< ယောရှု 5 >
1 ၁ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ ကူးစေခြင်းငှါ၊ ယော်ဒန်မြစ်ရေကို ခန်းခြောက်စေတော် မူသည်အကြောင်းကို၊ ယော်ဒန်မြစ်အနောက်ဘက်၌ နေသော အာမောရိမင်းကြီးအပေါင်း၊ ပင်လယ်နားမှာ နေသောခါနနိမင်းကြီးအပေါင်းတို့သည် ကြားသိသော အခါ၊ ရဲရင့်ခြင်းသတ္တိ အလျှင်းမကြွင်း၊ ဣသရေလအမျိုး သားတို့ကြောင့် စိတ်ပျက်ကြ၏။
Då nu alla de Amoreers Konungar, som på den sidan Jordan vesterut bodde, och alla de Cananeers Konungar vid hafvet, hörde huru Herren hade förtorkat Jordans vatten för Israels barn, så länge de gingo deröfver, vardt deras hjerta bäfvande, och intet mod var mer i dem, för Israels barns skull.
2 ၂ ထိုအခါ ထာဝရဘုရားသည် ယောရှုကိုခေါ်၍၊ သင်သည် ကျောက်ထားများကို လုပ်ပြီးလျှင်၊ ဣသရေလ အမျိုးသားတို့အား အရေဖျားလှီးမင်္ဂလာကို တဖန်ပေး လော့ဟု မိန့်တော်မူသည်အတိုင်း၊
På den tiden sade Herren till Josua: Gör dig stenknifvar, och omskär Israels barn annan gång.
3 ၃ ယောရှုသည် ကျောက်ထားများကို လုပ်၍ ဂိဘာရာလုတ်အရပ်၌ ဣသရေလအမျိုးသားတို့အား အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။
Då gjorde Josua sig stenknifvar, och omskar Israels barn på den högen Araloth.
4 ၄ ထိုသို့ အရေဖျားလှီးမင်္ဂလာကို ပေးရသောအ ကြောင်း ဟူမူကား၊ အဲဂုတ္တုပြည်မှထွက်လာသော စစ်သူရဲ ယောက်ျားအပေါင်းတို့သည် တော၌သေကြ၏။
Och detta är saken, hvarföre Josua omskar allt folket, som utur Egypten draget var, mankön; ty allt krigsfolket var dödt blifvet i öknene på vägenom, då de drogo utur Egypten;
5 ၅ ထိုပြည်မှထွက်လာသော သူအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံနှင့်ကြပြီ။ တော၌ ခရီးသွားရာ တွင် ဘွားမြင်သော သူအပေါင်းတို့မူကား အရေဖျားလှီး မင်္ဂလာကို မခံရကြသေး။
Ty allt det folk, som utdrog, var omskoret; men allt det folk, som i öknene föddes på vägenom, då de drogo utur Egypten, det var icke omskoret.
6 ၆ အဲဂုတ္တုပြည်မှထွက်လာသော စစ်သူရဲအပေါင်း တို့သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်ဘဲ နေ၍၊ မသေမပျောက်မှီတိုင်အောင် ဣသရေလအမျိုး သားတို့သည် အနှစ်လေးဆယ်ပတ်လုံး တော၌ လှည့် လည်ရကြ၏။ ထာဝရဘုရားသည်၊ ငါပေးမည်ဟု ဘိုး ဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၊ နို့နှင့်ပျားရည်စီး သောပြည်ကို ထိုသူတို့သည် မမြင်ရကြဟု ကျိန်ဆိုတော် မူ၏။
Förty Israels barn vandrade i fyratio år i öknene, tilldess allt folket af krigsmännerna, som utur Egypten dragne voro, förgingos; derföre, att de icke lydde Herrans röst, såsom Herren dem svorit hade, att de icke skulle få se det landet, som Herren deras fäder svorit hade, att gifva oss ett land, der mjölk och hannog uti flyter.
7 ၇ သူတို့ကိုယ်စား ဖြစ်စေတော်မူသော သူတို့၏ သားများတို့သည်၊ လမ်း၌ အရေဖျားလှီးမင်္ဂလာကို မခံရ သေးသောကြောင့်၊ ယောရှုသည် အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။
Deras barn, som i deras stad uppkomne voro, dem omskar Josua; förty de hade förhud, och voro intet omskorne på vägenom.
8 ၈ လူအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံပြီးမှ၊ အနာမပျောက်မှီတိုင်အောင် တပ်ထဲ၌ နေကြ၏။
Och då hela folket omskoret var, blefvo de på sitt rum i lägrena, tilldess de voro läkte.
