< ယောရှု 23 >
1 ၁ ထာဝရဘုရားသည် ပတ်ဝန်းကျင်နေသော ရန်သူအပေါင်းတို့လက်မှ ဣသရေလအမျိုးကို ကယ်လွှတ် ၍၊ ငြိမ်သက်ခြင်းအခွင့်ကို ကြာမြင့်စွာသော ကာလပတ် လုံး ပေးတော်မူပြီးမှ၊ ယောရှုသည် အသက်ကြီး၍ အိုမင်း သောအခါ၊
And it was from days many after that he had given rest Yahweh to Israel from all enemies their from round about and Joshua he was old he had come in days.
2 ၂ ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသောသူများနှင့်တကွ အမျိုးသား အပေါင်းတို့ကို ခေါ်ပြီးလျှင်၊ ငါသည် အသက်ကြီးရင့်၍ အိုမင်းပြီ။
And he summoned Joshua all Israel elders its and leaders its and judges its and officials its and he said to them I I am old I have come in days.
3 ၃ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင် တို့အတွက် ဤလူမျိုးအပေါင်းတို့၌ ပြုတော်မူသမျှကို သင် တို့သည် သိမြင်ကြပြီ။ သင်တို့၏ဘုရားသခင် ထာဝရ ဘုရားသည် သင်တို့ဘက်၌ စစ်တိုက်တော်မူပြီ။
And you you have seen all that he has done Yahweh God your to all the nations these from before you for Yahweh God your he [is] the [one who] has been fighting for you.
4 ၄ ယော်ဒန်မြစ်မှစ၍ အနောက်ပင်လယ်ကြီးတိုင် အောင်၊ ငါပယ်ရှင်းသမျှသော လူမျိုးတို့နှင့်တကွ ကြွင်း သေးသော ဤလူမျိုးနေသောပြည်ကို သင်တို့အမျိုးများ အမွေခံစရာဘို့ စာရေးတံချ၍ ငါဝေဖန်ပြီ။
See I have made fall to you the nations which remain these an inheritance for tribes your from the Jordan and all the nations which I have cut off and the sea great [the] setting of the sun.
5 ၅ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း၊ ဤလူမျိုးတို့ကို နှင်ထုတ်၍ သင်တို့ မမြင်ရအောင် သုတ်သင်ပယ်ရှင်းတော်မူသဖြင့်၊ သူတို့၏ မြေကို သင်တို့သည် အပိုင်ရကြလိမ့်မည်။
And Yahweh God your he he will drive out them from before you and he will dispossess them from to before you and you will take possession of land their just as he spoke Yahweh God your to you.
6 ၆ သို့ဖြစ်၍ သင်တို့သည် မောရှေ၏ပညတ္တိကျမ်း စာလမ်းမှ လက်ျာဘက် ဘက်ဝဲဘက်သို့ မလွှဲဘဲ၊ ပါသမျှ အတိုင်း ကျင့်စောင့်ခြင်းငှါ၎င်း၊
And you will be strong very to take care and to do every [thing] written in [the] book of [the] law of Moses to not to turn aside from it right [hand] and left [hand].
7 ၇ သင်တို့တွင် ကြွင်းသေးသော ဤလူမျိုးနှင့် မပေါင်းဘော်၊ သူတို့ဘုရား၏နာမကို မြွက်၍ မကျိန်ဆို၊ ဝတ်မပြု ဦးမညွှတ်ဘဲ၊
To not to go among the nations these which remain these with you and [the] name of gods their not you must bring to remembrance and not you must cause to swear and not you must serve them and not you must bow down to them.
8 ၈ ယနေ့တိုင်အောင် ကျင့်သကဲ့သို့၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၌ ဆည်းကပ်မှီဝဲခြင်းငှါ၎င်း၊ အလွန်ရဲရင့်သောစိတ် ရှိကြလော့။
That except to Yahweh God your you will cling just as you have done until the day this.
9 ၉ အကြောင်းမူကား၊ ကြီးမား၍ ခွန်အားနှင့်ပြည့်စုံ သော လူမျိုးတို့ကို ထာဝရဘုရားသည် သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့်၊ ယနေ့တိုင်အောင် သင်တို့ရှေ့၌ အဘယ်သူမျှ မရပ်နိုင်။
And he has dispossessed Yahweh from before you nations great and mighty and you not he has stood anyone in faces your until the day this.
