< ယောန 3 >

1 နောက်တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယောနသို့ရောက်လာသည်ကား၊
နောက် တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယောန သို့ ရောက် လာသည်ကား၊
2 သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားလော့။ ငါမှာ ထားသည်အတိုင်း ကြွေးကြော်လော့ဟု မိန့်တော်မူ၏။
သင်ထ ၍ နိနေဝေ မြို့ ကြီး သို့ သွား လော့။ ငါ မှာ ထားသည်အတိုင်း ကြွေးကြော် လော့ဟု မိန့် တော်မူ၏။
3 ထိုအခါ ထာဝရဘုရား၏ အမိန့်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့ သွား၏။ နိနေဝေမြို့ သည် အလွန်ကြီးသောမြို့၊ သုံးရက်ခရီးကျယ်ဝန်းသော မြို့ဖြစ်သတည်း။
ထိုအခါ ထာဝရဘုရား ၏ အမိန့် တော်အတိုင်း ယောန သည် ထ ၍ နိနေဝေ မြို့သို့ သွား ၏။ နိနေဝေ မြို့ သည် အလွန်ကြီး သောမြို့ ၊ သုံး ရက် ခရီး ကျယ်ဝန်းသော မြို့ဖြစ် သတည်း။
4 ယောနသည် မြို့ထဲသို့ဝင်၍ တနေ့ခရီးသွား လျက်၊ အရက်လေးဆယ်လွန်သော်၊ နိနေဝေမြို့သည် ပျက် စီးခြင်းသို့ရောက်လိမ့်မည်ဟု ကြွေးကြော်လေ၏။
ယောန သည် မြို့ ထဲ သို့ဝင် ၍ တ နေ့ ခရီး သွား လျက် ၊ အရက် လေးဆယ် လွန်သော်၊ နိနေဝေ မြို့သည် ပျက်စီး ခြင်းသို့ရောက်လိမ့်မည်ဟု ကြွေးကြော် လေ၏။
5 နိနေဝေမြို့သားတို့သည် ဘုရားသခင်၏ အမိန့် တော်ကို ယုံ၍၊ လူကြီးလူငယ်အပေါင်းတို့သည် အစာ ရှောင်ရာအချိန်ကို ကြော်ငြာ၍ လျှော်တေအဝတ်ကို ဝတ် ကြ၏။
နိနေဝေ မြို့သား တို့သည် ဘုရား သခင်၏ အမိန့် တော်ကို ယုံ ၍ ၊ လူကြီး လူငယ် အပေါင်းတို့သည် အစာရှောင် ရာအချိန်ကို ကြော်ငြာ ၍ လျှော်တေ အဝတ်ကို ဝတ် ကြ၏။
6 နိနေဝေမင်းကြီးသည် ထိုသိတင်းကို ကြားသော အခါ နန်းတော်မှဆင်း၍ မင်းမြောက်တန်ဆာကို ချွတ်ပြီး မှ၊ လျှော်တေအဝတ်ကို ဝတ်၍ ပြာထဲ၌ ထိုင်တော်မူ၏။
နိနေဝေ မင်းကြီး သည် ထိုသိတင်း ကို ကြား သောအခါ နန်းတော် မှ ဆင်း ၍ မင်းမြောက် တန်ဆာကို ချွတ် ပြီးမှ ၊ လျှော်တေ အဝတ်ကို ဝတ် ၍ ပြာ ထဲ ၌ ထိုင် တော်မူ၏။
7 လူသတ္တဝါ တိရစ္ဆာန်သိုးနွားတို့သည် အလျှင်းမ မြည်စေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။
လူ သတ္တဝါ တိရစ္ဆာန် သိုး နွား တို့သည် အလျှင်းမ မြည်စေနှင့်။ အစာကို မ စား ၊ ရေ ကို မ သောက် စေနှင့်။
8 လူသတ္တဝါတိရစ္ဆာန်တို့သည် လျှော်တေအဝတ် ကို ဝတ်ကြစေ။ ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းကြ စေ။ အသီးအသီးတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း၊ မိမိတို့ပြုသော အဓမ္မအမှုကို ရှောင်ကြစေ။
လူ သတ္တဝါတိရစ္ဆာန် တို့သည် လျှော်တေ အဝတ် ကို ဝတ် ကြစေ။ ကြိုးစား ၍ ဘုရား သခင်ကို ဆုတောင်း ကြစေ ။ အသီးအသီး တို့သည် မိမိ တို့လိုက်သော အဓမ္မ လမ်း ၊ မိမိတို့ပြုသောအဓမ္မ အမှုကို ရှောင် ကြစေ။
9 ငါတို့သည် ပျက်စီးခြင်းနှင့် ကင်းလွတ်မည်အ ကြောင်း၊ ဘုရားသခင်သည် ပြောင်းလဲ၍ နောင်တရ သဖြင့်၊ ပြင်းစွာသောအမျက်တော်ကို ငြိမ်းစေတော်မူမည် မမူမည်ကို အဘယ်သူပြောနိုင်သနည်းဟု မင်းကြီးအာဏာ၊ မှူးမတ်အာဏာနှင့် နိနေဝေတမြို့လုံးတွင် သိတင်းကြား ပြော၍ ကြော်ငြာစေတော်မူ၏။
ငါတို့သည် ပျက်စီး ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ၊ ဘုရား သခင်သည် ပြောင်းလဲ ၍ နောင်တရ သဖြင့် ၊ ပြင်းစွာ သောအမျက် တော်ကို ငြိမ်းစေတော်မူမည် မမူ မည်ကို အဘယ်သူ ပြောနိုင်သနည်းဟု မင်းကြီး အာဏာ ၊ မှူးမတ် အာဏာနှင့် နိနေဝေ တမြို့လုံးတွင် သိတင်း ကြားပြော ၍ ကြော်ငြာ စေတော်မူ၏။
10 ၁၀ မြို့သားတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း ကို လွှဲရှောင်၍၊ ကျင့်သောအကျင့်များကို ဘုရားသခင် သည် မြင်လျှင်၊ အရင်ခြိမ်းသောဘေးဒဏ်ကို မပေးဘဲနေ တော်မူ၏။
၁၀မြို့သားတို့သည် မိမိ တို့လိုက်သော အဓမ္မ လမ်း ကို လွှဲရှောင် ၍၊ ကျင့်သောအကျင့် များကို ဘုရား သခင်သည် မြင် လျှင် ၊ အရင်ခြိမ်း သော ဘေးဒဏ် ကို မ ပေး ဘဲနေ တော်မူ၏။

< ယောန 3 >