< တရားသူကြီးမှတ်စာ 11 >

1 ဂိလဒ်အမျိုးသား ယေဖသသည် ခွန်အားကြီးသော သူရဲဖြစ်၏။ သူ့အဘကား ဂိလဒ်၊ သူ့အမိကား ပြည်တန်ဆာဖြစ်၏။
ဂိလဒ် အမျိုးသားယေဖသ သည် ခွန်အားကြီး သော သူရဲ ဖြစ် ၏။ သူ့ အဘ ကား ဂိလဒ် ၊ သူ့အမိကား ပြည်တန်ဆာ ဖြစ်၏။
2 ဂိလဒ်၏မယား ဘွားမြင်သော သားတို့သည် ကြီးသောအခါ၊ သင်သည် အခြားတပါးသော မိန်းမ၏ သားဖြစ်သောကြောင့်၊ ငါတို့ အဆွေအမျိုးနှင့်အတူ အမွေမခံရဟု ယေဖသကို ဆို၍ နှင်ထုတ်လေ၏။
ဂိလဒ် ၏မယား ဘွားမြင် သော သား တို့သည် ကြီး သောအခါ ၊ သင် သည် အခြား တပါးသော မိန်းမ ၏ သား ဖြစ်သောကြောင့် ၊ ငါ တို့ အဆွေအမျိုး နှင့်အတူအမွေ မ ခံရဟု ယေဖသ ကို ဆို ၍ နှင်ထုတ် လေ၏။
3 ထိုအခါ ယေဖသသည် ညီတို့ဆီမှ ထွက်သွား၍ တောဘပြည်၌နေသဖြင့်၊ လျှပ်ပေါ်သော သူတို့သည် သူ့ထံမှာ စည်းဝေး၍ သူ့နောက်၌ လိုက်ကြ၏။
ထိုအခါ ယေဖသ သည် ညီ တို့ဆီမှ ထွက်သွား ၍ တောဘ ပြည် ၌ နေ သဖြင့် ၊ လျှပ်ပေါ် သောသူ တို့သည် သူ့ ထံမှာ စည်းဝေး ၍ သူ့ နောက် ၌ လိုက် ကြ၏။
4 နောက်တဖန် အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးကို စစ်တိုက်ကြ၏။
နောက်တဖန် အမ္မုန် အမျိုးသား တို့သည် ဣသရေလ အမျိုးကို စစ်တိုက် ကြ၏။
5 ထိုသို့ အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးကို စစ်တိုက်သောအခါ၊ ဂိလဒ်ပြည်သား အသက်ကြီး သူတို့သည် ယေဖသကို တောဘပြည်မှ ခေါ်ခြင်းငှါ သွား၍၊
ထိုသို့ အမ္မုန် အမျိုးသား တို့သည် ဣသရေလ အမျိုးကို စစ်တိုက် သောအခါ ၊ ဂိလဒ် ပြည်သားအသက်ကြီး သူတို့သည် ယေဖသ ကို တောဘ ပြည် မှ ခေါ် ခြင်းငှါ သွား ၍၊
6 ငါတို့သည် အမ္မုန်လူတို့ကို စစ်တိုက်ရမည်အကြောင်း၊ လာ၍ ငါတို့၏ ဗိုလ်ချုပ်မင်း လုပ်ပါဟု မှာလိုက်သော်၊
ငါတို့သည် အမ္မုန် လူတို့ကို စစ်တိုက် ရမည်အကြောင်း၊ လာ ၍ ငါ တို့၏ ဗိုလ်ချုပ် မင်း လုပ် ပါဟု မှာ လိုက်သော်၊
7 ယေဖသက၊ သင်တို့သည် ငါ့ကို မုန်း၍ ငါ့အဘအိမ်မှ နှင်ထုတ်သည်မဟုတ်လော။ ယခု ဆင်းရဲခြင်းသို့ ရောက်သောအခါ၊ အဘယ်ကြောင့် ငါ့ထံသို့ လာကြသနည်းဟု ဂိလဒ်ပြည်သား အသက်ကြီးသူတို့အား ပြောဆို၏။
