< ယောရှု 8 >

1 တဖန် ထာဝရဘုရားကလည်း၊ သင်သည် မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သင်၌ပါသော စစ်သူရဲ အပေါင်းတို့ကို ခေါ်၍ အာဣမြို့သို့ ထသွားလော့။ အာဣ မင်းကြီးနှင့် သူ့လူများ၊ သူ့မြို့၊ သူ့မြေကို သင့်လက်၌ ငါအပ်မည်။
တဖန် ထာဝရဘုရား ကလည်း၊ သင်သည် မ ကြောက် နှင့်၊ စိတ် မ ပျက်နှင့်။ သင် ၌ ပါသောစစ်သူရဲ အပေါင်း တို့ကို ခေါ် ၍ အာဣ မြို့သို့ ထ သွားလော့။ အာဣ မင်းကြီး နှင့် သူ့ လူ များ၊ သူ့ မြို့ ၊ သူ့ မြေ ကို သင့် လက် ၌ ငါအပ် မည်။
2 ယေရိခေါမြို့နှင့် မင်းကြီးအား ပြုသကဲ့သို့ အာဣမြို့နှင့် မင်းကြီးအား ပြုရမည်။ သို့ရာတွင် လုယူ သော ဥစ္စာ၊ တိရစ္ဆာန်များကို ကိုယ်အဘို့ သိမ်းရမည်။ မြို့နောက်မှာ ကင်းတပ်ကို ထားရမည်ဟု ယောရှုအား မိန့်တော်မူသည်အတိုင်း၊
ယေရိခေါ မြို့နှင့် မင်းကြီး အား ပြု သကဲ့သို့ အာဣ မြို့နှင့် မင်းကြီး အား ပြု ရမည်။ သို့ရာတွင် လုယူ သော ဥစ္စာ၊ တိရစ္ဆာန် များကို ကိုယ် အဘို့ သိမ်း ရမည်။ မြို့ နောက် မှာ ကင်းတပ်ကို ထား ရမည်ဟု ယောရှု အား မိန့် တော်မူသည်အတိုင်း၊
3 ယောရှုနှင့် စစ်သူရဲအပေါင်းတို့သည် အာဣမြို့ ကို တိုက်ခြင်းငှါ ထကြ၏။ ယောရှုသည် ခွန်အားကြီးသော စစ်သူရဲသုံးသောင်းတို့ကို ရွေးချယ်၍ ညဉ့်အခါစေလွှတ် လျက်၊
ယောရှု နှင့် စစ်သူရဲ အပေါင်း တို့သည် အာဣ မြို့ ကို တိုက် ခြင်းငှါ ထ ကြ၏။ ယောရှု သည် ခွန်အားကြီးသော စစ်သူရဲ သုံးသောင်း တို့ကို ရွေးချယ် ၍ ညဉ့် အခါစေလွှတ် လျက်၊
4 သင်တို့သည် ထိုမြို့ကို တိုက်ခြင်းငှါ မြို့နောက် မှာ ကင်းထိုလျက်နေကြလော့။ မြို့နှင့်ဝေးဝေးခွာ၍ မသွား ကြနှင့်။ တညီတညွတ်တည်း အသင့်နေကြလော့။
သင် တို့သည် ထိုမြို့ ကို တိုက်ခြင်းငှါမြို့နောက် မှာ ကင်း ထိုးလျက်နေကြလော့။ မြို့ နှင့် ဝေးဝေး ခွာ၍ မ သွား ကြနှင့်။ တညီတညွတ်တည်း အသင့် နေ ကြလော့။
5 ငါနှင့်တကွ ငါ၌ပါသောသူအပေါင်းတို့သည် မြို့အနီးသို့ ချဉ်းကပ်မည်။ သူတို့သည် ယမန်ကဲ့သို့ တိုက် ခြင်းငှါ ထွက်လာကြသောအခါ၊ ငါတို့သည် သူတို့ရှေ့မှာ ပြေးရကြမည်။
