< တရားသူကြီးမှတ်စာ 12 >

1 ဧဖရိမ်အမျိုးသားတို့သည် စည်းဝေး၍ မြောက်သို့ ချီသွားလျှင်၊ ယေဖသအား သင်သည် ငါတို့ကို မခေါ်ဘဲ၊ အမ္မုန်အမျိုးသားတို့ကို အဘယ်ကြောင့် တိုက်ခြင်းငှါ သွားသနည်း။ သင့်အိမ်ကို သင့်အပေါ်မှာ မီးရှို့မည်ဟု ဆိုကြသော်၊
Тогава Ефремовите мъже се събраха и, като преминаха към север, рекоха на Ефтая: Ти защо отиде да воюваш против амонците, а нас не повика да дойдем с тебе? Ние ще изгорим къщата ти с огън, и тебе в нея.
2 ယေဖသက၊ ငါနှင့် ငါ၏လူတို့သည် အမ္မုန်အမျိုးသားတို့နှင့် ကြီးသောအမှု ရှိစဉ်အခါ၊ သင်တို့ကို ငါခေါ်သော်လည်း၊ သင်တို့သည် အမ္မုန်လူတို့လက်မှ ငါ့ကို မကယ်မနှုတ်ဘဲ နေကြ၏။
А Ефтай им рече: Аз и людете ми имахме голям спор с амонците; и аз ви повиках, и вие не ме избавихте от ръката им.
3 မကယ်မနှုတ်ကြောင်းကို ငါသည် သိမြင်သောအခါ၊ ကိုယ်အသက်ကို စွန့်စားလျက် အမ္မုန်အမျိုးသား တို့ကို တိုက်ခြင်းငှါ သွား၍ ထာဝရဘုရားသည် သူတို့ကို ငါ့လက်၌ အပ်တော်မူ၏။ သင်တို့သည် ငါ့ကို တိုက်ခြင်းငှါ အဘယ်ကြောင့် ယနေ့ လာကြသနည်းဟု ပြောဆိုပြီးလျှင်၊
И като видях, че не ме избавихте, турих в опасност живота си, като отидох против амонците; и Господ ги предаде в ръката ми. И сега защо сте дошли при денес да се биете против мене?
4 ဂိလဒ်ပြည်သားအပေါင်းတို့ကို စုဝေးစေ၍ ဧဖရိမ်အမျိုးကို တိုက်ကြ၏။ ဧဖရိမ်လူတို့က၊ သင်တို့သည် ဧဖရိမ်အမျိုး၊ မနာရှေအမျိုးထဲက ထွက်ပြေး၍ အမျိုးမစစ်သောသူ ဖြစ်သည်ဟု ဂိလဒ်ပြည်သားတို့ကို ကဲ့ရဲ့ဘူးသောကြောင့်၊ ဧဖရိမ်လူတို့ကို လုပ်ကြံကြ၏။
Тогава Ефтай събра всичките галаадски мъже, та се би против Ефрема; и галаадските мъже поразиха ефремците, защото тия рекоха: Бежанци от Ефрема сте вие, галаадци, живеещи между ефремците и манасийците!
5 ဂိလဒ်လူတို့သည် ဧဖရိမ်လူတို့ရှေ့မှာ ယော်ဒန်မြစ်ကူးရာအရပ်တို့ကို ဆီးတား၍ ပြေးလွတ်သော ဧဖရိမ်လူက၊ ကူးပါရစေဟု အခွင့်တောင်းသောအခါ၊ ဂိလဒ်လူတို့က၊ သင်သည် ဧဖရိမ်အမျိုးသား ဖြစ်သလောဟု မေးစစ်သော်၊ သူက မဟုတ်ပါဟု ဆိုလျှင်၊
Галаадците взеха бродовете на Иордан към Ефремовата земя; и когато някой от ефремските бежанци кажеше: Оставете ме да премина, тогава галаадските мъже му казваха: Ти ефремец ли си?
