< ယောရှု 19 >

1 ဒုတိယတကြိမ်စာရေးတံပြု၍၊ ရှိမောင်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ယုဒအမွေမြေအတွင်း ၌ အမွေခံရကြ၏။
ဒု​တိ​ယ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​ရှိ​မောင်​အ​နွယ်​ဝင် မိ​သား​စု​တို့​နယ်​မြေ​ရ​ရှိ​ကြ​၏။ ထို​နယ် မြေ​သည်​ယု​ဒ​အ​နွယ်​ဝင်​တို့​အား​ခွဲ​ဝေ ပေး​သော​နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​သည်။-
2 သူတို့အမွေမြေ၌ရှိသော မြို့များဟူမူကား၊ ဗေရ ရှေဘမြို့၊ မောလဒါမြို့၊
ထို​နယ်​မြေ​တွင်​ဗေ​ရ​ရှေ​ဘ​မြို့၊ ရှေ​ဘ​မြို့၊ မော​လ​ဒါ​မြို့၊-ဟာ​ဇာ​ရွှာ​လ​မြို့၊ ဗာ​လာ​မြို့၊ အာ​ဇင်​မြို့၊ ဧ​လ​တော​လဒ်​မြို့၊ ဗေ​သု​လ​မြို့၊ ဟော​မာ​မြို့၊ ဇိ​က​လတ်​မြို့၊ ဗက်​မာ​က​ဗုတ် မြို့၊ ဟာ​ဇာ​သု​သ​မြို့၊-
3 ဟာဇာရွာလမြို့၊ ဗာလာမြို့၊ အာဇင်မြို့၊
4 ဧလတောလဒ်မြို့၊ ဗေသူလမြို့၊ ဟေမာမြို့၊
5 ဇိကလတ်မြို့၊ ဗက်မာကဗုတ်မြို့၊ ဟာဇာသုသမြို့၊
6 ဗက်လေဗောက်မြို့၊ ရှရုဟင်မြို့၊ ရွာနှင့်တကွ ဆယ်သုံးမြို့တည်း။
ဗက်​လေ​ဗောက်​မြို့၊ ရှ​ရု​ဟင်​မြို့​စ​သော​မြို့ ကြီး​တစ်​ဆယ့်​သုံး​မြို့​နှင့်​ယင်း​တို့​၏​ပတ် ဝန်း​ကျင်​ရှိ​မြို့​များ​ပါ​ဝင်​သည်။-
7 ထိုမှတပါး၊ အင်ရိမ္မုန်မြို့၊ တောခင်မြို့၊ ဧသာမြို့၊ အာရှန်မြို့၊ ရွာနှင့်တကွ လေးမြို့တည်း။
ထို့​အ​ပြင်​အင်​မြို့၊ ရိမ္မုန်​မြို့၊ ဧ​သာ​မြို့၊ အာ​ရှန် မြို့​စ​သော​မြို့​ကြီး​လေး​မြို့​နှင့်​ယင်း​တို့​၏ ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​လည်း​ပါ​ဝင်​သည်။-
8 ထိုမှတပါး တောင်မျက်နှာ၌ ဗာလတ်ဗေရရာ မတ်မြို့တိုင်အောင် အထက်ဆိုခဲ့ပြီးသော မြို့ပတ်ဝန်း ကျင် ရွာရှိသမျှပါသတည်း။ ဤရွေ့ကား ရှိမောင်အမျိုး သားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
ထို​မြို့​ကြီး​များ​၏​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ မှာ​တောင်​ဘက်​ဗာ​လတ်​ဗေ​ရ​မြို့(ရာ​မတ်​မြို့) အ​ထိ​တည်​ရှိ​သော​မြို့​အား​လုံး​ပါ​ဝင်​လေ သည်။ ဤ​နယ်​မြေ​သည်​ရှိ​မောင်​အ​နွယ်​မိ​သား စု​တို့​ပိုင်​သော​နယ်​မြေ​ဖြစ်​သည်။-
9 ရှိမောင်အမွေမြေသည် ယုဒအမျိုးသားခံသော အဘို့ထဲက နှုတ်ရ၏။ ယုဒအမျိုးသားတို့အဘို့သည် ကြီး ကျယ်သောကြောင့်၊ သူတို့အမွေမြေအတွင်း၌ ရှိမောင် အမျိုးသားတို့သည် အမွေခံရကြ၏။
