< ယောရှု 3 >

1 ယောရှုသည် နံနက်စောစောထ၍ ဣသရေလ အမျိုးသားအပေါင်းတို့နှင့်တကွ ရှိတ္တိမ်မြို့မှပြောင်း၍ ယော်ဒန်မြစ်ကို မကူးမှီ မြစ်နားတွင် စားခန်းချကြ၏။
ယောရှု သည် နံနက် စောစောထ၍ ဣသရေလ အမျိုးသား အပေါင်း တို့နှင့်တကွ ရှိတ္တိမ် မြို့မှ ပြောင်း ၍ ယော်ဒန် မြစ်ကို မ ကူး မှီ မြစ်နားတွင် စားခန်းချ ကြ၏။
2 သုံးရက်စေ့သောအခါ၊ တပ်မှူးတို့သည် တပ်တ ရှောက်လုံးသို့သွား၍၊
သုံး ရက် စေ့ သောအခါ၊ တပ်မှူး တို့သည် တပ် တရှောက်လုံး သို့သွား ၍၊
3 သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာကို၎င်း၊ သေတ္တာထမ်းသော ယဇ်ပုရောဟိတ် လေဝိသားတို့ကို၎င်း မြင်လျှင်၊ သင်တို့သည် နေရာ ပြောင်း၍ လိုက်ရကြမည်။
သင် တို့ဘုရား သခင်ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ ကို၎င်း ၊ သေတ္တာထမ်း သော ယဇ်ပုရောဟိတ် လေဝိ သားတို့ကို၎င်းမြင် လျှင် ၊ သင် တို့သည် နေရာ ပြောင်း၍ လိုက် ရကြမည်။
4 သေတ္တာတော်နှင့် သင်တို့စပ်ကြားကို အတောင် နှစ်ထောင်ခြား၍ ခရီးကွာစေရမည်။ လိုက်ရသောလမ်း ကို သိမည်အကြောင်း၊ သေတ္တာတော်အနီးသို့ မချဉ်းဘဲ လိုက်ရမည်။ ဤလမ်းသို့ သင်တို့သည် တခါမျှမလိုက်ကြ သေးဟု လူအပေါင်းတို့အား မှာထားကြ၏။
သေတ္တာတော်နှင့် သင် တို့စပ်ကြား ကို အတောင် နှစ်ထောင် ခြား ၍ ခရီးကွာ စေ ရမည်။ လိုက် ရသောလမ်း ကို သိ မည်အကြောင်း ၊ သေတ္တာ တော်အနီးသို့ မ ချဉ်း ဘဲ လိုက်ရမည်။ ဤလမ်းသို့ သင်တို့သည် တခါမျှမ လိုက် ကြ သေးဟု လူ အပေါင်းတို့အား မှာ ထားကြ၏။
5 ယောရှုကလည်း၊ သင်တို့သည် ကိုယ်ကိုကိုယ် သန့်ရှင်းစေကြလော့။ အကြောင်းမူကား၊ နက်ဖြန်နေ့၌ ထားဝရဘုရားသည် အံ့ဘွယ်သောအမှုတို့ကို သင်တို့တွင် ပြုတော်မူမည်ဟု လူများတို့အား မှာထားလေ၏။
ယောရှု ကလည်း ၊ သင်တို့သည် ကိုယ်ကိုကိုယ်သန့်ရှင်း စေကြလော့။ အကြောင်းမူကား ၊ နက်ဖြန် နေ့၌ ထာဝရဘုရား သည် အံ့ဘွယ် သောအမှုတို့ကို သင် တို့တွင် ပြု တော်မူမည်ဟု လူ များတို့အား မှာ ထားလေ၏။
6 တဖန် ယဇ်ပုရောဟိတ်တို့ကို ခေါ်၍ သင်တို့ သည် ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက်၊ လူများရှေ့ သို့ကူးသွားကြလော့ဟု ယောရှုဆိုသည့်အတိုင်း သူတို့သည် ပဋိညာဉ်သေတ္တာတော် ကိုထမ်း၍လူများရှေ့သို့ သွားကြ၏။
တဖန် ယဇ်ပုရောဟိတ် တို့ကို ခေါ်၍ သင်တို့သည် ပဋိညာဉ် သေတ္တာ တော်ကို ထမ်း လျက်၊ လူ များရှေ့ သို့ကူး သွားကြလော့ဟု ယောရှု ဆို သည့်အတိုင်း သူတို့သည် ပဋိညာဉ် သေတ္တာ တော် ကိုထမ်း ၍ လူ များရှေ့ သို့ သွား ကြ၏။
