< ယောရှု 22 >

1 တဖန် ယောရှုသည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့ကို ခေါ်၍၊
တဖန် ယောရှု သည် ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် တို့ကို ခေါ် ၍၊
2 ထာဝရဘုရား၏ကျွန် မောရှေမှာထားသမျှ အတိုင်း၊ သင်တို့သည် ပြု၍၊ ငါမှာထားသမျှသော စကား ကိုလည်း နားထောင်ကြပြီ။
ထာဝရဘုရား ၏ကျွန် မောရှေ မှာ ထားသမျှ အတိုင်း ၊ သင် တို့သည် ပြု ၍ ၊ ငါမှာ ထားသမျှ သော စကား ကို လည်း နားထောင် ကြပြီ။
3 ယနေ့တိုင်အောင် ကြာမြင့်စွာသောကာလပတ် လုံး သင်တို့သည် ညီအစ်ကိုများကို မစွန့်ဘဲနေ၍၊ သင်တို့ ဘုရားသခင် ထာဝရဘုရား စီရင်မှာထားတော်မူသမျှကို စောင့်ရှောက်ကြပြီ။
ယနေ့ တိုင်အောင် ကြာမြင့် စွာသောကာလ ပတ်လုံးသင် တို့သည် ညီအစ်ကို များကို မ စွန့် ဘဲနေ၍၊ သင် တို့ဘုရား သခင်ထာဝရဘုရား စီရင်မှာထားတော်မူသမျှကို စောင့်ရှောက် ကြပြီ။
4 ယခုမှာ သင်တို့၏ဘုရားသခင် ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း၊ ညီအစ်ကိုတို့အား ငြိမ်သက် ခြင်းအခွင့်ကို ပေးတော်မူသောကြောင့်၊ သင်တို့ပြန်၍ ကိုယ်နေရာအိမ်သို့၎င်း၊ ယော်ဒန်မြစ်တဘက်၌ ထာဝရ ဘုရား၏ကျွန် မောရှေပေးသည်အတိုင်း၊ ကိုယ်ပိုင်သော မြေသို့၎င်း သွားကြလော့။
ယခု မှာ သင် တို့၏ဘုရား သခင်ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ၊ ညီအစ်ကို တို့အား ငြိမ်သက် ခြင်းအခွင့်ကိုပေးတော်မူသောကြောင့်၊ သင် တို့ပြန် ၍ ကိုယ် နေရာအိမ် သို့ ၎င်း၊ ယော်ဒန် မြစ်တဘက် ၌ ထာဝရဘုရား ၏ကျွန် မောရှေ ပေး သည်အတိုင်း၊ ကိုယ် ပိုင် သော မြေ သို့ ၎င်း သွား ကြလော့။
5 သို့ရာတွင် ထာဝရဘုရား၏ကျွန် မောရှေမှာ ထားသော ပညတ်တရားအတိုင်း ကျင့်၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ် ခြင်း၊ လမ်းတော်အလုံးစုံတို့၌ လိုက်သွားခြင်း၊ ပညတ် တော်တို့ကို စောင့်ရှောက်ခြင်း၊ ကိုယ်တော်၌ ဆည်းကပ် ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်းငှါ ကြိုးစား၍ သတိပြု ကြလော့ဟု မှာထားလျက်၊
