< ယောရှု 21 >
1 ၁ လေဝိသား အဆွေအမျိုးသူကြီးတို့သည်၊ ယဇ်ပု ရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ ဣသရေလအမျိုး တို့တွင် အဆွေအမျိုးသူကြီးတို့ထံသို့ ချဉ်းကပ်၍၊
Da gik Øversterne for Leviternes Fædrenehuse frem til Eleasar, Præsten, og til Josva, Nuns Søn, og til Øversterne for Fædrenehusene blandt Israels Børns Stammer,
2 ၂ အကျွန်ုပ်တို့ နေစရာဘို့ မြို့တို့ကို၎င်း၊ တိရစ္ဆာန် များတို့မြို့နယ်တို့ကို၎င်း ပေးစေခြင်းငှါ ထာဝရဘုရား သည် မောရှေအားဖြင့် မှာထားတော်မူပြီဟု ခါနာန်ပြည်၊ ရှိလောမြို့၌ ပြောဆိုကြလျှင်၊
og de talede til dem i Silo i Kanaans Land og sagde: Herren bød ved Mose, at man skulde give os Stæder at bo udi og deres Marker til vort Kvæg.
3 ၃ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မိမိတို့အမွေခံရသော မြေထဲ က၊ မြို့နှင့် မြို့နယ်တို့ကို ပေးကြ၏။
Da gave Israels Børn Leviterne af deres Arv, efter Herrens Mund, disse Stæder og deres Marker.
4 ၄ စာရေးတံပြု၍ ကောဟတ်အဆွေအမျိုးတို့သည် အမွေခံရာတွင်၊ လေဝိသား ယဇ်ပုရောဟိတ် အာရုန်၏ သားမြေးတို့သည် စာရေးတံပြုသောအားဖြင့်၊ ယုဒခရိုင်၊ ရှိမောင်ခရိုင်၊ ဗင်္ယာမိန်ခရိုင်ထဲက ဆယ်သုံးမြို့ကို ရကြ၏။
Og Lodden kom ud for Kahathiternes Slægter; og Arons, Præstens Børn af Leviterne fik af Judas Stamme og Simeons Stamme og af Benjamins Stamme ved Lodkastningen tretten Stæder.
5 ၅ ကြွင်းသော ကောဟတ်သားတို့သည် ဧဖရိမ် ခရိုင်၊ ဒန်ခရိုင်၊ မနာရှေခရိုင် ဝက်ထဲက ဆယ်မြို့ကို ရကြ၏။
Men de øvrige Kahaths Børn fik af Efraims Stammes Slægter og af Dans Stamme og af den halve Manasse Stamme ved Lodkastningen ti Stæder.
6 ၆ ဂေရရှုံသားတို့သည် စာရေးတံပြုသောအားဖြင့်၊ ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်၌ မနာရှေခရိုင်ဝက်ထဲက၊ ဆယ်သုံးမြို့ကို ရကြ၏။
Og Gersons Børn fik af Isaskars Stammes Slægter og af Asers Stamme og af Nafthali Stamme og af den halve Manasse Stamme i Basan ved Lodkastningen tretten Stæder.
7 ၇ မေရာရိသားတို့သည် အဆွေအမျိုးအလိုက် ရုဗင်ခရိုင်၊ ဂဒ်ခရိုင်၊ ဇာဗုလုန်ခရိုင်ထဲက၊ ဆယ်နှစ်မြို့ကို ရကြ၏။
Merari Børn efter deres Slægter fik af Rubens Stamme og af Gads Stamme og af Sebulons Stamme tolv Stæder.
8 ၈ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထား တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် စာရေးတံပြု၍ ထိုမြို့တို့ကို မြို့နယ်နှင့်တကွ လေဝိသား တို့အား ပေးကြ၏။
Saa gave Israels Børn Leviterne ved Lodkastning disse Stæder og deres Marker, ligesom Herren havde budet ved Mose.
9 ၉ ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသားခရိုင်ထဲ က ပေး၍ လေဝိသားဖြစ်သော ကောဟတ်အဆွေအမျိုး၊
Og de gave dem af Judas Børns Stamme og af Simeons Børns Stamme disse Stæder, som man nævnede ved Navn.