6 သူတို့က၊ ရှိဗောလက်ဟူသော စကားကို ပြောတော့ဟုဆိုသော်၊ ဧဖရိမ်လူသည် ထိုစကားကို ပြီအောင် မပြောတတ်ဘဲ သိဗောလက်ဟု ပြော၏။ ထိုသို့ပြောသောသူကို ဘမ်းဆီး၍ ယော်ဒန်မြစ်ကူးရာအရပ် ၌ သတ်ကြ၏။ ထိုအခါ ဧဖရိမ်အမျိုးသား လေးသောင်းနှစ်ထောင် သေကြ၏။
Ако речеше: Не съм, тогава му думаха: Речи Шиболет, а той казваше: Сиболет, защото не можеше да го произнесе право. Тогава го хващаха, та го заколваха при бродовете на Иордан. И в онова време паднаха от Ефрема четиридесет и две хиляди души.
7 ဂိလဒ်ပြည်သားယေဖသသည် ဣသရေလအမျိုးကို ခြောက်နှစ်အုပ်စိုးပြီးမှ သေ၍ ဂိလဒ်မြို့တမြို့၌ သင်္ဂြိုဟ်လေ၏။
И Ефтай съди Израиля шест години. Тогава Ефтай, галаадецът, умря, и бе погребан в един от галаадските градове.
8 ယေဖသနောက်မှ ဗက်လင်မြို့သား ဣဗဇန်သည်၊ ဣသရေလအမျိုးကို အုပ်စိုး၏။
А подир него, Ивцан от Витлеем стана съдия в Израиля.
9 ထိုမင်းသည် သားသုံးဆယ်၊ သမီးသုံးဆယ် ရှိ၏။ သမီးများကို အခြားတပါးသို့ စေလွှတ်၍ ချွေးမ သုံးဆယ်ကို သိမ်းထား၏။
Той имаше тридесет сина, и тридесет дъщери, които омъжиха навън; и взе от вън тридесет дъщери за синовете си. И съди Израиля седем години.
10 ၁၀ ဣဗဇန်သည် ဣသရေလအမျိုးကို ခုနစ်နှစ်အုပ်စိုးပြီးမှ သေ၍ ဗက်လင်မြို့၌ သင်္ဂြိုဟ်လေ၏။
И Ивцан умря, и бе погребан във Витлеем.
11 ၁၁ ဣဗဇန်နောက်မှ ဇာဗုလုန်အမျိုးသားဧလုန်သည်၊ ဣသရေလအမျိုးကို ဆယ်နှစ်အုပ်စိုး၏။
След него, завулонецът Елон стана съдия в Израиля, и съди Израиля десет години.
12 ၁၂ ထိုမင်းသေ၍ ဇာဗုလုန်ခရိုင်၊ အာဇလုန်မြို့၌ သင်္ဂြိုဟ်လေ၏။
И Елон завулонецът умря, и бе погребан в Еалон в Завулоновата земя.
13 ၁၃ ဧလုန်နောက်မှ ပိရသုန်မြို့နေ ဟိလေလ၏သား အာဗဒုန်သည်၊ ဣသရေလအမျိုးကို အုပ်စိုး၏။
А след него, Авдон, син на пиратонеца Илела, стана съдия в Израиля.
14 ၁၄ ထိုမင်းသည် သားလေးဆယ်၊ မြေးသုံးဆယ်ရှိ၍ သားမြေးတို့သည် ခုနစ်ဆယ်သော မြည်းသငယ်တို့ကို စီးကြ၏။
Той имаше четиридесет сина и тридесет внуци, които яздеха на седемдесет ослета; и съди Израиля осем години.
15 ၁၅ ပိရသုန်မြို့ နေဟိလေလသား အာဗဒုန်သည်၊ ဣသရေလအမျိုးကို ရှစ်နှစ်အုပ်စိုးပြီးမှ သေ၍ ဧဖရိမ်ခရိုင်၊ ပိရသုန်မြို့၊ အာမလက်တောင်ပေါ်မှာ သင်္ဂြိုဟ်လေ၏။
И Авдон, син на пиратонеца Илела, умря, и бе погребан в Пиратон в Ефремовата земя, на амаликската хълмиста страна.

< တရားသူကြီးမှတ်စာ 12 >