< ယောရှု 4 >
1 ၁ လူအပေါင်းတို့သည် တယောက်မျှမကြွင်း ယော် ဒန်မြစ်ကို ကူးကြပြီးမှ၊ ထာဝရဘုရားက၊
၁ဣသရေလလူမျိုးတစ်ရပ်လုံးယော်ဒန်မြစ် ကိုဖြတ်ကူးပြီးသောအခါ ထာဝရဘုရား သည်ယောရှုအား၊-
2 ၂ လူများတို့တွင် တမျိုးတယောက်စီ၊ လူတဆယ် နှစ်ယောက်ကို ရွေးကောက်၍၊
၂``ဣသရေလတစ်နွယ်လျှင်တစ်ဦးကျဖြင့် တစ်ဆယ့်နှစ်ယောက်ကိုရွေးချယ်၍၊-
3 ၃ သူတို့သည် ယော်ဒန်မြစ်အလယ်၊ ယဇ်ပုရော ဟိတ်တို့ မြဲမြံစွာနင်းရာ၊ ဤအရပ်ထဲက ကျောက်တဆယ် နှစ်လုံးကို ယူပြီးလျှင် ထမ်းသွား၍၊ ယနေ့ညဉ့်စားခန်းချ ရာအရပ်၌ ထားရမည်အကြောင်း ဆင့်ဆိုလော့ဟု ယောရှု အား မိန့်တော်မူသည်အတိုင်း၊
၃ယော်ဒန်မြစ်လယ်၊ ယဇ်ပုရောဟိတ်များရပ်တန့် ခဲ့သောနေရာမှ ကျောက်တုံးတစ်ဆယ့်နှစ်တုံး ကိုသယ်ယူစေလော့။ သင်တို့ယနေ့စခန်းချ ရာအရပ်တွင်ထိုကျောက်တုံးများကိုထား လော့'' ဟုမိန့်တော်မူ၏။
4 ၄ ယောရှုသည် ခန့်ထားနှင့်သော ဣသရေလ အမျိုးတမျိုးတယောက်စီ၊ လူတဆယ်နှစ်ယောက်ကို ခေါ်၍၊
၄ထို့ကြောင့်ယောရှုသည်ရွေးချယ်ပြီးသောလူ တစ်ဆယ့်နှစ်ယောက်ကိုဆင့်ခေါ်၍၊-
5 ၅ သင်တို့ဘုရားသခင် ထာဝရဘုရား၏ သေတ္တာ တော်ရှေ့၊ ယော်ဒန်မြစ်အလယ်သို့ ကူးသွား၍၊ ဣသရေလ အမျိုးအရေအတွက်အတိုင်း၊ လူတယောက် ကျောက် တလုံးစီယူ၍ ထမ်းသွားကြလော့။
၅``သင်တို့သည်ဘုရားသခင်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ရှေ့က ယော်ဒန်မြစ်ထဲ သို့ဆင်းလော့။ ဣသရေလတစ်နွယ်စီအတွက် တစ်ဦးလျှင်ကျောက်တုံးတစ်တုံးကျသယ် ဆောင်ခဲ့ရမည်။-
6 ၆ သို့ပြုလျှင် သက်သေကို ရကြလိမ့်မည်။ နောင် ကာလ၌ သင်တို့၏ သားသမီးတို့က၊ ဤကျောက်တို့သည် အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းလျှင်၊
၆ဤကျောက်တုံးများသည်ထာဝရဘုရား ပြုတော်မူသောအမှုတော်ကို လူတို့အား သတိရစေမည့်အထိမ်းအမှတ်ဖြစ်သည်။ နောင်အခါ၌သင်တို့၏သားသမီးများ က`ဤကျောက်တုံးများသည်မည်သည့်အဋ္ဌိပ္ပါယ် ကိုဆောင်ပါသနည်း' ဟုမေးမြန်းလျှင်၊-
7 ၇ သင်တို့က၊ ထာဝရဘုရား၏ သေတ္တာတော်သည် ယော်ဒန်မြစ်ကို ကူးသောအခါ၊ သေတ္တာတော်ရှေ့မှာ မြစ်ရေပြတ်လေသည်ဟု ပြန်ပြောရကြမည်။ ထိုသို့ ဤကျောက်တို့သည် အစဉ်မပြတ် ဣသရေလအမျိုးသား အောက်မေ့စရာဘို့ ဖြစ်ကြလိမ့်မည်ဟု ယောရှုမှာထား သည်အတိုင်း၊
