< ယောရှု 17 >
1 ၁ ယောသပ်၏သားဦး မနာရှေအမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသော မြေဟူမူကား၊ မနာရှေ၏ သားတည်းဟူသော ဂိလဒ်၏အဘ မာခိရသည် စစ်သူရဲ ဖြစ်၍၊ ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်ကိုရ၏။
І ви́йшов жеребо́к для Манасіїного племени, бо він пе́рвенець Йо́сипів, Махірові, Манасіїному пе́рвенцеві, Ґілеадовому батькові, бо він був воя́к, то був йому Ґілеад та Башан.
2 ၂ ယောသပ်၏သား မနာရှေ၏သား ယောက်ျား အခြားတည်းဟူသော အဗျေဇာသား၊ ဟေလက်သား၊ အသရေလသား၊ ရှေခင်သား၊ ဟေဖါသား၊ ရှမိဒသားတို့ သည် အဆွေအမျိုးအလိုက် စာရေးတံပြု၍ ရကြသေး၏။
І було для позосталих Манасіїних синів за їхніми ро́дами: синам Авіезера, і синам Хелека, і синам Азріїла, і синам Шехема, і синам Хефера, і синам Шеміда. Оце сини Манасії, Йо́сипового сина, му́жі, за їхніми ро́дами.
3 ၃ သို့ရာတွင် မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖါတို့မှ ဆင်းသက်သော ဇလောဖဒ်၌ သားယောက်ျားမရှိ၊ သမီးသက်သက်သာရှိ၏။ သူ၏သမီးတို့အမည်ကား၊ မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။
А в Целофхада, сина Хефера, сина Ґілеада, сина Махіра, сина Манасіїного, не було в нього синів, а тільки до́чки. А оце імена́ його дочо́к: Махла, і Ноа, і Хоґла, Мілка та Тірца.
4 ၄ ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သား ယောရှု၊ မင်းများရှေ့သို့ ချဉ်းကပ်၍ အကျွန်ုပ် တို့ပေါက်ဘော်နှင့်အတူ အမွေခံရသောအခွင့်ကို အကျွန်ုပ် တို့အား ပေးစေခြင်းငှါ ထာဝရဘုရားသည် မောရှေကို မှာထားတော်မူပြီဟု လျှောက်၍၊ ထာဝရဘုရား မှာထား တော်မူသည်အတိုင်း သူတို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကို ပေး၏။
І прийшли́ вони до священика Елеазара, і до Ісуса, Навинового сина, та перед начальників, говорячи: „Госпо́дь наказав був Мойсеєві дати нам спа́док серед наших братів“. І дав їм на Господній наказ спа́док серед братів їхнього батька.
5 ၅ ထိုသို့ မနာရှေ၏သမီးတို့သည် သားတို့နှင့်အတူ အမွေကိုခံရ၍၊ မနာရှေ၏သားအချို့တို့သည် ဂိလဒ်ပြည် ကို ရသောကြောင့်၊
І випало для Манасії десять наділів, окрім землі Ґілеаду та Башану, що по той бік Йорда́ну,
6 ၆ ယော်ဒန်မြစ်အရှေ့ဘက် ဂိလဒ်ပြည် နှင့် ဗာရှန်ပြည်မှတပါး၊ မနာရှေအမျိုးသည် ဆယ်ဘို့ကို ရသေး၏။
бо Манасіїні до́чки посіли спа́док серед синів його, а гілеадський край був для позосталих Манасіїних синів.
7 ၇ မနာရှေခရိုင်အပိုင်းအခြားသည် အာရှာခရိုင်မှ ရှေခင်မြို့ရှေ့တွင်ရှိသော မိတ်မေသမြို့သို့သွား၍ လက်ျာ ဘက်၌ အင်တာပွါမြို့သို့ လိုက်လေ၏။
І була Манасіїна границя від Ашер-Гамміхметату, що навпроти Сигему, і йде та границя на пі́вдень до мешканців Ен-Таппуаху.
8 ၈ တာပွါမြို့နယ်ကို မနာရှေပိုင်သော်လည်း၊ မနာ ရှေခရိုင်စွန်းမှာရှိသော တာပွါမြို့ကို ဧဖရိမ်သားတို့သည် ပိုင်ကြ၏။
Для Манасії був край Таппуах, а місто Таппуах при Манасіїній границі — для Єфремових синів.
9 ၉ တဖန် အပိုင်းအခြားသည် ကာနမြစ်တောင် ဘက်သို့လိုက်၍၊ မနာရှေမြို့တို့တွင် ဧဖရိမ်မြို့အချို့ ပါသော်လည်း၊ မြစ်မြောက်ဘက်မြေသည် မနာရှေမြေ ဖြစ်၍ ပင်လယ်၌ဆုံးလေ၏။
І сходить та границя до потоку Кана, на південь від потоку. Ці міста́ Єфре́мові серед Манасіїних міст. А границя Манасії від пі́вночі до потоку, а кінча́лася при морі.
10 ၁၀ တောင်ဘက်၌ ဧဖရိမ်မြေ၊ မြောက်ဘက်၌ မနာ ရှေမြေဖြစ်လျက်၊ ပင်လယ်ကန့်ကွက်၍ မြောက်ဘက်၌ အာရှာခရိုင်၊ အရှေ့ဘက်၌ ဣသခါခရိုင်ရှိ၏။
На пі́вдень — Єфремове, а на пі́вніч — Манасіїне, а границею того було море. А в Аси́рі вони стикалися з пі́вночі, а в Іссаха́рі зо сходу.