10 ၁၀ အာရုန်၏သားမြေးတို့သည် ပဌမစာရေးတံ အားဖြင့်ရသော မြို့တို့၏ အမည်များဟူမူကား၊
Og Arons Børn af Kahathiternes Slægter, af Levi Børn, fik disse — thi den første Lod var deres —
11 ၁၁ ယုဒခရိုင်တောင်ကြား၌ ဟေဗြုန်မြို့တည်းဟူ သော အာနကအဘ အာဘနေသောမြို့ကို မြို့နယ်နှင့် တကွ ပေးကြ၏။
og de gave ham Arba, Anoks Faders Stad, det er Hebron paa Judas Bjerg, og dens Agerland rundt omkring den.
12 ၁၂ သို့ရာတွင် မြို့နှင့်ဆိုင်သော လယ်များ၊ ရွာများ တို့ကို ယေဖုန္နာ၏သား ကာလက်အား အပိုင်ပေးကြ၏။
Og Stadens Mark og dens Landsbyer gave de Kaleb, Jefunne Søn, til hans Ejendom.
13 ၁၃ လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့ဖြစ်စေ ခြင်းငှါ၊ ဟေဗြုန်မြို့ကို မြို့နယ်နှင့်တကွ ယဇ်ပုရောဟိတ် အာရုန်၏သားမြေးတို့အား ပေးကြ၏။
Og de gave Arons, Præstens Børn Tilflugtsstaden for Manddrabere Hebron og dens Marker og Libna og dens Marker
14 ၁၄ ထိုမှတပါး၊ လိဗနမြို့နှင့်မြို့နယ်၊ ယတ္တိရမြို့နှင့် မြို့နယ်၊ ဧရှတေမောမြို့နှင့် မြို့နယ်၊
og Jathir og dens Marker og Esthemoa og dens Marker
15 ၁၅ ဟောလုန်မြို့နှင့် မြို့နယ်၊ ဒေဗိရမြို့နှင့် မြို့နယ်၊
og Holon og dens Marker og Debir og dens Marker
16 ၁၆ အဣနမြို့နှင့် မြို့နယ်၊ ယုတ္တမြို့နှင့် မြို့နယ်၊ ဗက်ရှေမက်မြို့နှင့် မြို့နယ်တည်းဟူသော ထိုခရိုင်နှစ်ခရိုင် ထဲက ကိုးမြို့တို့ကို၎င်း၊
og Ajin og dens Marker og Jutta og dens Marker og Beth-Semes og dens Marker, ni Stæder af disse to Stammer;
17 ၁၇ ဗင်္ယာမိန်ခရိုင်ထဲက ဂိဗောင်မြို့နှင့် မြို့နယ်၊ ဂေဗမြို့နှင့် မြို့နယ်၊
men af Benjamins Stamme: Gibeon og dens Marker, Geba og dens Marker,
18 ၁၈ အာနသုတ်မြို့နှင့် မြို့နယ်၊ အာလမုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို၎င်း ပေးကြ၏။
Anathoth og dens Marker og Almon og dens Marker, fire Stæder.
19 ၁၉ အာရုန်၏သားမြေး ယဇ်ပုရောဟိတ်တို့ရသော မြို့ပေါင်းကား၊ မြို့နယ်ပါသောမြို့ ဆယ်သုံးမြို့ရှိသတည်း။
Alle Præsternes, Arons Børns, Stæder vare tretten Stæder og deres Marker.
20 ၂၀ ကြွင်းသောကောဟတ်သား အဆွေအမျိုးဖြစ် သော လေဝိသားတို့သည် စာရေးတံပြု၍ ဧဖရိမ်ခရိုင်ထဲ က ရသည်အတိုင်း၊
Men Kahaths Børns Slægter, af Leviterne, de andre af Kahaths Børn, fik de Stæder, som hørte til deres Lod, af Efraims Stamme.
