< ယောရှု 16 >
1 ၁ ယောသပ်အမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသောမြေ အပိုင်းအခြားသည် ယော်ဒန်မြစ်နား၊ ယေရိခေါမြို့အရှေ့၊ ယေရိခေါအိုင်မှထွက်၍ တောလမ်း သို့ လိုက်လျက်၊ ဗေသလတောင်တရှောက်လုံး သွားသဖြင့်၊
若瑟的子孫抽籤分得的土地,從耶利哥對面的約旦河起,到耶利哥東面的水源,沿著曠野,由耶利哥向上到貝特爾山區,
2 ၂ ဗေသလလုဇမြို့သို့၎င်း၊ အာခိအတရုတ် မြို့သို့ ၎င်း၊
再由貝特耳路次,沿著阿爾基人的邊境,直到下貝特曷龍的邊境,以迄於革則爾,直達於海邊邊境
3 ၃ အနောက်မျက်နှာ၌ ယာဖလေတိမြို့သို့၎င်း၊ အောက်ဗက်ဟောရုန်မြို့သို့၎င်း၊ ဂေဇာမြို့သို့၎င်း ရောက် ၍ ပင်လယ်၌ဆုံးလေ၏။
這是若瑟的兒子默納協和厄弗辣因分得的產業。
4 ၄ ထိုသို့ ယောသပ်၏သား မနာရှေနှင့် ဧဖရိမ်တို့ သည် အမွေခံရကြ၏။
這是若望的兒子默納協和厄弗辣因分得的產業。
5 ၅ ဧဖရိမ်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် နေသော မြေအပိုင်းအခြားသည်၊ အရှေ့ဘက်၌ အတရုတ် အဒ္ဒါမြို့မှ အထက်ဗက်ဟောရုန်မြို့သို့ လိုက်၍၊
以下是厄弗辣因子孫按照家族分得的土地:他們產業的邊界,東面是阿塔洛特阿達爾,直到上貝特曷龍,
6 ၆ မြောက်မျက်နှာ၌ ပင်လယ်နား၊ မိတ်မေသမြို့သို့ ထွက်၏။ တဖန် အရှေ့သို့ မျက်နှာပြု၍ တာနတ်ရှိလော မြို့အရှေ့မှာ ရှောက်လျက်၊
直達於海。北端是米革默塔特,由此向東轉向塔納特史羅,越過雅諾亞東部,
7 ၇ ယနောဟမြို့သို့၎င်း၊ ယနောဟမြို့မှ အတရုတ် မြို့၊ နာရတ်မြို့၊ ယေရိခေါမြို့သို့၎င်း ရောက်၍ ယော်ဒန် မြစ်၌ ဆုံးလေ၏။
再由雅諾亞下至阿塔洛特和納阿辣,經耶利哥直達約旦河。
8 ၈ တာပွါမြို့မှ အနောက်သို့သွား၍ ကာနမြစ်သို့ လိုက်လျက် ပင်လယ်၌ ဆုံးလေ၏။
又從塔普亞往西到卡納谷,直達於海:以上是厄弗辣因子孫按照家族分得的產業。
9 ၉ ဤရွေ့ကား၊ မနာရှေအမျိုးသားတို့အဘို့ အမွေ ခံရသောမြေ၌ ဧဖရိမ်အမျိုးသားတို့အဘို့ ခွဲထားသော မြို့များနှင့်တကွ ဧဖရိမ်အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသော မြို့ရွာများဖြစ်သတည်း။
此外,屬默納協子孫的產業中,還有給厄弗辣因子孫保留的城市──城市和所屬的村鎮。
10 ၁၀ ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ် ဘဲ သူတို့သည် ယနေ့တိုင်အောင် ဧဖရိမ်အမျိုးသားတို့နှင့် အတူနေ၍ အခွန်ပေးရကြ၏။
但是他們未能將住在革則爾的客納罕人趕走,因此客納罕人直到今天還住在厄弗辣因人中間,充當苦役。