ယေဖသ က၊ သင် တို့သည် ငါ့ ကို မုန်း ၍ ငါ့ အဘ အိမ် မှ နှင်ထုတ် သည်မဟုတ် လော။ ယခု ဆင်းရဲ ခြင်းသို့ ရောက်သောအခါ ၊ အဘယ်ကြောင့် ငါ့ ထံ သို့လာ ကြသနည်းဟု ဂိလဒ် ပြည်သားအသက်ကြီး သူတို့အား ပြောဆို ၏။
8 ဂိလဒ်ပြည်သား အသက်ကြီးသူတို့ကလည်း၊ ထိုကြောင့် ငါတို့သည် ယခု သင့်ထံသို့ ပြန်လာပါ၏။ ငါတို့နှင့်အတူ ကြွ၍ အမ္မုန်လူတို့ကို စစ်တိုက်ပြီးလျှင်၊ ဂိလဒ်ပြည်သားအပေါင်းတို့၏ အထွဋ်လုပ်ပါဟု ယေဖသအား တောင်းပန်ပြန်သော်၊
ဂိလဒ် ပြည်သားအသက်ကြီး သူတို့ကလည်း ၊ ထိုကြောင့် ငါတို့သည် ယခု သင့် ထံ သို့ပြန် လာပါ၏။ ငါ တို့နှင့်အတူ ကြွ ၍ အမ္မုန် လူတို့ကို စစ်တိုက် ပြီးလျှင် ၊ ဂိလဒ် ပြည်သား အပေါင်း တို့၏ အထွဋ် လုပ် ပါဟု ယေဖသ အား တောင်းပန် ပြန်သော်၊
9 ယေဖသက၊ အမ္မုန်လူတို့ကို စစ်တိုက်စေခြင်းငှါ သင်တို့သည် ငါ့ကို ပြန်ပို့၍ ထာဝရဘုရားသည် သူတို့ကို ငါ့ရှေ့မှာ အပ်တော်မူလျှင်၊ ငါသည် သင်တို့ အထွဋ်ဖြစ်ရသောအခွင့်ကို ပေးမည်လောဟု ဂိလဒ်ပြည်သား အသက်ကြီးသူတို့အား မေးလေသော်၊
ယေဖသ က၊ အမ္မုန် လူတို့ကို စစ်တိုက် စေခြင်းငှါ သင် တို့သည် ငါ့ ကို ပြန် ပို့၍ ထာဝရဘုရား သည် သူ တို့ကို ငါ့ ရှေ့ မှာ အပ် တော်မူလျှင် ၊ ငါ သည် သင် တို့အထွဋ် ဖြစ် ရသောအခွင့်ကိုပေးမည်လောဟု ဂိလဒ် ပြည်သားအသက်ကြီး သူတို့အား မေး လေသော်၊
10 ၁၀ ဂိလဒ်ပြည်သားအသက်ကြီးသူတို့က၊ သင်ပြောသော စကားအတိုင်း ငါတို့ မပြုလျှင် ထာဝရဘုရား သည် သင်နှင့် ငါတို့စပ်ကြား၌ သက်သေဖြစ်တော်မူပါစေသောဟု ယေဖသအား ပြန်ပြောကြ၏။
၁၀ဂိလဒ် ပြည်သားအသက်ကြီး သူတို့က၊ သင်ပြောသော စကား အတိုင်း ငါ တို့ မ ပြု လျှင် ထာဝရဘုရား သည် သင်နှင့် ငါတို့စပ်ကြား ၌ သက်သေ ဖြစ် တော်မူပါစေသောဟု ယေဖသ အား ပြန်ပြော ကြ၏။
11 ၁၁ ထိုအခါ ယေဖသသည် ဂိလဒ်ပြည်သား အသက်ကြီးသူတို့နှင့် သွား၍ သူ့ကို လူများတို့၏ အထွဋ် ဗိုလ်ချုပ်မင်းအရာ၌ ခန့်ထားကြ၏။ ယေဖသသည်လည်း ထိုစကားအလုံးစုံတို့ကို မိဖပါမြို့မှာ ထာဝရဘုရားရှေ့တော်၌ ပြန်ကြားလျှောက်ထား၏။
၁၁ထိုအခါ ယေဖသ သည် ဂိလဒ် ပြည်သားအသက်ကြီး သူတို့နှင့် သွား ၍ သူ့ ကို လူ များတို့၏ အထွဋ် ဗိုလ်ချုပ် မင်းအရာ၌ ခန့် ထားကြ၏။ ယေဖသ သည်လည်း ထိုစကား အလုံးစုံ တို့ကို မိဇပါ မြို့မှာ ထာဝရဘုရား ရှေ့ တော်၌ ပြန်ကြား လျှောက်ထား၏။