သို့ရာတွင် ထာဝရဘုရား ၏ကျွန် မောရှေ မှာ ထားသော ပညတ် တရား အတိုင်း ကျင့် ၍ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ကို စိတ်နှလုံးအကြွင်းမဲ့ချစ် ခြင်း၊ လမ်း တော်အလုံးစုံ တို့၌ လိုက်သွား ခြင်း၊ ပညတ် တော်တို့ကို စောင့်ရှောက် ခြင်း၊ ကိုယ်တော် ၌ ဆည်းကပ် ခြင်း၊ အမှုတော်ကို ဆောင်ရွက် ခြင်းငှါ ကြိုးစား၍ သတိပြု ကြလော့ဟု မှာထားလျက်၊
6 ကောင်းကြီးပေး၍ လွှတ်လိုက်လေ၏။ သူတို့ သည် ကိုယ်နေရာအိမ်သို့ သွားကြ၏။
ကောင်းကြီး ပေး၍ လွှတ် လိုက်လေ၏။ သူတို့သည် ကိုယ် နေရာအိမ် သို့ သွား ကြ၏။
7 မနာရှေအမျိုးတဝက်အား မောရှေသည် ဗာရှန် ပြည်၌ မြေကိုပေးနှင့်ပြီ။ အမျိုးတဝက်အား ယောရှုသည် ယော်ဒန်မြစ်အနောက်ဘက်၌ သူတို့ညီအစ်ကိုများနှင့် အတူ မြေကို ပေး၏။
မနာရှေ အမျိုး တဝက် အား မောရှေ သည် ဗာရှန် ပြည်၌ မြေကိုပေး နှင့်ပြီ။ အမျိုးတဝက် အား ယောရှု သည် ယော်ဒန် မြစ်အနောက် ဘက် ၌ သူ တို့ညီအစ်ကို များနှင့်အတူ မြေကိုပေး ၏။
8 ယောရှုကလည်း၊ သင်တို့သည် အလွန်ဥစ္စာရ တတ်၍ များစွာသော တိရစ္ဆာန်၊ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ အဝတ်တန်ဆာများတို့ကို ယူဆောင်လျက် သင်တို့နေရာ အိမ်သို့ ပြန်သွားကြလော့။ ရန်သူတို့၌ လုယူ၍ရသော ဥစ္စာကို သင်တို့ညီအစ်ကိုများ၌ ဝေဖန်ကြလော့ဟု မှာ ထားလျက်၊ ကောင်းကြီးပေး၍ သူတို့နေရာအိမ်သို့ လွှတ် လိုက်လေ၏။
ယောရှု ကလည်း ၊ သင်တို့သည် အလွန်ဥစ္စာ ရ တတ်၍ များ စွာသော တိရစ္ဆာန် ၊ ရွှေ ၊ ငွေ ၊ ကြေးဝါ ၊ သံ ၊ အဝတ် တန်ဆာများတို့ကို ယူဆောင်လျက် သင် တို့နေရာ အိမ် သို့ ပြန် သွားကြလော့။ ရန်သူ တို့၌ လုယူ၍ရသောဥစ္စာ ကို သင် တို့ညီအစ်ကို များ၌ ဝေဖန် ကြလော့ဟု မှာ ထားလျက် ၊ ကောင်းကြီး ပေး၍ သူ တို့နေရာအိမ် သို့ လွှတ် လိုက်လေ၏။
9 ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူ သည်အတိုင်း၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ပိုင်ထိုက်သောမြေ၊ ဂိလဒ်ပြည်သို့ သွား ခြင်းငှါ၊ ဣသရေလအမျိုးသားရှိရာ ခါနာန်ပြည်၊ ရှိလော မြို့မှ ထွက်သွားကြ၏။
ထာဝရဘုရား သည် မောရှေ အားဖြင့် မိန့် တော်မူသည်အတိုင်း ၊ ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် တို့သည် ပိုင် ထိုက်သောမြေ ၊ ဂိလဒ် ပြည် သို့ သွား ခြင်းငှါ ၊ ဣသရေလ အမျိုးသားရှိရာ ခါနာန် ပြည် ၊ ရှိလော မြို့မှ ထွက်သွား ကြ၏။