7 ထာဝရဘုရားကလည်း၊ ယောရှုကိုခေါ်၍ ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိသည် ကို ဣသရေလအမျိုးသားအပေါင်းတို့သည် သိကြမည် အကြောင်း၊ သူတို့မျက်မှောက်၌ သင့်ကို ယနေ့ ငါချီးမြှင့် စပြုမည်။
ထာဝရဘုရား ကလည်း ၊ ယောရှု ကို ခေါ်၍ ငါသည် မောရှေ နှင့်အတူ ရှိ သကဲ့သို့ သင် နှင့်အတူ ရှိ သည် ကို ဣသရေလ အမျိုးသားအပေါင်း တို့သည် သိ ကြမည် အကြောင်း ၊ သူတို့မျက်မှောက် ၌ သင့် ကို ယနေ့ ငါချီးမြှင့် စ ပြုမည်။
8 ပဋိညာဉ်သေတ္တာကို ထမ်းသော ယဇ်ပုရော ဟိတ်တို့သည်၊ ယော်ဒန်မြစ်ရေနားသို့ ရောက်သောအခါ၊ ယော်ဒန်မြစ်၌ ရပ်နေရမည်အကြောင်းကို ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။
ပဋိညာဉ် သေတ္တာ ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊ ယော်ဒန် မြစ်ရေ နားသို့ ရောက် သောအခါ ၊ ယော်ဒန် မြစ်၌ ရပ် နေရမည်အကြောင်းကို ဆင့်ဆို လော့ဟု မိန့်တော်မူ၏။
9 ယောရှုကလည်း၊ လာကြလော့။ သင်တို့ဘုရား သခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြ လော့ဟု ဣသရေလအမျိုးသား အပေါင်းတို့ကို ခေါ်လျက်၊
ယောရှု ကလည်း ၊ လာ ကြလော့။ သင် တို့ဘုရား သခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ကြလော့ ဟု ဣသရေလ အမျိုးသား အပေါင်းတို့ကို ခေါ်လျက်၊
10 ၁၀ အသက်ရှင်တော်မူသော ဘုရားသခင်သည် သင်တို့တွင်ရှိ၍၊ သင်တို့ရှေ့မှ ခါနနိလူ၊ ဟိတ္တိလူ၊ ဟိဝိလူ၊ ဖေရဇိလူ၊ ဂိရဂါရှိလူ၊ အာမောရိလူ၊ ယေဗုသိလူတို့ကို စင်စစ်နှင်ထုတ်တော်မူမည် အကြောင်းကို အဘယ်သို့ သိရမည်နည်းဟူမူကား၊
၁၀အသက် ရှင်တော်မူသောဘုရား သခင်သည် သင် တို့တွင် ရှိ၍ ၊ သင် တို့ရှေ့ မှ ခါနနိ လူ၊ ဟိတ္တိ လူ၊ ဟိဝိ လူ၊ ဖေရဇိ လူ၊ ဂိရဂါရှိ လူ၊ အာမောရိ လူ၊ ယေဗုသိ လူတို့ကို စင်စစ်နှင်ထုတ် တော်မူမည် အကြောင်း ကို အဘယ်သို့သိ ရမည်နည်းဟူမူကား၊
11 ၁၁ မြေကြီးတပြင်လုံးကို အစိုးရတော်မူသော ထာဝရ ဘုရား၏ ပဋိညာဉ်သေတ္တာသည် သင်တို့ရှေ့မှာ၊ ယော်ဒန် မြစ်ထဲသို့ကူးသွားလိမ့်မည်။
၁၁မြေကြီး တပြင်လုံး ကို အစိုးရတော်မူသောထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ သည် သင် တို့ရှေ့ မှာ၊ ယော်ဒန် မြစ်ထဲ သို့ကူး သွားလိမ့်မည်။
12 ၁၂ သို့ဖြစ်၍ ဣသရေလအမျိုးများထဲက တမျိုးတ ယောက်စီ၊ လူတဆယ်နှစ်ယောက်တို့ကို ရွေးကောက်ကြ လော့။
၁၂သို့ဖြစ်၍ ဣသရေလ အမျိုးများထဲက တမျိုး တယောက် စီ၊ လူ တဆယ် နှစ် ယောက်တို့ကို ရွေးကောက် ကြလော့။
