< ယောရှု 6 >
1 ၁ ထိုအခါ ဣသရေလအမျိုးသားတို့ကြောင့်၊ ယေ ရိခေါမြို့သည် ကျပ်တည်းစွာ ပိတ်ထားလျက် ရှိ၍၊ ထွက် သောသူ၊ ဝင်သောသူ တစုံတယောက်မျှမရှိသည်နှင့်အညီ၊
Ora Jericó cerrou-se, e estava cerrada por causa dos filhos de Israel: nenhum saía nem entrava.
2 ၂ ထာဝရဘုရားက၊ ကြည့်ရှုလော့။ ယေရိခေါမြို့၊ ယေရိခေါမင်းကြီးနှင့်တကွ ခွန်အားကြီးသော စစ်သူရဲတို့ ကို သင့်လက်၌ ငါအပ်လေပြီ။
Então disse o Senhor a Josué: Olha, tenho dado na tua mão a Jericó e ao seu rei, os seus valentes e valorosos.
3 ၃ သို့ဖြစ်၍ မြို့ကိုလှည့်ပတ်ရကြမည်။ ဣသရေလ စစ်သူရဲအပေါင်းတို့သည် ခြောက်ရက်ပတ်လုံးလှည့်ပတ် ခြင်းအမှုကို ပြုရကြမည်။
Vós pois, todos os homens de guerra, rodeareis a cidade, cercando a cidade uma vez: assim fareis por seis dias.
4 ၄ ယဇ်ပုရောဟိတ်ခုနစ်ယောက်တို့သည် သေတ္တာ တော်ရှေ့မှာ ယုဘိလတံပိုးခုနစ်လုံးကို ဆောင်ရကြမည်။ သတ္တမနေ့ရက်၌ ခုနစ်ကြိမ်တိုင်အောင် မြို့ကိုလှည့်ပတ် ၍ ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုမှုတ်ရကြမည်။
E sete sacerdotes levarão sete buzinas de carneiros diante da arca, e no sétimo dia rodeareis a cidade sete vezes: e os sacerdotes tocarão as buzinas.
5 ၅ ယုဘိလတံပိုးတို့ကို ရှည်သောအသံနှင့် မှုတ်၍၊ တံပိုးသံကိုကြားလျှင် လူအပေါင်းတို့သည် ကျယ်သောအ သံနှင့် ကြွေးကြော်၍၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲရလိမ့် မည်။ ထိုအခါ လူများတို့သည် တည့်တည့်တက်ရကြမည် ဟု ယောရှုအား မိန့်တော်မူ၏။
E será que, tocando-se longamente a buzina de carneiro, ouvindo vós o sonido da buzina, todo o povo gritará com grande grita: e o muro da cidade cairá abaixo de si, e o povo subirá nele, cada qual em frente de si.
6 ၆ နုန်၏သား ယောရှုသည် ယဇ်ပုရောဟိတ်တို့ကို ခေါ်၍၊ သင်တို့သည် ပဋိညာဉ် သေတ္တာတော်ကို ထမ်း သွားသဖြင့်၊ ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ ခုနစ် ယောက်တို့သည် ယုဘိလတံပိုးခုနစ်လုံးကို ဆောင်သွား ကြလော့ဟူ၍၎င်း၊
Então chamou Josué, filho de Nun, aos sacerdotes, e disse-lhes: levai a arca do concerto; e sete sacerdotes levem sete buzinas de carneiros, diante da arca do Senhor.
7 ၇ လူများတို့အားလည်း၊ သင်တို့သွား၍ မြို့ကိုလှည့် ပတ်ကြလော့။ လက်နက်ကိုင်တို့သည် ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ သွားကြလော့ဟူ၍၎င်းမှာထားလေ ၏။
E disse ao povo: passai e rodeai a cidade; e quem estiver armado, passe diante da arca do Senhor.
