< ယောရှု 2 >
1 ၁ နုန်၏သားယောရှုသည် သူလျှိုနှစ်ယောက်ကို ရှိတ္တိမ်မြို့မှ တိတ်ဆိတ်စွာစေလွှတ်လျက်၊ ခါနာန်ပြည် ယေရိခေါမြို့ကို သွား၍ ကြည့်ရှုကြလော့ဟု မှာထားလိုက် သည်အတိုင်း၊ သူတို့သည် သွားပြီးလျှင် ရာခပ်အမည်ရှိ သော ပြည်တန်ဆာမိန်းမအိမ်သို့ ဝင်၍နေလေ၏။
Na Joshua el supwala mwet luo liki acn Shittim in lukma, tuh elos in kalngeyuk in acn Canaan, yokna ke siti Jericho. Ke elos sun siti sac, elos utyak nu in lohm sin sie mutan kosro su eis molin kosro lal, tuh elos in mongla we ke fong sac. Inen mutan sac pa Rahab.
2 ၂ ပြည်သားအချို့တို့ကလည်း၊ ဤပြည်ကို စူးစမ်း ခြင်းငှါ ဣသရေလအမျိုးသားအချို့တို့သည် ယနေ့ည မှာ မြို့တွင်းသို့ ဝင်ပါပြီဟု ယေရိခေါမင်းကြီးအား လျှောက်ကြားကြသည် ရှိသော်၊
Tokosra lun Jericho el lohngak lah oasr mwet Israel tuku in fong sac in kalngeyuk in acn Canaan,
3 ၃ ယေရိခေါမင်းကြီးသည် ရာခပ်အား သင့်ဆီသို့ ရောက်လာ၍၊ သင့်အိမ်သို့ဝင်သောသူတို့ကို အပ်လော့။ သူတို့သည် တပြည်လုံးကို စူးစမ်းခြင်းငှါ ရောက်လာပြီဟု အမိန့်တော်နှင့် စေလွှတ်လေ၏။
na el sapla nu sel Rahab ac fahk, “Mwet ma tuku nu in lohm sum an ingan elos tuku in kalngei facl se inge! Supwaltalma!”
4 ၄ ရာခပ်သည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထား နှင့်ပြီးမှ ကျွန်မဆီသို့ လူရောက်သည် မှန်ပါ၏။ သို့ရာ တွင် အဘယ်အရပ်ကလာသည်ကို မသိပါ။
A mutan sac el tuh usla mwet luo ac okanultalla. Na el fahk, “Pwaye oasr mwet tuku nu lohm uh, tuh nga tia etu lah elos tuku oya me.
5 ၅ မိုဃ်းချုပ်၍ တံခါးပိတ်ချိန်ရှိသောအခါ၊ သူတို့ သည် ထွက်သွားကြပါ၏။ အဘယ်အရပ်သို့ ထွက်သွား သည်ကို မသိပါ။ အလျင်အမြန်လိုက်ကြလော့။ မှီကောင်း မှီပါလိမ့်မည်ဟု ပြန်ပြော၏။
Tusruk elos som meet liki kauli mutunpot lun siti uh ke eku. Nga tia pac etu lah elos som nu oya. Kowos fin sa ukwalos kowos ku in sonolos.”
6 ၆ သို့ဆိုသော်လည်း ထိုသူတို့ကို အိမ်အပေါ်သို့ တက်စေ၍၊ အမိုးပေါ်မှာဖြန့်ထားသော ပိုက်ဆန်ရိုးထဲ၌ ဝှက်ထားနှင့်ပြီ။
Sruhk el usalosyak okanulosla ye kahp in sak flax ma el filiya fin mangon lohm sel ah.
7 ၇ မင်းလုလင်တို့သည် ယော်ဒန်မြစ်ကူးရာလမ်းသို့ လိုက်ကြ၏။ မြို့ပြင်သို့ရောက်ကြပြီးမှ မြို့တံခါးများကို ပိတ်ကြ၏။
Ke mwet lun tokosra inge illa in ukwe mwet luo ah, na mutunpot ah kauli. Elos ukwe mwet kalngeyuk luo ah nwe ke elos sun sisken Infacl Jordan.
8 ၈ သူလျှိုတို့သည် မအိပ်မှီ မိန်းမသည် သူတို့ရှိရာ အိမ်မိုးပေါ်သို့တက်၍၊
Meet liki mwet kalngeyuk luo ah motulla in fong sac, Rahab el fanyak nu yoroltal nu fin lohm ah.