ငါ နှင့်တကွ ငါ ၌ ပါသော သူ အပေါင်း တို့သည် မြို့ အနီးသို့ ချဉ်းကပ် မည်။ သူတို့သည် ယမန် ကဲ့သို့ တိုက် ခြင်းငှါ ထွက် လာကြသောအခါ ၊ ငါတို့သည် သူ တို့ရှေ့ မှာ ပြေး ရကြမည်။
6 သူတို့လည်း လိုက်ခြင်းငှါ မြို့ထဲကထွက်၍၊ မြို့ နှင့်ကွာမှန်းကိုမသိဘဲ ခွါ၍ လိုက်ကြလိမ့်မည်။ အကြောင်း မူကား၊ သူတို့ရှေ့မှာ ငါတို့သည် ပြေးသောအခါ၊ ယမန်ကဲ့ သို့ ငါတို့ရှေ့မှာ ပြေးကြပြီဟု သူတို့ဆိုကြလိမ့်မည်။
သူတို့လည်း လိုက်ခြင်းငှါမြို့ထဲကထွက်၍၊ မြို့ နှင့် ကွာမှန်းကိုမသိဘဲ ခွါ ၍ လိုက် ကြလိမ့်မည်။ အကြောင်းမူကား ၊ သူ တို့ရှေ့ မှာ ငါတို့သည် ပြေး သောအခါ ၊ ယမန် ကဲ့သို့ ငါ တို့ရှေ့ မှာ ပြေး ကြပြီဟု သူတို့ဆို ကြလိမ့်မည်။
7 ထိုအခါ သင်တို့သည် ကင်းထိုးလျက် နေရာအ ရပ်မှထ၍ မြို့ကိုတိုက်လျှင်၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့လက်၌ အပ်တော်မူမည်။
ထိုအခါ သင် တို့သည် ကင်းထိုး လျက် နေရာအရပ်မှ ထ ၍ မြို့ ကိုတိုက် လျှင်၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့လက် ၌ အပ် တော်မူမည်။
8 တိုက်၍ အောင်သောအခါ မြို့ကို မီးရှို့ရကြ မည်။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြုရကြမည်။ ထိုသို့ ငါဆင့်ဆိုသည်ဟု ထိုသူတို့အား မှာထားလေ၏။
တိုက် ၍ အောင်သောအခါ မြို့ ကို မီး ရှို့ရကြမည်။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ပြု ရကြမည်။ ထိုသို့ ငါဆင့်ဆို သည်ဟု ထိုသူ တို့အား မှာ ထားလေ၏။
9 ယောရှုစေလွှတ်သည်အတိုင်း၊ ထိုသူတို့သည် ကင်းထိုးခြင်းငှါ သွား၍၊ ဗေသလမြို့နှင့် အာဣမြို့ စပ်ကြားတွင် အာဣမြို့ အနောက်ဘက်မှာ နေကြ၏။ ယောရှုသည် ထိုညဉ့်တွင် လူများထဲမှာနေသေး၏။
ယောရှု စေလွှတ် သည်အတိုင်း ၊ ထိုသူတို့သည် ကင်း ထိုးခြင်းငှါ သွား ၍ ၊ ဗေသလ မြို့နှင့် အာဣ မြို့ စပ်ကြား တွင် အာဣ မြို့ အနောက် ဘက်မှာ နေ ကြ၏။ ယောရှု သည် ထို ညဉ့် တွင် လူ များထဲ မှာ နေသေး၏။
10 ၁၀ နံနက်စောစောထ၍ လူများတို့ကို ရေတွက်ပြီးမှ၊ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်အတူ အာဣမြို့ သို့ အဦးချီသွားလေ၏။
