< ယောရှု 15 >
1 ၁ ယုဒအမျိုးသားတို့သည် စာရေးတံပြု၍ အဆွေ အမျိုးအလိုက် အမွေခံရသောမြေဟူမူကား၊ တောင်မျက် နှာ၌ ဧဒုံပြည်နယ်နှင့် နီးစပ်လျက်၊ တေမန်ပြည်စွန်းမှ စ၍ ဇိနတောဖြစ်သော၊
So then the boundary of the tribe of the sons of Judah, by their families, —reached unto the boundary of Edom, the desert of Zin southward, on the extreme south;
2 ၂ တောင်ဘက်အပိုင်းအခြားသည် သောဒုံအိုင်၌ တောင်အကွေ့မှထွက်၍၊
so their south boundary beginneth at the end of the Salt Sea, —from the bay that turneth to the south;
3 ၃ တောင်မျက်နှာနား၊ အကရဗ္ဗိမ်ကုန်းကို ရှောက် လျက် ဇိနရွာသို့ ရောက်လေ၏။ တဖန် တောင်မျက်နှာ နား၊ ကာဒေရှဗာနာရွာ၊ ဟေဇရုန်ရွာ၊ အာဒါရွာ၊ ကာကာ ရွာ၊
and goeth forth on the south of the cliffs of Akrabbim, and crosseth over to Zin, and goeth up on the south of Kadesh-barnea, —and passeth over by Hezron, and goeth up to Addar, and turneth round to Karka;
4 ၄ အဇမုန်ရွာကို ရှောက်သဖြင့် အဲဂုတ္တုချောင်းသို့ လိုက်၍ ပင်လယ်၌ ဆုံးလေ၏။
and passeth over to Azmon, and goeth forth at the ravine of Egypt, and so the extensions of the boundary are to the sea. This, shall be your south boundary.
5 ၅ အရှေ့ဘက်၌ သောဒုံအိုင်သည် ယော်ဒန်မြစ်ဝ တိုင်အောင် အရှေ့အပိုင်းအခြားဖြစ်၏။ မြောက်ဘက် အပိုင်းအခြားသည် ယော်ဒန်မြစ်သို့ဆင်းရာ သောဒုံအိုင် ကွေ့မှ ထွက်၍၊
And, a boundary eastward, is the Salt Sea, as far as the end of the Jordan. And, the boundary on the north side, is from the bay of the sea, from the end of the Jordan.
6 ၆ ဗေသောဂလရွာသို့၎င်း၊ ဗေသရာဗရွာ မြောက် နားမှာရှောက်လျက် ရုဗင်သားဗောဟန်၏ ကျောက်သို့ ၎င်း ရောက်လေ၏။
And the boundary goeth up Beth-hoglah, and passeth over, on the north, by Beth-arabah, —and the boundary goeth up by the Stone of Bohan, son of Reuben;
7 ၇ အာခေါ်ချိုင့်မြောက်ဘက်မှထွက်၍ ဒေဗိရရွာ သို့၎င်း၊ မြစ်တောင်ဘက် အဒုမ္မိမ်ကုန်းရှေ့၌ရှိသော ဂိလဂါလမြို့သို့၎င်း ရောက်ပြီးမှ၊ အင်ရှေမက်အိုင်၊ အင်္ရော ဂေလရွာလမ်းသို့ လိုက်လျက်၊
and the boundary goeth up towards Debir, out of the vale of Achor, then northward, turning unto Gilgal, which is over against the ascent of Adummim, which is on the south side of the ravine, —then the boundary passeth over unto the waters of En-shemesh, and so the extensions thereof are unto En-rogel:
8 ၈ ဟိန္နုံသား၏ချိုင့်နား ယေရုရှလင်မြို့ရာ ယေဗု သိအရပ် တောင်ဘက်နားမှာရှောက်၍ ဟိန္နုံချိုင့်အ နောက်၊ ရေဖိမ်ချိုင့်မြောက်ဘက်၌ရှိသော တောင်ပေါ်သို့ တက်လေ၏။
then ascendeth the boundary by the valley of the son of Hinnom, to the side of the Jebusite, on the south, the same, is Jerusalem, —and the boundary goeth up unto the top of the mountain which faceth the valley of Hinnom, to the west, which is at the end of the Vale of Giants, northwards;