10 ၁၀ ခါနာန်ပြည်၊ ယော်ဒန်မြစ်နားသို့ ရောက်သော အခါ၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့ သည် ယော်ဒန်မြစ်နားမှာ ထင်ရှားစွာသော ယဇ်ပလ္လင် ကြီးကို တည်ကြ၏။
၁၀ခါနာန် ပြည် ၊ ယော်ဒန် မြစ်နား သို့ ရောက် သောအခါ ၊ ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် တို့သည် ယော်ဒန် မြစ်နားမှာ ထင်ရှား စွာသော ယဇ် ပလ္လင်ကြီး ကို တည် ကြ၏။
11 ၁၁ ထိုသို့ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ခါနာန်ပြည်တဘက်၊ ယော်ဒန်မြစ်နား၊ ဣသရေလအမျိုးသားကူးရာအရပ်၌ ယဇ်ပလ္လင်ကို တည် ကြပြီဟု ဣသရေလအမျိုးသားတို့သည် သိတင်းကြားကြ ၏။
၁၁ထိုသို့ ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် တို့သည် ခါနာန် ပြည် တဘက် ၊ ယော်ဒန် မြစ်နား ၊ ဣသရေလ အမျိုးသားကူးရာအရပ် ၌ ယဇ် ပလ္လင်ကို တည် ကြပြီဟု ဣသရေလ အမျိုးသားတို့သည် သိတင်းကြား ကြ၏။
12 ၁၂ ထိုသိတင်းကို ကြားသောအခါ၊ ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့သည် စစ်ချီခြင်းငှါ၊ ရှိလောမြို့၌ စည်းဝေးကြ၏။
၁၂ထိုသိတင်းကို ကြား သောအခါ ၊ ဣသရေလ အမျိုးသားပရိသတ် အပေါင်း တို့သည် စစ်ချီ ခြင်းငှါ ၊ ရှိလော မြို့၌ စည်းဝေး ကြ၏။
13 ၁၃ ဣသရေလအမျိုးသားတို့သည်၊
၁၃ဣသရေလ အမျိုးသား တို့သည်၊ ယဇ်ပုရောဟိတ် ဧလာဇာ သား ဖိနဟတ် နှင့်တကွ၊ ဣသရေလ အမျိုး အသီးအသီး တို့အထဲကရွေးကောက်၍၊
14 ၁၄ ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်နှင့် တကွ၊ ဣသရေလအမျိုး အသီးအသီးတို့အထဲက ရွေး ကောက်၍၊ လူတထောင်ကို အုပ်သော အဆွေအမျိုး သူကြီးဆယ်ပါးတို့ကို ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်ရှိရာ ဂိလဒ်ပြည်သို့ စေလွှတ်ကြ၏။
၁၄လူတထောင် ကိုအုပ် သောအဆွေအမျိုး သူကြီး ဆယ် ပါးတို့ကို ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် ရှိရာ ဂိလဒ် ပြည် သို့ စေလွှတ် ကြ၏။
15 ၁၅ ထိုမင်းတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ အမျိုးတဝက်ရှိရာ ဂိလဒ်ပြည်သို့ရောက်၍၊
၁၅ထိုမင်းတို့သည် ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် ရှိရာ ဂိလဒ် ပြည် သို့ ရောက် ၍၊