9 ၉ ထာဝရဘုရားသည် သင်တို့အား ဤပြည်ကို ပေး တော်မူကြောင်းကို၎င်း၊ သင်တို့ကို ငါတို့ကြောက်လန့်အား ကြီး၍ သင်တို့ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက်ကြောင်းကို၎င်း ကျွန်မသိပါ၏။
El fahk nu seltal, “Nga etu tuh LEUM GOD El sot nu suwos facl se inge. Mwet nukewa in facl se inge elos arulana sangeng suwos.
10 ၁၀ သင်တို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ၊ ဧဒုံပင်လယ်ရေကို ထာဝရဘုရား ခန်းခြောက်စေတော်မူ ကြောင်းကို၎င်း၊ ယော်ဒန်မြစ်တဘက်၌နေ၍ သင်တို့ ရှင်းရှင်းဖျက်ဆီးသော အာမောရိရှင်ဘုရင် ရှိဟုန်နှင့် ဩဃတို့၌ သင်တို့ပြုသောအမှုကို၎င်း၊ အကျွန်ုပ်တို့ကြား ရကြပြီ။
Kut lohng ke ma usrnguk LEUM GOD El tuh orala ke El akpaoyela kof ke Meoa Srusra ye motowos ke kowos illa liki Egypt. Kut lohng pac lah kowos uniya tokosra luo lun mwet Amor — Sihon ac Og — su muta kutulap in Infacl Jordan.
11 ၁၁ ထိုသိတင်းကိုကြားသောအခါ၊ အကျွန်ုပ်တို့သည် စိတ်ပျက်၍ သင်တို့ကြောင့် တစုံတယောက်သောသူ၌မျှ ရဲရင့်ခြင်းသတ္တိ အလျှင်းမကျန်ကြွင်းပါ။ အကြောင်းမူ ကား၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် အထက် ကောင်းကင်ဘုံ၌၎င်း၊ အောက်အရပ်မြေကြီး၌၎င်း၊ အစိုး ရသော ဘုရားသခင်ဖြစ်တော်မူ၏။
Ke kut lohngak ah kut arulana sangeng suwos, ac insiasr foroti. LEUM GOD lowos El God lun kusrao ac fin faclu.
12 ၁၂ သို့ဖြစ်၍ သင်တို့၌ ကျွန်မသည် ကျေးဇူးပြုသော ကြောင့် သင်တို့သည် ကျွန်မပေါက်ဘော်တို့၌ ကျေးဇူးပြု ၍၊
Inge fulahk nu sik ke Inen LEUM GOD lah kowos fah oru kulang nu sin sou luk, oana nga tuh oru kulang nu suwos. Ase sie mwe akul tuh ngan ku in lulalfongi komtal.
13 ၁၃ ကျွန်မမိဘ၊ ညီအစ်မ၊ မောင်အစရှိသော သူတို့ နှင့်ဆိုင်သမျှသော သူတို့ကို မသတ်ဘဲ အသက်ချမ်းသာ ပေးမည်ဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုကြပါ။ မှန်သောလက္ခဏာသက်သေကိုလည်း ပေးခဲ့ကြပါဟုဆို လျှင်၊
Wulela nu sik lah komtal ac molela papa tumuk ac nina kiuk, oayapa tamulel ac tamtael wiuk ac sou lalos nukewa, ac molikutla liki misa!”
14 ၁၄ ထိုသူတို့က၊ သင်သည် ငါတို့အမှုကို မဘော်မပြ လျှင် သင့်အသက်အတွက် ငါတို့အသက်သည် အာမခံ ဖြစ်စေတော့။ ဤပြည်ကို ထာဝရဘုရားပေးတော်မူသော အခါ၊ သင်၌ သစ္စာစောင့်၍ ကျေးဇူးပြုမည်ဟု ဝန်ခံကြ၏။
Na eltal fahk nu sel, “Kom fin tia fahkak ma kut oru inge, kut wulela nu sum lah ke God El ac fah ase facl se inge nu sesr, kut ac fah oru in wo nu suwos. Lela kut in misa kut fin tia oru oana ma kut fahk inge.”
15 ၁၅ ထိုမိန်းမနေရာ အိမ်သည် မြို့ရိုးနားမှာရှိသော ကြောင့်၊ ထိုသူတို့ကို ပြတင်းပေါက်ကကြိုးနှင့် လျှော့ချ လျက်၊
Lohm sel Rahab oanna sisken pot in siti uh. Ke ma inge el koela mwet inge liki winto lal ke sucl soko.
16 ၁၆ သင်တို့သည် လိုက်၍ရှာသောသူတို့နှင့် လွတ် မည်အကြောင်း တောင်ပေါ်သို့ပြေး၍ သုံးရက်ပုန်းနေကြ ပါ။ ရှာသောသူတို့သည် ပြန်သောနောက်မှ သွားကြပါဟု ဆိုလျှင်၊
Na el fahk nu selos, “Kaingyak nu fineol uh, tuh mwet ukwe kowos ingan in tia konekowosyak. Wikwik we len tolu nwe ke na mwet ingan foloko, na kowos tufah som inkanek lowos.”