၁၀နံနက် စောစောထ ၍ လူ များတို့ကို ရေတွက် ပြီးမှ ၊ ဣသရေလ အမျိုး အသက်ကြီး သူတို့နှင့်အတူ အာဣ မြို့ သို့ အဦး ချီ သွားလေ၏။
11 ၁၁ ယောရှု၌ပါသော စစ်သူရဲအပေါင်းတို့သည် လိုက်၍ မြို့အနီးသို့ ရောက်ပြီးလျှင်၊ မြို့မြောက်ဘက်၌ တပ်ချကြ၏။ သူတို့နှင့် မြို့စပ်ကြားမှာ ချိုင့်တခုရှိ၏။
၁၁ယောရှု ၌ ပါသော စစ်သူရဲ အပေါင်း တို့သည် လိုက် ၍ မြို့ အနီး သို့ ရောက် ပြီးလျှင် ၊ မြို့ မြောက် ဘက်၌ တပ်ချ ကြ၏။ သူ တို့နှင့် မြို့ စပ်ကြား မှာ ချိုင့် တခုရှိ၏။
12 ၁၂ တဖန် အာဣမြို့အနောက်၊ ထိုမြို့နှင့် ဗေသလ မြို့စပ်ကြားမှာ ကင်းထိုးစေခြင်းငှါ လူငါးထောင်ခန့်မျှ ထားလေ၏။
၁၂တဖန် အာဣ မြို့အနောက် ၊ ထိုမြို့ နှင့် ဗေသလ မြို့စပ်ကြား မှာ ကင်းထိုး စေခြင်းငှါလူ ငါး ထောင် ခန့် မျှ ထား လေ၏။
13 ၁၃ ထိုသို့လျှင်၊ မြို့မြောက်ဘက်မှာ ဗိုလ်ခြေအပေါင်း ခင်းကျင်းလျက်၊ အနောက်ဘက်မှာလည်း ကင်းထိုးလျက်၊ အသီးသီး နေရာကျကြသောအခါ၊ ယောရှုသည် ထိုညဉ့် တွင် ချိုင့်အလယ်သို့ သွားလေ၏။
၁၃ထိုသို့လျှင်၊ မြို့ မြောက် ဘက်မှာ ဗိုလ်ခြေ အပေါင်း ခင်းကျင်းလျက်၊ အနောက် ဘက်မှာ လည်း ကင်း ထိုးလျက်၊ အသီးသီးနေရာ ကျကြသောအခါ ၊ ယောရှု သည် ထို ညဉ့် တွင် ချိုင့် အလယ်သို့ သွား လေ၏။
14 ၁၄ ထိုအခြင်းအရာတို့ကို အာဣမင်းကြီးသည် မြင် လျှင်၊ မြို့သားယောက်ျားတို့သည် စောစောထ၍ အလျင် အမြန်ပြင်ဆင်ပြီးမှ၊ မင်းကြီးသည် လူအပေါင်းတို့နှင့်တကွ ဣသရေလအမျိုးသားတို့ကို တိုက်ခြင်းငှါ၊ ချိန်းချက်သော အချိန်၌ လွင်ပြင်သို့ ချီသွားလေ၏။ သို့ရာတွင် မြို့နောက် မှာ ကင်းတပ်ရှိမှန်းကို မသိ။
၁၄ထိုအခြင်းအရာတို့ကို အာဣ မင်းကြီး သည် မြင် လျှင် ၊ မြို့ သား ယောက်ျားတို့သည် စောစော ထ၍ အလျင်အမြန် ပြင်ဆင်ပြီးမှ ၊ မင်းကြီး သည် လူ အပေါင်း တို့နှင့်တကွ ဣသရေလ အမျိုးသားတို့ကို တိုက် ခြင်းငှါ ၊ ချိန်းချက် သော အချိန်၌ လွင်ပြင် သို့ ချီ သွားလေ၏။ သို့ရာတွင် မြို့ နောက် မှာ ကင်း တပ်ရှိမှန်းကို မ သိ။
15 ၁၅ ယောရှုနှင့်ဣသရေလ အမျိုးသားအပေါင်းတို့ သည် ရှုံးဟန်ပြုလျက် တောလမ်းဖြင့် ပြေးကြ၏။
၁၅ယောရှု နှင့် ဣသရေလ အမျိုးသားအပေါင်း တို့ သည် ရှုံး ဟန်ပြုလျက် တော လမ်း ဖြင့် ပြေး ကြ၏။