9 ၉ ထိုတောင်ပေါ်မှဆင်းပြန်၍၊ နေဖတောစမ်းရေ တွင်းကို ရှောက်သဖြင့် ဧဖရုန်တောင်နှင့်ဆိုင်သော မြို့ များသို့၎င်း၊ ကိရယတ်ယာရိမ်မြို့ ရာဗာလာမြို့သို့၎င်း၊
and the boundary turneth round, from the top of the mountain, unto the fountain of the waters of Nephtoah, and goeth out unto the cities of Mount Ephron, —then the boundary turneth round to Baalah, the same, is Kiriath-jearim;
10 ၁၀ ဗာလာမြို့အနောက်ဘက်နားမှာ ရှောက်လျက် စိရတောင်သို့၎င်း၊ ခေသလုန်တောင်တည်းဟူသော ယာရိမ်တောင်မြောက်ဘက်နားမှာ ရှောက်လျက် ဗက်ရှေ မက်မြို့၊ တိမနာမြို့သို့၎င်း၊
then the boundary goeth round from Baalah westward, unto Mount Seir, and passeth over unto the slope of Mount Yearim, on the north, the same, is Chesalon, —and descendeth Bethshemesh, and passeth over Timnah;
11 ၁၁ ဧကြုန်မြို့မြောက်ဘက်နားမှာ ရှောက်လျက် ရှိကြုန်ရွာသို့၎င်း၊ ဗာလာတောင်သို့၎င်း၊ ယာဗနေလရွာသို့ ၎င်း၊ ရောက်၍ ပင်လယ်၌ ဆုံးလေ၏။
then the boundary goeth forth unto the side of Ekron, northward, then the boundary turneth round towards Shikkeron, and crosseth over Mount Baalah, and goeth out at Jabneel, —and the extensions of the boundary are to the sea.
12 ၁၂ အနောက်ဘက်၌ ပင်လယ်ကြီးနှင့် ပင်လယ် ကမ်းပါးသည် အနောက်အပိုင်းအခြားဖြစ်၏။ ဤရွေ့ ကား ယုဒအမျိုးသား အဆွေအမျိုးအလိုက် နေရာပြည် နယ်အပိုင်းအခြားဖြစ်သတည်း။
And, as a west boundary, are the great sea and coast. This, is the boundary of the sons of Judah, round about, by their families.
13 ၁၃ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ယောရှုသည် ယုဒအမျိုးသားတို့တွင် ယေဖုန္န၏သား ကာ လက်အဘို့ ဟေဗြုန်မြို့တည်းဟူသော အာနကအဘအာ ဘ၏မြို့ကို ချပေးလေ၏။
And, to Caleb, son of Jephunneh, gave he a portion, in the midst of the sons of Judah, at the bidding of Yahweh, by Joshua, —even the City of Arba, father of Anak, the same, is Hebron.
14 ၁၄ ထိုမြို့ထဲက ကာလက်သည် အာနကသားသုံး ယောက်၊ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကို နှင်ထုတ်သော နောက်၊
And Caleb dispossessed from thence, the three sons of Anak, —Sheshai, and Ahiman, and Talmai, the descendants of Anak.
15 ၁၅ ကိရယဿေဖါအမည်ဟောင်းရှိသော ဒေဗိရ မြို့သားတို့ရှိရာသို့ တဖန်ချီသွား၍၊
And he went up from thence, against the inhabitants of Debir, —now, the name of Debir, formerly, was Kiriath-sepher.
16 ၁၆ ကိရယဿေဖါမြို့ကို တိုက်ယူလုပ်ကြံသောသူ အား ငါသည် သမီးအာခသကို ပေးစားမည်ဟုဆိုလျှင်၊
Then said Caleb, He that smiteth Kiriath-sepher, and captureth it, I will give unto him Achsah, my daughter, to wife.
