< ယောရှု 23 >

1 ထာဝရဘုရားသည် ပတ်ဝန်းကျင်နေသော ရန်သူအပေါင်းတို့လက်မှ ဣသရေလအမျိုးကို ကယ်လွှတ် ၍၊ ငြိမ်သက်ခြင်းအခွင့်ကို ကြာမြင့်စွာသော ကာလပတ် လုံး ပေးတော်မူပြီးမှ၊ ယောရှုသည် အသက်ကြီး၍ အိုမင်း သောအခါ၊
Baada ya muda mrefu kupita, naye Bwana akawa amewapa Israeli pumziko mbele ya adui zao wote waliowazunguka, Yoshua, wakati huo akiwa mzee na umri ukiwa umeendelea sana,
2 ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသောသူများနှင့်တကွ အမျိုးသား အပေါင်းတို့ကို ခေါ်ပြီးလျှင်၊ ငါသည် အသက်ကြီးရင့်၍ အိုမင်းပြီ။
akawaita Israeli wote, wazee wao, viongozi, waamuzi na maafisa Yoshua akawaambia: “Mimi ni mzee na umri wangu umeendelea sana.
3 သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင် တို့အတွက် ဤလူမျိုးအပေါင်းတို့၌ ပြုတော်မူသမျှကို သင် တို့သည် သိမြင်ကြပြီ။ သင်တို့၏ဘုရားသခင် ထာဝရ ဘုရားသည် သင်တို့ဘက်၌ စစ်တိုက်တော်မူပြီ။
Ninyi wenyewe mmeona kila kitu Bwana Mungu wenu, alichowatendea mataifa haya yote kwa ajili yenu. Ilikuwa ni Bwana Mungu wenu aliyewapigania.
4 ယော်ဒန်မြစ်မှစ၍ အနောက်ပင်လယ်ကြီးတိုင် အောင်၊ ငါပယ်ရှင်းသမျှသော လူမျိုးတို့နှင့်တကွ ကြွင်း သေးသော ဤလူမျိုးနေသောပြည်ကို သင်တို့အမျိုးများ အမွေခံစရာဘို့ စာရေးတံချ၍ ငါဝေဖန်ပြီ။
Kumbukeni jinsi nilivyowagawia kama urithi kwa makabila yenu yote nchi ya mataifa yaliyobaki, yaani mataifa niliyowashinda, kati ya Mto Yordani na Bahari kuu upande wa magharibi.
5 သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း၊ ဤလူမျိုးတို့ကို နှင်ထုတ်၍ သင်တို့ မမြင်ရအောင် သုတ်သင်ပယ်ရှင်းတော်မူသဖြင့်၊ သူတို့၏ မြေကို သင်တို့သည် အပိုင်ရကြလိမ့်မည်။
Bwana Mungu wenu mwenyewe atawaondoa watoke mbele yenu. Atawafukuza mbele yenu, nanyi mtamiliki nchi yao, kama vile Bwana Mungu wenu alivyowaahidi.
6 သို့ဖြစ်၍ သင်တို့သည် မောရှေ၏ပညတ္တိကျမ်း စာလမ်းမှ လက်ျာဘက် ဘက်ဝဲဘက်သို့ မလွှဲဘဲ၊ ပါသမျှ အတိုင်း ကျင့်စောင့်ခြင်းငှါ၎င်း၊
“Kuweni hodari sana, kuweni waangalifu kutii yote yaliyoandikwa katika kitabu cha Sheria ya Mose, pasipo kugeuka upande wa kuume au kushoto.
7 သင်တို့တွင် ကြွင်းသေးသော ဤလူမျိုးနှင့် မပေါင်းဘော်၊ သူတို့ဘုရား၏နာမကို မြွက်၍ မကျိန်ဆို၊ ဝတ်မပြု ဦးမညွှတ်ဘဲ၊
Msishirikiane na mataifa yaliyobakia katikati yenu, wala msiombe kwa majina ya miungu yao au kuapa kwayo. Msiitumikie wala kuisujudia.
8 ယနေ့တိုင်အောင် ကျင့်သကဲ့သို့၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၌ ဆည်းကပ်မှီဝဲခြင်းငှါ၎င်း၊ အလွန်ရဲရင့်သောစိတ် ရှိကြလော့။
Bali mtashikamana kwa uthabiti na Bwana, Mungu wenu, kama vile ambavyo mmefanya mpaka sasa.
9 အကြောင်းမူကား၊ ကြီးမား၍ ခွန်အားနှင့်ပြည့်စုံ သော လူမျိုးတို့ကို ထာဝရဘုရားသည် သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့်၊ ယနေ့တိုင်အောင် သင်တို့ရှေ့၌ အဘယ်သူမျှ မရပ်နိုင်။
“Bwana amewafukuza mbele yenu mataifa makubwa na yenye nguvu, mpaka siku ya leo hakuna yeyote aliyeweza kusimama mbele yenu.
