< တရားသူကြီးမှတ်စာ 15 >
1 ၁ နောက်တဖန် ဂျုံစပါးရိတ်ရာ ကာလ၌ ရှံဆုန်သည် ဆိတ်သငယ်ပါလျက်၊ မိမိမယားကို ကြည့်ရှုခြင်းငှါ သွား၍၊ သူ့အခန်းထဲမှာ သူနှင့်အတူ အိပ်မည်ဟု ကြံသော်၊ ယောက္ခမသည် ဆီးတား၍၊
Hathnukkhu hoi canga lahun navah, Samson ni hmaeca a sin teh, a yu a pâtam. Ahni ni, ka yu koe roe hanelah rakhan thung na kâen sak haw atipouh. Hatei, a na pa ni kâen han pasoung pouh hoeh.
2 ၂ သင်သည် ငါ့သမီးကို ဆက်ဆက် မုန်းသည်ဟု ငါအထင်ရောက်သောကြောင့်၊ သင့်အပေါင်းအဘော် အား ငါပေးစားပြီ။ သူ့ညီမသည် သူ့ထက်သာ၍ လှသည် မဟုတ်လော။ အစ်မ၏ကိုယ်စား ညီမကို ယူပါတော့ဟု ဆို၏။
A na pa ni, ka canu hah na pahnawt toe telah ka pouk dawkvah, na hui koe yo ka poe toe. A nawngha teh ahni hlak a mei ahawi nahoehmaw. A hmau e yueng lah a nawngha ma lat lawih atipouh.
3 ၃ ထိုအမှုကို ထောက်၍ ရှံဆုန်က၊ ငါသည် ဖိလိတ္တိလူတို့၌ အပြစ်ပြုသော်လည်း၊ သူတို့သည် ငါ့ကို အပြစ်တင်စရာမရှိဟု ဆိုသည်နှင့်အညီ၊
Samson ni ahnimouh koe, atuteh, Filistinnaw heh patawnae puenghoi ka poe nakunghai, kai teh pathoe han awm hoeh toe telah atipouh.
4 ၄ သွား၍ မြေခွေးသုံးရာတို့ကို ဘမ်းပြီးမှ၊ မြေခွေးအမြီးတခုနှင့် တခုကို ပေါင်းလျက်၊ အမြီးနှစ်ခုကြား၌ မီးရှူးကို စည်း၍၊
Hahoi teh, Samson a cei teh, Asuihu 300 touh a man teh, a mai dawk hmaito koung a kawm pouh.
5 ၅ မီးရှူးတို့ကို မီးညှိသဖြင့် ဖိလိတ္တိလူတို့ စပါးလယ်ထဲသို့ လွှတ်လိုက်၍ စပါးပင်ကို၎င်း၊ ကောက်လှိုင်းကို ၎င်း၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်တို့ကို၎င်း မီးလောင်လေ၏။
Hmaitonaw hah hmai a toteh, Filistinnaw e law um a yawng sak teh, cang hai thoseh, cabongnaw hai thoseh, misur takha, olive takhanaw hai thoseh koung a kak pouh.
6 ၆ ဖိလိတ္တိလူတို့ကလည်း၊ ဤအမှုကို အဘယ်သူပြုသနည်းဟု မေးမြန်းသော်၊ တိမနတ်မြို့သား၏ သားမက် ရှံဆုန်ပြုပြီ။ သူ၏မယားကို သူ၏အပေါင်းအဘော်အား ပေးစားပြီတကားဟု ပြန်ပြောလျှင်၊ ဖိလိတ္တိလူတို့သည် လာ၍ ထိုမိန်းမနှင့် သူ၏အဘကို မီးရှို့ကြ၏။
Filistinnaw ni, het heh apimaw ka sak ati awh. Ahnimouh ni Timnah e cava Samson ni doeh ati awh. A yu a lawp awh teh, a hui a poe pouh awh dawkvah ati awh. Hahoi teh, Filistinnaw ni hote napui hoi a na pa im hmai ngeng a sawi pouh awh.