16 ၁၆ သူတို့ကို လိုက်ခြင်းငှါ၊ အာဣမင်းကြီးသည် မြို့၌ ရှိသမျှသော ယောက်ျားတို့ကို နှိုးဆော်ပြီးလျှင်၊ မြို့သားတို့ သည် ယောရှုကိုလိုက်၍၊ မြို့နှင့်ကွာမှန်းမသိ ခွါသွားကြ၏။
၁၆သူ တို့ကို လိုက် ခြင်းငှါ ၊ အာဣ မင်းကြီးသည် မြို့၌ ရှိသမျှ သော ယောက်ျား တို့ကို နှိုးဆော် ပြီးလျှင် ၊ မြို့သားတို့ သည် ယောရှု ကိုလိုက် ၍ ၊ မြို့ နှင့် ကွာမှန်းမသိ ခွါ သွားကြ၏။
17 ၁၇ ဣသရေလအမျိုးသားတို့ကို မလိုက်ဘဲ၊ အာဣ မြို့နှင့် ဗေသလမြို့၌ ယောက်ျားတယောက်မျှ မနေ၊ မြို့ကို လှပ်ထားလျက် ဣသရေလအမျိုးသားတို့ကို လိုက် ကြ၏။
၁၇ဣသရေလ အမျိုးသားတို့ကို မ လိုက် ဘဲ၊ အာဣ မြို့နှင့် ဗေသလ မြို့၌ ယောက်ျား တယောက်မျှ မ နေ ၊ မြို့ ကို လှပ် ထားလျက် ဣသရေလ အမျိုးသားတို့ကို လိုက် ကြ၏။
18 ၁၈ ထာဝရဘုရားကလည်း၊ သင်ကိုင်သောလှံကို အာဣမြို့သို့ ရွယ်လော့။ ထိုမြို့ကို သင့်လက်သို့ ငါအပ် မည်ဟု ယောရှုအား မိန့်တော်မူသည်အတိုင်း၊ ယောရှု သည် မိမိကိုင်သောလှံကို ထိုမြို့သို့ရွယ်လေ၏။
၁၈ထာဝရဘုရား ကလည်း ၊ သင် ကိုင် သောလှံ ကို အာဣ မြို့သို့ ရွယ် လော့။ ထိုမြို့ ကို သင့် လက် သို့ ငါအပ် မည်ဟု ယောရှု အား မိန့် တော်မူသည်အတိုင်း ၊ ယောရှု သည် မိမိကိုင် သောလှံ ကို ထိုမြို့ သို့ ရွယ် လေ၏။
19 ၁၉ ရွယ်သောအခါ၊ ကင်းတပ်သားတို့သည် ချက် ခြင်းထ၍ အလျင်အမြန်ပြေးလျက် မြို့ထဲသို့ဝင်မိလျှင်၊ ကြိုးစား၍ သိမ်းယူပြီးမှ မီးရှို့ကြ၏။
၁၉ရွယ်သောအခါ ၊ ကင်း တပ်သားတို့သည် ချက်ခြင်း ထ ၍ အလျင်အမြန် ပြေး လျက် မြို့ ထဲသို့ဝင် မိလျှင် ၊ ကြိုးစား ၍ သိမ်းယူ ပြီးမှ မီး ရှို့ကြ၏။
20 ၂၀ အာဣမြို့သားတို့သည် ပြန်ကြည့်၍၊ မြို့ကို လောင်သော မီး၏အခိုးသည် မိုဃ်းကောင်းကင်သို့ တက် လျက်ရှိသည်ကို မြင်သောအခါ၊ အဘယ်အရပ်ကိုမျှ ပြေး ခြင်းငှါ မတတ်စွမ်းနိုင်ကြ။ တောသို့ပြေးသောသူတို့သည် လည်း လိုက်သောသူတို့ကို ပြန်လှန်၍ တိုက်ကြ၏။
၂၀အာဣ မြို့သား တို့သည် ပြန် ကြည့် ၍ ၊ မြို့ ကို လောင်သော မီး၏အခိုး သည် မိုဃ်းကောင်းကင် သို့ တက် လျက်ရှိသည်ကို မြင် သောအခါ ၊ အဘယ်အရပ်ကိုမျှ ပြေး ခြင်းငှါ မ တတ်စွမ်းနိုင်ကြ။ တော သို့ပြေး သောသူ တို့သည် လည်း လိုက် သောသူတို့ကို ပြန် လှန်၍ တိုက် ကြ၏။
