< ယောရှု 3 >
1 ၁ ယောရှုသည် နံနက်စောစောထ၍ ဣသရေလ အမျိုးသားအပေါင်းတို့နှင့်တကွ ရှိတ္တိမ်မြို့မှပြောင်း၍ ယော်ဒန်မြစ်ကို မကူးမှီ မြစ်နားတွင် စားခန်းချကြ၏။
여호수아가 아침에 일찌기 일어나서 이스라엘 사람들로 더불어 싯딤에서 떠나 요단에 이르러서는 건너지 아니하고 거기서 유숙하니라
2 ၂ သုံးရက်စေ့သောအခါ၊ တပ်မှူးတို့သည် တပ်တ ရှောက်လုံးသို့သွား၍၊
삼일 후에 유사들이 진중으로 두루 다니며
3 ၃ သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာကို၎င်း၊ သေတ္တာထမ်းသော ယဇ်ပုရောဟိတ် လေဝိသားတို့ကို၎င်း မြင်လျှင်၊ သင်တို့သည် နေရာ ပြောင်း၍ လိုက်ရကြမည်။
백성에게 명하여 가로되 `너희는 레위 사람 제사장들이 너희 하나님 여호와의 언약궤 메는 것을 보거든 너희 곳을 떠나 그 뒤를 좇으라
4 ၄ သေတ္တာတော်နှင့် သင်တို့စပ်ကြားကို အတောင် နှစ်ထောင်ခြား၍ ခရီးကွာစေရမည်။ လိုက်ရသောလမ်း ကို သိမည်အကြောင်း၊ သေတ္တာတော်အနီးသို့ မချဉ်းဘဲ လိုက်ရမည်။ ဤလမ်းသို့ သင်တို့သည် တခါမျှမလိုက်ကြ သေးဟု လူအပေါင်းတို့အား မှာထားကြ၏။
그러나 너희와 그 사이 상거가 이천 규빗쯤 되게 하고 그것에 가까이 하지는 말라 그리하면 너희 행할 길을 알리니 너희가 이전에 이 길을 지나보지 못하였음이니라'
5 ၅ ယောရှုကလည်း၊ သင်တို့သည် ကိုယ်ကိုကိုယ် သန့်ရှင်းစေကြလော့။ အကြောင်းမူကား၊ နက်ဖြန်နေ့၌ ထားဝရဘုရားသည် အံ့ဘွယ်သောအမှုတို့ကို သင်တို့တွင် ပြုတော်မူမည်ဟု လူများတို့အား မှာထားလေ၏။
여호수아가 또 백성에게 이르되 `너희는 스스로 성결케 하라! 여호와께서 내일 너희 가운데 기사를 행하시리라'
6 ၆ တဖန် ယဇ်ပုရောဟိတ်တို့ကို ခေါ်၍ သင်တို့ သည် ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက်၊ လူများရှေ့ သို့ကူးသွားကြလော့ဟု ယောရှုဆိုသည့်အတိုင်း သူတို့သည် ပဋိညာဉ်သေတ္တာတော် ကိုထမ်း၍လူများရှေ့သို့ သွားကြ၏။
여호수아가 또 제사장들에게 일러 가로되 `언약궤를 메고 백성 앞서 건너라' 하매 곧 언약궤를 메고 백성 앞서 나아가니라
7 ၇ ထာဝရဘုရားကလည်း၊ ယောရှုကိုခေါ်၍ ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိသည် ကို ဣသရေလအမျိုးသားအပေါင်းတို့သည် သိကြမည် အကြောင်း၊ သူတို့မျက်မှောက်၌ သင့်ကို ယနေ့ ငါချီးမြှင့် စပြုမည်။
여호와께서 여호수아에게 이르시되 내가 오늘부터 시작하여 너를 온 이스라엘의 목전에서 크게 하여 내가 모세와 함께 있던 것 같이 너와 함께 있는 것을 그들로 알게 하리라
8 ၈ ပဋိညာဉ်သေတ္တာကို ထမ်းသော ယဇ်ပုရော ဟိတ်တို့သည်၊ ယော်ဒန်မြစ်ရေနားသို့ ရောက်သောအခါ၊ ယော်ဒန်မြစ်၌ ရပ်နေရမည်အကြောင်းကို ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။
너는 언약궤를 멘 제사장들에게 명하여 이르기를 너희가 요단 물가에 이르거든 요단에 들어서라 하라
9 ၉ ယောရှုကလည်း၊ လာကြလော့။ သင်တို့ဘုရား သခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြ လော့ဟု ဣသရေလအမျိုးသား အပေါင်းတို့ကို ခေါ်လျက်၊