ယု​ဒ​အ​နွယ်​အ​တွက်​ဝေ​စု​သည်​လို​အပ် သည်​ထက်​ပို​၍​ကျယ်​ဝန်း​သော​ကြောင့် ရှိ​မောင် အ​နွယ်​အား​ထို​နယ်​မြေ​မှ​ခွဲ​ဝေ​ပေး​ခြင်း ဖြစ်​သည်။
10 ၁၀ တတိယတကြိမ်စာရေးတံပြု၍ ဇာဗုလုန်အမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။ သူတို့ အမွေမြေအပိုင်းအခြားသည် စာရိဒ်မြို့မှထွက်၍၊
၁၀တ​တိ​ယ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​ဇာဗုလုန်​အ​နွယ်​မိ​သား စု​တို့​နယ်​မြေ​ကို​ရ​ရှိ​ကြ​၏။ သူ​တို့​ရ​ရှိ သော​နယ်​မြေ​သည်​စာ​ရိဒ်​မြို့​အ​ထိ​ကျယ် ပြန့်​သည်။-
11 ၁၁ အနောက်သို့သွားလျက် မရာလမြို့၊ ဒဗ္ဗရှက်မြို့ သို့၎င်း၊ ယောကနံမြို့ရှေ့မှာရှိသော မြစ်သို့၎င်း မှီလေ၏။
၁၁နယ်​နိ​မိတ်​သည်​ထို​မြို့​မှ​ဒဗ္ဗရှက်​မြို့​နှင့်​ယော က​နံ​မြို့​အ​ရှေ့​ဘက်​ရှိ​ချောင်း​ကို​ဖြတ်​၍ အ​နောက်​ဘက်​ရှိ​မ​ရာ​လ​မြို့​အ​ထိ ရောက်​သည်။-
12 ၁၂ တဖန် စာရိဒ်မြို့မှ နေထွက်ရာအရှေ့မျက်နှာသို့ လှည့်သဖြင့်၊ ခိသလုတ္တာဗော်မြို့၊ ဒါဗရတ်မြို့သို့ ရောက်ပြီး လျှင်၊ ယာဖျာမြို့သို့ တက်လေ၏။
၁၂နယ်​နိ​မိတ်​သည်​စာ​ရိဒ်​မြို့​မှ​အ​ရှေ့​ဘက် ခိ​သ​လုတ္တာ​ဗော်​မြို့​နယ်​စပ်​အ​ထိ​သွား​၏။ ထို​မှ​ဒါ​ဗ​ရတ်​မြို့​သို့​ရောက်​ပြီး​လျှင် ယာ​ဖျာ​မြို့​သို့​တက်​သွား​၏။-
13 ၁၃ ထိုမြို့မှစ၍ အရှေ့ဘက်နားမှာလိုက်လျက်၊ ဂိတ္တ ဟေဖါမြို့၊ အိတ္တကာဇိန်မြို့၊ ရိမ္မုန်မေသောရနေအာမြို့သို့ ရောက်လေ၏။
၁၃ထို​မှ​အ​ရှေ့​ဘက်​ဂိတ္တ​ဟေ​ဖာ​မြို့​နှင့်​အိတ္တ ကာ​ဇိန်​မြို့​သို့​ရောက်​၍ ရိမ္မုန်​မြို့​သို့​သွား ရာ​လမ်း​ရှိ​နေ​အာ​မြို့​သို့​လှည့်​သွား​၏။-
14 ၁၄ မြောက်ဘက်၌လည်း ဝိုင်းသဖြင့်၊ ဟန္နသုန်မြို့ သို့ရောက်၍ ယိဖသေလချိုင့်၌ ဆုံးလေ၏။
၁၄မြောက်​ဘက်​နယ်​နိ​မိတ်​သည်​ဟန္နသုန်​မြို့​ဘက် သို့​လှည့်​၍ ယိ​ဖ​သေ​လ​ချိုင့်​ဝှမ်း​၌​အ​ဆုံး သတ်​သည်။-
15 ၁၅ ထိုမှတပါး၊ ကတ္တတ်မြို့၊ နဟာလာလမြို့၊ ရှိမရုန် မြို့၊ ဣဒလမြို့၊ ဗက်လင်မြို့တည်းဟူသော ရွာနှင့်တကွ ဆယ်နှစ်မြို့ရှိသတည်း။
၁၅ထို​နယ်​မြေ​တွင်​ကတ္တတ်​မြို့၊ န​ဟာ​လာ​လ​မြို့၊ ရှိ​မ​ရုန်​မြို့၊ ဣ​ဒ​လ​မြို့၊ ဗက်​လင်​မြို့​စ​သော မြို့​ကြီး​တစ်​ဆယ့်​နှစ်​မြို့​နှင့်​ယင်း​တို့​၏ ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​ပါ​ဝင်​သည်။-