9 ၉ ထားဝရဘုရားကလည်း၊ အဲဂုတ္တုပြည်နှင့် ဆိုင် သော ကဲ့ရဲ့စရာအကြောင်းကို သင်တို့မှ ယနေ့ ငါပယ် ရှင်းပြီဟု ယောရှုအား မိန့်တော်မူ၏။ သို့ဖြစ်၍ ထိုအရပ် ကို ဂိလဂါလဟု ယနေ့တိုင်အောင် ခေါ်ဝေါ်သတည်း။
Och Herren sade till Josua: I denna dag hafver jag vändt ifrån eder Egypti skam; och det rummet vardt kalladt Gilgal, intill denna dag.
10 ၁၀ ဣသရေလအမျိုးသားတို့သည် ဂိလဂါလအရပ် တွင် တပ်ချ၍၊ ထိုလတဆယ်လေးရက်နေ့၊ ညဦးယံ၌ ယေရိခေါလွင်ပြင်မှာ ပသခါပွဲကို ခံကြ၏။
Och som Israels barn så hade deras lägre i Gilgal, höllo de Passah, på fjortonde dagen i den månadenom, om aftonen, uppå Jericho mark;
11 ၁၁ ပသခါပွဲကို ခံပြီးမှ၊ နက်ဖြန်နေ့၌ ခါနာန်စပါးဖြင့် လုပ်သော တဆေးမဲ့မုန့်နှင့် ပေါက်ပေါက်ကို တနေ့ခြင်း တွင် စားရကြ၏။
Och åto af landsens säd på annan dagen i Passah, nämliga osyradt bröd, och torkad ax, rätt uppå samma dagen.
12 ၁၂ ခါနာန်ပြည် စပါးကို စား၍၊ နက်ဖြန်နေ့၌ မနွ ပြတ်လေ၏။ နောက်တဖန် ဣသရေလအမျိုးသားတို့ သည် မနွကိုမရကြ။ ထိုနှစ်တွင် ခါနာန်ပြည်၌ဖြစ်သော အသီးအနှံ့ကို စားရကြ၏။
Och Man vände åter på den andra dagen, sedan de hade ätit af landsens säd, så att Israels barn intet Man mera hade, utan åto af landsens Canaans säd, utaf det samma året.
13 ၁၃ ယောရှုသည် ယေရိခေါမြို့အနားမှာ ရှိနေစဉ် မြော်ကြည့်၍၊ လူတယောက်သည် ထားကိုထားအိမ်မှ ထုတ်ကိုင်လျက်၊ ကန့်လန့်ရပ်နေသည်ကို မြင်လျှင်၊ သူ့ထံသို့ သွား၍ သင်သည်ငါတို့ဘက်၌နေသောသူလော၊ ငါတို့ရန် သူဘက်၌နေသောသူလောဟုမေးသော်၊
Och det begaf sig, då Josua var vid Jericho, att han upplyfte sin ögon, och vardt varse att en man stod der för honom, och hade ett draget svärd i sine hand; och Josua gick till honom, och sade till honom: Hörer du oss, eller våra fiendar till?
14 ၁၄ ထိုသူက၊ ထိုသို့မဟုတ်၊ ထာဝရဘုရား၏ဗိုလ်ခြေ ကိုအုပ်စိုးသော ဗိုလ်မှူးဖြစ်၍ ယခုငါလာသည်ဟုဆို၏။ ယောရှုသည်လည်း မြေပေါ်မှာ ပြပ်ဝပ်ကိုးကွယ်လျက်၊ ကိုယ်တော်ကျွန်အား အဘယ်သို့ မိန့်တော်မူမည်နည်းဟု မေးလျှောက်သော်၊
Han sade: Nej; utan jag är Förste öfver Herrans här, och är rätt nu kommen. Då föll Josua neder på jordena på sitt ansigte, och tillbad, och sade till honom: Hvad säger min Herre till sin tjenare?
15 ၁၅ ထာဝရဘုရား၏ ဗိုလ်ခြေကိုအုပ်စိုးသော ဗိုလ် မှူးက၊ သင်၏ခြေနင်းကို ချွတ်လော့။ သင်နင်းသောအ ရပ်ကား မြေမြတ်ဖြစ်သည်ဟု ဆိုသည်အတိုင်း ယောရှုပြု လေ၏။
Och Försten öfver Herrans här sade till Josua: Drag dina skor af dina fötter; ty rummet, som du står uppå, är heligt. Och Josua gjorde så.