21 ၂၁ ကင်းတပ်သားတို့သည် မြို့ကိုရ၍ မြို့၌ မီးခိုး တက်လျက် ရှိသည်ကို ယောရှုနှင့် ဣသရေလအမျိုးသား အပေါင်းတို့သည် မြင်လျှင်၊ တဖန် ပြန်လှည့်၍ အာဣမြို့ သားတို့ကို တိုက်သတ်ကြ၏။
၂၁ကင်း တပ်သားတို့သည် မြို့ ကိုရ ၍ မြို့ ၌ မီးခိုး တက် လျက် ရှိသည်ကို ယောရှု နှင့် ဣသရေလ အမျိုးသားအပေါင်း တို့သည် မြင် လျှင် ၊ တဖန် ပြန် လှည့်၍ အာဣ မြို့သား တို့ကို တိုက် သတ်ကြ၏။
22 ၂၂ အခြားသောသူတို့သည်လည်း မြို့ထဲကထွက်၍ တိုက်သောကြောင့် ဣသရေလအမျိုးသားတို့သည် အာဣ လူတို့ကို ညှပ်၍ တိုက်သဖြင့် တယောက်ကိုမျှမလွှတ် မကျန်ကြွင်းစေခြင်းငှါ လုပ်ကြံကြ၏။
၂၂အခြားသောသူတို့သည်လည်း မြို့ ထဲက ထွက် ၍ တိုက် သောကြောင့် ဣသရေလ အမျိုးသားတို့သည် အာဣ လူတို့ကို ညှပ်၍ တိုက်သဖြင့် တယောက်ကိုမျှမ လွှတ် မကျန် ကြွင်း စေခြင်းငှါ လုပ်ကြံ ကြ၏။
23 ၂၃ အာဣမင်းကြီးကို အရှင်ဘမ်း၍ ယောရှုထံသို့ ဆောင်ခဲ့ကြ၏။
၂၃အာဣ မင်းကြီး ကို အရှင် ဘမ်း ၍ ယောရှု ထံ သို့ ဆောင် ခဲ့ကြ၏။
24 ၂၄ ဣသရေလအမျိုးသားတို့သည် လွင်ပြင်၌၎င်း၊ လိုက်ရှာရာ တော၌၎င်း၊ အာဣမြို့သားအပေါင်းတို့ကို လုပ်ကြံ၍ ထားဖြင့် အကုန်အစင်သုတ်သင်ပြီးမှ၊ တဖန် မြို့သို့ပြန်လာ၍ ထားဖြင့် လုပ်ကြံကြ၏။
၂၄ဣသရေလ အမျိုးသားတို့သည် လွင်ပြင် ၌ ၎င်း၊ လိုက်ရှာ ရာ တော ၌ ၎င်း၊ အာဣ မြို့သား အပေါင်း တို့ကို လုပ်ကြံ ၍ ထား ဖြင့် အကုန်အစင် သုတ်သင် ပြီးမှ ၊ တဖန် မြို့သို့ပြန် လာ၍ ထား ဖြင့် လုပ်ကြံ ကြ၏။
25 ၂၅ ထိုနေ့၌ တသောင်းနှစ်ထောင်ခန့်မျှ ရှိသော အာဣမြို့သား ယောက်ျားမိန်းမအပေါင်းတို့သည် သေကြ ၏။
၂၅ထို နေ့ ၌ တသောင်း နှစ်ထောင်ခန့်မျှ ရှိသောအာဣ မြို့သား ယောက်ျား မိန်းမ အပေါင်း တို့သည် သေ ကြ ၏။
26 ၂၆ အာဣမြို့သူမြို့သား အပေါင်းတို့ကို အကုန်အ စင် မဖျက်ဆီးမှီတိုင်အောင် ယောရှုသည် လှံကိုင်သော လက်ကို မသိမ်းမရုပ်။
၂၆အာဣ မြို့သူ မြို့သားအပေါင်း တို့ကို အကုန်အစင်မဖျက်ဆီး မှီတိုင်အောင် ယောရှု သည်လှံ ကိုင် သော လက် ကို မ သိမ်း မရုပ်။