16 ၁၆ ဤရွေ့ကား မြို့ရွာပါလျက် ဇာဗုလုန်အမျိုးသား တို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
၁၆ဤ​မြို့​ကြီး​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့ များ​သည်​ဇာ​ဗု​လုန်​အ​နွယ်​မိ​သား​စု​တို့ ပိုင်​သော​နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​လေ သည်။
17 ၁၇ စတုတ္ထတကြိမ် စာရေးတံပြု၍ ဣသခါအမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
၁၇စ​တုတ္ထ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​ဣ​သ​ခါ​အ​နွယ် မိ​သား​စု​တို့​နယ်​မြေ​ရ​ရှိ​ကြ​၏။-
18 ၁၈ သူတို့အပိုင်းအခြားသည် ယေဇရေလမြို့၊ ခေသု လုတ်မြို့၊ ရှုနင်မြို့၊
၁၈ထို​နယ်​မြေ​တွင်​ယေ​ဇ​ရေ​လ​မြို့၊ ခေ​သု လုတ်​မြို့၊ ရှု​နင်​မြို့၊-
19 ၁၉ ဟာဖရိမ်မြို့၊ ရှိဟုန်မြို့၊ အာနဟာရတ်မြို့၊
၁၉ဟာ​ဖ​ရိမ်​မြို့၊ ရှိ​ဟုန်​မြို့၊ အာ​န​ဟာ​ရတ်​မြို့၊- ရဗ္ဗိတ်​မြို့၊​ကိ​ရှုန်​မြို့၊ အာ​ဗက်​မြို့၊- ရေ​မက်​မြို့၊ အင်္ဂန္နိမ်​မြို့၊ အင်္ဟဒ္ဒါ​မြို့၊ ဗက်​ပဇ္ဇက်​မြို့​များ​ပါ​ဝင် သည်။-
20 ၂၀ ရဗ္ဗိတ်မြို့၊ ကိရှုန်မြို့၊ အာဗက်မြို့၊
၂၀
21 ၂၁ ရေမက်မြို့၊ အင်္ဂန္နမြို့၊ အင်္ဟဒ္ဒါမြို့၊ ဗက်ပဇ္ဇက်မြို့ ပါလျက်၊
၂၁
22 ၂၂ တာဗော်မြို့၊ ရာဟဇိမမြို့၊ ဗက်ရှေမက်မြို့သို့ ရောက်၍ ယော်ဒန်မြစ်၌ ဆုံးလေ၏။ ရွာနှင့်တကွ ဆယ် ခြောက်မြို့ရှိသတည်း။
၂၂နယ်​နိ​မိတ်​သည်​တာ​ဗော်​မြို့၊ ရှာ​ဟ​ဇိ​မ​မြို့၊ ဗက်​ရှေ​မက်​မြို့​များ​ကို​ဖြတ်​၍​ယော်​ဒန်​မြစ် တွင်​အ​ဆုံး​သတ်​သည်။ ဤ​နယ်​မြေ​တွင်​မြို့ ကြီး​တစ်​ဆယ့်​ခြောက်​မြို့​နှင့်​ယင်း​တို့​၏ ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​ပါ​ဝင်​သည်။-
23 ၂၃ ဤရွေ့ကား မြို့ရွာပါလျက် ဣသခါအမျိုးသား တို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
၂၃ထို​မြို့​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​သည် ဣ​သ​ခါ​အ​နွယ်​မိ​သား​စု​များ​အ​ပိုင်​ရ သော​နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​လေ​သည်။
