< ယောရှု 20 >
1 ၁ တဖန် ထာဝရဘုရားသည် ယောရှုကို ခေါ် တော်မူ၍၊
Yahvé habló a Moisés, diciendo:
2 ၂ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ငါသည် မောရှေအားဖြင့် မှာထားသည် အတိုင်း၊
“Habla a los hijos de Israel y diles: Señalaos las ciudades de refugio, de que os hablé por boca de Moisés;
3 ၃ လူအသက်ကို သတ်မည်ဟု အကြံမရှိဘဲ အမှတ် တမဲ့သတ်မိသောသူသည် ပြေး၍ မှီခိုရာမြို့တို့ကို ရွေး ထားကြလော့။ သေစားသေစေသောသူလက်နှင့် လွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။
para que pueda refugiarse allá el homicida que haya matado a un hombre por inadvertencia sin querer. Ellas os servirán de refugio contra el vengador de la sangre.
4 ၄ ထိုမြို့ တစုံတမြို့သို့ ပြေးသောသူသည် မြို့တံခါး ဝ၌ရပ်၍၊ ထိုမြို့၌ အသက်ကြီးသူတို့အား မိမိအမှုကို ကြား ပြောသောအခါ၊ သူတို့သည် မြို့ထဲသို့ခေါ်၍ သူတို့ထံမှာ နေရာချရကြမည်။
Él (homicida) podrá refugiarse en una de estas ciudades; presentándose a la entrada de la puerta de la ciudad, declarará su caso a los ancianos de aquella ciudad, los cuales lo recibirán entre ellos dentro de la ciudad, y le darán lugar para que habite con ellos.
5 ၅ သေစားသေစေသောသူသည် လိုက်လာလျှင်၊ သူ့လက်သို့ သတ်မိသောသူကို မအပ်ရ။ အကြောင်းမူ ကား၊ ထိုသူသည် မိမိအဘော်ကို အငြိုးမထားဘဲ အမှတ် တမဲ့သတ်မိ၏။
Y cuando lo persiguiere el vengador de la sangre, no han de entregar al homicida en su mano; porque mató a su prójimo, sin querer y sin tenerle rencor anteriormente.
6 ၆ ထိုသူသည် ပရိသတ်ရှေ့သို့ရောက်၍ တရား စီရင်ခြင်းကို မခံမှီသော်၎င်း၊ ထိုကာလ ယဇ်ပုရောဟိတ် မင်း မသေမှီသော်၎င်း ထိုမြို့၌နေရမည်။ ထိုနောက်မှ ပြန်လာ၍ အထက်ပြေးရသောမြို့၊ မိမိနေရင်းအိမ်၌ နေရသောအခွင့် ရှိရမည်ဟု မိန့်တော်မူသည်အတိုင်း၊
Y quedará en aquella ciudad hasta que comparezca en juicio ante la Congregación y hasta la muerte del sumo sacerdote que hubiere en aquellos días. Entonces el homicida podrá volver a entrar en su ciudad y su casa, en la ciudad de donde huyó.”
7 ၇ သူတို့သည် ဂါလိလဲပြည်၊ နဿလိတောင်ပေါ် မှာ ကေဒေရှမြို့၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့၊ ယုဒ တောင်ပေါ်မှာ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘ မြို့တို့ကို၎င်း၊
Designaron a Kedes en Galilea, en la montaña de Neftalí, a Siquem en la montaña de Efraím, y a Kiryat-Arba, o sea Hebrón, en la montaña de Judá.
8 ၈ ယော်ဒန်မြစ်တဘက်၊ ယေရိခေါမြို့အရှေ့မှာ ရုဗင်ခရိုင်၊ တောလွင်ပြင်၌ ဗေဇာမြို့၊ ဂဒ်ခရိုင်၊ ဂိလဒ် ပြည်၌ ရာမုတ်မြို့၊ မနာရှေခရိုင်၊ ဗာရှန်ပြည်၌ ဂေါလန် မြို့တို့ကို၎င်း ရွေးထားကြ၏။
Y al otro lado del Jordán, al oriente de Jericó, señalaron a Béser en el desierto, en la llanura de la tribu de Rubén, a Ramot en Galaad, de la tribu de Gad, y a Golán en Basan, de la tribu de Manasés.
9 ၉ ဤမြို့တို့ကား၊ ဣသရေလအမျိုးသားဖြစ်စေ၊ သူတို့တွင် တည်းခိုသော တပါးအမျိုးသားဖြစ်စေ၊ အမှတ် တမဲ့ လူအသက်ကို သတ်မိသောသူသည် သေစားသေစေ သောသူလက်နှင့်လွတ်၍ ပရိသတ်ရှေ့သို့ မရောက်မှီတိုင် အောင် ပြေးရသောအခွင့် ရှိစေခြင်းငှါ ရွေးထားသောမြို့ ဖြစ်သတည်း။
Estas fueron las ciudades señaladas para todos los hijos de Israel, y para los extranjeros que moran en medio de ellos, para que allí se refugiara cualquiera que matase a alguno por error, a fin de que no muriera por mano del vengador de la sangre, antes de comparecer en juicio ante la Congregación.