< ယောန 1 >
1 ၁ အမိတ္တဲ၏သား ယောနသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
Сля лав РАЕСТАР Ионасти, чявэ Амиттаёхкирэсти:
2 ၂ သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားပြီးလျှင်၊ ခြိမ်း ချောက်သောစကားနှင့် ကြွေးကြော်လော့။ ထိုမြို့ပြုသော ဒုစရိုက်အပြစ်သည် ငါ့ရှေ့သို့ တက်လာပြီဟု မိန့်တော်မူ ၏။
— Вщи, джя ды Ниневия, баро форо, тай роспхэн ды лэ, со дума пала врыти рындуря кадылэн манушэн доджиля ды ман.
3 ၃ သို့သော်လည်း၊ ယောနသည် ထာဝရဘုရားထံ တော်မှ တာရှုမြို့သို့ပြေးမည့် အကြံရှိသည်နှင့် ထလျက် ယုပ္ပေမြို့သို့သွား၍ ရောက်သဖြင့်၊ တာရှုမြို့သို့သွားသော သင်္ဘောကို တွေ့ကြုံ၍ သင်္ဘောခကို ပေးပြီးလျှင်၊ ထာဝရ ဘုရားထံတော်မှ သင်္ဘောသားတို့နှင့်အတူ တာရှုမြို့သို့ လိုက်ခြင်းငှါ သင်္ဘောကို စီးလေ၏။
Нэ Иона вщиля, соб тэ нашэ ды Таршыш РАЕСТАР, тай авиля ды Яффа, аракхля корабли, саво оджялас ды Таршыш, потинда, соб лэ тэ пролиджян, и заджиля ды лэ, соб тэ авэ РАЕСТАР ды Таршыш.
4 ၄ ထာဝရဘုရားသည်လည်း ပြင်းစွာသောလေကို ပင်လယ်ပေါ်သို့ စေလွှတ်တော်မူသဖြင့်၊ ပင်လယ်၌ ကြီး စွာသော မိုဃ်းသက်မုန်တိုင်းဖြစ်၍၊ သင်္ဘောသည် ပျက် လုသောလက္ခဏာရှိ၏။
Нэ РАЙ бичялда пы море састо балвал. Тирдапэ баро гвалто, и кораблести трэбуни сля тэ розмарэпэ.
5 ၅ ထိုအခါ သင်္ဘောသားတို့သည် ကြောက်ရွံ့၍ အသီးအသီး မိမိတို့ဘုရားကို အော်ဟစ်ကြ၏။ သင်္ဘော ပေါ့စေခြင်းငှါ ဝန်များကိုလည်း ပင်လယ်ထဲသို့ ပစ်ချကြ ၏။ ယောနမူကား၊ သင်္ဘောဝမ်းထဲသို့ ဆင်း၍ အိပ်ပျော် လျက်နေ၏။
Матросуря здарэнэпэ тай ачиле тэ типисявэ кожно пэхкирэ дэвлэсти. Вонэ вычютэ всаворэ бужэ кораблестар ды пане, соб тэ авэл локхэдэр. Нэ Иона ды калэ смукляпэ андрэ, пыля тай састэс засута.
6 ၆ သင်္ဘောသူကြီးသည် လာ၍၊ အိုအိပ်ပျော်သော သူ၊ အဘယ်သို့နည်း။ ထလော့။ သင်၏ဘုရားကို ဆုတောင်း လော့။ ငါတို့အသက်လွတ်စေခြင်းငှါ ထိုဘုရားသည် ငါတို့ ကို အောက်မေ့ကောင်း အောက်မေ့လိမ့်မည်ဟု ဆို၏။
Капитано кораблехкоро авиля лэстэ тай пхэнда лэсти: — Со ту совэх? Вщи, типисяв тирэ Дэвлэсти. Ко джянэл, Вов ушунэла амэн, тай амэ на хасяваґа.
7 ၇ နောက်တဖန် သူတို့က၊ လာကြ။ အဘယ်သူ၏ အပြစ်ကြောင့် ဤအမှုရောက်သည်ကို ငါတို့သိရမည်အ ကြောင်း စာရေးတံချကြကုန်အံ့ဟု တိုင်ပင်၍၊ စာရေးတံ ချလျှင် ယောန၌ စာရေးတံကျ၏။
Матросуря пхэндэ екх екхэсти: — Джям, чюваґа жребиё, соб тэ уджянэ, пала ка кадыя грыжа авиля пы амэн. Вонэ чютэ жребиё, и жребиё выпыля пы Иона.
8 ၈ တဖန် သူတို့က၊ အဘယ်အပြစ်ကြောင့် ဤအမှု ရောက်သည်ကို ပြောပါလော့။ သင်ဆောင်ရွက်သောအမှု ကား၊ အဘယ်အမှုနည်း။ သင်သည် အဘယ်အရပ်က လာသနည်း။ အဘယ်ပြည်၊ အဘယ်အမျိုးသားဖြစ်သနည်း ဟု မေးမြန်းကြသော်၊
Тунчи вонэ пхэндэ лэсти: — Пхэн амэнди, пала ка дорэсля амэн кадыя грыжа? Соґа ту залэхпэ? Катар ту джях? Тев тири пхув? Савэндар ту манушэндар?