၇သင်တို့ကထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ယော်ဒန်မြစ်ကိုဖြတ်ကူးစဉ်အခါက မြစ်ရေစီးရပ်တန့်သွားကြောင်းပြန်ပြောရ ကြမည်။ ဤကျောက်တုံးများသည်ဤအရပ် တွင်ဖြစ်ပျက်ခဲ့သမျှတို့ကိုဣသရေလ အမျိုးသားတို့အားအစဉ်သတိရစေ လိမ့်မည်'' ဟုဆို၏။
8 ၈ ဣသရေလအမျိုးသားတို့သည် ပြုကြ၏။ ထာဝရဘုရားသည် ယောရှုအား မိန့်တော်မူသည်နှင့် အညီ၊ ဣသရေလအမျိုး အရေအတွက်အတိုင်း၊ ယော်ဒန် မြစ်ထဲက ကျောက်တဆယ်နှစ်လုံးကို ယူပြီးမှ၊ စားခန်းချ ရာအရပ်သို့ ထမ်းသွား၍ ထားကြ၏။
၈ထိုသူတို့သည်ယောရှုစေခိုင်းသမျှကို ဆောင်ရွက်ကြ၏။ ထာဝရဘုရားသည်ယောရှု အားမိန့်မှာတော်မူသည့်အတိုင်း သူတို့သည် ဣသရေလတစ်နွယ်လျှင်ကျောက်တုံးတစ် တုံးကျဖြင့်ကျောက်တုံးတစ်ဆယ့်နှစ်တုံး ကို ယော်ဒန်မြစ်လယ်မှသယ်ဆောင်၍စခန်း တွင်း၌ချထားကြ၏။-
9 ၉ တဖန်တုံ၊ ပဋိညာဉ်သေတ္တာတော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့နင်းရာအရပ် ယော်ဒန်မြစ်အလယ်၌ ကျောက်တဆယ်နှစ်လုံးကို ယောရှုသည် စိုက်ထား၍ ယနေ့တိုင်အောင် ရှိကြ၏။
၉ယောရှုသည်ယော်ဒန်မြစ်လယ်တွင်ပဋိညာဉ် သေတ္တာတော်ကို ပင့်ဆောင်သောယဇ်ပုရောဟိတ် များရပ်သည့်နေရာ၌လည်း ကျောက်တုံးတစ် ဆယ့်နှစ်တုံးကိုစိုက်ထူထား၏။ (ထိုကျောက် တုံးများသည်ထိုနေရာတွင်ယနေ့တိုင် တည်ရှိ၏။-)
10 ၁၀ ယောရှုသည် မောရှေမှာထားသည်အတိုင်း၊ လူများတို့အား ဆင့်ဆိုစေခြင်းငှါ ထာဝရဘုရား မိန့်တော် မူသမျှတို့ကို အကုန်အစင်ပြုသည်တိုင်အောင် သေတ္တာ တော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန် မြစ်အလယ်၌ ရပ်နေကြ၏။ လူများတို့သည်လည်း ကြိုးစား၍ ကူးကြ၏။
၁၀ယောရှုမှတစ်ဆင့်ထာဝရဘုရားမိန့်မှာ သမျှကို လူအပေါင်းတို့ဆောင်ရွက်ပြီးစီး သည်အထိ ယဇ်ပုရောဟိတ်တို့သည်ယော်ဒန် မြစ်လယ်တွင်ရပ်နေကြ၏။ ဤသို့ဆောင် ရွက်ရန်မောရှေမှာကြားခဲ့ခြင်းဖြစ်၏။ လူတို့သည်လည်းမြစ်ကိုအလျင်အမြန် ဖြတ်ကူးကြ၏။-
11 ၁၁ လူများအပေါင်းတို့သည် အကုန်အစင်ကူးကြပြီး မှ၊ ထာဝရဘုရား၏ သေတ္တာတော်နှင့်တကွ ယဇ်ပုရော ဟိတ်တို့သည် လူများမျက်မှောက်တွင် ကူးကြ၏။
၁၁သူတို့အားလုံးတစ်ဘက်ကမ်းသို့ရောက်ရှိ ကြသောအခါ ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော် ကိုပင့်ဆောင်၍လူတို့ရှေ့ကသွားကြ သည်။-
12 ၁၂ ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေ အမျိုး သားတဝက်တို့သည် မောရှေမှာခဲ့သည်အတိုင်း လက်နက် ကို စွဲကိုင်၍၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ကူးသွား ကြ၏။