21 ၂၁ လူအသက်ကို သတ်မိသောသူမှီခိုရာမြို့ ဖြစ်စေ ခြင်းငှါ၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို မြို့နယ်နှင့် တကွ ပေးကြ၏။
Og de gave dem Tilflugtsstaden for Manddrabere Sikem og dens Marker, paa Efraims Bjerg, og Geser og dens Marker
22 ၂၂ ထိုမှတပါး ဂေဇာမြို့နှင့်မြို့နယ်၊ ကိဗဇိမ်မြို့နှင့် မြို့နယ်၊ ဗေသောရုန်မြို့နှင့် မြို့နယ်တည်းဟူသော လေး မြို့တို့ကို၎င်း၊
og Kibzaim og dens Marker og Beth-Horon og dens Marker, fire Stæder;
23 ၂၃ ဒန်ခရိုင်ထဲက ဧလတေကမြို့နှင့် မြို့နယ်၊ ဂိဗ္ဗိ သုန်မြို့နှင့် မြို့နယ်၊
og af Dans Stamme: Eltheke og dens Marker, Gibbethon og dens Marker,
24 ၂၄ အာဇလုန်မြို့နှင့် မြို့နယ်၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို၎င်း၊
Ajalon og dens Marker, Gath-Rimmon og dens Marker, fire Stæder;
25 ၂၅ မနာရှေခရိုင်ဝက်ထဲက တာနက်မြို့နှင့် မြို့နယ်၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တည်းဟူသော နှစ်မြို့တို့ကို၎င်း ပေးကြ၏။
og af den halve Manasse Stamme: Thaanak og dens Marker og Gath-Rimmon og dens Marker, to Stæder.
26 ၂၆ ကြွင်းသော ကောဟတ်သားအဆွေအမျိုးတို့ သည် ရသောမြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်မြို့ တည်း။
Alle Stæder vare ti og deres Marker for de andre Kahaths Børns Slægter.
27 ၂၇ လေဝိအဆွေအမျိုး၊ ဂေရရှုံသားတို့အားလည်း၊ မနာရှေခရိုင်ဝက်ထဲက လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့၊ ဗာရှန်ပြည်၌ ဂေါလန်မြို့နှင့် မြို့နယ်၊ ဗေရှတေ ရမြို့နှင့် မြို့နယ်တည်းဟူသော နှစ်မြို့တို့ကို၎င်း၊
Og Gersons Børn af Leviternes Slægter gave de af den halve Manasse Stamme: Tilflugtsstaden for Manddrabere Golan i Basan og dens Marker og Beesthera og dens Marker, to Stæder;
28 ၂၈ ဣသခါခရိုင်ထဲက ကိရှုန်မြို့နှင့် မြို့နယ်၊ ဒါဗရေ မြို့နှင့် မြို့နယ်၊
og af Isaskars Stamme: Kisjon og dens Marker, Dabrath og dens Marker,
29 ၂၉ ယာမုတ်မြို့နှင့် မြို့နယ်၊ အင်္ဂန္နမ်မြို့နှင့်မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း၊
Jarmuth og dens Marker, En-Gannim og dens Marker, fire Stæder;
30 ၃၀ အာရှာခရိုင်ထဲက မိရှလမြို့နှင့်မြို့နယ်၊ အာဗ ဒုန်မြို့နှင့် မြို့နယ်၊
og af Asers Stamme: Miseal og dens Marker, Abdon og dens Marker,
31 ၃၁ ဟေလကတ်မြို့နှင့် မြို့နယ်၊ ရဟောဘမြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို၎င်း၊
Helkath og dens Marker, og Rehob og dens Marker, fire Stæder;
32 ၃၂ နဿလိခရိုင်ထဲက၊ လူအသက်ကို သတ်မိသော သူမှီခိုရာမြို့၊ ဂါလိလဲပြည်၌ ကေဒေရှမြို့နှင့် မြို့နယ်၊ ဟမ္မုဒ္ဒေါမြို့နှင့် မြို့နယ်၊ ကာတံမြို့နှင့် မြို့နယ်တည်းဟူ သော သုံးမြို့တို့ကို၎င်း ပေးကြ၏။
og af Nafthali Stamme: Tilflugtsstaden for Manddrabere Kedes i Galilæa og dens Marker og Hamoth-Dor og dens Marker og Karthan og dens Marker, tre Stæder;
33 ၃၃ ဂေရရှုံသားတို့သည်၊ အဆွေအမျိုးအလိုက်ရ သော မြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်သုံးမြို့တည်း။
alle Gersoniternes Stæder efter deres Slægter vare tretten Stæder og deres Marker.