27 ၂၇ သို့ရာတွင် ထာဝရဘုရားသည် ယောရှုအား မှာ ထားတော်မူသော စကားအတိုင်း၊ တိရစ္ဆာန်များနှင့် လက် ရဥစ္စာများကို၊ ဣသရေလအမျိုးသားတို့သည် ကိုယ်အဘို့ သိမ်းယူကြ၏။
၂၇သို့ရာတွင် ထာဝရဘုရား သည် ယောရှု အား မှာ ထား တော်မူသော စကား အတိုင်း ၊ တိရစ္ဆာန် များနှင့် လက်ရ ဥစ္စာများကို၊ ဣသရေလ အမျိုးသားတို့သည် ကိုယ် အဘို့ သိမ်းယူ ကြ၏။
28 ၂၈ ယောရှုသည်လည်း အာဣမြို့ကို မီးရှို့၍၊ ယနေ့ တိုင်အောင် ထာဝရဖျက်ဆီးရာ အမှိုက်ပုံ ဖြစ်စေ၏။
၂၈ယောရှု သည်လည်း အာဣ မြို့ကို မီး ရှို့၍ ၊ ယနေ့ တိုင်အောင် ထာဝရ ဖျက်ဆီး ရာ အမှိုက်ပုံ ဖြစ် စေ၏။
29 ၂၉ အာဣမင်းကြီးကို ညဦးတိုင်အောင် သစ်ပင် တွင် ဆွဲထား၍၊ မိုဃ်းချုပ်သောအခါ၊ ယောရှုစီရင်သည် အတိုင်း၊ အသေကောင်ကို သစ်ပင်ကချပြီးလျှင် မြို့တံခါး ဝ၌ ပစ်ထား၍၊ အသေကောင်အပေါ်၌ များစွာသော ကျောက်တို့ကို စုပုံကြ၏။ ထိုကျောက်ပုံသည် ယနေ့တိုင် အောင်ရှိ၏။
၂၉အာဣ မင်းကြီး ကို ညဦး တိုင်အောင် သစ်ပင် တွင် ဆွဲ ထား၍ ၊ မိုဃ်းချုပ် သောအခါ ၊ ယောရှု စီရင် သည် အတိုင်း၊ အသေကောင် ကို သစ်ပင် က ချ ပြီးလျှင် မြို့ တံခါးဝ ၌ ပစ် ထား၍ ၊ အသေကောင် အပေါ် ၌ များစွာ သော ကျောက် တို့ကို စုပုံ ကြ၏။ ထိုကျောက်ပုံသည် ယနေ့ တိုင်အောင် ရှိ၏။
30 ၃၀ ထိုအခါ ယောရှုသည်၊ ဧဗလတောင်ပေါ်မှာ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအဘို့၊ ယဇ်ပလ္လင်ကို တည်လေ၏။
၃၀ထိုအခါ ယောရှု သည်၊ ဧဗလ တောင် ပေါ် မှာ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အဘို့ ၊ ယဇ်ပလ္လင် ကို တည် လေ၏။
31 ၃၁ ထာဝရဘုရား၏ ကျွန်မောရှေသည်၊ ဣသရေ လအမျိုးသားတို့ကို မှာထား၍ မောရှေ၏ ပညတ္တိကျမ်း၌ ရေးမှတ်လျက်ရှိသည်အတိုင်း၊ သံတန်ဆာမပါမသုံးဘဲ မကွဲမပြတ်သော ကျောက်တို့ဖြင့် ယဇ်ပလ္လင်ကို တည်၍၊ ထာဝရဘုရားအဘို့ မီးရှို့ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော်ကြ၏။
၃၁ထာဝရဘုရား ၏ ကျွန် မောရှေ သည်၊ ဣသရေလ အမျိုးသားတို့ကို မှာ ထား၍ မောရှေ ၏ ပညတ္တိ ကျမ်း ၌ ရေး မှတ်လျက်ရှိသည်အတိုင်း ၊ သံ တန်ဆာမ ပါမသုံး ဘဲ မ ကွဲမပြတ်သော ကျောက် တို့ဖြင့် ယဇ်ပလ္လင် ကို တည်၍၊ ထာဝရဘုရား အဘို့ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ကြ၏။