9 ၉ ငါသည် ဟေဗြဲအမျိုးသားဖြစ်၏။ ရေမြေကို ဖန်ဆင်းတော်မူသော ကောင်းကင်ဘုံ၏အရှင်ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်သောသူဖြစ်၏ဟု ဆိုလျှင်၊
Вов пхэнда лэнди: — Мэ евреё, даравпэ РАЕСТАР, Дэвлэ болыбнахкирэ, Саво стирда баро пани тай пхув.
10 ၁၀ ထိုသူတို့သည် အလွန်ကြောက်ရွံ့၍၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု မေးကြ၏။ ယောန သည် ထာဝရဘုရားထံတော်မှ မိမိပြေးကြောင်းကို ဘော် ပြသောကြောင့် သူတို့သိကြ၏။
Тунчи Иона пхэнда лэнди, со вов нашэл РАЕСТАР. Кала мануша уджянгле пала када, вонэ фартэ пэрэдарэне тай пхэндэ лэсти: — Сости ту када тирдан?
11 ၁၁ ထိုအခါ ပင်လယ်၌ လှိုင်းတံပိုးသည် တိုး၍ထ သောကြောင့် သူတို့က၊ ငါတို့၌ လှိုင်းတံပိုးငြိမ်းစေခြင်းငှါ သင့်ကို အဘယ်သို့ပြုရပါမည်နည်းဟု မေးကြသော်၊
Море на пэрэачелас гвалтовать. Вонэ пхэндэ лэсти: — Со амэнди тэ тирэ туґа, тэ на гвалтует море?
12 ၁၂ ငါ့ကိုချီ၍ ပင်လယ်ထဲသို့ ချပစ်ကြလော့။ သို့ပြု လျှင်၊ လှိုင်းတံပိုးသည် သင်တို့၌ ငြိမ်းလိမ့်မည်။ ဤပြင်းစွာ သော မိုဃ်းသက်မုန်တိုင်းသည် ငါ့ကြောင့်သာ သင်တို့ အပေါ်သို့ ရောက်သည်ကို ငါသိ၏ဟု ပြန်ပြောသော် လည်း၊
Тунчи вов пхэнда лэнди: — Лэн ман и вычювэн ды море, тай море пэрэачела гвалтовать важ тумэнди. Мэ джянав, со кадыя бари грыжа доросля тумэн пала ман.
13 ၁၃ သင်္ဘောသားတို့သည် ကမ်းသို့ရောက်အံ့သောငှါ ပင်ပန်းစွာ တက်ခတ်ကြ၏။ သို့ရာတွင်၊ သူတို့တဘက်၌ လှိုင်းတံပိုးတိုး၍ ထသောကြောင့်၊ သူတို့သည် မတတ်နိုင် သောအခါ၊
Нэ кала мануша ачиле фартыдэр тэ тирэ бути, соб тэ прыаче пхуятэ, лэндэ нисо на выджялас, колэсти со море на пэрэачелас гвалтовать.
14 ၁၄ အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် တောင်း ပန်ပါ၏။ ဤသူ၏အသက်ကြောင့် အကျွန်ုပ်တို့သည် အကျိုးနည်းမဖြစ်ပါစေနှင့်။ အပြစ်မရှိသောသူ၏အသက် သတ်သောအပြစ်ကို အကျွန်ုပ်တို့၌ တင်တော်မမူပါနှင့်။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အလိုရှိတော်မူသည် အတိုင်း ပြုတော်မူ၏ဟု ထာဝရဘုရားအား ကြွေးကြော် တောင်းပန်ပြီးမှ၊
Тунчи вонэ типисине РАЕСТИ тай пхэндэ: — Мангах Тут, РАЕ, тэ на хасявах пала води кадылэ манушэ, тай на прычувэґа амэнди навуджило рат. Ту, РАЕ, стирдан, со Ту камлян!
15 ၁၅ ယောနကိုချီ၍ ပင်လယ်ထဲသို့ ချပစ်ကြ၏။ ထို အခါ ပင်လယ်လှိုင်းတံပိုးသည် ငြိမ်းလေ၏။
Вонэ лиле Иона тай вычютэ ды пане, тай пы море авиля пачя.
16 ၁၆ သင်္ဘောသားတို့သည်လည်း ထာဝရဘုရားကို အလွန်ကြောက်ရွံ့သဖြင့် ယဇ်ပူဇော်၍ သစ္စာဂတိထားကြ ၏။
Матросуря фартэ пэрэдаранепэ РАЕСТАР, андэ Лэсти жэртва и дыне солах.
17 ၁၇ ယောနကို မျိုစေခြင်းငှါ ငါးကြီးကို ထာဝရဘုရား ခန့်ထားတော်မူသည်နှင့်အညီ၊ ယောနသည် ငါး၏ဝမ်းထဲ မှာ သုံးရက်ပတ်လုံးနေရ၏။
РАЙ бичялда баро мачё, тай вой прозумавда Иона. Вов просля андрэ ды пэр мачестэ трин дивэ тай трин рятя.