17 ၁၇ ကာလက်ညီ ကေနတ်၏သား ဩသံယေလ သည် ထိုမြို့ကိုတိုက်ယူ၍ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ၏။
And Othniel son of Kenaz, brother of Caleb, captured it, —so he gave unto him Achsah, his daughter, to wife.
18 ၁၈ ထိုမိန်းမသည် ခရီးသွားစဉ်အခါ၊ လယ်တကွက် ကို အဘ၌ တောင်းခြင်းငှါ လင်နှင့်တိုင်ပင်ပြီးမှ မြည်းပေါ် ကဆင်းလေ၏။ အဘကာလက်က အဘယ်အလိုရှိသ နည်းဟု မေးလျှင်၊
And it came to pass, when she came, that she moved him to ask of her father a field, and, when she alighted from off the ass, Caleb said unto her—What aileth thee?
19 ၁၉ သမီးက ကောင်းကြီးပေးစေချင်ပါ၏။ ကိုယ် တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေ တွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အ တိုင်း အဘသည် အထက်စမ်းရေတွင်း၊ အောက်စမ်းရေ တွင်းတို့ကို ပေးလေ၏။
And she said—Give me a present, for, dry land, hast thou given me, therefore must thou give me, pools of water. So he gave her upper pools and lower pools.
20 ၂၀ ဤရွေ့ကား၊ ယုဒအမျိုးသား အဆွေအမျိုးအ လိုက် ခံရသောအမွေမြေ ဖြစ်သတည်း။
This, is the inheritance of the tribe of the sons of Judah, by their families.
21 ၂၁ ယုဒအမျိုးသားပိုင်သော မြို့များဟူမူကား၊ ဧဒုံ ပြည်နှင့်နီးစပ်သော တောင်ပိုင်း၌ ကပ်ဇေလမြို့၊ ဧဒေရ မြို့၊ ယာဂုရမြို့၊
And the uttermost cities of the tribe of the sons of Judah, towards the boundary of Edom in the south, were, —Kabzeel and Eder, and Jagur,
22 ၂၂ ကိနမြို့၊ ဒိမောနမြို့၊ အာဒဒါမြို့၊
and Kinah and Dimonah, and Adadah, —
23 ၂၃ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဣသနန်မြို့၊
and Kedesh and Hazor, and Ithnan,
24 ၂၄ ဇိဖမြို့၊ တေလင်မြို့၊ ဗာလုတ်မြို့၊
Ziph and Talem, and Bealoth,
25 ၂၅ ဟာဇော်မြို့သစ်၊ ဟာဇော်မြို့ဟောင်းတည်းဟူ သော ဟေဇရုန်မြို့၊
and Hazor-hadattah and Kerioth-hezron, the same, is Hazor;
26 ၂၆ အာမန်မြို့၊ ရှေမမြို့၊ မောလဒမြို့၊
Amam and Shema, and Moladah,
27 ၂၇ ဟာဇာဂဒ္ဒမြို့၊ ဟေရှမုန်မြို့၊ ဗက်ပါလက်မြို့၊
and Hazar-gaddah and Heshmon, and Beth-pelet.
28 ၂၈ ဟာဇာရွာလမြို့၊ ဗေရရှေဘမြို့၊ ဗိဇ္ဇောသယာ မြို့၊
and Hazarshual and Beer-sheba, with the hamlets thereof,
29 ၂၉ ဗာလာမြို့၊ ဣအိမ်မြို့၊ အာဇင်မြို့၊
Baalah and Iyyim, and Ezem,
30 ၃၀ ဧလတောလဒ်မြို့၊ ခေသိလမြို့၊ ဟောမာမြို့၊
and Eltolad and Chesil, and Hormah,
31 ၃၁ ဇိကလတ်မြို့၊ မာဒမန္နာမြို့၊ သံသန္နာမြို့၊
and Ziklag and Madmannah, and Sansannah,
32 ၃၂ လေဗောက်မြို့၊ ရှိလဟိမ်မြို့၊ အအိန်မြို့၊ ရိမ္မုန် မြို့၊ ရွာနှင့်တကွ မြို့ပေါင်းကား သုံးဆယ်ခြောက်မြို့ တည်း။
and Lebaoth and Shilhim, and En-rimmon, —all the cities are twenty-nine, with their villages.