24 ၂၄ ပဥ္စမတကြိမ် စာရေးတံပြု၍ အာရှာအမျိုးသား တို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
၂၄ပဉ္စမ​အ​ကြိမ် မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​အာရှာ​အ​နွယ် မိ​သား​စု​တို့​သည်​နယ်​မြေ​ကို​ရ​ရှိ​ကြ ၏။-
25 ၂၅ သူတို့အပိုင်းအခြားသည် ဟေလကတ်မြို့၊ ဟာလိမြို့၊ ဗေတင်မြို့၊ အာခရှပ်မြို့၊
၂၅ထို​နယ်​မြေ​တွင်​ဟေ​လ​ကတ်​မြို့၊ ဟာ​လိ​မြို့၊ ဗေ​တင်​မြို့၊ အာ​ခ​ရှပ်​မြို့၊-
26 ၂၆ အာလမ္မေလက်မြို့၊ အာမဒ်မြို့၊ မိရှာလမြို့ပါ လျက်၊ အနောက်မျက်နှာ၌ ကရမေလမြို့၊ ရှိဟောရလိဗ နတ်မြို့သို့ ရောက်လေ၏။
၂၆အ​လမ္မေ​လက်​မြို့၊ အာ​မဒ်​မြို့၊ မိ​ရှာ​လ​မြို့​များ ပါ​ဝင်​သည်။ အ​နောက်​နယ်​နိ​မိတ်​သည်​က​ရ မေ​လ​မြို့​နှင့်​ရှိ​ဟော​ရ​လိ​ဗ​နတ်​မြို့​များ ကို​ဖြတ်​သွား​သည်။-
27 ၂၇ တဖန် နေထွက်ရာဘက်သို့လှည့်၍ ဗက်ဒါဂုန် မြို့၊ ဇာဗုလုန်ခရိုင်၊ ယိဖသေလချိုင့်ကို ရှောက်သဖြင့်၊ မြောက်မျက်နှာသို့သွား၍ ဗေသမက်မြို့၊ နယေလမြို့၊ ကာ ဗုလမြို့၊
၂၇ထို​နောက်​အ​ရှေ့​ဘက်​သို့​လှည့်​၍​ဗက်​ဒါ​ဂုန် မြို့​သို့​ရောက်​ပြီး​လျှင် ဇာ​ဗု​လုန်​နယ်​မြေ​နှင့် ယိ​ဖ​သေ​လ​ချိုင့်​ဝှမ်း​ကို​ဖြတ်​လျက် မြောက် ဘက်​ဗေ​သ​မက်​မြို့​နှင့်​န​ယေ​လ​မြို့​သို့ ရောက်​သည်။ တစ်​ဖန်​မြောက်​ဘက်​သို့​ဆက် ၍​ကာ​ဗု​လ​မြို့၊-
28 ၂၈ ဟေဗြုန်မြို့၊ ရဟောဘမြို့၊ ဟမ္မုန်မြို့၊ ကာနမြို့၊ ဇိဒုန်မြို့ကြီးတိုင်အောင် ရောက်ပြီးလျှင်၊
၂၈ဧ​ဗြုန်​မြို့၊ ရ​ဟော​ဘ​မြို့၊ ဟမ္မုန်​မြို့၊ ကာ​န​မြို့ များ​မှ​ဇိ​ဒုန်​မြို့​အ​ထိ​ရောက်​သည်။-
29 ၂၉ ရာမမြို့၊ ခိုင်ခံ့သောတုရုမြို့၊ ဟောသမြို့သို့ လှည့်လျက်၊ ပင်လယ်ကမ်းပါးမှစ၍ အာခဇိပ်မြို့တိုင် အောင် ပင်လယ်၌ဆုံးလေ၏။
၂၉ထို​မှ​တစ်​ဖန်​ရာ​မ​မြို့​ဘက်​သို့​လှည့်​ပြီး​လျှင် တံ​တိုင်း​ကာ​ရံ​ထား​သော​တု​ရု​မြို့​သို့​ရောက် သည်။ ထို​နောက်​ဟော​သ​မြို့​သို့​လှည့်​ပြီး​လျှင် မြေ​ထဲ​ပင်​လယ်​၌​အ​ဆုံး​သတ်​သည်။ နယ် မြေ​တွင်​မ​ဟာ​လပ်​မြို့၊ အာ​ခ​ဇိပ်​မြို့၊-
30 ၃၀ အုမ္မမြို့၊ အာဖက်မြို့၊ ရဟောဘမြို့နှင့်တကွ ရွာပါလျက် နှစ်ဆယ်နှစ်မြို့ရှိသတည်း။
၃၀အုမ္မ​မြို့၊ အာ​ဖက်​မြို့၊ ရ​ဟော​ဘ​မြို့​ကြီး​နှစ် ဆယ့်​နှစ်​မြို့​နှင့် ယင်း​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ မြို့​များ​ပါ​ဝင်​လေ​သည်။-