여호수아가 이스라엘 자손에게 이르되 `이리 와서 너희 하나님 여호와의 말씀을 들으라' 하고
10 ၁၀ အသက်ရှင်တော်မူသော ဘုရားသခင်သည် သင်တို့တွင်ရှိ၍၊ သင်တို့ရှေ့မှ ခါနနိလူ၊ ဟိတ္တိလူ၊ ဟိဝိလူ၊ ဖေရဇိလူ၊ ဂိရဂါရှိလူ၊ အာမောရိလူ၊ ယေဗုသိလူတို့ကို စင်စစ်နှင်ထုတ်တော်မူမည် အကြောင်းကို အဘယ်သို့ သိရမည်နည်းဟူမူကား၊
또 말하되 `사시는 하나님이 너희 가운데 계시사 가나안 족속과, 헷 족속과, 히위 족속과, 브리스 족속과, 기르가스 족속과, 아모리 족속과, 여부스 족속을 너희 앞에서 정녕히 쫓아내실 줄을 이 일로 너희가 알리라
11 ၁၁ မြေကြီးတပြင်လုံးကို အစိုးရတော်မူသော ထာဝရ ဘုရား၏ ပဋိညာဉ်သေတ္တာသည် သင်တို့ရှေ့မှာ၊ ယော်ဒန် မြစ်ထဲသို့ကူးသွားလိမ့်မည်။
보라, 온 땅의 주의 언약궤가 너희 앞서 요단으로 들어가나니
12 ၁၂ သို့ဖြစ်၍ ဣသရေလအမျိုးများထဲက တမျိုးတ ယောက်စီ၊ လူတဆယ်နှစ်ယောက်တို့ကို ရွေးကောက်ကြ လော့။
이제 이스라엘 지파 중에서 매 지파에 한 사람씩 십 이명을 택하라
13 ၁၃ မြေကြီးတပြင်လုံးကို အစိုးရတော်မူသော အရှင် ထာဝရဘုရား၏ သေတ္တာတော်ကိုထမ်းသော ယဇ်ပုရော ဟိတ်ခြေဘဝါးတို့သည်၊ ယော်ဒန်မြစ်ရေကို နင်းသော ခဏခြင်းတွင်၊ မြစ်ညာရေသည် ပြတ်၍ ပုံ့ပုံ့ကြွလျက် နေလိမ့်မည်ဟု ဆိုလေ၏။
온 땅의 주 여호와의 궤를 멘 제사장들의 발바닥이 요단 물을 밟고 멈추면 요단 물 곧 위에서부터 흘러 내리던 물이 끊어지고 쌓여 서리라'
14 ၁၄ လူများတို့သည် ယော်ဒန်မြစ်ကို ကူးအံ့သောငှါ၊ တဲတို့မှပြောင်း၍ ပဋိညာဉ်သေတ္တာကို ထမ်းသောယဇ် ပုရောဟိတ်တို့သည် လူများရှေ့မှာသွားလျက်၊
백성이 요단을 건너려고 자기들의 장막을 떠날때에 제사장들은 언약궤를 메고 백성 앞에서 행하니라
15 ၁၅ ယော်ဒန်မြစ်နားသို့ရောက်၍ ခြေဘဝါးတို့သည် လျှံသောရေကို နင်းသောအခါ၊ စပါးရိတ်ရာကာလ၌ ထိုမြစ်ရေသည် ကမ်းတရှောက်လုံးကို လျှံလေ့ရှိသော် လည်း၊
(요단이 모맥 거두는 시기에는 항상 언덕에 넘치더라) 궤를 멘 자들이 요단에 이르며 궤를 멘 제사장들의 발이 물가에 잠기자
16 ၁၆ မြစ်ညာက စီးလာသောရေသည် တန့်ရပ်၍ ဝေးသောအရပ်၊ ဇာရတန်မြို့နားမှာရှိသော အာဒံမြို့တိုင် အောင် ပုံ့ပုံ့ကြွလျက်နေ၏။ လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်သို့ စီးသွားသောရေသည်လည်း အကုန်အစင် ပြတ်၍၊ လူများတို့သည် ယေရိခေါမြို့သို့ ရှေ့ရှုကူးကြ၏။
곧 위에서부터 흘러 내리던 물이 그쳐서 심히 멀리 사르단에 가까운 아담 읍 변방에 일어나 쌓이고 아라바의 바다 염해로 향하여 흘러가는 물은 온전히 끊어지매 백성이 여리고 앞으로 바로 건널새
17 ၁၇ လူများအပေါင်းတို့သည် ယော်ဒန်မြစ်တဘက် သို့ မရောက်မှီတိုင်အောင် ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ မြစ် အလယ်တွင် မြေပေါ်၌ မြဲမြံစွာနင်း၍၊ ဣသရေလအမျိုး သားအပေါင်းတို့သည် မြေပေါ်၌ ရှောက်သွားရကြ၏။
여호와의 언약궤를 멘 제사장들은 요단 가운데 마른 땅에 굳게 섰고 온 이스라엘 백성은 마른 땅으로 행하여 요단을 건너니라