< ယောရှု 16 >

1 ယောသပ်အမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသောမြေ အပိုင်းအခြားသည် ယော်ဒန်မြစ်နား၊ ယေရိခေါမြို့အရှေ့၊ ယေရိခေါအိုင်မှထွက်၍ တောလမ်း သို့ လိုက်လျက်၊ ဗေသလတောင်တရှောက်လုံး သွားသဖြင့်၊
And the lot of the children of Joseph fell from Jordan by Jericho, to the water of Jericho on the east, to the wilderness that goeth up from Jericho throughout mount Beth-el,
2 ဗေသလလုဇမြို့သို့၎င်း၊ အာခိအတရုတ် မြို့သို့ ၎င်း၊
And goeth out from Beth-el to Luz, and passeth along to the borders of Archi to Ataroth,
3 အနောက်မျက်နှာ၌ ယာဖလေတိမြို့သို့၎င်း၊ အောက်ဗက်ဟောရုန်မြို့သို့၎င်း၊ ဂေဇာမြို့သို့၎င်း ရောက် ၍ ပင်လယ်၌ဆုံးလေ၏။
And goeth down westward to the border of Japhleti, to the border of Beth-horon the nether, and to Gezer: and the limits of it are at the sea.
4 ထိုသို့ ယောသပ်၏သား မနာရှေနှင့် ဧဖရိမ်တို့ သည် အမွေခံရကြ၏။
So the children of Joseph, Manasseh and Ephraim, took their inheritance.
5 ဧဖရိမ်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် နေသော မြေအပိုင်းအခြားသည်၊ အရှေ့ဘက်၌ အတရုတ် အဒ္ဒါမြို့မှ အထက်ဗက်ဟောရုန်မြို့သို့ လိုက်၍၊
And the border of the children of Ephraim according to their families was [thus]: even the border of their inheritance on the east side was Ataroth-adar, to Beth-horon the upper:
6 မြောက်မျက်နှာ၌ ပင်လယ်နား၊ မိတ်မေသမြို့သို့ ထွက်၏။ တဖန် အရှေ့သို့ မျက်နှာပြု၍ တာနတ်ရှိလော မြို့အရှေ့မှာ ရှောက်လျက်၊
And the border went out towards the sea to Michmethah on the north side; and the border went about eastward to Taanath-shiloh, and passed by it on the east to Janohah;
7 ယနောဟမြို့သို့၎င်း၊ ယနောဟမြို့မှ အတရုတ် မြို့၊ နာရတ်မြို့၊ ယေရိခေါမြို့သို့၎င်း ရောက်၍ ယော်ဒန် မြစ်၌ ဆုံးလေ၏။
And it went down from Janohah to Ataroth, and to Naarath, and came to Jericho, and terminated at Jordan.
8 တာပွါမြို့မှ အနောက်သို့သွား၍ ကာနမြစ်သို့ လိုက်လျက် ပင်လယ်၌ ဆုံးလေ၏။
The border went out from Tappuah westward to the river Kanah; and the limits of it were at the sea. This [is] the inheritance of the tribe of the children of Ephraim by their families.
9 ဤရွေ့ကား၊ မနာရှေအမျိုးသားတို့အဘို့ အမွေ ခံရသောမြေ၌ ဧဖရိမ်အမျိုးသားတို့အဘို့ ခွဲထားသော မြို့များနှင့်တကွ ဧဖရိမ်အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသော မြို့ရွာများဖြစ်သတည်း။
And the separate cities for the children of Ephraim [were] among the inheritance of the children of Manasseh, all the cities with their villages.
10 ၁၀ ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ် ဘဲ သူတို့သည် ယနေ့တိုင်အောင် ဧဖရိမ်အမျိုးသားတို့နှင့် အတူနေ၍ အခွန်ပေးရကြ၏။
And they did not expel the Canaanites that dwelt in Gezer: but the Canaanites dwell among the Ephraimites to this day, and serve under tribute.

< ယောရှု 16 >