31 ၃၁ ဤရွေ့ကား မြို့ရွာပါလျက် အာရှာအမျိုးသားတို့ သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
၃၁ဤ​မြို့​ကြီး​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ သည် အာ​ရှာ​အ​နွယ်​မိ​သား​စု​တို့​ပိုင်​သော နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​လေ​သည်။
32 ၃၂ ဆဌမတကြိမ် စာရေးတံပြု၍ နဿလိအမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
၃၂ဆ​ဋ္ဌ​မ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​န​ဿ​လိ​အ​နွယ် မိ​သား​စု​တို့​နယ်​မြေ​ကို​ရ​ရှိ​ကြ​၏။-
33 ၃၃ သူတို့အပိုင်းအခြားသည် ဟေလပ်မြို့၊ အာလုန်မြို့၊၊ ဇာနန္နိမ်မြို့၊ အာဒမိမြို့၊ နေကပ်မြို့၊ ယာဗနေလမြို့၊ လာကုံမြို့ပါလျက် ယော်ဒန်မြစ်၌ ဆုံးလေ၏။
၃၃ထို​နယ်​မြေ​၏​နယ်​နိ​မိတ်​သည်​ဟေ​လပ်​မြို့၊ ဇာ​နန္နိမ်​မြို့​အ​ရပ်​ရှိ​ဝက်​သစ်​ချ​ပင်​မှ​အ​စ ပြု​၍​အာ​ဒ​မိ​နေ​ကပ်​မြို့၊ ယာ​ဗ​နေ​လ​မြို့ နှင့်​လကုံ​မြို့​များ​ကို​ဖြတ်​ပြီး​ယော်​ဒန်​မြစ် ၌​အ​ဆုံး​သတ်​သည်။-
34 ၃၄ တဖန် အနောက်မျက်နှာသို့ လှည့်သဖြင့် အာဇနုတ္တာဘော်မြို့၊ ဟုကုတ်မြို့သို့ရောက်၍၊ တောင် ဘက်၌ ဇာဗုလုန်ခရိုင်၊ အနောက်ဘက်၌ အာရှာခရိုင်၊ နေထွက်ရာဘက်၌ ယော်ဒန်မြစ်အပိုင်းအခြားရှိ၏။
၃၄နယ်​နိ​မိတ်​သည်​အ​နောက်​ဘက်​အာ​ဇ​နုတ္တာ ဘော်​မြို့​သို့​လှည့်​ပြီး​လျှင်​ဟု​ကုတ်​မြို့​သို့ ရောက်​၏။ တောင်​ဘက်​နယ်​စပ်​တွင်​ဇာ​ဗု​လုန် နယ်​မြေ၊ အ​နောက်​ဘက်​နယ်​စပ်​တွင်​အာ​ရှာ နယ်​မြေ၊ အ​ရှေ့​ဘက်​နယ်​စပ်​တွင်​ယော်​ဒန်​မြစ် တို့​အ​သီး​သီး​တည်​ရှိ​သည်။-
35 ၃၅ ခိုင်ခံ့သောမြို့များ ဟူမူကား၊ ဇိဒ္ဒိမ်မြို့၊ ဇေရမြို့၊ ဟမ္မတ်မြို့၊ ရက္ကတ်မြို့၊ ဂင်္နေသရက်မြို့၊
၃၅တံ​တိုင်း​ကာ​ရံ​ထား​သော​မြို့​ကြီး​များ​မှာ ဇိဒ္ဒမ်​မြို့၊ ဇေ​ရ​မြို့၊ ဟမ္မတ်​မြို့၊ ရက္ကတ်​မြို့၊ ဂင်္နေ သ​ရက်​မြို့၊-
36 ၃၆ အာဒမာမြို့၊ ရာမမြို့၊ ဟာဇော်မြို့၊
၃၆အာ​ဒ​မာ​မြို့၊ ရာ​မ​မြို့၊ ဟာ​ဇော်​မြို့၊-
37 ၃၇ ကေဒေရှမြို့၊ အင်ဟာဇော်မြို့၊ ဧဒြိမြို့၊
၃၇ကေ​ဒေ​ရှ​မြို့၊ ဧ​ဒြိ​မြို့၊ အင်​ဟာ​ဇော်​မြို့၊-