၁၂ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်မနာရှေအနွယ်တစ် ဝက်တို့သည်မောရှေမှာကြားခဲ့သည့်အတိုင်း အခြားဣသရေလအမျိုးသားတို့ရှေ့က လက်နက်စွဲကိုင်၍ချီတက်ကြသည်။-
13 ၁၃ ထိုအမျိုးသားတို့သည် အရေအတွက်အားဖြင့် လေးသောင်းခန့်မျှရှိ၍၊ စစ်တိုက်ခြင်းငှါ ပြင်ဆင်လျက် ထာဝရဘုရားရှေ့တော်၌ ယေရိခေါလွင်ပြင်သို့ ကူးသွား ကြ၏။
၁၃သူတို့သည်လူအင်အားလေးသောင်းခန့်ရှိ၍ တိုက်ပွဲဝင်ရန် ထာဝရဘုရား၏ရှေ့တော်၌ မြစ်ကိုဖြတ်လျက် ယေရိခေါမြို့အနီးရှိ လွင်ပြင်သို့ချီတက်ကြလေသည်။-
14 ၁၄ ထိုနေ့၌ ထာဝရဘုရားသည် ဣသရေလအမျိုး သားအပေါင်းတို့ရှေ့မှာ ယောရှုကို ချီးမြှင့်တော်မူ၍၊ သူတို့ သည် မောရှေကို ကြောက်ရွံ့သကဲ့သို့ ယောရှုကိုလည်း သူ၏အသက်တည်သည် ကာလပတ်လုံးကြောက်ရွံ့ကြ၏။
၁၄ထိုနေ့၌ထာဝရဘုရားပြုတော်မူသော အမှုကြောင့် ဣသရေလအမျိုးသားတို့သည် ယောရှုအားခေါင်းဆောင်ကြီးအဖြစ်ရိုသေ လေးစားကြ၏။ သူတို့သည်မောရှေကိုရိုသေ လေးစားသည့်နည်းတူယောရှုကိုလည်း သူ အသက်ရှင်သမျှကာလပတ်လုံးရိုသေ လေးစားကြ၏။
15 ၁၅ တဖန် ထာဝရဘုရားက၊ သက်သေခံချက် သေတ္တာတော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊
၁၅ထိုနောက်ထာဝရဘုရားသည်ပဋိညာဉ် သေတ္တာတော်ကို ပင့်ဆောင်သောယဇ်ပုရော ဟိတ်များယော်ဒန်မြစ်ထဲမှတက်လာရန် ယောရှုအားဆင့်ဆိုစေတော်မူ၏။-
16 ၁၆ ယော်ဒန်မြစ်ထဲက တက်လာရမည် အကြောင်း၊ ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊
၁၆
17 ၁၇ ယော်ဒန်မြစ်ထဲက တက်လာကြလော့ဟု ယဇ်ပု ရောဟိတ်တို့အား ယောရှုသည် ဆင့်ဆိုလေ၏။
၁၇ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ယောရှုဆင့်ဆိုလေ၏။-
18 ၁၈ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာကို ထမ်း သော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန်မြစ်အလယ်ထဲ က တက်လာ၍၊ ခြေဘဝါးတို့သည် ကုန်းကို နင်းမိကြ သောအခါ၊ ယော်ဒန်မြစ်ရေသည် မိမိနေရာသို့ ပြန်လာ၍၊ အရင်ကဲ့သို့ ကမ်းတရှောက်လုံးကို လျှံလျက်နေ၏။
၁၈ယဇ်ပုရောဟိတ်တို့သည်မြစ်ကမ်းပေါ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် မြစ်ရေသည်တစ် ဖန်စီးဆင်းသဖြင့်ကမ်းတစ်လျှောက်လုံး ရေပြည့်လျှံလာ၏။
