< ယောရှု 19 >

1 ဒုတိယတကြိမ်စာရေးတံပြု၍၊ ရှိမောင်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ယုဒအမွေမြေအတွင်း ၌ အမွေခံရကြ၏။
And the second lot came out for the children of Symeon; and their inheritance was in the midst of the lots of the children of Juda.
2 သူတို့အမွေမြေ၌ရှိသော မြို့များဟူမူကား၊ ဗေရ ရှေဘမြို့၊ မောလဒါမြို့၊
And their lot was Beersabee, and Samaa, and Caladam,
3 ဟာဇာရွာလမြို့၊ ဗာလာမြို့၊ အာဇင်မြို့၊
and Arsola, and Bola, and Jason,
4 ဧလတောလဒ်မြို့၊ ဗေသူလမြို့၊ ဟေမာမြို့၊
and Erthula, and Bula, and Herma,
5 ဇိကလတ်မြို့၊ ဗက်မာကဗုတ်မြို့၊ ဟာဇာသုသမြို့၊
and Sikelac, and Baethmachereb, and Sarsusin,
6 ဗက်လေဗောက်မြို့၊ ရှရုဟင်မြို့၊ ရွာနှင့်တကွ ဆယ်သုံးမြို့တည်း။
and Batharoth, and their fields, thirteen cities, and their villages.
7 ထိုမှတပါး၊ အင်ရိမ္မုန်မြို့၊ တောခင်မြို့၊ ဧသာမြို့၊ အာရှန်မြို့၊ ရွာနှင့်တကွ လေးမြို့တည်း။
Eremmon, and Thalcha, and Jether, and Asan; four cities and their villages,
8 ထိုမှတပါး တောင်မျက်နှာ၌ ဗာလတ်ဗေရရာ မတ်မြို့တိုင်အောင် အထက်ဆိုခဲ့ပြီးသော မြို့ပတ်ဝန်း ကျင် ရွာရှိသမျှပါသတည်း။ ဤရွေ့ကား ရှိမောင်အမျိုး သားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
round about their cities as far as Balec as [men] go to Bameth southward: this [is] the inheritance of the tribe of the children of Symeon according to their families.
9 ရှိမောင်အမွေမြေသည် ယုဒအမျိုးသားခံသော အဘို့ထဲက နှုတ်ရ၏။ ယုဒအမျိုးသားတို့အဘို့သည် ကြီး ကျယ်သောကြောင့်၊ သူတို့အမွေမြေအတွင်း၌ ရှိမောင် အမျိုးသားတို့သည် အမွေခံရကြ၏။
The inheritance of the tribe of the children of Symeon [was a part] of the lot of Juda, for the portion of the children of Juda was greater than theirs; and the children of Symeon inherited in the midst of their lot.
10 ၁၀ တတိယတကြိမ်စာရေးတံပြု၍ ဇာဗုလုန်အမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။ သူတို့ အမွေမြေအပိုင်းအခြားသည် စာရိဒ်မြို့မှထွက်၍၊
And the third lot came out to Zabulon according to their families: the bounds of their inheritance shall be—Esedekgola shall be their border,
11 ၁၁ အနောက်သို့သွားလျက် မရာလမြို့၊ ဒဗ္ဗရှက်မြို့ သို့၎င်း၊ ယောကနံမြို့ရှေ့မှာရှိသော မြစ်သို့၎င်း မှီလေ၏။
the sea and Magelda, and it shall reach to Baetharaba in the valley, which is opposite Jekman.
12 ၁၂ တဖန် စာရိဒ်မြို့မှ နေထွက်ရာအရှေ့မျက်နှာသို့ လှည့်သဖြင့်၊ ခိသလုတ္တာဗော်မြို့၊ ဒါဗရတ်မြို့သို့ ရောက်ပြီး လျှင်၊ ယာဖျာမြို့သို့ တက်လေ၏။
And the border returned from Sedduc in a contrary direction eastward from Baethsamys, to the borders of Chaselothaith, and shall pass on to Dabiroth, and shall proceed upward to Phangai.
13 ၁၃ ထိုမြို့မှစ၍ အရှေ့ဘက်နားမှာလိုက်လျက်၊ ဂိတ္တ ဟေဖါမြို့၊ အိတ္တကာဇိန်မြို့၊ ရိမ္မုန်မေသောရနေအာမြို့သို့ ရောက်လေ၏။
And thence it shall come round in the opposite direction eastward to Gebere to the city of Catasem, and shall go on to Remmonaa Matharaoza.