12 ၁၂ ထိုနောက်မှ ယေဖသသည်၊ အမ္မုန်ရှင်ဘုရင်ထံသို့ သံတမန်ကို စေလွှတ်၍၊ သင်သည် ငါနှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့နိုင်ငံ၌ စစ်တိုက်ခြင်းငှါ အဘယ်ကြောင့် ငါ့ကို ရန်ပြုသနည်းဟု မေးသော်၊
၁၂ထိုနောက်မှ ယေဖသ သည်၊ အမ္မုန် ရှင်ဘုရင် ထံ သို့သံတမန် ကို စေလွှတ် ၍၊ သင် သည် ငါ နှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့ နိုင်ငံ ၌ စစ်တိုက် ခြင်းငှါ အဘယ်ကြောင့်ငါ့ ကို ရန်ပြု သနည်းဟုမေး သော်၊
13 ၁၃ အမ္မုန်ရှင်ဘုရင်က၊ ဣသရေလအမျိုးသည် အဲဂုတ္တုပြည်မှလာသောအခါ၊ ငါ့မြေကို အာနုန်မြစ်မှစ၍ ယဗ္ဗုတ်ချောင်း၊ ယော်ဒန်မြစ်တိုင်အောင် လု၍ယူသောကြောင့် ငါပြု၏။ ထိုမြေကို ယခုအသင့်အတင့် ပြန်ပေးပါဟု ယေဖသ၏သံတမန်အား ပြန်ပြော၏။
၁၃အမ္မုန် ရှင်ဘုရင် က၊ ဣသရေလ အမျိုးသည် အဲဂုတ္တု ပြည်မှ လာ သောအခါ ၊ ငါ့ မြေ ကို အာနုန် မြစ်မှစ၍ ယဗ္ဗုတ် ချောင်း၊ ယော်ဒန် မြစ်တိုင်အောင် လု ၍ယူသောကြောင့် ငါပြု၏။ ထို မြေကို ယခု အသင့်အတင့် ပြန် ပေးပါဟု ယေဖသ ၏သံတမန် အား ပြန်ပြော ၏။
14 ၁၄ တဖန် ယေဖသသည် သံတမန်ကို အမ္မုန်ရှင်ဘုရင်ထံသို့ စေလွှတ်၍၊
၁၄တဖန် ယေဖသ သည် သံတမန် ကို အမ္မုန် ရှင်ဘုရင် ထံ သို့စေလွှတ် ၍၊
15 ၁၅ ယေဖသ မှာလိုက်သည်ကား၊ ဣသရေလအမျိုးသည် မောဘမြေ၊ အမ္မုန်မြေကို လုယူသည်မဟုတ်။
၁၅ယေဖသ မှာ လိုက်သည်ကား၊ ဣသရေလ အမျိုးသည် မောဘ မြေ ၊ အမ္မုန် မြေ ကို လု ယူသည်မဟုတ်။
16 ၁၆ ဣသရေလအမျိုးသည် အဲဂုတ္တုပြည်မှလာ၍ ဧဒုံပင်လယ်အနား၊ တော၌ လှည့်လည်သဖြင့် ကာဒေရှ ရွာသို့ ရောက်သောအခါ၊
၁၆ဣသရေလ အမျိုးသည် အဲဂုတ္တု ပြည်မှ လာ ၍ ဧဒုံ ပင်လယ် အနား ၊ တော ၌ လှည့်လည် သဖြင့် ကာဒေရှ ရွာသို့ ရောက် သောအခါ၊
17 ၁၇ ဧဒုံရှင်ဘုရင်ထံသို့ သံတမန်ကို စေလွှတ်၍၊ မင်းကြီးပြည်ကို ရှောက်သွားပါရစေဟု အခွင့်တောင်းသော် လည်း၊ ဧဒုံရှင်ဘုရင်သည် နားမထောင်။ ထိုနည်းတူ မောဘရှင်ဘုရင်ထံသို့ စေလွှတ်၍၊ သူသည်လည်း အခွင့်မပေးသောကြောင့်၊ ဣသရေလအမျိုးသည် ကာဒေရှရွာ၌ နေရကြ၏။
