< ယောရှု 20 >

1 တဖန် ထာဝရဘုရားသည် ယောရှုကို ခေါ် တော်မူ၍၊
Og Herren tala til Josva og sagde:
2 သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ငါသည် မောရှေအားဖြင့် မှာထားသည် အတိုင်း၊
«Seg til Israels-sønerne at dei skal lata upp dei fredstaderne som eg hadde Moses til å tala til dykk um,
3 လူအသက်ကို သတ်မည်ဟု အကြံမရှိဘဲ အမှတ် တမဲ့သတ်မိသောသူသည် ပြေး၍ မှီခိုရာမြို့တို့ကို ရွေး ထားကြလော့။ သေစားသေစေသောသူလက်နှင့် လွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။
so den som av vanvare og uviljande hev drepe eit menneskje, kann få røma dit, og desse byarne soleis kann vera dykk til ei trygd mot blodhemnaren.
4 ထိုမြို့ တစုံတမြို့သို့ ပြေးသောသူသည် မြို့တံခါး ဝ၌ရပ်၍၊ ထိုမြို့၌ အသက်ကြီးသူတို့အား မိမိအမှုကို ကြား ပြောသောအခါ၊ သူတို့သည် မြို့ထဲသို့ခေါ်၍ သူတို့ထံမှာ နေရာချရကြမည်။
Dråpsmannen skal røma til ein av deim; han skal stiga fram i byporten og tala si sak for styresmennerne i byen, og dei skal taka vel imot honom og gjeva honom ein bustad hjå seg.
5 သေစားသေစေသောသူသည် လိုက်လာလျှင်၊ သူ့လက်သို့ သတ်မိသောသူကို မအပ်ရ။ အကြောင်းမူ ကား၊ ထိုသူသည် မိမိအဘော်ကို အငြိုးမထားဘဲ အမှတ် တမဲ့သတ်မိ၏။
Når so blodhemnaren kjem etter, skal dei ikkje lata honom få tak i dråpsmannen, so sant det er uviljande han hev drepe ein mann, og han ikkje bar hat til honom frå fyrr.
6 ထိုသူသည် ပရိသတ်ရှေ့သို့ရောက်၍ တရား စီရင်ခြင်းကို မခံမှီသော်၎င်း၊ ထိုကာလ ယဇ်ပုရောဟိတ် မင်း မသေမှီသော်၎င်း ထိုမြို့၌နေရမည်။ ထိုနောက်မှ ပြန်လာ၍ အထက်ပြေးရသောမြို့၊ မိမိနေရင်းအိမ်၌ နေရသောအခွင့် ရှိရမည်ဟု မိန့်တော်မူသည်အတိုင်း၊
Han skal bu der i byen til han hev stade fram for lyden og fenge sin dom, og so til den øvstepresten som då liver, er avliden; då kann dråpsmannen fara heim att til sin eigen by og til huset sitt, til den byen han laut røma ifrå.»
7 သူတို့သည် ဂါလိလဲပြည်၊ နဿလိတောင်ပေါ် မှာ ကေဒေရှမြို့၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့၊ ယုဒ တောင်ပေါ်မှာ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘ မြို့တို့ကို၎င်း၊
Då vigde dei desse byarne til fredstader: Kedes i Galilæa på Naftalifjellet og Sikem på Efraimsfjellet og Kirjat-Arba, som no heiter Hebron, på Judafjellet.
8 ယော်ဒန်မြစ်တဘက်၊ ယေရိခေါမြို့အရှေ့မှာ ရုဗင်ခရိုင်၊ တောလွင်ပြင်၌ ဗေဇာမြို့၊ ဂဒ်ခရိုင်၊ ဂိလဒ် ပြည်၌ ရာမုတ်မြို့၊ မနာရှေခရိုင်၊ ဗာရှန်ပြည်၌ ဂေါလန် မြို့တို့ကို၎င်း ရွေးထားကြ၏။
Og austanfor Jordan, som renn frammed Jeriko, let dei upp desse: i Rubensfylket: Beser i øydemarki, på høgsletta; i Gadsfylket: Ramot i Gilead; i Manassefylket: Golan i Basan.
9 ဤမြို့တို့ကား၊ ဣသရေလအမျိုးသားဖြစ်စေ၊ သူတို့တွင် တည်းခိုသော တပါးအမျိုးသားဖြစ်စေ၊ အမှတ် တမဲ့ လူအသက်ကို သတ်မိသောသူသည် သေစားသေစေ သောသူလက်နှင့်လွတ်၍ ပရိသတ်ရှေ့သို့ မရောက်မှီတိုင် အောင် ပြေးရသောအခွင့် ရှိစေခြင်းငှါ ရွေးထားသောမြို့ ဖြစ်သတည်း။
Dette var dei byarne som vart kåra til fredstader åt alle Israels-sønerne og åt dei framande som heldt til hjå deim, so den som av vanvare drep eit menneskje, kunde røma dit og ikkje skulde døy for hemnarhand, fyrr han hev stade til doms for lyden.

< ယောရှု 20 >