14 ၁၄ မြောက်ဘက်၌လည်း ဝိုင်းသဖြင့်၊ ဟန္နသုန်မြို့ သို့ရောက်၍ ယိဖသေလချိုင့်၌ ဆုံးလေ၏။
And the borders shall come round northward to Amoth, and their going out shall be at Gaephael,
15 ၁၅ ထိုမှတပါး၊ ကတ္တတ်မြို့၊ နဟာလာလမြို့၊ ရှိမရုန် မြို့၊ ဣဒလမြို့၊ ဗက်လင်မြို့တည်းဟူသော ရွာနှင့်တကွ ဆယ်နှစ်မြို့ရှိသတည်း။
and Catanath, and Nabaal, and Symoon, and Jericho, and Baethman.
16 ၁၆ ဤရွေ့ကား မြို့ရွာပါလျက် ဇာဗုလုန်အမျိုးသား တို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
This [is] the inheritance of the tribe of the sons of Zabulon according to their families, [these] cities and their villages.
17 ၁၇ စတုတ္ထတကြိမ် စာရေးတံပြု၍ ဣသခါအမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
And the fourth lot came out to Issachar.
18 ၁၈ သူတို့အပိုင်းအခြားသည် ယေဇရေလမြို့၊ ခေသု လုတ်မြို့၊ ရှုနင်မြို့၊
And their borders were Jazel, and Chasaloth, and Sunam,
19 ၁၉ ဟာဖရိမ်မြို့၊ ရှိဟုန်မြို့၊ အာနဟာရတ်မြို့၊
and Agin, and Siona, and Reeroth,
20 ၂၀ ရဗ္ဗိတ်မြို့၊ ကိရှုန်မြို့၊ အာဗက်မြို့၊
and Anachereth, and Dabiron, and Kison, and Rebes,
21 ၂၁ ရေမက်မြို့၊ အင်္ဂန္နမြို့၊ အင်္ဟဒ္ဒါမြို့၊ ဗက်ပဇ္ဇက်မြို့ ပါလျက်၊
and Remmas, and Jeon, and Tomman, and Aemarec, and Bersaphes.
22 ၂၂ တာဗော်မြို့၊ ရာဟဇိမမြို့၊ ဗက်ရှေမက်မြို့သို့ ရောက်၍ ယော်ဒန်မြစ်၌ ဆုံးလေ၏။ ရွာနှင့်တကွ ဆယ် ခြောက်မြို့ရှိသတည်း။
And the boundaries shall border upon Gaethbor, and upon Salim westward, and Baethsamys; and the extremity of his bounds shall be Jordan.
23 ၂၃ ဤရွေ့ကား မြို့ရွာပါလျက် ဣသခါအမျိုးသား တို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
This [is] the inheritance of the tribe of the children of Issachar according to their families, the cities and their villages.
24 ၂၄ ပဥ္စမတကြိမ် စာရေးတံပြု၍ အာရှာအမျိုးသား တို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
And the fifth lot came out to Aser according to their families.
25 ၂၅ သူတို့အပိုင်းအခြားသည် ဟေလကတ်မြို့၊ ဟာလိမြို့၊ ဗေတင်မြို့၊ အာခရှပ်မြို့၊
And their borders were Exeleketh, and Aleph, and Baethok, and Keaph,
26 ၂၆ အာလမ္မေလက်မြို့၊ အာမဒ်မြို့၊ မိရှာလမြို့ပါ လျက်၊ အနောက်မျက်နှာ၌ ကရမေလမြို့၊ ရှိဟောရလိဗ နတ်မြို့သို့ ရောက်လေ၏။
and Elimelech, and Amiel, and Maasa, and the lot will border on Carmel westward, and on Sion, and Labanath.