၁၇ဧဒုံ ရှင်ဘုရင် ထံ သို့သံတမန် ကို စေလွှတ် ၍ ၊ မင်းကြီး ပြည် ကို ရှောက်သွား ပါရစေဟု အခွင့်တောင်းသော်လည်း ၊ ဧဒုံ ရှင်ဘုရင် သည် နား မ ထောင်။ ထိုနည်းတူ မောဘ ရှင် ဘုရင်ထံ သို့စေလွှတ် ၍၊ သူသည်လည်း အခွင့် မ ပေးသောကြောင့် ၊ ဣသရေလ အမျိုးသည် ကာဒေရှရွာ၌ နေ ရကြ၏။
18 ၁၈ နောက်တဖန် တောကို ရှောက်လျက်၊ ဧဒုံပြည်နှင့် မောဘပြည်ကို ဝိုင်း၍ မောဘပြည် အရှေ့ဘက်သို့ ရောက်ပြီးမှ အာနုန်မြစ်တဘက်၌ တပ်ချကြ၏။ ထိုအခါ မောဘပြည်နယ်အတွင်းသို့ မဝင်ကြ။ အာနုန်မြစ်သည် မောဘပြည်အပိုင်းအခြားဖြစ်သတည်း။
၁၈နောက်တဖန်တော ကို ရှောက် လျက် ၊ ဧဒုံ ပြည် နှင့် မောဘ ပြည် ကို ဝိုင်း ၍ မောဘ ပြည် အရှေ့ ဘက်သို့ ရောက် ပြီးမှ အာနုန် မြစ်တဘက် ၌ တပ်ချ ကြ၏။ ထိုအခါ မောဘ ပြည်နယ် အတွင်းသို့ မ ဝင် ကြ။ အာနုန် မြစ်သည် မောဘ ပြည်အပိုင်းအခြား ဖြစ်သတည်း။
19 ၁၉ တဖန် ဣသရေလအမျိုးသည် အာမောရိအမျိုး ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်ထံသို့ သံတမန်ကို စေလွှတ်၍၊ ငါတို့နေရာသို့ ရောက်အံ့သောငှါ မင်းကြီးပြည်ကို ရှောက်သွားပါရစေဟု အခွင့်တောင်း သော်လည်း၊
၁၉တဖန် ဣသရေလ အမျိုးသည် အာမောရိ အမျိုး ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ထံ သို့သံတမန် ကို စေလွှတ် ၍ ၊ ငါ တို့နေရာ သို့ ရောက်အံ့သောငှါမင်းကြီး ပြည် ကို ရှောက်သွား ပါရစေဟု အခွင့်တောင်း သော်လည်း၊
20 ၂၀ ရှိဟုန်သည် ဣသရေလအမျိုးကို မယုံ၊ မိမိပြည်ကို ရှောက်သွားစေခြင်းငှါ အခွင့်မပေးသည်သာမက၊ မိမိလူအပေါင်းတို့ကို စုဝေးစေ၍၊ ယာဟတ်မြို့၌ တပ်ချပြီးလျှင် ဣသရေလအမျိုးကို စစ်တိုက်လေ၏။
၂၀ရှိဟုန် သည် ဣသရေလ အမျိုးကို မ ယုံ ၊ မိမိ ပြည် ကို ရှောက်သွား စေခြင်းငှါ အခွင့်မပေးသည်သာမက၊ မိမိ လူ အပေါင်း တို့ကို စုဝေး စေ၍ ၊ ယာဟတ် မြို့၌ တပ်ချ ပြီးလျှင် ဣသရေလ အမျိုးကို စစ်တိုက် လေ၏။
21 ၂၁ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည်၊ ရှိဟုန်မင်းနှင့်တကွ သူ၏လူအပေါင်းတို့ ဣသရေလအမျိုးလက်၌ အပ်တော်မူ၍၊ သူတို့ကို လုပ်ကြံသဖြင့် ထိုပြည်၌နေသော အာမောရိလူတို့၏ မြေတရှောက်လုံးကို သိမ်းယူကြ၏။