11 ၁၁ ထိုခရိုင်၌ မနာရှေအမျိုးရသော ပြည်သုံးပြည်ဟူ မူကား၊ ဗက်ရှန်မြို့နှင့် သူ့မြို့ရွာများ၊ ဣဗလံမြို့နှင့် သူ့မြို့ ရွာများ၊ ဒေါရမြို့နှင့် သူ့မြို့ရွာများ၊ အင်္ဒေါရမြို့နှင့် သူ့မြို့ ရွာများ၊ တာနက်မြို့နှင့် သူ့မြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် သူ့မြို့ရွာများတို့ကို ရသေး၏။
І було для Манасії в Іссахарі та в Асирі: Бет-Шеан та його залежні міста, і Ївлеам та його залежні міста, і ме́шканці Доару та його залежні міста, і мешканці Таанаху та його залежні міста, і мешканці Меґіддо та його залежні міста, три верховини.
12 ၁၂ သို့ရာတွင် မနာရှေအမျိုးသားတို့သည် ထိုမြို့တို့ ကို မသိမ်းမယူနိုင်ဘဲ၊ ခါနနိလူတို့သည် ထိုအရပ်၌ အနိုင် နေကြ၏။
Та Манасіїні сини не могли повиганяти ме́шканців цих міст, і ханаане́янин продовжував сидіти в тому кра́ї.
13 ၁၃ ဣသရေလလူတို့သည် အားတိုးပွားသောအခါ၊ ထိုခါနနိလူတို့ကို အကုန်အစင်မနှင်ထုတ်ဘဲ အခွန်ပေး စေကြ၏။
І сталося, коли Ізраїлеві сини стали сильні, то дали ханаанеянина на дани́ну, а вигнати — не вигнали його.
14 ၁၄ ယောသပ်အမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့ သည် ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာ ကို ခံရသဖြင့် အမျိုးကြီးဖြစ်၍၊ ကိုယ်တော်သည်တဘို့ တခရိုင်တည်းကိုသာ အဘယ်ကြောင့်ပေးပါသနည်းဟု ယောရှုအား မေးလျှောက်ကြသော်၊
І говорили Йо́сипові сини з Ісусом, кажучи: „Чому ти дав мені на спа́док один жеребо́к та наділ один, а я ж народ числе́нний, бо до цього ча́су благослови́в мене Господь“.
15 ၁၅ ယောရှုက၊ သင်တို့သည် အမျိုးကြီးဖြစ်၍ ဧဖရိမ်တောင် ကျဉ်းမြောင်းလျှင်၊ တောအရပ်သို့သွား၍ ဖေရဇိပြည်၊ ရေဖိမ်ပြည်၌ ခုတ်လှဲကြလော့ဟု ပြန်ပြော ၏။
І сказав до них Ісус: „Якщо ти народ числе́нний, то піди до лісу, та й повикорчо́вуєш собі там у кра́ї періззе́янина та рефаїв, бо Єфремова гора стала тісна́ для тебе“.
16 ၁၆ ယောသပ်အမျိုးသားတို့ကလည်း၊ ဧဖရိမ်တောင် သည် အကျွန်ုပ်တို့အဘို့ မလောက်ပါ။ ချိုင့်အရပ်ဗက်ရှန် မြို့ရွာတို့၌၎င်း၊ ယေဇရေလချိုင့်၌၎င်း နေသော ခါနနိလူ အပေါင်းတို့သည် သံရထားနှင့် ပြည့်စုံပါသည်ဟု လျှောက် ပြန်လျှင်၊
І сказали Йо́сипові сини: „Не ви́стачить нам тієї гори, та й залізна колесни́ця в кожного ханаане́янина, що сидить у долині, як у того, що в Бет-Шеані та в його залежних містах, так і в того, що в долині Ізрее́льській“.
17 ၁၇ ယောရှုက၊ သင်တို့သည် အမျိုးကြီးဖြစ်၍ ခွန်အားကြီးသောကြောင့်၊ တဘို့တည်းကိုသာ မယူရ။
І сказав Ісус до Йо́сипового дому, до Єфрема та до Манасії, говорячи: „Ти числе́нний народ, і в тебе сила велика, — не буде тобі один жеребо́к,
18 ၁၈ တောင်သည်လည်း သင်တို့အဘို့ ဖြစ်လိမ့်မည်။ သစ်ပင်များလျှင် ခုတ်လှဲရမည်။ ထွက်ရာလမ်းတို့သည် လည်း သင်တို့အဘို့ဖြစ်လိမ့်မည်။ ခါနနိလူတို့သည် ခွန်အားကြီး၍ သံရထားနှင့်ပြည့်စုံသော်လည်း၊ သူတို့ကို နှင်ထုတ်ကြလိမ့်မည်ဟု ဧဖရိမ်အမျိုး၊ မနာရှေအမျိုး တည်းဟူသော ယောသပ်အမျိုးသားတို့အား ပြောဆို၏။
але буде тобі гористий край; а що там ліс, то ви́корчуй його, і будуть тобі й його кі́нці. Бо ти виженеш ханаане́янина, хоч у нього колесни́ці залізні, хоч він сильни́й“.