27 ၂၇ တဖန် နေထွက်ရာဘက်သို့လှည့်၍ ဗက်ဒါဂုန် မြို့၊ ဇာဗုလုန်ခရိုင်၊ ယိဖသေလချိုင့်ကို ရှောက်သဖြင့်၊ မြောက်မျက်နှာသို့သွား၍ ဗေသမက်မြို့၊ နယေလမြို့၊ ကာ ဗုလမြို့၊
And it will return westward from Baethegeneth, and will join Zabulon and Ekgai, and Phthaeel northwards, and the borders will come to Saphthaebaethme, and Inael, and will go on to Chobamasomel,
28 ၂၈ ဟေဗြုန်မြို့၊ ရဟောဘမြို့၊ ဟမ္မုန်မြို့၊ ကာနမြို့၊ ဇိဒုန်မြို့ကြီးတိုင်အောင် ရောက်ပြီးလျှင်၊
and Elbon, and Raab, and Ememaon, and Canthan to great Sidon.
29 ၂၉ ရာမမြို့၊ ခိုင်ခံ့သောတုရုမြို့၊ ဟောသမြို့သို့ လှည့်လျက်၊ ပင်လယ်ကမ်းပါးမှစ၍ အာခဇိပ်မြို့တိုင် အောင် ပင်လယ်၌ဆုံးလေ၏။
And the borders shall turn back to Rama, and to the fountain of Masphassat, and the Tyrians; and the borders shall return to Jasiph, and their going forth shall be the sea, and Apoleb, and Echozob,
30 ၃၀ အုမ္မမြို့၊ အာဖက်မြို့၊ ရဟောဘမြို့နှင့်တကွ ရွာပါလျက် နှစ်ဆယ်နှစ်မြို့ရှိသတည်း။
and Archob, and Aphec, and Raau.
31 ၃၁ ဤရွေ့ကား မြို့ရွာပါလျက် အာရှာအမျိုးသားတို့ သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
This [is] the inheritance of the tribe of the sons of Aser according to their families, the cities and their villages.
32 ၃၂ ဆဌမတကြိမ် စာရေးတံပြု၍ နဿလိအမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
And the sixth lot came out to Nephthali.
33 ၃၃ သူတို့အပိုင်းအခြားသည် ဟေလပ်မြို့၊ အာလုန်မြို့၊၊ ဇာနန္နိမ်မြို့၊ အာဒမိမြို့၊ နေကပ်မြို့၊ ယာဗနေလမြို့၊ လာကုံမြို့ပါလျက် ယော်ဒန်မြစ်၌ ဆုံးလေ၏။
And their borders were Moolam, and Mola, and Besemiin, and Arme, and Naboc, and Jephthamai, as far as Dodam; and their goings out were Jordan.
34 ၃၄ တဖန် အနောက်မျက်နှာသို့ လှည့်သဖြင့် အာဇနုတ္တာဘော်မြို့၊ ဟုကုတ်မြို့သို့ရောက်၍၊ တောင် ဘက်၌ ဇာဗုလုန်ခရိုင်၊ အနောက်ဘက်၌ အာရှာခရိုင်၊ နေထွက်ရာဘက်၌ ယော်ဒန်မြစ်အပိုင်းအခြားရှိ၏။
And the coasts will return westward by Athabor, and will go out thence to Jacana, and will border on Zabulon southward, and Aser will join [it] westward, and Jordan eastward.
35 ၃၅ ခိုင်ခံ့သောမြို့များ ဟူမူကား၊ ဇိဒ္ဒိမ်မြို့၊ ဇေရမြို့၊ ဟမ္မတ်မြို့၊ ရက္ကတ်မြို့၊ ဂင်္နေသရက်မြို့၊
And the walled cities of the Tyrians, Tyre, and Omathadaketh, and Kenereth,
36 ၃၆ အာဒမာမြို့၊ ရာမမြို့၊ ဟာဇော်မြို့၊
and Armaith, and Areal, and Asor,
37 ၃၇ ကေဒေရှမြို့၊ အင်ဟာဇော်မြို့၊ ဧဒြိမြို့၊
and Cades, and Assari, and the well of Asor;
38 ၃၈ ဣရုန်မြို့၊ မိဂဒလေလမြို့၊ ဟောရင်မြို့၊ ဗေသ နတ်မြို့၊ ဗက်ရှေမက်မြို့၊ ရွာနှင့်တကွ ဆယ်ကိုးမြို့တည်း။
and Keroe, and Megalaarim, and Baetthame, and Thessamys.
39 ၃၉ ဤရွေ့ကား မြို့ရွာပါလျက်၊ နဿလိအမျိုးသား တို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
This [is] the inheritance of the tribe of the children of Nephthali.
