< ယောရှု 1 >
1 ၁ ထာဝရဘုရား၏ ကျွန်မောရှေသည် အနိစ္စ ရောက်သောနောက်၊ မောရှေလက်ထောက်၊ နုန်၏သား ယောရှုအား ထာဝရဘုရားက၊
Después de la muerte de Moisés, siervo del Señor, vino la palabra del Señor a Josué, hijo de Nun, ayudante de Moisés, diciendo:
2 ၂ ငါ၏ကျွန်မောရှေသည် အနိစ္စရောက်လေပြီ။ သို့ဖြစ်၍၊ သင်နှင့် သင်၌ပါသော ဤလူအပေါင်းတို့သည် ယခုထ၍ ယော်ဒန်မြစ်တဘက်သို့ ကူးကြလော့။ ဣသရေ လအမျိုးသားတို့အား ငါပေးသောပြည်ကို ဝင်စားကြလော့။
Moisés mi siervo ha muerto; así que ahora levántate! Ve sobre el Jordán, tú y todo este pueblo, a la tierra que les estoy dando, a los hijos de Israel.
3 ၃ မောရှေအား ငါဂတိရှိသည်အတိုင်း သင်တို့နင်း သမျှသောမြေကို သင်တို့အား ငါပေးမည်။
Les he dado todo lugar que toquen sus pies, como dije a Moisés.
4 ၄ တောကြီးမှစ၍ လေဗနုန်တောင်တိုင်အောင် ၎င်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ဟိတ္တိပြည်တရှောက်လုံး ပါလျက်၊ နေဝင်ရာဘက် ပင်လယ်ကြီးတိုင်အောင်၎င်း၊ သင်တို့နယ် အပိုင်းအခြားဖြစ်ရမည်။
Desde el desierto hasta la montaña del Líbano, hasta el gran río, el río Eufrates y toda la tierra de los hititas hasta el Gran Mar, en el oeste, será su país.
5 ၅ သင့်အသက်တည်သည် ကာလပတ်လုံး သင့်ရှေ့ မှာ အဘယ်သူမျှမခံမရပ်နိုင်ရာ။ မောရှေနှင့်အတူ ငါရှိ သကဲ့သို့ သင်နှင့်အတူ ငါရှိလိမ့်မည်။ ငါသည် သင့်ကို မစွန့်၊ သင့်ကိုပစ်၍မထား။
Mientras vivas, todos se rendirán ante ti: como estuve con Moisés, estaré contigo; No te quitaré mi ayuda ni te daré por vencido.
6 ၆ အားယူ၍ ရဲရင့်ခြင်းရှိလော့။ ဘိုးဘေးတို့အား ပေးမည်ဟု ငါကျိန်ဆိုသောပြည်ကို သင်သည် ဤလူတို့ အားဝေ၍ အမွေပေးရမည်။
Anímate y sé fuerte. porque tú darás a este pueblo por su herencia la tierra que di por juramento a sus padres.
7 ၇ သို့ဖြစ်၍ ငါ၏ကျွန်မောရှေ မှာထားသော တရားအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းငှါ အားယူ ၍ အလွန်ရဲရင့်ခြင်းရှိလော့။ ကြံစည်လေသမျှတို့၌ အောင်မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲနှင့်။
Solo ten valor y firmeza; cuida de hacer toda la ley que Moisés mi siervo te dio, y no gires de ella a la mano derecha ni a la izquierda, para que te vaya bien dondequiera que vayas.
8 ၈ ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့် မည်ဟု စောင့်ရှောက်ခြင်းအလိုငှါ ကျမ်းစာကို မဘတ် မရွတ်ဘဲမနေ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဘတ်ရွတ်ရမည်။သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့် မည်။
Deja que este libro de la ley esté siempre en tus labios y en tus pensamientos día y noche, para que puedas hacer todo lo que se te ordena; entonces una bendición estará en tu camino, y todo lo que hagas te saldrá bien.
9 ၉ သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွား လေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏။
¿No te he dado tus órdenes? Anímate y sé fuerte; no tengas miedo y no te preocupes; porque el Señor tu Dios está contigo dondequiera que vayas,
10 ၁၀ ထိုအခါ ယောရှုသည် ဗိုလ်မင်းများတို့ကို ခေါ်၍၊
Entonces Josué dio sus órdenes a los que tenían autoridad sobre la gente, diciendo:
11 ၁၁ တပ်တရှောက်လုံးသို့ သွားကြလော့။ သင်တို့၏ ဘုရားသခင် ထာဝရဘုရား အပိုင်ပေးတော်မူသောပြည် ကို ဝင်စားခြင်းငှါ၊ သုံးရက်အတွင်းတွင် ဤယော်ဒန်မြစ် တဘက်သို့ ကူးရသောကြောင့် ရိက္ခာကို ပြင်ဆင်ရကြမည် အကြောင်း၊ လူများတို့အား ဆင့်ဆိုကြလော့ဟု မှာထား လေ၏။
Vayan a las tiendas y den órdenes a la gente, diciendo: Preparen una provisión de alimentos para ustedes; porque en tres días cruzarán este río Jordán a poseer la tierra que el Señor tu Dios te está dando.