7 ၇ ရှံဆုန်ကလည်း၊ ထိုသို့ ပြုသောကြောင့် ငါသည် စိတ်ပြေအောင် ပြုမည်။ စိတ်ပြေပြီးမှ ငြိမ်သက်စွာ နေမည်ဟု ဆိုလျက်၊
Samson ni hettelah na sak awh dawkvah, nangmouh koe let na pathung awh roeroe han. Hathnukkhu doeh duem kaawm ti atipouh.
8 ၈ သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် တပြိုင်နက် ရိုက်သတ်ပြီးလျှင် ဧတံကျောက်ထိပ်သို့ သွား၍ နေ၏။
A cusin awh teh, buet touh hai hlout laipalah he a thei. Hahoi ka yawng ni teh Etam lungha kâko dawk a kâhro awh.
9 ၉ တဖန် ဖိလိတ္တိလူတို့သည် ယုဒပြည်သို့ ချီသွား၍ တပ်ချသဖြင့်၊ လေဟိအရပ်၌ အနှံ့အပြားနေကြ၏။
Hahoi Filistinnaw teh a takhang awh teh, Judah kho vah a roe awh. Lehi vah tueng a kâyat awh.
10 ၁၀ ယုဒလူတို့ကလည်း၊ အဘယ်ကြောင့် ချီလာကြသနည်းဟု မေးသော်၊ ငါတို့၌ ရှံဆုန်ပြုသကဲ့သို့ သူ့ကို ချည်နှောင်၍ ပြုခြင်းငှါ ချီလာသည်ဟု ပြန်ပြောကြ၏။
Hahoi Judahnaw ni bangkongmaw kaimouh tuk hanlah na tho awh atipouh awh. Ahnimouh ni, Samson man hane hoi, kaimouh ka tak dawk a sak e patetlah a tak dawk sak hanelah ka tho awh atipouh.
11 ၁၁ ထိုအခါ ယုဒလူသုံးထောင်တို့သည် ဧတံကျောက်ထိပ်သို့ သွား၍၊ ဖိလိတ္တိလူတို့သည် ငါတို့သခင် ဖြစ်ကြောင်းကို သင်မသိသလော။ သင်သည် ငါတို့၌ အဘယ်သို့ ပြုသနည်းဟု မေးသော်၊ ငါ၌ သူတို့ပြုသကဲ့သို့ သူတို့၌ ငါပြုပြီဟု ပြန်ပြော၏။
Hottelah, Judahnaw 3,000 touh Etam lungha kâko dawk a yawng awh teh, Samson koevah, Filistinnaw ni na uk awh e heh na panuek awh hoeh maw telah ati. Ahni ni, ahnimouh koe kai ka tak dawk a sak e patetlah ka sak pouh e doeh telah ati.
12 ၁၂ သူတို့ကလည်း၊ သင့်ကို ချည်နှောင်၍ ဖိလိတ္တိလူတို့လက်သို့ အပ်ခြင်းငှါ ယခု ငါတို့ လာကြပြီဟုဆိုသော်၊ ရှံဆုန်က၊ သင်တို့သည် ကိုယ်တိုင် ငါ့ကို မလုပ်ကြံပါဟု ကျိန်ဆိုကြလော့ဟု ဆိုလျှင်၊
Hatei, ahnimouh ni, ama koe Filistinnaw kut dawk na poe nahanelah, nang man hanelah, ka tho atipouh awh. Na thet mahoeh tie lawk kâkam ei telah atipouh awh.
13 ၁၃ သူတို့က၊ ငါတို့သည် မလုပ်ကြံပါ။ ကျပ်ကျပ်ချည်နှောင်၍ သူတို့လက်၌ အပ်မည်။ အကယ်စင်စစ် ကိုယ်တိုင်သင့်ကို မသတ်ပါဟုဆိုလျက် ကြိုးသစ်နှစ်စင်းဖြင့် ချည်နှောင်၍ ကျောက်ပေါ်က ဆောင်ခဲ့ကြ၏။
Ahnimouh ni na thet awh mahoeh. Hatei, kacaklah na katek awh vaiteh, a kut dawk na poe awh han telah atipouh awh. Hahoi tangron katha yung hni touh hoi a katek awh teh, lungsong koe hoi a takhangkhai awh.