38 ၃၈ ဣရုန်မြို့၊ မိဂဒလေလမြို့၊ ဟောရင်မြို့၊ ဗေသ နတ်မြို့၊ ဗက်ရှေမက်မြို့၊ ရွာနှင့်တကွ ဆယ်ကိုးမြို့တည်း။
၃၈ဣ​ရုန်​မြို့၊ မိ​ဂ​ဒ​လေ​လ​မြို့၊ ဟော​ရင်​မြို့၊ ဗေ​သ နတ်​မြို့၊ ဗက်​ရှေ​မက်​မြို့​စ​သော​မြို့​ကြီး​တစ် ဆယ့်​ကိုး​မြို့​နှင့်​ယင်း​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ မြို့​များ​ဖြစ်​သည်။-
39 ၃၉ ဤရွေ့ကား မြို့ရွာပါလျက်၊ နဿလိအမျိုးသား တို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
၃၉ဤ​မြို့​ကြီး​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ သည် န​ဿ​လိ​အ​နွယ်​မိ​သား​စု​တို့​ပိုင်​သော နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​သည်။
40 ၄၀ သတ္တမတကြိမ် စာရေးတံပြု၍ ဒန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
၄၀သတ္တ​မ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​ဒန်​အ​နွယ်​မိ​သား စု​တို့​သည်​နယ်​မြေ​ကို​ရ​ရှိ​ကြ​၏။-
41 ၄၁ သူတို့အမွေခံရသော မြို့များဟူမူကား၊ ဇောရာ မြို့၊ ဧရှတောလမြို့၊ ဣရရှေမက်မြို့၊
၄၁ထို​နယ်​မြေ​တွင်​ဇော​ရာ​မြို့၊ ဧ​ရှ​တော​လ မြို့၊ ဣ​ရ​ရှေ​မက်​မြို့၊-
42 ၄၂ ရှာလဗ္ဗိန်မြို့၊ အာယလုန်မြို့၊ ယေသလမြို့၊
၄၂ရှာ​လဗ္ဗိန်​မြို့၊ အာ​ယ​လုန်​မြို့၊ ယေ​သ​လ​မြို့၊-
43 ၄၃ ဧလုန်မြို့၊ သိမနာသမြို့၊ ဧကြုန်မြို့၊
၄၃ဧ​လုန်​မြို့၊ သိ​မ​နာ​သ​မြို့၊ ဧ​ကြုန်​မြို့၊
44 ၄၄ ဧလတေကမြို့၊ ဂိဗ္ဗသုန်မြို့၊ ဗာလပ်မြို့၊
၄၄ဧ​လ​တေ​က​မြို့၊ ဂိဗ္ဗ​သုန်​မြို့၊ ဗာ​လပ်​မြို့၊- ယေ​ဟုတ်​မြို့၊ ဗေ​န​ဗေ​ရက်​မြို့၊ ဂါ​သ​ရိမ္မုန် မြို့၊- မေ​ယာ​ကုန်​မြို့၊ ရက္ကုန်​မြို့​များ​နှင့်​တ​ကွ ယုပ္ပေ​မြို့​ပတ်​လည်​ရှိ​ဒေ​သ​ပါ​ဝင်​လေ​သည်။-
45 ၄၅ ယေဟုတ်မြို့၊ ဗေနဗေရက်မြို့၊ ဂါသရိမ္မုန်မြို့၊
၄၅
46 ၄၆ မေယာကုန်မြို့၊ ရက္ကုန်မြို့၊ ယာဖေါမြို့ရှေ့မှာရှိ သော မြေပါသတည်း။
၄၆
47 ၄၇ ဒန်အမျိုးသားရသောမြေသည် ကျဉ်းမြောင်း သောကြောင့်၊ လဲရှမြို့ကို စစ်ချီ၍တိုက်ယူလုပ်ကြံသဖြင့် နေရာချကြ၏။ လဲရှမြို့ကို၊ အမျိုး၏အဘဒန်ကို အစွဲပြု၍၊ ဒန်မြို့ဟူသောအမည်ဖြင့် မှည့်ကြ၏။