၂၁ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည်၊ ရှိဟုန် မင်းနှင့်တကွ သူ ၏လူ အပေါင်း တို့ကို ဣသရေလ အမျိုးလက် ၌ အပ် တော်မူ၍ ၊ သူ တို့ကို လုပ်ကြံ သဖြင့် ထို ပြည် ၌နေ သောအာမောရိ လူတို့၏ မြေ တရှောက်လုံး ကို သိမ်းယူ ကြ၏။
22 ၂၂ အာမောရိပြည် နယ်မြေတရှောက်လုံးကို အာနုန်မြစ်မှစ၍ ယဗ္ဗုတ်ချောင်းတိုင်အောင်၎င်း၊ တောမှစ၍ ယော်ဒန်မြစ်တိုင်အောင်၎င်း သိမ်းယူကြ၏။
၂၂အာမောရိ ပြည် နယ်မြေ တရှောက်လုံး ကို အာနုန် မြစ်မှစ၍ ယဗ္ဗုတ် ချောင်းတိုင်အောင် ၎င်း ၊ တော မှစ၍ ယော်ဒန် မြစ်တိုင်အောင် ၎င်း သိမ်းယူ ကြ၏။
23 ၂၃ ထိုသို့ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည်၊ အာမောရိလူတို့ကို ဣသရေလအမျိုး ရှေ့မှာ သူတို့ပြည်ကို နှုတ်တော်မူသည်ဖြစ်၍၊ သင်သည် သိမ်းယူရမည်လော။
၂၃ထိုသို့ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည်၊ အာမောရိ လူတို့ကို ဣသရေလ အမျိုး ရှေ့ မှာ သူတို့ပြည်ကို နှုတ် တော်မူသည်ဖြစ်၍ ၊ သင် သည် သိမ်းယူ ရမည်လော။
24 ၂၄ သင်၏ဘုရားခေမုရှ အပိုင်ပေးသောမြေကို သင်သိမ်းယူရသည်မဟုတ်လော။ ထိုအတူ ငါတို့ ဘုရားသခင် ထာဝရဘုရား နှင်ထုတ်တော်မူသော သူတို့၏မြေကို ငါတို့သည် သိမ်းယူရ၏။
၂၄သင် ၏ဘုရား ခေမုရှ အပိုင်ပေး သော မြေကို သင်သိမ်းယူ ရသည်မဟုတ် လော။ ထိုအတူ ငါ တို့ ဘုရား သခင်ထာဝရဘုရား နှင်ထုတ် တော်မူသောသူတို့၏မြေကို ငါ တို့သည် သိမ်းယူ ရ၏။
25 ၂၅ သင်သည် မောဘရှင်ဘုရင် ဇိဖော်မင်း၏သား ဗာလက်ထက်သာ၍ မြတ်သလော။ သူသည် ဣသရေလအမျိုးနှင့် ရန်တွေ့ဘူးသလော။ စစ်တိုက်ဘူးသလော။
၂၅သင် သည် မောဘ ရှင်ဘုရင် ဇိဖော် မင်း၏သား ဗာလက် ထက် သာ၍ မြတ်သလော။ သူသည် ဣသရေလ အမျိုးနှင့် ရန်တွေ့ ဘူးသလော။ စစ်တိုက် ဘူးသလော။
26 ၂၆ ဣသရေလအမျိုးသည် ဟေရှဘုန်မြို့ရွာတို့၌၎င်း၊ အာရော်မြို့ရွာတို့၌၎င်း၊ အာနုန်မြစ်နားမှာရှိသော မြို့ရွာအလုံးစုံတို့၌၎င်း အနှစ်သုံးရာပတ်လုံးနေစဉ်တွင် အဘယ်ကြောင့် သင်တို့သည် မရပြန်သနည်း။
၂၆ဣသရေလ အမျိုးသည် ဟေရှဘုန် မြို့ ရွာတို့၌ ၎င်း ၊ အာရော် မြို့ ရွာတို့၌ ၎င်း ၊ အာနုန် မြစ် နားမှာ ရှိသော မြို့ ရွာအလုံးစုံ တို့၌၎င်း အနှစ် သုံး ရာ ပတ်လုံးနေစဉ်တွင် အဘယ်ကြောင့် သင်တို့သည် မ ရ ပြန်သနည်း။