8 ၈ ယောရှုသည် လူများတို့အား မှာထားပြီးမှ၊ ယု ဘိလတံပိုး ခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ်ခု နစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော်၌ တံပိုးမှုတ် လျက်သွားကြ၏။ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာ တော်သည် သူတို့နောက်သို့ လိုက်လေ၏။
E assim foi, como Josué dissera ao povo, que os sete sacerdotes, levando as sete buzinas de carneiros diante do Senhor, passaram, e tocaram as buzinas: e a arca do concerto do Senhor os seguia.
9 ၉ တံပိုးမှုတ်သော ယဇ်ပုရောဟိတ်တို့ရှေ့မှာ လက် နက်ကိုင်တို့သည် သွား၍၊ ယဇ်ပုရောဟိတ်များ တံပိုးမှုတ် လျက်သွားကြစဉ်၊ နောက်တပ်သားတို့သည် သေတ္တာ တော်နောက်သို့ လိုက်ကြ၏။
E os armados iam adiante dos sacerdotes, que tocavam as buzinas: e a retaguarda seguia após da arca, andando e tocando as buzinas.
10 ၁၀ ယောရှုကလည်း၊ သင်တို့သည် ကြွေးကြော်စေ ခြင်းငှါ ငါမှာထားသောနေ့မရောက်မှီတွင် မကြွေးကြော် ရ၊ အသံတစုံတခုကိုမျှ မပြုရ၊ စကားတခွန်းကိုမျှ မပြော ရ။ ထိုနေ့ရောက်မှ ကြွေးကြော်ရကြမည်ဟု လူများတို့အား မှာနှင့်လေပြီ။
Porém ao povo Josué tinha dado ordem, dizendo: Não gritareis, nem fareis ouvir a vossa voz, nem sairá palavra alguma da vossa boca, até ao dia que eu vos diga: gritai. Então gritareis.
11 ၁၁ ထိုသို့ ထာဝရဘုရား၏ သေတ္တာတော်သည် မြို့ ကိုတကြိမ်လှည့်ပတ်ဝိုင်းသွားပြီးလျှင်၊ တပ်ထဲသို့ ဝင်ပြန်၍ ညဉ့်ကိုလွန်စေကြ၏။
E fez a arca do Senhor rodeiar a cidade, rodeiando-a uma vez: e vieram ao arraial, e passaram a noite no arraial.
12 ၁၂ နံနက်စောစော ယောရှုသည်ထ၍ ယဇ်ပုရော ဟိတ်တို့သည် ထာဝရဘုရား၏ သေတ္တာတော်ကို ထမ်းယူ ကြ၏။
Depois Josué se levantou de madrugada, e os sacerdotes levaram a arca do Senhor.
13 ၁၃ ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ ယုဘိလ တံပိုးခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ် ခုနှစ် ယောက်တို့သည် သွားမြဲသွား၍ တံပိုးမှုတ်ကြ၏။ လက် နက်ကိုင်တို့သည် သူတို့ရှေ့မှာသွား၍ ယဇ်ပုရောဟိတ် များ တံပိုးမှုတ်လျက် သွားကြစဉ်၊ နောက်တပ်သားတို့ သည် ထာဝရဘုရား၏ သေတ္တာတော်နောက်သို့ လိုက်ကြ ၏။
E os sete sacerdotes, que levavam as sete buzinas de carneiros diante da arca do Senhor, iam andando, e tocavam as buzinas, e os armados iam adiante deles, e a retaguarda seguia atráz da arca do Senhor; os sacerdotes iam andando e tocando as buzinas.
14 ၁၄ ဒုတိယနေ့၌ မြို့ကိုတကြိမ်လှည့်ပတ်ပြီးမှ တပ် ထဲသို့ ပြန်လာကြ၏။ ထိုသို့ ခြောက်ရက်ပတ်လုံး ပြုကြ၏။
Assim rodearam outra vez a cidade no segundo dia e tornaram para o arraial: e assim fizeram seis dias.