16 ၁၆ ထာဝရဘုရား၏ ပရိသတ်အပေါင်းတို့ မှာလိုက် သည်ကား၊ သင်တို့သည် ထာဝရဘုရားကို ယနေ့ပုန်ကန် ၍ ယဇ်ပလ္လင်ကို တည်သဖြင့်၊ ထာဝရဘုရားနောက်တော် သို့ မလိုက်၊ ယနေ့ လွှဲသွားခြင်းငှါ ဣသရေလအမျိုး၏ ဘုရားသခင်ကို ပြစ်မှားသောအပြစ်ကား အဘယ်သို့နည်း။
၁၆ထာဝရဘုရား ၏ ပရိသတ် အပေါင်း တို့မှာလိုက်သည်ကား၊ သင် တို့သည် ထာဝရဘုရား ကို ယနေ့ ပုန်ကန် ၍ ယဇ် ပလ္လင်ကို တည် သဖြင့် ၊ ထာဝရဘုရား နောက် တော်သို့မလိုက်၊ ယနေ့လွှဲသွား ခြင်းငှါ ဣသရေလ အမျိုး၏ ဘုရား သခင်ကို ပြစ်မှား သော အပြစ် ကား အဘယ်သို့ နည်း။
17 ၁၇ သင်တို့သည် ထာဝရဘုရားနောက်တော်သို့ မလိုက် လွှဲသွားရမည်အကြောင်း၊ ပေဂုရအပြစ်သည် ငါတို့အဘို့ မလောက်သလော။ ထာဝရဘုရား၏ ပရိသတ် တော်၌ ဘေးကြီးရောက်သော်လည်း၊ ယနေ့တိုင်အောင် ထိုအပြစ် မရှင်းလင်းသေး။
၁၇သင်တို့သည် ထာဝရဘုရားနောက်တော်သို့ မလိုက် လွှဲသွားရမည်အကြောင်း၊ ပေဂုရ အပြစ် သည် ငါ တို့အဘို့ မ လောက်သလော။ ထာဝရဘုရား ၏ ပရိသတ် တော်၌ ဘေး ကြီးရောက် သော်လည်း ၊ ယနေ့ တိုင်အောင် ထိုအပြစ် မ ရှင်းလင်း သေး။
18 ၁၈ သင်တို့သည် ထာဝရဘုရားကို ယနေ့ ပုန်ကန်၍ နက်ဖြန်နေ့ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည်။
၁၈သင် တို့သည် ထာဝရဘုရား ကို ယနေ့ ပုန်ကန် ၍ နက်ဖြန် နေ့ ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့ကို အမျက် ထွက်တော်မူမည်။
19 ၁၉ သို့သော်လည်း သင်တို့အပိုင်ရသောမြေသည် မစင်ကြယ်လျှင်၊ ထာဝရဘုရားအပိုင်ယူတော်မူ၍၊ တဲ တော်ရှိရာမြေသို့ ကူးသဖြင့် ငါတို့နှင့်အတူ အပိုင်ယူကြ လော့။ ငါတို့ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင် တော်မှတပါး၊ အခြားသော ယဇ်ပလ္လင်ကို ကိုယ်အဘို့ တည်၍ ထာဝရဘုရားကို မပုန်ကန်ကြနှင့်။ ငါတို့ကို လည်း မပုန်ကန်ကြနှင့်။
၁၉သို့သော်လည်း သင် တို့အပိုင် ရသောမြေ သည် မ စင်ကြယ်လျှင် ၊ ထာဝရဘုရား အပိုင် ယူတော်မူ၍၊ တဲ တော်ရှိရာမြေ သို့ ကူး သဖြင့် ငါ တို့နှင့်အတူ အပိုင်ယူ ကြ လော့။ ငါ တို့ဘုရား သခင်ထာဝရဘုရား ၏ ယဇ်ပလ္လင် တော်မှတပါး ၊ အခြားသော ယဇ် ပလ္လင်ကို ကိုယ် အဘို့ တည် ၍ ထာဝရဘုရား ကို မ ပုန်ကန် ကြနှင့်။ ငါ တို့ကိုလည်း မ ပုန်ကန် ကြနှင့်။
20 ၂၀ ဇေရသား အာခန်သည် ကျိန်အပ်သောအရာ၌ ပြစ်မှား၍ အမျက်တော်သည် ဣသရေလအမျိုး ပရိသတ် အပေါင်းတို့အပေါ်မှာ ရောက်သည် မဟုတ်လော။ ထိုသူ သည် ပြစ်မှားသောအပြစ်ကြောင့် တယောက်တည်းသာ သေရသည် မဟုတ်ဟု ဆိုကြ၏။