27 ၂၇ သင့်ကို ငါမပြစ်မှား။ သင်သည် စစ်တိုက်၍ ငါ့ကို ညှဉ်းဆဲ၏။ ထာဝရဘုရားသည် တရားသူကြီးလုပ်၍ ဣသရေလအမျိုးသား၊ အမ္မုန်အမျိုးသားတို့ စပ်ကြားမှာ ယနေ့တရားစီရင်ဆုံးဖြတ်တော်မူပါစေသော ဟု မှာလိုက်လေ၏။
၂၇သင့် ကို ငါမ ပြစ်မှား။ သင် သည် စစ်တိုက် ၍ ငါ့ ကို ညှဉ်းဆဲ ၏။ ထာဝရဘုရား သည် တရားသူကြီးလုပ်၍ ဣသရေလ အမျိုးသား၊ အမ္မုန် အမျိုးသားတို့ စပ်ကြား မှာ ယနေ့ တရားစီရင် ဆုံးဖြတ် တော်မူပါစေသောဟု မှာလိုက် လေ၏။
28 ၂၈ သို့သော်လည်း ယေဖသမှာလိုက်သောစကားကို အမ္မုန်ရှင်ဘုရင်သည် နားမထောင်ဘဲ နေ၏။
၂၈သို့သော်လည်း ယေဖသ မှာ လိုက်သော စကား ကို အမ္မုန် ရှင်ဘုရင် သည် နား မ ထောင်ဘဲနေ၏။
29 ၂၉ ထိုအခါ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ယေဖသအပေါ်မှာ သက်ရောက်၍၊ သူသည် ဂိလဒ်ပြည်၊ မနာရှေပြည်ကို ရှောက်လျက် ဂိလဒ်ပြည် မိဇပါမြို့ကို လွန်၍ အမ္မုန်လူတို့ရှိရာသို့ ချီသွားလေ၏။
၂၉ထိုအခါ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ယေဖသ အပေါ် မှာ သက်ရောက် ၍ ၊ သူသည် ဂိလဒ် ပြည်၊ မနာရှေ ပြည်ကို ရှောက် လျက် ဂိလဒ် ပြည် မိဇပါ မြို့ကို လွန် ၍ အမ္မုန် လူတို့ရှိရာသို့ ချီ သွားလေ၏။
30 ၃၀ ယေဖသသည် ထာဝရဘုရားအား သစ္စာဂတိထားလျက်၊ အကယ်၍ ကိုယ်တော်သည် အမ္မုန်အမျိုးသား တို့ကို အကျွန်ုပ်လက်၌ အပ်တော်မူလျှင်၊
၃၀ယေဖသ သည် ထာဝရဘုရား အား သစ္စာ ဂတိထားလျက် ၊ အကယ်၍ ကိုယ်တော်သည် အမ္မုန် အမျိုးသားတို့ကို အကျွန်ုပ် လက် ၌ အပ် တော်မူလျှင်၊
31 ၃၁ အကျွန်ုပ်သည် အမ္မုန်အမျိုးသားတို့ရှိရာမှ ငြိမ်ဝပ်စွာ ပြန်လာသောအခါ၊ အကျွန်ုပ်ကို ခရီးဦးကြို ပြုအံ့သောငှါ အကျွန်ုပ်အိမ်တံခါးဝမှ ထွက်လာသောသူ မည်သည်ကို ထာဝရဘုရားအား အမှန်ဆက်သ၍ မီးရှို့ရာယဇ်ပူဇော်ပါမည်ဟု သစ္စာဂတိထားပြီးမှ၊
၃၁အကျွန်ုပ်သည် အမ္မုန် အမျိုးသားတို့ရှိရာမှ ငြိမ်ဝပ် စွာ ပြန်လာ သောအခါ ၊ အကျွန်ုပ် ကို ခရီး ဦးကြိုပြုအံ့သောငှါ အကျွန်ုပ် အိမ် တံခါးဝ မှ ထွက် လာသောသူ မည်သည်ကို ထာဝရဘုရား အား အမှန်ဆက်သ၍ မီးရှို့ ရာယဇ်ပူဇော် ပါမည်ဟု သစ္စာဂတိထားပြီးမှ၊