33 ၃၃ ချိုင့်၌လည်း ဧရှတောလမြို့၊ ဇောရာမြို့၊ အာရှ နာမြို့၊
In the lowland, —Eshtaol and Zorah, and Ashnah,
34 ၃၄ ဇာနောမြို့၊ အင်္ဂန္နိမ်မြို့၊ တာပွါမြို့၊ ဧနံမြို့၊
and Zanoah and En-gannim, Tappuah, and Enam;
35 ၃၅ ယာမုတ်မြို့၊ အဒုလံမြို့၊ စောခေါမြို့၊ အဇေကာ မြို့၊
Jarmuth, and Adullam, Socoh, and Azekah;
36 ၃၆ ရှာရိမ်မြို့၊ အဒိသိမ်မြို့၊ ဂဒေရမြို့၊ ဂဒေရော သိမ်မြို့၊ ရွာနှင့်တကွ မြို့ပေါင်းကား၊ ဆယ်ငါးမြို့တည်း။
and Shaaraim, and Adithaim, and Gederah, and Gederothaim, —fourteen cities, with their villages.
37 ၃၇ ထိုမှတပါး၊ ဇေနန်မြို့၊ ဟဒါရှမြို့၊ မိဂဒလဂဒ်မြို့၊
Zenan and Hadashah, and Migdal-gad,
38 ၃၈ ဒိလန်မြို့၊ မိဇပါမြို့၊ ယောကသေလမြို့၊
and Dilan and Mizpeh, and Joktheel,
39 ၃၉ လာခိရှမြို့၊ ဗောဇကတ်မြို့၊ ဧကလုန်မြို့၊
Lachish and Bozkath, and Eglon,
40 ၄၀ ကဗ္ဗုန်မြို့၊ လာမံမြို့၊ ကိသလိတ်မြို့၊
and Cabbon and Lahmas, and Chithlish,
41 ၄၁ ဂဒေရုတ်မြို့၊ ဗက်ဒါဂုန်မြို့၊ နေမမြို့၊ မက္ကဒါမြို့၊ ရွာနှင့်တကွ ဆယ်ခြောက်မြို့တည်း။
and Gederoth, Beth-dagon and Naamah, and Makkedah, —sixteen cities, with their villages.
42 ၄၂ ထိုမှတပါး၊ လိဗနမြို့၊ ဧသာမြို့၊ အာရှန်မြို့၊
Libnah and Ether, and Ashan,
43 ၄၃ ယိဖတမြို့၊ အာရှနာမြို့၊ နေဇိပ်မြို့၊
and Iphtah and Ashnah, and Nezib,
44 ၄၄ ကိလမြို့၊ အောခဇိပ်မြို့၊ မရေရှမြို့၊ ရွာနှင့်တကွ ကိုးမြို့တည်း။
and Keilah and Achzib, and Mareshah, —nine cities, with their villages.
45 ၄၅ ထိုမှတပါး ဧကြုန်မြို့နှင့်သူဆိုင်သော မြို့ရွာများ၊
Ekron with her towns, and her villages.
46 ၄၆ ဧကြုန်မြို့မှစ၍ ပင်လယ်တိုင်အောင်၊ အာဇုတ် မြို့နှင့်နီးစပ်သောမြို့ရွာများ၊
From Ekron, even unto the sea, —all that were by the side of Ashdod with their villages.
47 ၄၇ အာဇုတ်မြို့နှင့် သူဆိုင်သော မြို့ရွာများ၊ အဲဂုတ္တု မြစ်၊ ပင်လယ်ကြီး၊ ပင်လယ်ကမ်းပါးတိုင်အောင်၊ ဂါဇမြို့ နှင့် သူဆိုင်သော မြို့ရွာများ၊
Ashdod, her towns and her villages. Gaza, her towns and her villages, as far as the ravine of Egypt, —and the great sea and coast.