15 ၁၅ သတ္တမနေ့ နံနက်စောစော မိုဃ်းလင်းစက ထ၍ အရင်နည်းတူ၊ ခုနစ်ကြိမ်တိုင်အောင် မြို့ကို လှည့်ပတ်ကြ ၏။ ထိုနေ့၌သာ ခုနစ်ကြိမ်တိုင်အောင် မြို့ကို လှည့်ပတ်ရ ကြ၏။
E sucedeu que ao sétimo dia madrugaram ao subir da alva, e da mesma maneira rodearam a cidade sete vezes: naquele dia somente rodearam a cidade sete vezes.
16 ၁၆ သတ္တမအကြိမ်တွင် ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်သောအခါ၊ ယောရှုက၊ ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် သင်တို့အား မြို့ကို ပေးတော်မူမည်။
E sucedeu que, tocando os sacerdotes a sétima vez as buzinas, disse Josué ao povo: gritai; porque o Senhor vos tem dado a cidade.
17 ၁၇ မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကို ကျိန်၍ ထာဝရ ဘုရား၌ အပ်ရမည်။ သို့ရာတွင် ပြည်တန်ဆာရာခပ်သည် ငါတို့စေလွှတ်သော တမန်တို့ကို ဝှက်ထားသောကြောင့်၊ သူနှင့်တကွ သူ၏အိမ်၌ ရှိသမျှတို့အား အသက်ချမ်းသာ ပေးရမည်။
Porém a cidade será anátema ao Senhor, ela e tudo quanto houver nela: somente a prostituta Rahab viverá, ela e todos os que com ela estiverem em casa; porquanto escondeu os mensageiros que enviamos.
18 ၁၈ သင်တို့သည် ကျိန်အပ်သောအရာကို သတိနှင့် ရှောင်ကြလော့။ သို့မဟုတ် ထိုအရာကို သိမ်းယူလျှင် မိမိ တို့ကို၎င်း၊ ဣသရေလတပ်ကို၎င်း အကျိန်ခံစေ၍၊ နှောင့် ရှက်မည်ကို စိုးရိမ်စရာရှိ၏။
Tão somente guardai-vos do anátema, para que não vos metais em anátema tomando dela, e assim façais maldito o arraial de Israel, e o turbeis.
19 ၁၉ ရွှေငွေကို၎င်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာရှိ သမျှတို့ကို၎င်း၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေ၍၊ ဘဏ္ဍာတော်ထဲသို့ သွင်းထားရကြမည်ဟု လူများတို့အား ယောရှုသည် မှာထားလေ၏။
Porém toda a prata, e o ouro, e os vasos de metal, e de ferro, são consagrados ao Senhor: irão ao tesouro do Senhor.
20 ၂၀ ထိုသို့နှင့်အညီ တံပိုးကိုမှုတ်၍၊ လူများတို့သည် ကြွေးကြော်ကြ၏။ တံပိုးသံကို ကြား၍ ကျယ်သောအသံ နှင့် ကြွေးကြော်ကြသောအခါ၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲ၍၊ လူများအပေါင်းတို့သည် မြို့ထဲသို့ တည့်တည့်ဝင် ပြီးလျှင် သိမ်းယူကြ၏။
Gritou pois o povo, tocando os sacerdotes as buzinas: e sucedeu que, ouvindo o povo o sonido da buzina, gritou o povo com grande grita; e o muro caiu abaixo, e o povo subiu à cidade, cada qual em frente de si, e tomaram a cidade.
21 ၂၁ မြို့ထဲ၌ ရှိသမျှသော ယောက်ျား၊ မိန်းမ၊ အကြီး အငယ်၊ သိုး၊ နွား၊ မြည်းရှိသမျှတို့ကို ထားနှင့် ရှင်းရှင်းဖျက် ဆီးကြ၏။
E, tudo quanto na cidade havia, destruiram totalmente ao fio da espada, desde o homem até à mulher, desde o menino até ao velho, e até ao boi e gado miúdo, e ao jumento.