13 ၁၃ မြေကြီးတပြင်လုံးကို အစိုးရတော်မူသော အရှင် ထာဝရဘုရား၏ သေတ္တာတော်ကိုထမ်းသော ယဇ်ပုရော ဟိတ်ခြေဘဝါးတို့သည်၊ ယော်ဒန်မြစ်ရေကို နင်းသော ခဏခြင်းတွင်၊ မြစ်ညာရေသည် ပြတ်၍ ပုံ့ပုံ့ကြွလျက် နေလိမ့်မည်ဟု ဆိုလေ၏။
၁၃မြေကြီး တပြင်လုံး ကို အစိုးရတော်မူသောအရှင် ထာဝရဘုရား ၏ သေတ္တာ တော်ကိုထမ်း သော ယဇ်ပုရောဟိတ် ခြေဘဝါး တို့သည်၊ ယော်ဒန် မြစ်ရေ ကို နင်း သော ခဏခြင်းတွင်၊ မြစ်ညာရေ သည် ပြတ် ၍ ပုံ့ပုံ့ ကြွ လျက် နေလိမ့်မည်ဟု ဆို လေ၏။
14 ၁၄ လူများတို့သည် ယော်ဒန်မြစ်ကို ကူးအံ့သောငှါ၊ တဲတို့မှပြောင်း၍ ပဋိညာဉ်သေတ္တာကို ထမ်းသောယဇ် ပုရောဟိတ်တို့သည် လူများရှေ့မှာသွားလျက်၊
၁၄လူ များတို့သည် ယော်ဒန် မြစ်ကို ကူး အံ့သောငှါ ၊ တဲ တို့မှ ပြောင်း ၍ ပဋိညာဉ် သေတ္တာ ကို ထမ်း သောယဇ်ပုရောဟိတ် တို့သည် လူ များရှေ့ မှာသွားလျက်၊
15 ၁၅ ယော်ဒန်မြစ်နားသို့ရောက်၍ ခြေဘဝါးတို့သည် လျှံသောရေကို နင်းသောအခါ၊ စပါးရိတ်ရာကာလ၌ ထိုမြစ်ရေသည် ကမ်းတရှောက်လုံးကို လျှံလေ့ရှိသော် လည်း၊
၁၅ယော်ဒန် မြစ်နားသို့ရောက် ၍ ခြေဘဝါး တို့သည် လျှံသောရေ ကို နင်း သောအခါ ၊ စပါး ရိတ်ရာကာလ ၌ ထိုမြစ်ရေသည် ကမ်း တရှောက်လုံး ကို လျှံ လေ့ရှိသော်လည်း၊
16 ၁၆ မြစ်ညာက စီးလာသောရေသည် တန့်ရပ်၍ ဝေးသောအရပ်၊ ဇာရတန်မြို့နားမှာရှိသော အာဒံမြို့တိုင် အောင် ပုံ့ပုံ့ကြွလျက်နေ၏။ လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်သို့ စီးသွားသောရေသည်လည်း အကုန်အစင် ပြတ်၍၊ လူများတို့သည် ယေရိခေါမြို့သို့ ရှေ့ရှုကူးကြ၏။
၁၆မြစ်ညာ က စီး လာသောရေ သည် တန့် ရပ်၍ ဝေး သောအရပ်၊ ဇာရတန် မြို့နား မှာ ရှိသော အာဒံ မြို့ တိုင်အောင် ပုံ့ပုံ့ ကြွ လျက်နေ၏။ လွင်ပြင် အိုင် တည်းဟူသောသောဒုံ အိုင် သို့ စီး သွားသောရေသည်လည်း အကုန်အစင် ပြတ် ၍၊ လူ များတို့သည် ယေရိခေါ မြို့သို့ ရှေ့ရှု ကူး ကြ၏။
17 ၁၇ လူများအပေါင်းတို့သည် ယော်ဒန်မြစ်တဘက် သို့ မရောက်မှီတိုင်အောင် ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ မြစ် အလယ်တွင် မြေပေါ်၌ မြဲမြံစွာနင်း၍၊ ဣသရေလအမျိုး သားအပေါင်းတို့သည် မြေပေါ်၌ ရှောက်သွားရကြ၏။
၁၇လူ များအပေါင်း တို့သည် ယော်ဒန် မြစ်တဘက် သို့ မရောက်မှီတိုင်အောင် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊ မြစ် အလယ် တွင် မြေ ပေါ်၌ မြဲမြံ စွာနင်း ၍ ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် မြေ ပေါ်၌ ရှောက် သွားရကြ၏။

< ယောရှု 3 >