32 ၃၂ ယောရှုသည်လည်း၊ ထိုကျောက်ပေါ်၌ မောရှေ ၏ ပညတ်တရားကို ဣသရေလအမျိုးသားတို့ရှေ့မှာ ရေးကူးလေ၏။
၃၂ယောရှုသည်လည်း ၊ ထို ကျောက် ပေါ် ၌ မောရှေ ၏ ပညတ် တရားကို ဣသရေလ အမျိုးသားတို့ရှေ့ မှာ ရေး ကူးလေ၏။
33 ၃၃ ဣသရေလအမျိုးသားတို့ကို ကောင်းကြီးပေး ခြင်း အလိုငှါ၊ ထာဝရဘုရား၏ကျွန် မောရှေမှာထားခဲ့ သည်အတိုင်း၊ ဣသရေလအမျိုး အသက်ကြီး၊ ဗိုလ်မင်း၊ တရားသူကြီး အမျိုးသားအပေါင်းတို့သည်၊ ယဇ်ပုရော ဟိတ် လေဝိသားထမ်းသော ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာနှစ်ဘက်၌ ရပ်၍၊ အမျိုးသားစစ်နှင့် တကျွန်းနိုင် ငံသားပါလျက်၊ ဂေရဇိမ်တောင်ပေါ်မှာ လူတဝက်၊ ဧဗလ တောင်ပေါ်မှာ တဝက်တို့သည် နေကြလျှင်၊
၃၃ဣသရေလ အမျိုးသား တို့ကို ကောင်းကြီး ပေး ခြင်း အလိုငှါ ၊ ထာဝရဘုရား ၏ကျွန် မောရှေ မှာ ထားခဲ့ သည်အတိုင်း ၊ ဣသရေလ အမျိုး အသက်ကြီး ၊ ဗိုလ် မင်း၊ တရားသူကြီး အမျိုးသားအပေါင်းတို့သည်၊ ယဇ်ပုရောဟိတ် လေဝိ သားထမ်း သော ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ နှစ်ဘက်၌ ရပ် ၍၊ အမျိုးသား စစ်နှင့် တကျွန်း နိုင်ငံသားပါလျက်၊ ဂေရဇိမ် တောင် ပေါ် မှာ လူတဝက် ၊ ဧဗလ တောင် ပေါ် မှာ တဝက် တို့သည် နေကြလျှင်၊
34 ၃၄ ပညတ္တိကျမ်း၌ ရေးထားသမျှသော ကောင်းကြီး မင်္ဂလာစကားနှင့် ကျိန်ခြင်းအမင်္ဂလာစကား တည်းဟူ သော တရားစကားအလုံးစုံတို့ကို ဘတ်ရွတ်လေ၏။
၃၄ပညတ္တိ ကျမ်း ၌ ရေး ထားသမျှ သောကောင်းကြီး မင်္ဂလာစကားနှင့် ကျိန်ခြင်းအမင်္ဂလာ စကား တည်းဟူသော တရား စကား အလုံးစုံ တို့ကို ဘတ်ရွတ် လေ၏။
35 ၃၅ ယောရှုသည် မောရှေမှာထားသော စကားတ ခွန်းကိုမျှ မချန်မထား၊ မိန်းမ၊ သူငယ်၊ တကျွန်းနိုင်ငံသား ပါသော ဣသရေလအမျိုးသား ပရိတ်သတ်အပေါင်းတို့ ရှေ့မှာ အကုန်အစင် ဘတ်ရွတ်လေ၏။
၃၅ယောရှု သည် မောရှေ မှာ ထားသော စကား တခွန်းကိုမျှ မ ချန်မထား ၊ မိန်းမ ၊ သူငယ် ၊ တကျွန်း နိုင်ငံသားပါသောဣသရေလ အမျိုးသားပရိတ်သတ် အပေါင်း တို့ ရှေ့ မှာ အကုန်အစင်ဘတ်ရွတ် လေ၏။

< ယောရှု 8 >