၂၀ဇေရ သား အာခန် သည် ကျိန် အပ်သောအရာ၌ ပြစ်မှား ၍ အမျက် တော်သည် ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့အပေါ် မှာ ရောက် သည် မ ဟုတ်လော။ ထိုသူ သည် ပြစ်မှားသောအပြစ် ကြောင့် တ ယောက်တည်းသာ သေ ရသည် မ ဟုတ်ဟု ဆိုကြ၏။
21 ၂၁ ထိုအခါ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ဣသရေလအမျိုးတွင် လူတထောင်စီအုပ် သော အကဲအမှူးတို့အား ပြန်ပြောလေသည်မှာ၊
၂၁ထိုအခါ ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုး တဝက် တို့သည် ဣသရေလ အမျိုးတွင် လူတထောင် စီအုပ်သော အကဲ အမှူးတို့အား ပြန်ပြော လေသည်မှာ၊
22 ၂၂ မြတ်စွာဘုရားသခင် ထာဝရဘုရား၊ မြတ်စွာဘုရား သခင် ထာဝရဘုရားသည် ကိုယ်တော်တိုင် သိတော်မူ၏။ ဣသရေလအမျိုးလည်း ကိုယ်တိုင်သိရလိမ့်မည်။ ပုန်ကန် မည်အကြံ၊ ထာဝရဘုရားကို ပြစ်မှားမည်အကြံရှိ၍၊ ထာဝရဘုရားနောက်တော်သို့ မလိုက်ဘဲ လွှဲသွားခြင်းငှါ ငါတို့သည် ယဇ်ပလ္လင်ကို တည်သည်မှန်လျှင်၊ ယနေ့ ဘေးမလွတ်ပါစေနှင့်။
၂၂မြတ် စွာဘုရား သခင် ထာဝရဘုရား ၊ မြတ် စွာဘုရား သခင် ထာဝရဘုရား သည် ကိုယ်တော်တိုင် သိ တော်မူ၏။ ဣသရေလ အမျိုးလည်း ကိုယ်တိုင်သိရလိမ့်မည်။ ပုန်ကန် မည်အကြံ၊ ထာဝရဘုရား ကို ပြစ်မှား မည်အကြံရှိ၍၊ ထာဝရဘုရား နောက် တော်သို့ မလိုက်ဘဲ လွှဲသွား ခြင်းငှါ ငါ တို့သည် ယဇ် ပလ္လင်ကို တည် သည်မှန်လျှင်၊ ယနေ့ ဘေးမ လွတ် ပါစေနှင့်။
23 ၂၃ ထိုပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ မိဿဟာယ ပူဇော်သက္ကာကို ပူဇော်မည်အကြံ ရှိလျှင်လည်း ထာဝရဘုရားသည် ကိုယ်တော်တိုင် စစ် ကြောတော်မူပါစေ။
၂၃ထိုပလ္လင် ပေါ် မှာ မီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ မိဿဟာယ ပူဇော် သက္ကာကို ပူဇော် မည်အကြံ ရှိလျှင် လည်း ထာဝရဘုရား သည် ကိုယ်တော် တိုင် စစ်ကြော တော်မူပါစေ။
24 ၂၄ နောင်ကာလ၌ သင်တို့သားမြေးတို့က၊ အိုရုဗင် အမျိုးသား၊ ဂဒ်အမျိုးသားတို့၊ သင်တို့သည် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သို့ ဆိုင် ကြသနည်း။