14 ၁၄ လေဟိအရပ်သို့ ရောက်သောအခါ၊ ဖိလိတ္တိလူတို့သည် ကြွေးကြော်ကြ၏။ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ သူ့လက်၌ ချည်သော ကြိုးတို့သည် မီးထိသော ပိုက်ဆန်ကဲ့သို့ ဖြစ်၍ အချည်အနှောင်ကျွတ်လေ၏။
Lehi a pha awh toteh, Filistinnaw a tho awh teh, a hramki sin awh. BAWIPA e Muitha a thakaawmpounge hah a tak dawk a pha teh, a kut dawk kateknae ruinaw pueng teh hmai hoi thoukthouk ka kang e patetlah a kut dawk hoi pak a ca pouh.
15 ၁၅ သူသည်လည်း မြည်းမေးရိုးလတ်လတ်ကို တွေ့၍ ကိုင်ယူပြီးလျှင် လူတထောင်တို့ကို သတ်လေ၏။
La e a kamhru katha a pâphawng teh, hot hoi Filistinnaw 1,000 touh a thei.
16 ၁၆ သတ်ပြီးလျှင် မြည်းမေးရိုးဖြင့် အပုံပုံ၊ မြည်းမေးရိုးဖြင့် လူတထောင်ကို ငါသတ်လေပြီဟု ဆိုသောနောက်၊
Samson ni telah ati. La e kamhru hoi thouk ka mawk teh, La kamhru hoi tami 1,000 touh ka thei toe.
17 ၁၇ မြည်းမေးရိုးကို ပစ်လိုက်၍၊ ထိုအရပ်ကို ရာမတ်လေဟိအမည်ဖြင့် တွင်လေ၏။
Hottelah lawk a dei hnukkhu, la e kamhru a sin e hah a tâkhawng teh, hote hmuen teh Ramathlehi telah ati awh.
18 ၁၈ အလွန်ရေငတ်၍ ထာဝရဘုရားကို ဆုတောင်းလျက်၊ ကိုယ်တော်သည် ဤကြီးစွာသော ကယ်တင်ခြင်း ကို ကိုယ်တော်၏ကျွန်လက်၌ ပေးတော်မူပြီးမှ၊ ယခု အကျွန်ုပ်သည် ရေငတ်သဖြင့် သေ၍ အရေဖျား လှီးခြင်းကို မခံသော လူတို့လက်သို့ ရောက်ရပါမည်လောဟု လျှောက်သော်၊
Hahoi, tui hroung a kahran teh, BAWIPA hah a kaw. Nang ni na san e kut heh hno lahoi lentoe e lahoi na rungngang. Atu tui kahran lawi meimei ka due toe. Vuensom ka a hoeh naw e kut dawk maw kai ka kâpoe han toung.
19 ၁၉ လေဟိအရပ်၌ ချိုင့်ဝှမ်းရာကို ဘုရားသခင်ဖောက်တော်မူ၍ ရေထွက်လေ၏။ သူသည် ရေကို သောက်သဖြင့် အသက်ရှူပြန်၍ အားဖြည့်လေ၏။ သို့ဖြစ်၍ ထိုချိုင့်ဝှမ်းရာကို အဟက္ကောရအမည်ဖြင့် တွင်၍ ယနေ့တိုင်အောင် လေဟိအရပ်၌ ရှိသတည်း။
Cathut ni Lehi hmuen koe a kavi pouh teh, tui a tâco. Hote a nei toteh, a kâha teh a tha bout akawi.
20 ၂၀ ရှံဆုန်သည်လည်း ဖိလိတ္တိလူတို့လက်ထက် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ် အုပ်စိုးလေ၏။
Hottelah, Filistinnaw senah, Isarelnaw hah kum 20 touh a uk.