22 ၂၂ ထိုပြည်ကို စူးစမ်းသော လူနှစ်ယောက်တို့အား ယောရှုက၊ သင်တို့သည် ကျိန်ဆိုသည်အတိုင်း၊ ပြည်တန် ဆာမိန်းမအိမ်သို့ သွား၍၊ သူနှင့်တကွ သူ၌ရှိသမျှတို့ကို ဆောင်ခဲ့ကြလော့ဟု မှာလိုက်သည်အတိုင်း၊
Josué, porém, disse aos dois homens que tinham espiado a terra: entrai na casa da mulher prostituta, e tirai de lá a mulher com tudo quanto tiver, como lhe tendes jurado.
23 ၂၃ တံလျှိုလုပ်သောလုလင်တို့သည် ဝင်၍၊ ရာခပ် နှင့်သူ့မိဘ၊ သူ့မောင်များ၊ သူ၌ရှိသမျှတို့ကို၎င်း၊ သူ့ပေါက် ဘော်အပေါင်းတို့ကို၎င်း ထုတ်ဆောင်ခဲ့၍၊ ဣသရေလတပ် ပြင်မှာ ထားပြီးလျှင်၊
Então entraram os mancebos espias, e tiraram a Rahab, e a seu pai, e a sua mãe, e a seus irmãos, e a tudo quanto tinha; tiraram também a todas as suas famílias, e puseram-nos fora do arraial de Israel.
24 ၂၄ မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကို မီးရှို့ကြ၏။ သို့ရာ တွင် ရွှေငွေကို၎င်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာတို့ကို၎င်း၊ ထာဝရဘုရား၏ ဘဏ္ဍာတော်ထဲသို့ သွင်းထားကြ၏။
Porém a cidade e tudo quanto havia nela queimaram-no a fogo: tão somente a prata, e o ouro, e os vasos de metal e de ferro, deram para o tesouro da casa do Senhor.
25 ၂၅ ယောရှုသည်လည်း၊ ပြည်တန်ဆာ ရာခပ်နှင့် သူ့ပေါက်ဘော်၊ သူ၌ရှိသမျှတို့ကို အသက်ချမ်းသာပေး၍၊ သူသည် ဣသရေလအမျိုးသားတို့တွင် ယနေ့တိုင်အောင် နေရလေ၏။ အကြောင်းမူကား၊ ယေရိခေါမြို့ကို စူးစမ်း စေခြင်းငှါ၊ ယောရှုစေလွှတ်သော တမန်တို့ကို သူသည် ဝှက်ထားသောကြောင့်တည်း။
Assim deu Josué vida à prostituta Rahab, e à família de seu pai, e a tudo quanto tinha; e habitou no meio de Israel até ao dia de hoje: porquanto escondera os mensageiros que Josué tinha enviado a espiar a Jericó.
26 ၂၆ ထိုအခါ ယောရှုက၊ အကြင်သူသည် ထ၍ ယေရိခေါမြို့ကို တည်ပြန်၏။ ထိုသူသည် ထာဝရဘုရား ရှေ့တော်၌ ကျိန်အပ်သောသူဖြစ်ပါစေ။ သူသည် သားဦး လက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍ သားထွေးလက်ထက် ၌ မြို့တံခါးတို့ကို ထောင်ပါစေဟု ကျိန်ဆို၏။
E naquele tempo Josué os esconjurou, dizendo: Maldito diante do Senhor seja o homem que se levantar e reedificar esta cidade de Jericó: no seu primogênito a fundará, e no seu filho mais novo lhe porá as portas.
27 ၂၇ ထိုသို့ ထာဝရဘုရားသည် ယောရှုနှင့်အတူ ရှိတော်မူ၍၊ သူ၏ သိတင်းသည် တပြည်လုံး၌ နှံ့ပြားကျော် စောလေ၏။
Assim era o Senhor com Josué: e corria a sua fama por toda a terra.