10 ၁၀ သင်တို့တယောက်သော်လည်း အခြားသော သူ တထောင်ကို ပြေးစေလိမ့်မည်။ အကြောင်းမူကား၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ဂတိတော်ရှိသည် အတိုင်း သင်တို့ဘက်၌ စစ်တိုက်တော်မူ၏။
A man one of you he puts to flight a thousand for - Yahweh God your he [is] the [one who] fights for you just as he spoke to you.
11 ၁၁ သို့ဖြစ်၍ သင်တို့၏ဘုရားသခင် ထာဝရဘုရား ကို ချစ်ခြင်းငှါ ကိုယ်စိတ်နှလုံးကို သတိပြုကြလော့။
And you will take heed exceedingly to selves your to love Yahweh God your.
12 ၁၂ သို့မဟုတ် သင်တို့သည် ရွေ့လျော့၍၊ သင်တို့တွင် ကျန်ကြွင်းသေးသော ဤလူမျိုးတို့၌ မှီဝဲလျက်၊ ထိမ်းမြား ပေးစား၍ ပေါင်းဘော်ဆက်ဆံခြင်းရှိလျှင်၊
That - except ever you will turn back and you will cling to [the] remainder of the nations these which remain these with you and you will intermarry with them and you will go among them and they among you.
13 ၁၃ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် နောက်တဖန် ဤလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော် မမူ။ သင်တို့၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ၍ ကောင်းမွန်သော ဤပြည်၌ သင်တို့သည် မပျောက်မပျက် မှီတိုင်အောင် သူတို့သည် သင်တို့၌ ကျော့ကွင်း၊ ထောင် ချောက်၊ သင်တို့ နံစောင်၌ နှင်တံ၊ သင်တို့မျက်စိ၌ ဆူး ဖြစ်ကြလိမ့်မည် အကြောင်းကို ဧကန်အမှန် သိမှတ်ကြ လော့။
Certainly you will know that not he will increase Yahweh God your to dispossess the nations these from to before you and they will become for you a trap and a snare and a scourge in sides your and thorns in view your until perish you from on the land good this which he has given to you Yahweh God your.
14 ၁၄ ငါသော်ကား၊ မြေသားအပေါင်းတို့သွားရာလမ်း သို့ ယနေ့သွားလုပြီ။ သင်တို့၏ဘုရားသခင် ထာဝရ ဘုရားသည် သင်တို့အဘို့ မိန့်တော်မူသော ကောင်းကျိုး တစုံတပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်း ကို သင်တို့သည် စိတ်နှလုံးထဲမှာ သိကြ၏။
And here! I [am] about to go this day in [the] way of all the earth and you know with all heart your and with all being your that not it has fallen a word one of all - the words good which he spoke Yahweh God your on you everything they have come to you not it has fallen of it a word one.
15 ၁၅ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း၊ ကောင်းကျိုးအပေါင်းတို့သည် သင်တို့အပေါ်၌ ရောက်သကဲ့သို့၊ ထိုအတူ သင်တို့၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ဤကောင်း မွန်သောပြည်မှ သင်တို့ကို သုတ်သင်ပယ်ရှင်းတော်မမူမှီ တိုင်အောင်၊ ထာဝရဘုရားသည် သင်တို့အပေါ်၌ ဘေး ဥပဒ်အပေါင်းတို့ကို ရောက်စေတော်မူမည်။
And it will be just as it has come on you every word good which he spoke Yahweh God your to you so he will bring Yahweh on you every word bad until has destroyed he you from on the land good this which he has given to you Yahweh God your.
16 ၁၆ သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရ ဘုရားထားတော်မူသော ပဋိညာဉ်တရားကို ပြစ်မှားလျက်၊ အခြားတပါးသော ဘုရားတို့ထံသို့သွား၍ ဦးညွှတ်ဝတ်ပြု လျှင်၊ ထာဝရဘုရားသည် အမျက်ထွက်၍၊ အရင်ပေး တော်မူသော ဤကောင်းမွန်သောပြည်၌ သင်တို့သည် အလျင်အမြန်ပျောက်ပျက်ကြလိမ့်မည်ဟု ဟောပြော၏။
When transgress you [the] covenant of Yahweh God your which he commanded you and you will go and you will serve gods other and you will bow down to them and it will burn [the] anger of Yahweh on you and you will perish quickly from on the land good which he has given to you.