48 ၄၈ တောင်ပေါ်၌လည်း၊ ရှမိရမြို့၊ ယတ္တိရမြို့၊ စော ခေါမြို့၊
And in the hill-country, —Shamir and Jattir, and Socoh,
49 ၄၉ ဒန္နမြို့၊ ဒေဗိရမြို့တည်းဟူသော၊ ကိရယဿန္န မြို့၊
and Dannah and Kiriath-sannah, the same, is Debir,
50 ၅၀ အာနပ်မြို့၊ ဧရှတမောမြို့၊ အာနိမ်မြို့၊
and Anab and Eshtemoh, and Anim,
51 ၅၁ ဂေါရှင်မြို့၊ ဟောလုန်မြို့၊ ဂိလောမြို့၊ ရွာနှင့် တကွ ဆယ်တမြို့တည်း။
and Goshen and Holon, and Giloh, —eleven cities, with their villages.
52 ၅၂ အာရပ်မြို့၊ ဒုမာမြို့၊ ဧရှန်မြို့၊
Arab and Rumah and Eshan,
53 ၅၃ ယာနုံမြို့၊ ဗက်တာပွါမြို့၊ အာဖက်မြို့၊
and Janim and Beth-tappuah and Aphekah,
54 ၅၄ ဟုန္တမြို့၊ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘ မြို့၊ ဇိအောရမြို့၊ ရွာနှင့်တကွ ကိုးမြို့တည်း။
and Humtah, and Kiriath-arba, the same, is Hebron, and Zior, —nine cities, with their villages.
55 ၅၅ မောင်မြို့၊ ကရမေလမြို့၊ ဇိဖမြို့၊ ယုတ္တမြို့၊
Maon, Carmel, and Ziph and Jutah,
56 ၅၆ ယေဇရေလမြို့၊ ယောကဒံမြို့၊ ဇာနောမြို့၊
and Jezreel and Jokdeam, and Zanoah,
57 ၅၇ ကဣနမြို့၊ ဂိဘာမြို့၊ တိမနမြို့၊ ရွာနှင့်တကွ ဆယ်မြို့တည်း။
Kain, Gibeah and Timnah, —ten cities, with their villages.
58 ၅၈ ဟာလဟုလမြို့၊ ဗက်ဇုရမြို့၊ ဂေဒေါ်မြို့၊
Halhul, Beth-zur, and Gedor,
59 ၅၉ မာရပ်မြို့၊ ဗေသနုတ်မြို့၊ ဧလတေကုန်မြို့၊ ရွာ နှင့်တကွခြောက်မြို့တည်း။
and Maarath and Beth-anoth, and Eltekon, —six cities, with their villages.
60 ၆၀ ကိရယတ်ယာရိမ်မြို့တည်းဟူသော ကိရယတ် ဗာလမြို့၊ ရဗ္ဗာမြို့၊ ရွာနှင့်တကွ နှစ်မြို့တည်း။
Kiriath-baal, the same, is Kiriath-jearim, and Rabbah, —two cities, with their villages.
61 ၆၁ တော၌လည်း၊ ဗေသရာဗမြို့၊ မိဒ္ဒိန်မြို့၊ သေကာ ကမြို့၊
In the desert, —Beth-arabah, Middin, and Secacah,
62 ၆၂ နိဗရှန်မြို့၊ မေလက်မြို့၊ အင်္ဂေဒိမြို့၊ ရွာနှင့်တကွ ခြောက်မြို့တည်း။
and Nibshan and the City of Salt, and En-gedi, —six cities, with their villages.
63 ၆၃ ယေရုရှလင်မြို့၌နေသော ယေဗုသိလူတို့ကို ကား၊ ယုဒအမျိုးသားတို့သည် မနှင်ထုတ်နိုင်ဘဲ သူတို့ သည် ယနေ့တိုင်အောင် ယုဒအမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။
But, as for the Jebusites, the inhabitants of Jerusalem, the sons of Judah could not dispossess them, —so the Jebusites have dwelt with the sons of Judah, in Jerusalem, until this day.