34 ၃၄ ကြွင်းသော လေဝိသား၊ မေရာရိအဆွေအမျိုးတို့ အား ဇာဗုလုန်ခရိုင်ထဲက ယောကနံမြို့နှင့် မြို့နယ်၊ ကာတမြို့နှင့်မြို့နယ်၊
Men til Merari Børns Slægter, som vare de øvrige af Leviterne, gave de af Sebulons Stamme: Jokneam og dens Marker, Kartha og dens Marker,
35 ၃၅ ဒိမနမြို့နှင့် မြို့နယ်၊ နဟာလာလမြို့နှင့်မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း၊
Dimna og dens Marker, Nahalal og dens Marker, fire Stæder;
36 ၃၆ ရုဗင်ခရိုင်ထဲက လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့၊ တော၌ ဗေဇာမြို့နှင့် မြို့နယ်၊ ယဟာဇမြို့နှင့် မြို့နယ်၊
og af Rubens Stamme: Bezer og dens Marker og Jahza og dens Marker,
37 ၃၇ ကေဒမုတ်မြို့နှင့်မြို့နယ်၊ မေဖတ်မြို့နှင့် မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း၊
Kedemoth og dens Marker og Mefaath og dens Marker, fire Stæder;
38 ၃၈ ဂဒ်ခရိုင်ထဲက၊ လူအသက်ကို သတ်မိသောသူမှီ ခိုရာမြို့၊ ဂိလဒ်ပြည်၌ ရာမုတ်မြို့နှင့် မြို့နယ်၊ မဟာနိမ်မြို့ နှင့် မြို့နယ်၊
og af Gads Stamme: Tilflugtsstaden for Manddrabere Ramoth i Gilead og dens Marker og Mahanajim og dens Marker,
39 ၃၉ ဟေရှဘုန်မြို့နှင့် မြို့နယ်၊ ယာဇာမြို့နှင့် မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း ပေးကြ၏။
Hesbon og dens Marker, Jaeser og dens Marker; alle de Stæder vare fire.
40 ၄၀ ကြွင်းသောလေဝိအဆွေအမျိုး မေရာရိသားတို့ သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက်ရသော မြို့ နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်နှစ်မြို့တည်း။
Alle disse vare Merari Børns Stæder efter deres Slægter, de øvrige af Leviternes Slægter, og deres Lod var tolv Stæder.
41 ၄၁ ဣသရေလအမျိုးသားနေရာ နိုင်ငံအဝင်၊ လေဝိသားနေသော မြို့ပေါင်းကား၊ မြို့နယ်နှင့်တကွ လေးဆယ်ရှစ်မြို့တည်း။
Alle Leviternes Stæder midt i Israels Børns Ejendom, vare otte og fyrretyve Stæder og deres Marker.
42 ၄၂ ထိုမြို့ရှိသမျှတို့သည် ပတ်ဝန်းကျင်နယ်နှင့် ပြည့် စုံလျက်ရှိသတည်း။
Disse Stæder laa hver for sig, med deres Marker trindt omkring; saaledes havde det sig med alle disse.
43 ၄၃ ထာဝရဘုရားကလည်း၊ ငါပေးမည်ဟု ဘိုးဘေး တို့အား ကျိန်ဆိုတော်မူသော ပြည်ရှိသမျှကို ဣသရေလ အမျိုးသားတို့အား ပေးတော်မူသဖြင့်၊ သူတို့သည် သိမ်းယူ ၍ နေရာကျကြ၏။
Og Herren gav Israel alt det Land, som han havde svoret at give deres Fædre, og de toge det i Eje og boede derudi.
44 ၄၄ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသမျှအတိုင်း၊ ပတ်ဝန်းကျင်အရပ်တို့၌ ငြိမ်ဝပ်ရာအခွင့်ကို ပေးတော်မူ သဖြင့်၊ သူတို့ရှေ့မှာ အဘယ်ရန်သူမျှမရပ်နိုင်။ ရန်သူ အပေါင်းတို့ကို သူတို့လက်သို့ အပ်တော်မူ၏။
Og Herren gav dem Rolighed trindt omkring, efter alt det, som han havde svoret deres Fædre; og ingen bestod for deres Ansigt af alle deres Fjender; Herren gav alle deres Fjender i deres Haand.
45 ၄၅ ထာဝရဘုရားသည် ဣသရေလအမျိုးအဘို့ မိန့်တော်မူသော ကောင်းကျိုးတစုံတပါးမျှမလျော့၊ ရှိသမျှ တို့သည် ပြည့်စုံကြ၏။
Der blev ikke et Ord til intet af alle de gode Ord, som Herren havde talet til Israels Hus, det opfyldtes alt sammen.