၄၇ဒန်​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​၏​နယ်​မြေ ဆုံး​ရှုံး​ရ​သော​အ​ခါ​လဲရှ​မြို့​ကို​စစ်​ချီ တိုက်​ခိုက်​၍​မြို့​သူ​မြို့​သား​များ​ကို​သတ် ဖြတ်​သုတ်​သင်​ပြီး​လျှင်​ထို​မြို့​တွင်​နေ​ထိုင် ကြ​၏။ လဲ​ရှ​ဟူ​သော​မြို့​နာ​မည်​ကို​အ​နွယ် ၏​ဖ​ခင်​ဒန်​နာ​မည်​သို့​ပြောင်း​လဲ​မှည့်​ခေါ် ကြ​လေ​သည်။-
48 ၄၈ ဤရွေ့ကား မြို့ရွာပါလျက်၊ ဒန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
၄၈ဤ​မြို့​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​သည် ဒန်​အ​နွယ်​ဝင်​မိ​သား​စု​တို့​ပိုင်​သော​နယ်​မြေ အ​တွင်း​၌​တည်​ရှိ​လေ​သည်။
49 ၄၉ ထိုသို့ ဣသရေလအမျိုးသားတို့သည် မြေတပြင် လုံးကို အပိုင်းအခြားနှင့်တကွ ဝေဖန်၍ အမွေခံပြီးမှ၊ နုန်၏သားယောရှုအား အမွေမြေကို ပေးကြ၏။
၄၉ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တိုင်း​ပြည် တစ်​ပြည်​လုံး​ကို​ခွဲ​ဝေ​ပြီး​သော​အ​ခါ နုန် ၏​သား​ယော​ရှု​အ​တွက်​မြေ​ယာ​တစ်​ခု​ကို သတ်​မှတ်​ပေး​ကြ​သည်။-
50 ၅၀ သူတောင်းသောမြို့ ဧဖရိမ်တောင်ပေါ်မှာ တိမ နဿေရမြို့ကို ထာဝရဘုရားအမိန့်တော်အတိုင်း ပေးသ ဖြင့်၊ သူသည် မြို့ကိုတည်ထောင်၍ နေလေ၏။
၅၀ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ယော​ရှု​တောင်း​ဆို​သော​ဧ​ဖ​ရိမ်​တောင်​ကုန်း ဒေ​သ​ရှိ​တိ​မ​န​ဿေ​ရ​မြို့​ကို​သူ့​အား ပေး​ကြ​သည်။ သူ​သည်​မြို့​ကို​ပြန်​လည်​တည် ဆောက်​ကာ​ထို​မြို့​တွင်​နေ​ထိုင်​လေ​သည်။
51 ၅၁ ဤရွေ့ကား ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏ သားယောရှု၊ ဣသရေလအမျိုးသားတို့တွင် အဆွေအမျိုး သူကြီးတို့သည်၊ ရှိလောမြို့မှာ ထာဝရဘုရားရှေ့ ပရိသတ် စည်းဝေးရာတဲတော်တံခါးနား၌ ဝေပေးသော အမွေခံ စရာမြေ အသီးသီးပေတည်း။ ဤရွေ့ကား၊ ပြည်ကို ဝေဖန်သောအမှု ပြီးလေ၏။
၅၁ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်​၏​သား​ယော​ရှု နှင့်​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​မိ​သား​စု​တို့​၏ အ​ကြီး​အ​ကဲ​တို့​သည်​ရှိ​လော​မြို့​တွင်​ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​ရှေ့​၌ နယ်​မြေ​များ​ကို​မဲ​ချ ပြီး​ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​နှင့်​အ​ညီ ခွဲ​ဝေ​ပေး​လေ​သည်။ ဤ​နည်း​အား​ဖြင့်​ပြည် ကို​ခွဲ​ဝေ​ပေး​သည့်​အ​မှု​ပြီး​ဆုံး​လေ​၏။

< ယောရှု 19 >