17 ၁၇ ထိုသူတို့က၊ သင်သည် ကျိန်ဆိုစေသောအကျိန် ကြောင့်၊ ငါတို့၌ အပြစ်မရောက်ပါစေနှင့်။
Ac eltal fahk nu sel, “Kut fah karinganang wulela lasr nu sum, fal nu ke enenu lom nu sesr.
18 ၁၈ ဤပြည်သို့ ငါတို့ရောက်လာသောအခါ၊ ယခု လျှော့ချသော ပြတင်းပေါက်၌ ဤကြိုးနီကို ချည်ထား၍၊ သင့်မိဘ၊ သင့်မောင်များနှင့် ပေါက်ဘော်များအပေါင်းတို့ ကို သင့်အိမ်၌ ခေါ်ထားရမည်။
Pa inge ma kom enenu in oru. Ke pacl se kut ac foloko mweuni facl se inge, kom fah kapriya fu srusra soko inge ke winto se kom kwikutla we ah. Na kom fah eisani papa tomom ac nina kiom ac tamulel lom ac mwet nukewa in sou lun papa tomom nu in lohm uh.
19 ၁၉ ထိုအခါ သင့်အိမ်ထဲက လမ်းသို့ထွက်သွားသော သူမည်သည်ကား၊ သေလျှင်သေပြစ်ကို ကိုယ်တိုင်ခံစေ၊ ငါတို့သည် အပြစ်လွတ်စေ။ သင့်အိမ်၌ ရှိသောသူမည် သည်ကို အသေသတ်လျှင် သေပြစ်ကို ငါတို့သည် ခံစေ။
Kutena mwet fin illa liki lohm uh ac misa likinum uh, mwata ac fah oan facl sifacna ac wangin ip lasr kac. Tuh fin oasr mwet sun ongoiya ke elos mutana yurum lohm uh, oasr ip lasr kac, ac mwata ac fah oan facsr.
20 ၂၀ ငါတို့အမှုကိုလည်း သင်သည် ဘော်ပြလျှင်၊ သင်ယခုကျိန်ဆိုစေသော အကျိန်နှင့် ငါတို့သည် လွတ်စေ ဟုဆိုလျှင်၊
Tusruktu, kom fin fahkak nu sin kutena mwet ma kut oru inge, kut ac fah tia karingin wulela se su kom sap kut in wulela nu sum kac.”
21 ၂၁ မိန်းမက၊ သင်တို့စကားရှိသည်အတိုင်း ဖြစ်ပါ စေတော့ဟု ဝန်ခံလျက် လွှတ်လိုက်၍ သူတို့သည် သွားကြ ၏။ မိန်းမသည်လည်း ထိုကြေးနီကို ပြတင်းပေါက်၌ ချည်ထားလေ၏။
Rahab el insesela nu seltal ac supwaltalla. Ke eltal som, el kapriya fu srusra soko ah ke winto uh.
22 ၂၂ ထိုသူတို့သည် တောင်ပေါ်သို့ရောက်အောင် သွား၍ လိုက်ရှာသောသူတို့ မပြန်မှီတိုင်အောင် သုံးရက် နေကြ၏။ ရှာသောသူတို့သည်လည်း လမ်းတရှောက်လုံး ရှာ၍ မတွေ့ကြ။
Mwet kalngeyuk inge eltal som nu fineol uh ac wikla we. Mwet lun tokosra elos sokoltal in facl sac nufon ke lusen len tolu, tuh elos tiana konaltalak. Na elos folokla nu Jericho.
23 ၂၃ ထိုလူနှစ်ယောက်တို့သည် လှည့်၍ တောင်ပေါ် က ဆင်းပြီးမှ မြစ်ကို ကူးသဖြင့်၊ နုန်၏သား ယောရှုထံသို့ ရောက်၍၊ မိမိတို့၌ ဖြစ်သမျှတို့ကို ပြန်ကြားလျက်၊
Na mwet kalngeyuk luo ah tufoki liki fineol uh ac fahsr sasla Infacl Jordan ac folokla nu yorol Joshua. Eltal srumun nu sel ma nukewa ma tuh sikyak nu seltal.
24 ၂၄ အကယ်စင်စစ် ထာဝရဘုရားသည် ထိုပြည် တရှောက်လုံးကို ငါတို့လက်သို့ အပ်တော်မူပြီ။ ငါတို့ ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက် လျက် ရှိကြပါ၏ဟု ယောရှုအား လျှောက်ဆို၏။
Ac eltal fahk mu, “Pwayena LEUM GOD El ase facl sac nufon nu inpaosr. Mwet nukewa we arulana sangeng sesr.”