၂၄နောင်ကာလ၌ သင်တို့သားမြေးတို့က၊ အိုရုဗင် အမျိုးသား၊ ဂဒ်အမျိုးသားတို့၊ သင်တို့သည် ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား နှင့် အဘယ်သို့ဆိုင် ကြသနည်း။
25 ၂၅ ထာဝရဘုရားသည် ငါတို့နှင့် သင်တို့စပ်ကြား၌ ပိုင်းခြားလျက် ယော်ဒန်မြစ်ကို ထားတော်မူပြီ။ သင်တို့ သည် ထာဝရဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သား မြေးတို့အား ပြောဆိုသဖြင့်၊ ငါတို့သားမြေးတို့သည် ထာဝရဘုရားကို မကြောက်ရွံ့ဘဲ နေစေမည်အကြောင်း၊ သင်တို့သားမြေးတို့သည် ပြုကြမည်ဟု စိုးရိမ်၍ ဤအမှုကို ပြုပြီမဟုတ်လော။
၂၅ထာဝရဘုရား သည် ငါ တို့နှင့် သင် တို့စပ်ကြား ၌ ပိုင်းခြား လျက် ယော်ဒန် မြစ်ကို ထား တော်မူပြီ။ သင်တို့သည် ထာဝရဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သား မြေးတို့အား ပြောဆိုသဖြင့်၊ ငါ တို့သား မြေးတို့သည် ထာဝရဘုရား ကို မ ကြောက်ရွံ့ ဘဲ နေစေမည်အကြောင်း၊ သင်တို့သားမြေးတို့သည် ပြုကြမည်ဟု စိုးရိမ်၍ ဤအမှုကို ပြုပြီမဟုတ်လော။
26 ၂၆ သို့ဖြစ်၍ ငါတို့သည် ယဇ်ပလ္လင်ကို တည်ခြင်းငှါ ပြင်ကြကုန်အံ့ဟု ဆိုကြသောအခါ၊ မီးရှို့ရာယဇ်အစရှိ သော ယဇ်မျိုးကို ပူဇော်မည်အကြံရှိသည်မဟုတ်။
၂၆သို့ဖြစ်၍ ငါ တို့သည် ယဇ် ပလ္လင်ကို တည် ခြင်းငှါ ပြင် ကြကုန်အံ့ဟု ဆို ကြသောအခါ၊ မီးရှို့ ရာယဇ်အစရှိသော ယဇ်မျိုးကို ပူဇော် မည်အကြံရှိသည်မ ဟုတ်။
27 ၂၇ ငါတို့သည် မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုး၊ မိဿဟာယ ပူဇော်သက္ကာအမျိုးမျိုးကို ပြုသဖြင့်၊ ထာဝရ ဘုရားအမှုကို ရှေ့တော်၌ ဆောင်ရွက်ခြင်းငှါ၎င်း၊ နောင် ကာလ၌ သင်တို့သားမြေးတို့က၊ သင်တို့သည် ထာဝရ ဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သားမြေးတို့အား မပြောစေခြင်းငှါ၎င်း၊ ဤယဇ်ပလ္လင်သည် ငါတို့နှင့် သင်တို့စပ်ကြား၊ ငါတို့သားမြေးနှင့် သင်တို့သားမြေးစပ် ကြားမှာ သက်သေဖြစ်စေခြင်းငှါ တည်ကြပါပြီ။
၂၇ငါ တို့သည် မီးရှို့ ရာယဇ် အစရှိသော ယဇ် မျိုး၊ မိဿဟာယ ပူဇော်သက္ကာအမျိုးမျိုးကို ပြုသဖြင့်၊ ထာဝရဘုရား အမှု ကို ရှေ့ တော်၌ ဆောင်ရွက် ခြင်းငှါ ၎င်း၊ နောင် ကာလ၌ သင် တို့သား မြေးတို့က၊ သင် တို့သည် ထာဝရဘုရား နှင့် အလျှင်းမ ဆိုင်ကြဟု ငါ တို့သားမြေး တို့အား မ ပြော စေခြင်းငှါ၎င်း၊ ဤယဇ်ပလ္လင်သည် ငါ တို့နှင့် သင် တို့စပ်ကြား ၊ ငါ တို့သား မြေးနှင့် သင်တို့သားမြေးစပ်ကြားမှာ သက်သေ ဖြစ်စေခြင်းငှါ တည်ကြပါပြီ။
