငါတို့၌ ရှံဆုန်ပြုသကဲ့သို့ သူ့ကို ချည်နှောင်၍ ပြုခြင်းငှါ ချီလာသည်ဟု ပြန်ပြောကြ၏။
Бэрбаций дин Иуда ау зис: „Пентру че в-аць суит ымпотрива ноастрэ?” Ей ау рэспунс: „Не-ам суит сэ легэм пе Самсон, ка сэ-й фачем аша кум не-а фэкут ел ноуэ.”
11 ၁၁ ထိုအခါ ယုဒလူသုံးထောင်တို့သည် ဧတံကျောက်ထိပ်သို့ သွား၍၊ ဖိလိတ္တိလူတို့သည် ငါတို့သခင် ဖြစ်ကြောင်းကို သင်မသိသလော။ သင်သည် ငါတို့၌ အဘယ်သို့ ပြုသနည်းဟု မေးသော်၊ ငါ၌ သူတို့ပြုသကဲ့သို့ သူတို့၌ ငါပြုပြီဟု ပြန်ပြော၏။
Атунч, трей мий де бэрбаць дин Иуда с-ау коборыт ла крэпэтура стынчий Етам ши ау зис луй Самсон: „Ну штий кэ филистений стэпынеск песте ной? Че не-ай фэкут деч?” Ел ле-а рэспунс: „Ле-ам фэкут аша кум мь-ау фэкут ши ей мие.”
12 ၁၂ သူတို့ကလည်း၊ သင့်ကို ချည်နှောင်၍ ဖိလိတ္တိလူတို့လက်သို့ အပ်ခြင်းငှါ ယခု ငါတို့ လာကြပြီဟုဆိုသော်၊ ရှံဆုန်က၊ သင်တို့သည် ကိုယ်တိုင် ငါ့ကို မလုပ်ကြံပါဟု ကျိန်ဆိုကြလော့ဟု ဆိုလျှင်၊
Ей й-ау зис: „Ной не-ам коборыт сэ те легэм, ка сэ те дэм ын мыниле филистенилор.” Самсон ле-а зис: „Жураци-мь кэ ну мэ вець оморы.”
13 ၁၃ သူတို့က၊ ငါတို့သည် မလုပ်ကြံပါ။ ကျပ်ကျပ်ချည်နှောင်၍ သူတို့လက်၌ အပ်မည်။ အကယ်စင်စစ် ကိုယ်တိုင်သင့်ကို မသတ်ပါဟုဆိုလျက် ကြိုးသစ်နှစ်စင်းဖြင့် ချည်နှောင်၍ ကျောက်ပေါ်က ဆောင်ခဲ့ကြ၏။
Ей й-ау рэспунс: „Ну, врем нумай сэ те легэм ши сэ те дэм ын мыниле лор, дар ну те вом оморы.” Ши л-ау легат ку доуэ фуний ной ши л-ау скос дин стынкэ.
14 ၁၄ လေဟိအရပ်သို့ ရောက်သောအခါ၊ ဖိလိတ္တိလူတို့သည် ကြွေးကြော်ကြ၏။ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ သူ့လက်၌ ချည်သော ကြိုးတို့သည် မီးထိသော ပိုက်ဆန်ကဲ့သို့ ဖြစ်၍ အချည်အနှောင်ကျွတ်လေ၏။
Кынд а ажунс ла Лехи, филистений ау ынчепут сэ стриӂе де букурие ынаинтя луй. Атунч, Духул Домнулуй а венит песте ел. Фунииле пе каре ле авя ла браце с-ау фэкут ка ниште фире де ин арс ын фок ши легэтуриле й-ау кэзут де пе мынь.
15 ၁၅ သူသည်လည်း မြည်းမေးရိုးလတ်လတ်ကို တွေ့၍ ကိုင်ယူပြီးလျှင် လူတထောင်တို့ကို သတ်လေ၏။
Ел а гэсит о фалкэ де мэгар неускатэ ынкэ, а ынтинс мына ши а луат-о ши а учис ку еа о мие де оамень.
16 ၁၆ သတ်ပြီးလျှင် မြည်းမေးရိုးဖြင့် အပုံပုံ၊ မြည်းမေးရိုးဖြင့် လူတထောင်ကို ငါသတ်လေပြီဟု ဆိုသောနောက်၊
Ши Самсон а зис: „Ку о фалкэ де мэгар, о грэмадэ, доуэ грэмезь; Ку о фалкэ де мэгар, ам учис о мие де оамень.”
17 ၁၇ မြည်းမေးရိုးကို ပစ်လိုက်၍၊ ထိုအရပ်ကို ရာမတ်လေဟိအမည်ဖြင့် တွင်လေ၏။
Дупэ че а испрэвит де ворбит, а арункат фалка дин мынэ. Ши локул ачела с-а нумит Рамат-Лехи.
18 ၁၈ အလွန်ရေငတ်၍ ထာဝရဘုရားကို ဆုတောင်းလျက်၊ ကိုယ်တော်သည် ဤကြီးစွာသော ကယ်တင်ခြင်း ကို ကိုယ်တော်၏ကျွန်လက်၌ ပေးတော်မူပြီးမှ၊ ယခု အကျွန်ုပ်သည် ရေငတ်သဖြင့် သေ၍ အရေဖျား လှီးခြင်းကို မခံသော လူတို့လက်သို့ ရောက်ရပါမည်လောဟု လျှောက်သော်၊
Фиинду-й фоарте сете, а стригат кэтре Домнул ши а зис: „Ту ай ынгэдуит, прин мына робулуй Тэу, ачастэ маре избэвире ши акум сэ мор де сете ши сэ кад ын мыниле челор нетэяць ымпрежур?”
19 ၁၉ လေဟိအရပ်၌ ချိုင့်ဝှမ်းရာကို ဘုရားသခင်ဖောက်တော်မူ၍ ရေထွက်လေ၏။ သူသည် ရေကို သောက်သဖြင့် အသက်ရှူပြန်၍ အားဖြည့်လေ၏။ သို့ဖြစ်၍ ထိုချိုင့်ဝှမ်းရာကို အဟက္ကောရအမည်ဖြင့် တွင်၍ ယနေ့တိုင်အောင် လေဟိအရပ်၌ ရှိသတည်း။
Думнезеу а деспикат крэпэтура стынчий дин Лехи ши а ешит апэ дин еа. Самсон а бэут, духул и с-а ынтремат ши с-а ынвиорат. Де ачея с-а нумит изворул ачела Ен-Хакоре; ел есте ши астэзь ла Лехи.
20 ၂၀ ရှံဆုန်သည်လည်း ဖိလိတ္တိလူတို့လက်ထက် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ် အုပ်စိုးလေ၏။
Самсон а фост доуэзечь де ань жудекэтор ын Исраел пе время филистенилор.

< တရားသူကြီးမှတ်စာ 15 >