32 ၃၂ အမ္မုန်အမျိုးသားတို့ကို တိုက်ခြင်းငှါ ချီသွား၍၊ ထာဝရဘုရားသည် သူတို့ကို ယေဖသလက်၌ အပ်တော် မူသဖြင့်၊
၃၂အမ္မုန် အမျိုးသားတို့ကို တိုက် ခြင်းငှါ ချီ သွား၍ ၊ ထာဝရဘုရား သည် သူ တို့ကို ယေဖသ လက် ၌ အပ် တော်မူသဖြင့်၊
33 ၃၃ အာရော်မြို့မှစ၍ မိန္နိတ်မြို့တိုင်အောင်၎င်း၊ အာဗေလခေရမိမ်မြို့တိုင်အောင်၎င်း၊ မြို့နှစ်ဆယ်တို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သူတို့ကို တိုက်သတ်လေ၏။ ထိုသို့ အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးသားတို့ ရှေ့မှာ ရှုံးရကြ၏။
၃၃အာရော် မြို့မှစ၍ မိန္နိတ် မြို့တိုင်အောင် ၎င်း ၊ အာဗေလ ခေရမိမ်မြို့တိုင်အောင် ၎င်း ၊ မြို့ နှစ်ဆယ် တို့ကို ကြီးစွာ သောလုပ်ကြံ ခြင်းအားဖြင့် သူ တို့ကို တိုက်သတ် လေ၏။ ထိုသို့ အမ္မုန် အမျိုးသားတို့သည် ဣသရေလ အမျိုးသားတို့ ရှေ့ မှာ ရှုံး ရကြ၏။
34 ၃၄ ယေဖသသည် မိဇပါမြို့ မိမိအိမ်သို့ ရောက်လာသောအခါ၊ မိမိသမီးသည် ပတ်သာတီးလျက်၊ ကလျက်ခရီးဦးကြိုပြုအံ့သောငှါ ထွက်လာ၏။ သည် တယောက်တည်းသော သမီးဖြစ်၍၊ သူမှတပါး သားသမီးမရှိ။
၃၄ယေဖသ သည် မိဇပါ မြို့ မိမိ အိမ် သို့ ရောက် လာသောအခါ ၊ မိမိ သမီး သည် ပတ်သာ တီးလျက် ၊ က လျက် ခရီး ဦးကြိုပြုအံ့သောငှါ ထွက် လာ၏။ သူ သည် တယောက် တည်းသော သမီးဖြစ်၍၊ သူ မှတပါး သား သမီး မ ရှိ။
35 ၃၅ ယေဖသသည် သူ့ကိုမြင်လျှင်၊ မိမိအဝတ်ကို ဆုတ်၍၊ အို ငါ့သမီး၊ သင်သည် ငါ့ကို အလွန်နှိမ့်ချပြီ တကား။ ငါ့ကို နှောင့်ရှက်သော သူတယောက်ဖြစ်ပါသည်တကား။ ထာဝရဘုရားအား ငါလျှောက်ထားပြီး။ နှုတ်ရသောအခွင့်မရှိဟု ဆိုသော်၊
၃၅ယေဖသသည် သူ့ ကို မြင် လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍ ၊ အို ငါ့ သမီး ၊ သင် သည် ငါ့ ကို အလွန်နှိမ့်ချ ပြီ တကား။ ငါ့ ကို နှောင့်ရှက် သော သူတယောက်ဖြစ် ပါသည်တကား။ ထာဝရဘုရား အား ငါ လျှောက် ထားပြီ။ နှုတ် ရသောအခွင့်မ ရှိ ဟု ဆို သော်၊
36 ၃၆ သမီးက၊ ခမည်းတော်သည် ထာဝရဘုရားအား လျှောက်ထားလျှင်၊ လျှောက်ထားသည်အတိုင်း ကျွန်မ၌ ပြုပါ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ခမည်းတော်၏ရန်သူ အမ္မုန်အမျိုးသားတို့၌ ခမည်းတော်၏စိတ်ပြေစေခြင်းငှါ အပြစ်ပေးတော်မူပြီ။