10 ၁၀ သင်တို့တယောက်သော်လည်း အခြားသော သူ တထောင်ကို ပြေးစေလိမ့်မည်။ အကြောင်းမူကား၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ဂတိတော်ရှိသည် အတိုင်း သင်တို့ဘက်၌ စစ်တိုက်တော်မူ၏။
Mtu mmoja miongoni mwenu anafukuza watu elfu, kwa kuwa Bwana Mungu wenu anawapigania, kama alivyoahidi.
11 ၁၁ သို့ဖြစ်၍ သင်တို့၏ဘုရားသခင် ထာဝရဘုရား ကို ချစ်ခြင်းငှါ ကိုယ်စိတ်နှလုံးကို သတိပြုကြလော့။
Kwa hiyo kuweni waangalifu sana kumpenda Bwana Mungu wenu.
12 ၁၂ သို့မဟုတ် သင်တို့သည် ရွေ့လျော့၍၊ သင်တို့တွင် ကျန်ကြွင်းသေးသော ဤလူမျိုးတို့၌ မှီဝဲလျက်၊ ထိမ်းမြား ပေးစား၍ ပေါင်းဘော်ဆက်ဆံခြင်းရှိလျှင်၊
“Lakini ikiwa mtageuka na kushikamana na mabaki ya mataifa haya yaliyosalia katikati yenu na kama mtaoana na kushirikiana nao,
13 ၁၃ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် နောက်တဖန် ဤလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော် မမူ။ သင်တို့၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ၍ ကောင်းမွန်သော ဤပြည်၌ သင်တို့သည် မပျောက်မပျက် မှီတိုင်အောင် သူတို့သည် သင်တို့၌ ကျော့ကွင်း၊ ထောင် ချောက်၊ သင်တို့ နံစောင်၌ နှင်တံ၊ သင်တို့မျက်စိ၌ ဆူး ဖြစ်ကြလိမ့်မည် အကြောင်းကို ဧကန်အမှန် သိမှတ်ကြ လော့။
basi mwe na hakika kuwa Bwana Mungu wenu hatawafukuza tena mataifa hayo mbele yenu. Badala yake, watakuwa tanzi na mitego kwenu, mijeledi migongoni mwenu, na miiba machoni mwenu, mpaka mwangamie kutoka nchi hii nzuri, ambayo Bwana Mungu wenu amewapa.
14 ၁၄ ငါသော်ကား၊ မြေသားအပေါင်းတို့သွားရာလမ်း သို့ ယနေ့သွားလုပြီ။ သင်တို့၏ဘုရားသခင် ထာဝရ ဘုရားသည် သင်တို့အဘို့ မိန့်တော်မူသော ကောင်းကျိုး တစုံတပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်း ကို သင်တို့သည် စိတ်နှလုံးထဲမှာ သိကြ၏။
“Sasa mimi ninakaribia kwenda katika njia ya watu wote wa dunia. Mnajua kwa mioyo yenu na roho zenu kwamba hakuna ahadi zozote njema Bwana Mungu wenu alizowaahidia, ambazo hazikutimia. Kila ahadi imetimizwa, hakuna hata moja ambayo haikutimia.
15 ၁၅ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း၊ ကောင်းကျိုးအပေါင်းတို့သည် သင်တို့အပေါ်၌ ရောက်သကဲ့သို့၊ ထိုအတူ သင်တို့၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ဤကောင်း မွန်သောပြည်မှ သင်တို့ကို သုတ်သင်ပယ်ရှင်းတော်မမူမှီ တိုင်အောင်၊ ထာဝရဘုရားသည် သင်တို့အပေါ်၌ ဘေး ဥပဒ်အပေါင်းတို့ကို ရောက်စေတော်မူမည်။
Lakini kama vile kila ahadi njema ya Bwana Mungu wenu imekuwa kweli, vivyo hivyo Bwana ataleta maovu yote kama alivyo onya, mpaka awe amewaangamiza kutoka nchi hii nzuri aliyowapa.
16 ၁၆ သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရ ဘုရားထားတော်မူသော ပဋိညာဉ်တရားကို ပြစ်မှားလျက်၊ အခြားတပါးသော ဘုရားတို့ထံသို့သွား၍ ဦးညွှတ်ဝတ်ပြု လျှင်၊ ထာဝရဘုရားသည် အမျက်ထွက်၍၊ အရင်ပေး တော်မူသော ဤကောင်းမွန်သောပြည်၌ သင်တို့သည် အလျင်အမြန်ပျောက်ပျက်ကြလိမ့်မည်ဟု ဟောပြော၏။
Kama mkilivunja agano la Bwana Mungu wenu, ambalo aliwaamuru ninyi, mkaenda na kuitumikia miungu mingine na kuisujudia, hasira ya Bwana itawaka dhidi yenu, nanyi mtaangamia kutoka nchi nzuri aliyowapa ninyi.”

< ယောရှု 23 >