28 ၂၈ နောင်ကာလ၌ သူတို့သည် ငါတို့နှင့် ငါတို့သား မြေးတို့အား ထိုသို့ပြောဆိုလျှင်၊ ငါတို့က ငါတို့အဘတို့သည် မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးကို ပူဇော်ခြင်းငှါမဟုတ်၊ ငါတို့နှင့်သင်တို့စပ်ကြားမှာ သက်သေဖြစ်စေခြင်းငှါ တည်သော ထာဝရဘုရား၏ ယဇ်ပလ္လင်ပုံကို ကြည့်ကြ လော့ဟု ပြန်ပြောစရာအကြောင်း ရှိစေခြင်းငှါ ငါတို့သည် တိုင်ပင်ကြပြီ။
၂၈နောင်ကာလ ၌ သူတို့သည် ငါ တို့နှင့် ငါ တို့သား မြေးတို့အား ထိုသို့ပြောဆို လျှင် ၊ ငါတို့က၊ ငါ တို့အဘ တို့သည် မီးရှို့ ရာယဇ်အစရှိသောယဇ် မျိုးကို ပူဇော်ခြင်းငှါမ ဟုတ်၊ ငါ တို့နှင့် သင် တို့စပ်ကြား မှာ သက်သေ ဖြစ်စေခြင်းငှါတည် သော ထာဝရ ဘုရား၏ ယဇ်ပလ္လင် ပုံ ကို ကြည့် ကြလော့ဟု ပြန်ပြော စရာအကြောင်းရှိစေခြင်းငှါ ငါတို့သည် တိုင်ပင်ကြပြီ။
29 ၂၉ တဲတော်ရှေ့၌ရှိသော ငါတို့ဘုရားသခင် ထာဝရ ဘုရား၏ ယဇ်ပုလ္လင်တော်မှတပါး အခြားသောယဇ်ပုလ္လင် ကို တည်၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုး၊ ဘောဇဉ် ပူဇော်သက္ကာမျိုးကို ပြုသဖြင့်၊ ထာဝရဘုရားကို ပုန်ကန်၍ နောက်တော်သို့မလိုက် လွှဲသွားခြင်းအမှုသည် ငါတို့နှင့် ဝေးပါစေသောဟု ပြန်ပြောကြ၏။
၂၉တဲ တော်ရှေ့ ၌ရှိသော ငါ တို့ဘုရား သခင်ထာဝရဘုရား ၏ယဇ်ပလ္လင် တော်မှတပါး အခြားသောယဇ် ပလ္လင်ကို တည် ၍ မီးရှို့ ရာယဇ်အစရှိသော ယဇ်မျိုး၊ ဘောဇဉ်ပူဇော် သက္ကာမျိုးကို ပြုသဖြင့်၊ ထာဝရဘုရား ကို ပုန်ကန် ၍ နောက် တော်သို့မလိုက် လွှဲ သွားခြင်းအမှုသည် ငါ တို့နှင့် ဝေး ပါစေသောဟု ပြန်ပြောကြ၏။
30 ၃၀ ယဇ်ပုရောဟိတ်ဖိနဟတ်နှင့် ပရိသတ်မင်းများ၊ ဣသရေလအမျိုး၌ လူတထောင်စီအုပ်သော အကဲအမှူး များတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးသားတို့ ပြောသောစကားကို ကြားရသောအခါ အားရကြ၏။
၃၀ယဇ်ပုရောဟိတ် ဖိနဟတ် နှင့် ပရိသတ်မင်း များ၊ ဣသရေလ အမျိုး၌ လူတထောင် စီအုပ်သော အကဲ အမှူးများတို့သည် ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုးသား တို့ ပြော သော စကား ကို ကြား ရသောအခါ အားရ ကြ၏။