၃၆သမီးက၊ ခမည်းတော် သည် ထာဝရဘုရား အား လျှောက် ထားလျှင်၊ လျှောက် ထားသည်အတိုင်း ကျွန်မ ၌ ပြု ပါ။ အကြောင်းမူကား၊ ထာဝရဘုရား သည် ခမည်းတော် ၏ရန်သူ အမ္မုန် အမျိုးသားတို့၌ ခမည်းတော်၏စိတ်ပြေစေခြင်းငှါအပြစ် ပေး တော်မူပြီ။
37 ၃၇ သို့ရာတွင် ကျွန်မသည် အပေါင်းအဘော်တို့နှင့်တကွ တောင်ရိုးပေါ်မှာ လှည့်လည်၍၊ ကျွန်မ၏ အပျိုကညာဖြစ်ခြင်းကို ငိုကြွေးမြည်တမ်းရမည်အကြောင်း၊ နှစ်လပတ်လုံး အလွတ်နေပါရစေဟု အဘအား အခွင့်တောင်းမသည်အတိုင်း၊
၃၇သို့ရာတွင်ကျွန်မ သည် အပေါင်းအဘော် တို့နှင့်တကွ တောင်ရိုး ပေါ် မှာ လှည့်လည် ၍ ၊ ကျွန်မ ၏ အပျို ကညာဖြစ်ခြင်းကို ငိုကြွေး မြည်တမ်းရမည်အကြောင်း၊ နှစ် လ ပတ်လုံးအလွတ် နေပါရစေဟု အဘ အား အခွင့်တောင်း သည်အတိုင်း၊
38 ၃၈ အဘက၊ သွားလေတော့ဟုဆိုလျက် နှစ်လကို ချိန်းချက်၍ လွှတ်လိုက်လျှင်၊ အပေါင်းအဘော်တို့နှင့် တကွ သွား၍ တောင်ရိုးပေါ်မှာ မိမိအပျိုကညာဖြစ်ခြင်းကို ငိုကြွေးမြည်တမ်းလေ၏။
၃၈အဘက၊ သွား လေတော့ဟုဆို လျက် နှစ် လ ကို ချိန်းချက်၍ လွှတ် လိုက်လျှင် ၊ အပေါင်းအဘော် တို့နှင့်တကွ သွား ၍ တောင်ရိုး ပေါ် မှာ မိမိ အပျို ကညာဖြစ်ခြင်းကို ငိုကြွေး မြည်တမ်းလေ၏။
39 ၃၉ နှစ်လစေ့သောအခါ အဘထံသို့ ပြန်လာ၍၊ အဘသည် သစ္စာဂတိရှိသည်အတိုင်း ပြုလေ၏။ ထိုမိန်းမသည် ယောက်ျားနှင့် မဆက်ဆံသော သူဖြစ်၏။
၃၉နှစ် လ စေ့ သောအခါ အဘ ထံ သို့ ပြန်လာ ၍ ၊ အဘသည် သစ္စာ ဂတိရှိသည်အတိုင်း ပြု လေ၏။ ထို မိန်းမသည် ယောက်ျား နှင့် မ ဆက်ဆံ သောသူဖြစ်၏။
40 ၄၀ ထိုနောက်မှ ဣသရေလအမျိုးသမီးတို့သည်၊ ဂိလဒ်အမျိုးသားယေဖသ၏သမီးကြောင့် တနှစ်တနှစ် လျှင် လေးရက်ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းငှါ သွားရသော ဣသရေလ ထုံးစံဓလေ့ ဖြစ်လေ၏။
၄၀ထိုနောက်မှ ဣသရေလ အမျိုးသမီး တို့သည်၊ ဂိလဒ် အမျိုးသားယေဖသ ၏သမီး ကြောင့် တနှစ် တနှစ်လျှင် လေး ရက် ပတ်လုံးငိုကြွေး မြည်တမ်းခြင်းငှါ သွား ရသော ဣသရေလ ထုံးစံ ဓလေ့ဖြစ် လေ၏။

< တရားသူကြီးမှတ်စာ 11 >