40 ၄၀ သတ္တမတကြိမ် စာရေးတံပြု၍ ဒန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
And the seventh lot came out to Dan.
41 ၄၁ သူတို့အမွေခံရသော မြို့များဟူမူကား၊ ဇောရာ မြို့၊ ဧရှတောလမြို့၊ ဣရရှေမက်မြို့၊
And their borders were Sarath, and Asa, and the cities of Sammaus,
42 ၄၂ ရှာလဗ္ဗိန်မြို့၊ အာယလုန်မြို့၊ ယေသလမြို့၊
and Salamin, and Ammon, and Silatha,
43 ၄၃ ဧလုန်မြို့၊ သိမနာသမြို့၊ ဧကြုန်မြို့၊
and Elon, and Thamnatha, and Accaron;
44 ၄၄ ဧလတေကမြို့၊ ဂိဗ္ဗသုန်မြို့၊ ဗာလပ်မြို့၊
and Alcatha, and Begethon, and Gebeelan,
45 ၄၅ ယေဟုတ်မြို့၊ ဗေနဗေရက်မြို့၊ ဂါသရိမ္မုန်မြို့၊
and Azor, and Banaebacat, and Gethremmon.
46 ၄၆ မေယာကုန်မြို့၊ ရက္ကုန်မြို့၊ ယာဖေါမြို့ရှေ့မှာရှိ သော မြေပါသတည်း။
And westward of Hieracon the border [was] near to Joppa.
47 ၄၇ ဒန်အမျိုးသားရသောမြေသည် ကျဉ်းမြောင်း သောကြောင့်၊ လဲရှမြို့ကို စစ်ချီ၍တိုက်ယူလုပ်ကြံသဖြင့် နေရာချကြ၏။ လဲရှမြို့ကို၊ အမျိုး၏အဘဒန်ကို အစွဲပြု၍၊ ဒန်မြို့ဟူသောအမည်ဖြင့် မှည့်ကြ၏။
This [is] the inheritance of the tribe of the children of Dan, according to their families, these [are] their cities and their villages: and the children of Dan did not drive out the Amorite who afflicted them in the mountain; and the Amorite would not suffer them to come down into the valley, but they forcibly took from them the border of their portion.
48 ၄၈ ဤရွေ့ကား မြို့ရွာပါလျက်၊ ဒန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
And the sons of Dan went and fought against Lachis, and took it, and struck it with the edge of the sword; and they lived in it, and called the name of it Lasendan: and the Amorite continued to dwell in Edom and in Salamin: and the hand of Ephraim prevailed against them, and they became tribute to them.
49 ၄၉ ထိုသို့ ဣသရေလအမျိုးသားတို့သည် မြေတပြင် လုံးကို အပိုင်းအခြားနှင့်တကွ ဝေဖန်၍ အမွေခံပြီးမှ၊ နုန်၏သားယောရှုအား အမွေမြေကို ပေးကြ၏။
And they proceeded to take possession of the land according to their borders, and the children of Israel gave an inheritance to Joshua the son of Naue amongst them,
50 ၅၀ သူတောင်းသောမြို့ ဧဖရိမ်တောင်ပေါ်မှာ တိမ နဿေရမြို့ကို ထာဝရဘုရားအမိန့်တော်အတိုင်း ပေးသ ဖြင့်၊ သူသည် မြို့ကိုတည်ထောင်၍ နေလေ၏။
by the command of God, and they gave him the city which he asked for, Thamnasarach, which is in the mount of Ephraim; and he built the city, and lived in it.
51 ၅၁ ဤရွေ့ကား ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏ သားယောရှု၊ ဣသရေလအမျိုးသားတို့တွင် အဆွေအမျိုး သူကြီးတို့သည်၊ ရှိလောမြို့မှာ ထာဝရဘုရားရှေ့ ပရိသတ် စည်းဝေးရာတဲတော်တံခါးနား၌ ဝေပေးသော အမွေခံ စရာမြေ အသီးသီးပေတည်း။ ဤရွေ့ကား၊ ပြည်ကို ဝေဖန်သောအမှု ပြီးလေ၏။
These [are] the divisions which Eleazar the priest divided by lot, and Joshua the [son] of Naue, and the heads of families amongst the tribes of Israel, according to the lots, in Selo before the Lord by the doors of the tabernacle of testimony, and they went to take possession of the land.

< ယောရှု 19 >