12 ၁၂ တဖန် ယောရှုသည် ရုဗင်အမျိုးသား၊ ဂဒ်အမျိုး သား၊ မနာရှေအမျိုးသားတဝက်တို့ကို ခေါ်၍၊
Y a los rubenitas, y a los gaditas y a la media tribu de Manasés, dijo Josué:
13 ၁၃ ထာဝရဘုရား၏ ကျွန်မောရှေသည်၊ သင်တို့ အား မှာထားသော စကားဟူမူကား၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို ဤပြည်၌ နေရာချတော်မူပြီ။
Ten en cuenta lo que Moisés, el siervo del Señor, les dijo: El Señor su Dios les da reposo y les ha dado esta tierra.
14 ၁၄ သင်တို့သားမယား၊ သူငယ်များနှင့် တိရစ္ဆာန် များတို့သည် ယော်ဒန်မြစ်အရှေ့ဘက် မောရှေပေးသော ပြည်၌ နေရစ်ရကြမည်။
Sus esposas, sus pequeños y su ganado serán guardados aquí en la tierra que Moisés les dio a este lado del Jordán; pero ustedes, los combatientes, deben pasar delante de sus hermanos, armados, para ayudarlos;
15 ၁၅ ထာဝရဘုရားသည် သင်တို့အား နေရာချသည် အတိုင်း၊ ညီအစ်ကိုတို့အား နေရာချတော်မမူမှီ သင်တို့၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို သူတို့သည် မသိမ်းမယူမှီတိုင်အောင်၊ သင်တို့တွင် ခွန်အား ကြီးသော စစ်သူရဲအပေါင်းတို့သည် လက်နက်ကိုင်လျက်၊ သင်တို့ညီအစ်ကိုများရှေ့မှာ ကူး၍ မစရကြမည်ဟူသော စကားကို အောက်မေ့ကြလော့။ ထိုနောက်မှ ထာဝရ ဘုရား၏ကျွန် မောရှေသည် ယော်ဒန်မြစ် နေထွက်ရာ ဘက်၌ပေး၍၊ သင်တို့ပိုင်သောပြည်သို့ ပြန်၍ ဝင်စားရကြ မည်ဟု ပြောဆို၏။
Hasta que el Señor les de reposo, como se los ha dado a ustedes, y han tomado su herencia en la tierra que el Señor su Dios les está dando: entonces regresarás a la tierra de su herencia que Moisés, el siervo del Señor, te dio en el lado este del Jordán.
16 ၁၆ ထိုသူတို့ကလည်း၊ ကိုယ်တော်မှာထားတော်မူ သမျှကို ကျွန်တော်တို့ပြုပါမည်။ စေလွှတ်တော်မူသမျှ သော အရပ်သို့ သွားပါမည်။
Entonces le respondieron a Josué: Lo que nos digas, lo haremos, y donde nos envíes, iremos.
17 ၁၇ အရာရာတို့၌ မောရှေ၏စကားကို နားထောင် သည်နည်းတူ ကိုယ်တော်စကားကိုလည်း နားထောင်ပါ မည်။ သို့ဖြစ်၍ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရား သည် မောရှေနှင့်အတူ ရှိသကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော။
Como le prestamos atención a Moisés en todas las cosas, así te haremos caso; y que el Señor tu Dios esté contigo como lo fue con Moisés.
18 ၁၈ အာဏာတော်ကို ဆန်၍၊ မှာထားတော်မူသမျှ သောစကားကို နားမထောင်သောသူ မည်သည်ကား၊ အသေသတ်ခြင်းကို ခံစေရမည်။ သို့ဖြစ်၍ အားယူတော် မူပါ။ ရဲရင့်ခြင်းရှိတော်မူပါဟု ယေရှုအား ပြန်လျှောက် ကြ၏။
Cualquiera que vaya en contra de tus órdenes, y no le preste atención a todas tus palabras, será condenado a muerte. Solo ten valor y firmeza.