19 ၁၉ ပဌမလ၊ ဒသမ နေ့ရက်တွင်၊ လူများတို့သည် ယော်ဒန်မြစ်ထဲကတက်လာ၍၊ ယေရိခေါမြို့အရှေ့ဘက် နားမှာ၊ ဂိလဂါလအရပ်၌ တပ်ချကြ၏။
၁၉လူအပေါင်းတို့သည်ပထမလဆယ်ရက်နေ့ ၌ယော်ဒန်မြစ်ကိုဖြတ်ကူးကြပြီးနောက် ယေရိခေါမြို့အရှေ့၊ ဂိလဂါလအရပ် ၌စခန်းချကြသည်။-
20 ၂၀ ယော်ဒန်မြစ်ထဲက ထုတ်ယူသော ကျောက်တ ဆယ်နှစ်လုံးကို ယောရှုသည် ဂိလဂါလအရပ်၌ စိုက်ထား ၏။
၂၀ယောရှုသည်ယော်ဒန်မြစ်တွင်းမှသယ်ယူခဲ့ သောကျောက်တုံးတစ်ဆယ့်နှစ်တုံးကိုထို အရပ်တွင်စိုက်ထူလေ၏။-
21 ၂၁ ဣသရေလအမျိုးသားတို့အားလည်း၊ နောင်ကာ လ၌ သင်တို့၏သားသမီးတို့က၊ ဤကျောက်တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု အဘတို့အား မေးမြန်းလျှင်၊
၂၁ထိုနောက်သူသည်ဣသရေလအမျိုးသား တို့အား``နောင်အခါ၌သင်တို့၏သားသမီး တို့ကဤကျောက်တုံးများသည် မည်သည့် အဋ္ဌိပ္ပါယ်ကိုဆောင်ပါသနည်းဟူ၍သင် တို့အားမေးမြန်းကြလျှင်၊-
22 ၂၂ သင်တို့က၊ ဣသရေလလူတို့သည် မြေပေါ်မှာ ရှောက်သကဲ့သို့ ဤယော်ဒန်မြစ်ကို ကူးလာကြသည်ဟု သားသမီးတို့အား ကြားပြောရကြမည်။
၂၂သင်တို့ကဣသရေလအမျိုးသားတို့သည် ယော်ဒန်မြစ်ကိုခြောက်သွေ့သောမြေပေါ် ဖြတ်ကူးခဲ့ကြောင်းကိုပြောကြားလော့။-
23 ၂၃ ထာဝရဘုရားသည် တန်ခိုးကြီးတော်မူသည်ကို မြေကြီးသားအပေါင်းတို့သည် သိကြမည်အကြောင်းနှင့် သင်တို့၏ဘုရားသခင် ထာဝရဘုရားကို သင်တို့သည် အစဉ်အမြဲ ကြောက်ရွံ့ရမည်အကြောင်း၊ ငါတို့သည် ဧဒုံပင်လယ်ကို ကူး၍ ကမ်းတဘက်သို့ မရောက်မှီတိုင် အောင်၊
၂၃သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ပင်လယ်နီကိုခြောက်သွေ့စေတော်မူသကဲ့သို့ ယော်ဒန်မြစ်ကိုသင်တို့ဖြတ်ကူးပြီးသည် တိုင်အောင်ခန်းခြောက်စေတော်မူကြောင်းပြော ကြားလော့။-
24 ၂၄ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ငါတို့ရှေ့မှာ ပင်လယ်ရေကို ခန်းခြောက်စေတော်မူသည် နည်းတူ၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ကမ်းတ ဘက်သို့ မရောက်မှီတိုင်အောင်၊ သင်တို့ရှေ့မှာ မြစ်ရေကို ခန်းခြောက်စေတော်မူသည်ဟု ယောရှုမှာထားလေ၏။
၂၄ဤအံ့ဖွယ်သောနိမိတ်လက္ခဏာကြောင့်ကမ္ဘာ ပေါ်ရှိလူအပေါင်းတို့သည် ထာဝရဘုရား ၏တန်ခိုးတော်ကြီးမားပုံကိုသိမြင်ကြ လိမ့်မည်။ သင်တို့သည်လည်းသင်တို့၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲ ကြောက်ရွံ့ရိုသေကြလိမ့်မည်'' ဟုဆိုလေ ၏။