31 ၃၁ ယဇ်ပုရောဟိတ် ဧလာဇာသား ဖိနဟတ်က လည်း၊ သင်တို့သည် ထာဝရဘုရားကို မပြစ်မှားသော ကြောင့်၊ ထာဝရဘုရားသည် ငါတို့တွင် ရှိတော်မူကြောင်း ကို ယနေ့ ငါတို့ သိမြင်ကြ၏။ သင်တို့သည် ဣသရေလ အမျိုးသားတို့ကို ထာဝရဘုရားလက်တော်မှ ယခုကယ် လွှတ်ကြပြီဟု ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးသား တို့အား ပြောဆိုကြ၏။
၃၁ယဇ်ပုရောဟိတ် ဧလာဇာ သား ဖိနဟတ် ကလည်း ၊ သင်တို့သည် ထာဝရဘုရား ကို မ ပြစ်မှား သောကြောင့် ၊ ထာဝရဘုရား သည် ငါ တို့တွင် ရှိတော်မူကြောင်း ကို ယနေ့ ငါတို့ သိ မြင်ကြ၏။ သင်တို့သည် ဣသရေလ အမျိုးသားတို့ကို ထာဝရဘုရား လက် တော်မှ ယခု ကယ်လွှတ် ကြပြီဟု ရုဗင် အမျိုး ၊ ဂဒ် အမျိုး ၊ မနာရှေ အမျိုးသား တို့အား ပြောဆို ကြ၏။
32 ၃၂ ထိုအခါ ယဇ်ပုရောဟိတ် ဧလာဇာသား ဖိနဟတ် နှင့် မင်းများတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုးသားတို့နေရာ ဂိလဒ်ပြည်မှ ဣသရေလအမျိုးသားနေရာ ခါနာန်ပြည်သို့ ပြန်လာ၍ သိတင်းကြားပြောသဖြင့်၊
၃၂ထိုအခါ ယဇ်ပုရောဟိတ် ဧလာဇာ သား ဖိနဟတ် နှင့် မင်း များတို့သည် ရုဗင် အမျိုး ၊ ဂဒ် အမျိုးသား တို့နေရာ ဂိလဒ် ပြည် မှ ဣသရေလ အမျိုးသားနေရာ ခါနာန် ပြည် သို့ ပြန် လာ၍ သိတင်း ကြားပြောသဖြင့်၊
33 ၃၃ ဣသရေလအမျိုးသားတို့သည် ဝမ်းမြောက်ခြင်း ရှိ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြ၏။ နောက်တဖန် ရုဗင်အမျိုး၊ ဂဒ်အမျိုးသားတို့နေသောပြည် ကို လုပ်ကြံအံ့သောငှါ စစ်ချီမည်ဟု အကြံမရှိကြ။
၃၃ဣသရေလ အမျိုးသားတို့သည် ဝမ်းမြောက်ခြင်းရှိ၍ ဘုရား သခင်၏ ကျေးဇူးတော်ကို ချီးမွမ်း ကြ၏။ နောက်တဖန် ရုဗင် အမျိုး ၊ ဂဒ် အမျိုးသား တို့နေ သောပြည် ကို လုပ်ကြံ အံ့သောငှါ စစ်ချီ မည်ဟု အကြံ မ ရှိကြ။
34 ၃၄ ရုဗင်အမျိုး၊ ဂဒ်အမျိုးသားတို့ကလည်း၊ ထာဝရ ဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို ဤယဇ် ပုလ္လင်သည် ငါတို့စပ်ကြားမှာ သက်သေခံပါစေသောဟု ဆိုလျက် ထိုပလ္လင်ကို ဧဒအမည်ဖြင့် မှည့်ကြ၏။
၃၄ရုဗင် အမျိုး ၊ ဂဒ် အမျိုးသား တို့ကလည်း ၊ ထာဝရဘုရား သည် ဘုရား သခင်ဖြစ်တော်မူကြောင်း ကို ဤယဇ် ပလ္လင်သည် ငါ တို့စပ်ကြား မှာ သက်သေခံ ပါစေသောဟု ဆိုလျက် ထိုပလ္လင်ကို ဧဒအမည်ဖြင့် မှည့် ကြ၏။

< ယောရှု 22 >